ဗမာပြည်တခုလုံးက ယုံကြည်လို့  လွှဲပေးလိုက်တဲ့ အာဏာဟာ NLD လက်ထဲမှာပါ။ မလွဲအပ်ခံရတဲ့  စစ်အုပ်စုတစုက အရှက်တရားမဲ့  သိက္ခာမဲ့ ဖက်တွယ် အနိုင်ကျင့်လာခဲ့ တာအခုထိ နောက်ပြီး အာဏာရ NLD ကိုလည်း အမိန့် ပေးလိုက်ပြန်ပြီ။
စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တာဝန်ခံများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
(CEC) များကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရသည့်အမှု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အီလက်ထရွန်နစ် အက်ဥပဒေ အပါအဝင် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူသတိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ဇွန် ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်သည် အင်တာနက် ဝက်(ဘ်) ဆိုက်များတွင် ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါရှိသည့်အတွက် အီလက်ထရွန်နစ် အက်ဥပဒေ ၃၃(က) အပါအဝင် ပုံနှိပ် ထုတ်ဝေခွင့်မရှိဘဲ အများပြည်သူလက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်အတွက် ပုံနှိပ်ထုတ်ဝေ သူများ မှတ်ပုံတင်ဥပဒေတို့နှင့် ငြိစွန်းကြောင်းကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကမူ“ကျနော် သိသလောက် အီလက်ထရွန်နစ် ဥပဒေက နိုင်ငံတကာက သိနိုင်အောင် အင်တာနက်မှာ ဖော်ပြတာ၊ ဒီကိစ္စဟာ လူငယ်တွေ ကျူးလွန်ချင်မှ ကျူးလွန်မယ်၊ အစိုးရက လုပ် ချင် လုပ်မှာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယင်း အီလက်ထရွန်နစ် ဥပဒေသည် စစ်အစိုးရက ယမန်နှစ်တွင် ထင်ရှားသည့် ၈၈ မျိးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ဇာဂနာ၊ လူငယ် ဘလော့ဂါ နေဘုန်းလတ် ၊ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတပါးဖြစ်သည့် အရှင်ဘမ္ဘီရ စသည့် နိုင်ငံရေး လှုပ်ရှားသူများနှင့် နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ် ရေး လုပ်သူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ရာတွင် ထည့်သွင်းစွဲဆိုသည့် ဥပဒေ ပုဒ်မ တခုဖြစ်သည်။
သတင်းစာတွင် အဆိုပါကြေညာချက်ကို ဇွန်လ ၃ ရက်နေ့က Niknayman အင်တာနက် ဝက်(ဘ်)ဆိုက် အပါ အဝင် တခြားသော အင်တာနက်စာမျက်နှာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်ဟုလည်း ရေးသားထား သည်။
၎င်းကြေညာချက်နှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ကို ထိပါးစေနိုင်သည့် ရေးသားဖော်ပြချက်များပါရှိ၍ တည်ဆဲ ဥပဒေများနှင့် မညီညွတ်ဟုဆိုကာ NLD လူငယ်တာဝန်ခံများနှင့် CEC အဖွဲ့ကို စစ်အာဏာပိုင်များက ၂ ရက်ဆက်၍ ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။
ကြေညာချက်တွင်ပါရှိသော အများပြည်သူကြားနာခွင့်မရဟူသော အကြောင်း ပြချက်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများကို စစ် အစိုးရက ငြင်းပယ်နေသည် ဟူသော အချက်၊ ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးကြားနာရာတွင် ဥပဒေ က ပေးထားသော ခုခံ ချေပ ပိုင်ခွင့် အပြည့်အဝ မရရှိဟူသောအချက်၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ် ပြီးဖြစ်သည်ဟူသော ပြောဆိုချက်များအပေါ်တွင် ရှင်းလင်းသတိပေးခြင်းဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။
ယခုကြေညာချက်ပါဖော်ပြချက်များသည် ဥပဒေနှင့်အညီဆောင်ရွက်နေသည့်အပေါ် လိုရာဆွဲရေးသား ထုတ်ပြန် သည့်အတွက် တရားရုံးကို အနှောင့်အယှက်ပြုခြင်း၊ တည်ဆဲ ဥပဒေကို အနှောင့်အယှက်ပြုခြင်း၊ အမှန်တရားကို မျက်ကွယ်ပြု၍ အများပြည်သူ အထင်အမြင်လွဲစေရန်နှင့် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များသာ ဖြစ်သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။
ယင်းသတိပေးချက်ကို ဇွန်လ ၅ ရက်နေ့က NLD CEC ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့် တို့အဖွဲ့အား ရန်ကုန်တိုင်း တိုင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ တိုင်း ဥပဒေအရာရှိ ဦးဇေယျ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်တို့က ခေါ်ယူ သတိပေးကြောင်း၊ ဇွန်လ ၅ ရက်နေ့တွင်ပင် NLD လူငယ်တာဝန်ခံများဖြစ်သော ဦးမျိုးညွန့်၊ ဦးလှဦး၊ ဦးအေးထွန်းတို့ကို ဗဟန်းမြို့နယ် မယက ဥက္ကဌ ဦးအောင်မွန်လတ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး တင်ဇော်ထွန်း၊ မြိုနယ် တရားသူကြီး ဦးခင်မောင် ထွေး၊ မြို့နယ် ဥပဒေ အရာရှိ ဒေါ်နော် ဒေါရစ်တို့က ထပ်မံ သတိပေးမှု ပြုလုပ်ကြောင်း သိရသည်။
ဇွန်လ ၄ ရက်နေ့ ညနေပိုင်းကလည်း NLD လူငယ်တာဝန်ခံများ ဖြစ်သော ရန်ကုန်တိုင်း NLD စည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(တာမွေ-၁)၊ လူငယ်တာဝန်ခံ ဦးမျိုးညွန့်(အလုံ)၊ ဦးလှဦး(မန္တလေး)၊ ဦးအေးထွန်း (ရန်ကင်း) တို့ကို သက်ဆိုင်ရာက ခေါ်ယူ သတိပေးခဲ့သည်ဟုလည်း သတင်းစာက ဆိုသည်။
ထို့အတွက် NLD လူငယ်တာဝန်ခံများနှင့် CEC တို့ သည် ဝန်ခံလက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း မန္တလေး NLD အဖွဲ့ဝင်များ၏ နေအိမ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တို့ ၂ ယောက်တွဲပုံများကို ညပိုင်းတွင် တိတ်တဆိတ် လာရောက် ချထားခဲ့ ကြောင်း မန္တလေး NLD အဖွဲ့ဝင် တဦး ကပြောသည်။
“ဓာတ်ပုံတွေက တမင်လုပ်ကြံဖန်တီးထားတဲ့ ပုံတွေပါ၊ သိသာပါတယ်”ဟု မန္တလေး NLD မှ ဦးမျိုးနိုင်က ပြောပြ သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
Rest of your post
Saturday, June 6, 2009
မှားယွင်းနေတဲ့ ဗမာပြည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment