Friday, 05 June 2009 16:00 အောင်သက်ဝိုင်း
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျမှုမှာ ဆောက်လုပ်ရေးပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး လူနှစ်ဦး သေဆုံး၍ ၃၄ ဦးဒဏ်ရာရရှိသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာမှ ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဒလ ဒေသခံများနှင့် ဓနုတ် စံပြကျေးရွာသားများက ပြောသည်။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု မေလ ၇ ရက်နေ့က စိန်ဖူးတော်၊ ဌက်မြတ်နားတော် တင်လှူပူဇော်ခဲ့သော ဓနုတ်စေတီ ကြီးသည် မေလ ၃၀ ရက်နေ့ ညနေက ပြိုကျ ပျက်စီးသွားရာ အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး တရာကျော် ဒဏ်ရာရှိရခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သော ဒလမြို့နယ် ကြက်ခြေနီ အသင်းဝင်တဦးနှင့် ဓနုတ်စံပြကျေးရွာနေ ကျေးရွာသားများက အတည်ပြု ပြောဆိုကြသည်။
“ဘုရားကြီးပြိုတဲ့ နေ့ကတောင် ပွဲချင်းပြီးဆုံးတာ လေးဦး၊ ဆေးရုံကိုပို့တဲ့ လမ်းမှာတင် ဆုံးတာ နှစ်ဦးနဲ့ ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံမှာဆုံးတာတွေ၊ ဘုရားကြီး လှိုဏ်ဂူထဲမှာ ပိတ်မိပြီး ဆုံးတာတွေ အားလုံး ပေါင်းရင် အနည်း ဆုံး နှစ်ဆယ် ကျော်တယ်၊ နှစ်ဦးဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဓနုတ်စံပြ ကျေးရွာသား တဦးက ပြောသည်။
သတင်းစာတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။
“ဘုရားပြိုတာ မေ ၃၀ ရက်နေ့က ပြိုတယ်။ ဒါပေမယ့် အစိုးရက ဇွန်လ ၄ ရက်နေ့မှ တရားဝင်သတင်းထုတ်ပြန် တယ်။ ဒီလိုသတင်းထုတ်ပြန်တာကလည်း သတင်းကို ဖုံးလို့ဖိလို့ မရတော့လို့ သတင်းထုတ်ပြန်တာ။ သတင်း ထုတ်ပြန်တော့လည်း အချက်အလက်တွေလွဲမှားတယ်။ အခုဘုရားကြီးကို သတင်းထောက်တွေနဲ့ ဘုရားဖူး ပြည်သူတွေ သွားရောက်ကြည့် ရှုလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်”ဟု ရန်ကုန်မြို့မှ သတင်းသမား တဦးက ပြောသည်။
ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံးအနီကြီး များ ဖြတ်သန်းခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး ၏အရိပ် ထီးတော်မပါဘဲ ကောင်းကင် တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့ မည်ဟု ဟောကိန်းထုတ်ထားသည်။
“ဘုရားပြိုတယ်ဆိုတာ မကောင်းပါဘူး၊ ဒါပေမယ့် လူတွေက သူတို့ပြင်တဲ့ဘုရားအဲဒီလိုပြိုသွားတော့ ဗိုလ်ချူပ်မှူး ကြီးမိသားစုကို ဘုရားရိုက်တော့မယ်ဆိုပြီး ၀မ်းသာကြတယ်။ သူတို့ရဲ့အကုသိုလ်တွေ အကျိုးပေးတော့မယ် ဆိုပြီး လည်း ပြောဆိုနေကြတယ်။ အစိုးရ၀န်ထမ်းတွေတောင် အဲဒီလိုမျိုးပြောကြဆိုကြတယ်။ ဘုရားက တန် ခိုးကြီး တယ်၊ သွားဖူးချင်ကြတယ်။ ဒါပေမယ့် အစိုးရက သွားခွင့်ပိတ်ထားတော့ စိတ်မှန်းနဲ့ပဲဖူးနေကြတယ်”ဟု ရန်ကုန် မြို့ မှ အစိုးရ၀န်ထမ်းတဦးက ဆိုသည်။
ယင်း ဓနုတ်ဘုရားကြီးပြိုကျမှုကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် အင်တာနက် သတင်း စာမျက်နှာ များတွင် ချက်ချင်းဆိုသလို သတင်းများထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအတွင်း၌ ဘုရားပြိုကျ၍ လူအ များ သေဆုံး ပြီး ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အစိုးရဘုရားရိုက်တော့မည်ဆိုသော ပြောဆိုမှုများလည်း လူအများကြား တွင်ပျံ့နှံ့ နေခဲ့သည်။
ဓနုတ်စေတီတော်မြတ်ကြီးကို သာသနသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ပြီး စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တဦး ကရှင်းပြသည်။
ဓနုတ်စေတီတော်မြတ်ကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် က ပြောသည်။
အဆိုပါ ဘုရားပြိုသည့် သတင်းကို အစိုးရသတင်းစာများတွင် မထင်မရှားဖော်ပြသော်လည်း ပုဂ္ဂလိက သတင်း ဂျာနယ်များတွင် စာပေစိစစ်ရေးက လုံးဝဖော်ပြခွင့်မပြုကြောင်း ပြည်တွင်းသတင်းမီဒီယာအသိုင်းဝန်းမှ သိရှိရ သည်။
Friday, June 5, 2009
အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment