Tuesday, 02 June 2009 19:19 ကြည်ဝေ (ဧရာဝတီ)
လူထု ခေါင်းဆောင် လည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်အ စိုးရက ထောင်ချလိုက်လျှင် ၂၀၁၀ ရွေးကောက်ပွဲ ပျက်သည်အထိ အကျိုးသက်ရောက် သွားနိုင်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင် က ပြောဆိုသည်။
“ဒေါ်စုကိုသာ ထောင်ချမယ်ဆိုရင် ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒီရွေးကောက်ပွဲရဲ့ အခြေအနေ ပြည်သူက ဆန္ဒ ဖော်ပြဖို့ဆိုတဲ့ အလား အလာတွေက အကုန်လုံး မှေးမှိန် ကွယ်ပျောက်သွားမှာပဲ၊ ဒေါ်စုကို ထောင်ချခြင်းဟာ ရွေးကောက်ပွဲကို တရားခွင်တင်တာ နဲ့ အတူတူ အဓိပ္ပာယ် သက်ရောက်မယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချခဲ့ပါက NLD အနေနှင့် တခုခုတုံ့ပြန်သင့်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
“ဒေါ်စု ထောင်ကျခဲ့ရင် NLD က တခုခု လုပ်ရမယ်၊ ဒါခေါင်းဆောင်ဗျ။ ဒေါ်စုဟာ ထိပ်တန်းခေါင်းဆောင်ဖြစ်တယ်၊ ရှင်းရှင်းပြောရရင် ဒါ ဘယ်သူနဲ့မှ နှိုင်းယှဉ်ဖို့ မရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုခေါင်းဆောင် တယောက်လုံးကို အိမ်အကျယ်ချုပ် ချထားရာကနေ ဆွဲ ထုတ် ပြီးတော့ တရားခွင်ပို့၊ ထောင် ချမယ် ဆိုရင်တော့ NLD က တခုခု တော့ ပြောဖို့ကောင်းတယ်လို့ ကျနော် ထင်တယ်၊ ဒီကိစ္စက ပြောဖို့ လိုအပ်တဲ့ကိစ္စ၊ ပြောရမှာပဲ၊ ပြောလည်း ပြောလိမ့်မယ်လို့ ကျနော် ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းအားဖြင့် ရွေးကောက်ပွဲအပေါ် သက်ရောက် သွားနိုင်ကြောင်း၊ နိုင်ငံတကာ အပါအ၀င် လူထု ကပါ ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့်အခြေအနေထိ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးသမားဟောင်း တဦးကလည်း ပြောသည်။
“NLD မပါရင်၊ ဒေါ်စု ထောင်ချ ခံရရင်တော့ ဒီရွေးကောက်ပွဲက ပျက်မှာပဲ၊ ဖြစ်ခဲ့ရင်လည်း ဘယ်သူကမှ ယုံကြည်မှု ရှိမှာမဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ခံယူပွဲလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု အဆိုပါ နိုင်ငံရေးသမား ဟောင်းက ဆိုသည်။
NLD အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချပါက မည်ကဲ့သို့ ပြုလုပ်မည် ဆိုသည်ကို ကြိုတင်ပြောဆိုခြင်း မရှိသော် လည်း တခုခုတုံ့ပြန်မည် ဆိုသည်ကိုမူ ခန့်မှန်းသိရကြောင်း၊ သို့သော်လည်း ပါတီ၏ တုံ့ပြန်မှုကို စစ်အစိုးရအနေနှင့် ဂရုစိုက်မည် မဟုတ် သည်မှာ သေချာကြောင်း သူက သုံးသပ်သည်။
လက်ရှိ NLD အဖွဲ့အနေနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မရှိသေးကြောင်း၊ NLD ၏ ဆုံးဖြတ်ချက်မှာ အမျိုးသား ပြန် လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ် ပေးရေးနှင့် နိုင်ငံတကာကြီးကြပ်မှု ပါသည့် သန့်ရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးရေးတို့ကို တောင်းဆိုထားကြောင်း NLD ပြောခွင့် ရ ပုဂ္ဂိုလ်များထံမှ သိရှိရသည်။
“ပါတီက ကြေညာချက်တွေ ထုတ်နေတာပဲ၊ ဒါကို စစ်အစိုးရက ဘာလုပ်သလဲ၊ ပါတီ တောင်းဆိုထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကို ဂရုမစိုက်လို့ ဒေါ်စုကို ဖမ်းပြီး ထောင်ထဲ ပို့တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
NLD ၏ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာမှ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အား နေအိမ်အတွင်း လက်ခံမှု၊ တွေ့ဆုံမှုဖြင့် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းထားလိုက်ပြီး တရားစွဲဆို အမှုဖွင့်ကာ ထောင်ချ ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမှုကို စီရင်မည့် တရားသူကြီးနှင့် နီးစပ်သူ တဦးထံမှာ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံခဲ့ရပါက NLD အနေနှင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ စစ်အစိုးရ၏ ရွေးကောက်ပွဲ မည်သို့ ဖြစ်ပေါ်လာ မည် ဆိုသည်တို့ကို လူထုက စိတ်ဝင်စားနေကြကြောင်း ပြည်တွင်း သတင်းဂျာနယ် တခု၏ အမှုဆောင်အရာရှိ တဦးက ပြောဆိုသည်။
“မနှစ်က မေ မှာ လုပ်သွားတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ လာမယ့် ရွေးကောက်ပွဲလည်း ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ် ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာသလောက်ရှိပါတယ်။ တကယ်လို့များ နိုင်ငံတကာက ကြီးကြပ်မှု ပါလို့ ၁၉၉၀ တုန်းကလိုပဲ ဖြစ်ခဲ့မယ်ဆိုရင်၊ NLD ကလည်း ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် NLD က ဒုတိယအကြိမ် ထပ်နိုင်လိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။
သတင်းစာဆရာကြီး ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမည် ဆိုပါက NLD တင်မက တခြားသော နိုင်ငံရေး အင်အား စုများ၊ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများလည်း ရွေးကောက်ပွဲ ၀င်ရန် စဉ်စားကြဖို့ လိုမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီလို ပက်ပက်စက်စက်ကြံရင်တော့ ဒီရွေးကောက်ပွဲဟာ ၀င်သင့်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ဘူး၊ ၀င်လို့လည်း ရမှာမဟုတ်ဘူး၊ ၀င်ခြင်း အားဖြင့်လည်း ဘာအဖြေမှ ထွက်မယ့် ရွေးကောက်ပွဲလည်း မဟုတ်ဘူး၊ ဒီလို ရွေးကောက်ပွဲမျိုးဟာ ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူ ရဲ့ဆန္ဒ ဖော်ပြရာရောက်တဲ့ ရွေးကောက်ပွဲမျိုးလည်း မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်” ဟု ဦးဝင်တင်က ဆိုသည်။ (ဧရာဝတီ)
မှ
Tuesday, June 2, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် ရွေးကောက်ပွဲပျက်နိုင်ဟု ဦးဝင်းတင်ပြော
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment