မုံပီး အင်္ဂါနေ့၊ ဇွန်လ 09 2009 18:38 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ လက်ရှိ တရားရုံးတင် စစ်ဆေးနေမှုသည် အခြေအမြစ် မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့က ထပ်လောင်း ပြောဆို လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ထပ်လောင်း ပြောဆိုကြောင်းနှင့် ချက်ချင်း ပြန်လွှတ် ပေးရန် တောင်းဆိုကြောင်း အမေရိကားသို့ အလည်အပတ် ရောက်ရှိနေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Noer Hassan Wirajuda နှင့် တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောဆို လိုက်ခြင်း ဖြစ်သည်။
''တခြား အာဆီယံနိုင်ငံတွေလိုပဲ အင်ဒိုနီးရှားနိုင်ငံကလည်း သူမ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေအကြောင်းကို ထုတ်ဖော်ပြောဆိုနေပါပြီ။ သူမကို လွှတ်ပေးဖို့လည်း တောင်းဆိုနေပါပြီ။ ဒါကို ကျမတို့ အကြီးအကျယ် အသိအမှတ်ပြု ကြိုဆိုပါတယ်'' ဟု မြန်မာနိုင်ငံလည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော ၁၀ နိုင်ငံအသင်းချုပ် အာဆီယံအဖွဲ့ကြီးကို ရည်ညွှန်း၍ သူမက ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် တရားစွဲဆိုနေမှုကို `ကံအကြောင်းမလှသည့် ဖြစ်ထွန်းတိုးတက်မှု` ဟု သူမက ခေါ်ဆိုလိုက်ပြီးအင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး ဝီရာဂျူဒါ ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် ပြင်းထန်သည့် စကားလုံးများ သုံးစွဲ ထားသည့် ကြေညာချက်တစောင်ကို အင်ဒိုနီးရှားနိုင်ငံကထုတ်ပြန်ထားပြီးဖြစ်ကြောင်းဖြင့် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
''ဒီဟာက တကယ့်ကို ကံအကြောင်းမလှတဲ့ ဖြစ်ထွန်းတိုးတက်မှုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကိစ္စကို လွန်ခဲ့တဲ့လက ပြန်လည်သုံးသပ်ပြီး ပြန်လွှတ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ'' ဟု ဝါရာဂျူးဒါးက ပြောသည်။
''အာဆီယံ ပဋိဉာဉ်စာတမ်းသစ်အရနဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ အရင် အကြိမ်တွေက အလားတူ တောင်းဆိုခဲ့ဖူးသလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတာ ကျနော်တို့ သတိပေးလိုပါတယ်'' ဟု သူက ပြောသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် အစဉ်အလာကို ထိန်းသိမ်းထား လေ့ရှိကြသည်။ သို့သော် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ရုံးတင်စစ်ဆေးနေသည့် ကိစ္စအ ပေါ်တွင် `အလွန်စိုးရိမ်ပူပန်ကြောင်း` ကြေညာချက်များ အာဆီယံအဖွဲ့ကြီးက ထုတ်ပြန်လာရသည်အထိ ဖြစ်ပေါ်လာစေခဲ့သည်။
ဝါရာဂျူဒါက အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုကို ထုတ်ဖော်ပြောဆိုသွားခြင်း မပြုသော်လည်း Carnegie Endowment for International Peace ၌ အစောပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းတွင်မူ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူများအား ပိုမို၍ ဆင်းရဲဒုက္ခရောက်စေကြောင်း ပြောကြားသွားသည်။
မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခ လျော့ပါးသက်သာစေရေးအတွက် ပိတ်ဆို့အရေးယူထားမှုများကို ရုပ်သိမ်း၍ မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ် သော ဆက်ဆံရေးတရပ် ထူထောင်ထားရှိပါရန် ကမ္ဘာ့နိုင်ငံများကို သူက တိုက်တွန်းတောင်းဆိုသွားသည်။
ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူ မှုများ သည် လိုချင်သော ရလဒ်ကို ရယူပေးနိုင်ခြင်း မရှိခဲ့သလို၊ အပြုသဘော ဆက်ဆံရေးမူဝါဒမှာလည်း မအောင်မြင်ခဲ့ကြောင်းနှင့် အမေရိကန်သည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သေးသည်။
Tuesday, June 9, 2009
အမေရိကန်နှင့် အင်ဒိုနီးရှားက ဒေါ်စုကို ပြန်လွှတ်ပေးရန် တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment