Saturday, June 6, 2009

စစ်တွေတွင် လေယာဉ် စက်ချို့ယွင်းမှု ကြောင့် အရေးပေါ် ဆင်းသက်စဉ် လေယာဉ်မှူး အပါအ၀င် ခရီးသည် လေးဦး အတွင်း လူနာဖြစ်


မြန်မာ့လေကြောင်းလိုင်း(Myanmar Airways)မှ လေယာဉ် တစ်စီး
မြန်မာ အဲယားဝေးမှ XY-ADW ဂျက်လေယာဉ် အမျိုးအစားခရီးသည်တင် လေယာဉ် တစ်စီးသည် ရန်ကုန်မှ စစ်တွေ သို့ ပြန်သန်းစဉ် စက်ချို့ယွင်းမှုကြောင့် စစ်တွေ လေဆိပ်၌ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

ခရီးသည် ၈၀ ဦးတင်ဆောင် ထားသော ထိုလေယာဉ်သည် ရန်ကုန် မှ မိုင်နှစ်ရာကျော် ကွာဝေးသည့် ရခိုင်ပြည်နယ် သို့ ပြန်သံစဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်စဉ် လေယာဉ်မှူး တစ်ဦး နှင့် ခရီးသည် လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ၍ ဆေးရုံ တင်ထား ရကြောင်း စုံစမ်း သိရှိရသည်။

လေယာဉ် စက်ချို့ယွင်း နေစဉ် အရေးပေါ် တံခါးမှာ ဖွင့်ရခက်ပြီး လေယာဉ်စီး ခရီးသည်များကလည်း လုံလောက်သည့် အောက်ဆီဂျင် မရမှုကြောင့် အသက်ရှူ မွမ်းကြပ်မှုကြောင့် ဖြစ်ပေါ်ကြသည် ဟု သိရသည်။လေယာဉ်ပေါ်ပါ ခရီးသည် အားလုံး ထိခိုက် ဒဏ်ရရှိပြီး အချို့မှာ အကြောက် မပြေသေးပဲ ငိုယိုလျှက် ရှိသည်။

အရေးပေါ် ဆင်းသက် ရသောကြောင့် လေယာဉ် တောင်ပံ တစ်ဘက် နှင့် လေယာဉ် ၀မ်းဗိုက်တို့ ပျက်စီး ဆုံးရှုံး ခဲ့ရသည်။

မြန်မာ့ လေကြောင်းသည် ယခင်က အစိုးရပိုင် ဖြစ်ပြီး စစ်အစိုးရ အာဏာ ရလာပြီး နောက်ပိုင်းတွင် စင်္ကာပူ လေကြောင်းလိုင်း တစ်ခုနှင့် ဖက်စပ် လုပ်ကိုင်သည်။

source by : FREEDOM NEWS GROUP

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်