ကိုဝိုင်း
တနင်္လာနေ့၊ ဇွန်လ 08 2009 19:41 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များ၏ ထိုးစစ်ပြင်ဆင်နေမှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည် ၃ဝဝဝ ကျော်သည် စားရေး၊ နေရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ယနေ့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ် KNLA ထိန်းချုပ်ရာ တပ်မဟာ (၇) ဘားအံခရိုင် တာ့ကရဲမြို့နယ် အတွင်းရှိ ထူးထာ၊ မဲ့ဖလူး၊ ဥသုထ၊ မဲ့တလစ်၊ နို့ဘိုး၊ မဲ့ဥဆူး၊ ထီးပဲ၊ စသည့် ကျေးရွာများကို နအဖ နှင့် ဒီကေဘီအေ ပူးတွဲတပ်က စစ်ဆင်နေသဖြင့် ဒေသခံများသည် ပေါ်တာဆွဲခံရခြင်းနှင့် မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းတို့မှ ရှောင်ရှားနိုင်ရန် ထိုင်းနိုင်ငံ တာခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံကြရာ အခက်အခဲများ ကြုံနေရခြင်း ဖြစ်သည်။
“နေထိုင်ရတာက ထိုင်းဘက်မှာ ရောက်လာတယ်ဆိုတော့ကာ သူများအိမ်အောက်မှာတို့။ တချို့ကျတော့လည်း တောထဲမှာ နေရတဲ့လူလည်း ရှိတယ်လေ။ အမိုးအကာမရှိbဲနဲ့ သူတို့နေနေရတယ်ပေါ့။ မိုးကာတလက်နဲ့ မိသားစု တစုလုံး လုံအောင်ခြုံပြီး နေရတာရှိတာပေါ့။ စားတာသောက်တာ TBBC (ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သော Thailand Burma Border Consortium) ကနေ အကူအညီပေးတယ်ပေါ့။ ဒါပေမယ့် မလုံလောက်ဘူးပေါ့။ ထွက်ပြေး လာတာက နေရာတွေက အများကြီးရှိတယ်လေ” ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ တာဝန်ရှိသူ အဲလ်ဘတ်က မဇ္ဈိမကို ပြောသည်။
စစ်ပြေးဒုက္ခသည်များထဲ၌ ကလေးနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြပြီး KHRG မှ ယမန်နေ့ အစီရင်ခံစာအတွင်း၌ လူဦးရေ ၃ဝဝဝ ကျော်ဟုသာ ဖော်ပြထားသော်လည်း ၎င်းတို့ မရောက်ရှိသည့် နေရာများ ကျန်သောကြောင့် ယခုထက် လူဦးရေ ပိုများမည်ဟု သိရသည်။
ထိုင်းနယ်စပ် လုံခြုံရေးအတွက် တာဝန်ယူပေးနေသော ထိုင်းအနောက်နှင့် အနောက်မြောက်ပိုင်းဒေသခံ တပ်မဟာ (၃) တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်ဆက် အပီယာကျိုထင်း Tanongsak Apirakyothin ကရင်စစ်ပြေး ၃ဝဝဝ ခန့် ထာ့ဆောင်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေပြီး ထိုင်းအစိုးရက အကူအညီများပေးနေကြောင်း ထိုင်းသတင်းဌာနများသို့ အတည်ပြုပြောသည်။
KHRG ကမူ ဆေးဝါးကုသမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိခဲ့ရကြောင်း၊ သို့သော် များသောအားဖြင့် အမိုးအကာ မလောက်ငဘဲ မိုးရေထဲပြေးနေရသဖြင့် အအေးမိ၍ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းများ ဖြစ်နေကြပြီး ငှက်ဖျားတက်နေသူများလည်း ရှိကြောင်း KHRG မှ အဲလ်ဘတ်က ပြောသည်။
နအဖ ၏ တပ်မ ၂၂ လက်အောက်ခံ ခမရ ၃၃၈၊ ၃၃၉၊ ၂ဝ၁၊ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၅ တို့ပါဝင်ပြီး ဒီကေဘီအေ ဘက်မှ တပ်မဟာ ၉၉၉၊ ၃၃၃၊ ၅၅၅ ပါဝင်ပြီး ပူးတွဲစစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် ယနေ့ တိုက်ပွဲသတင်းမကြားရသေးသော်လည်း ယမန်နေ့ကမူ နအဖဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း KNU က ပြောသည်။
ထို့အပြင် စစ်ပြေးဒုက္ခသည်များအတွက် အကူအညီများ ပိုလိုအပ်နေကြောင်းလည်း ပြောသည်။
“ဟား ဒုက္ခရောက်တယ်။ နေရာကလည်း ၆ နေရာလောက်ရှိတယ်။ တချို့နေရာတွေမှာ ထိုင်းဆေးအဖွဲ့တွေက ကြည့်တော့ ကြည့်တယ်။ ဒါပေမယ့် ကရင်ဘက်မှာရှိတဲ့ ရောဂါတွေအနေအထားနဲ့က မတူတာတွေ ရှိနေတယ်။ ထိထိရောက်ရောက် ကြည့်ရှုတဲ့လူ မရှိဘူး။ နောက် ကျကျနန နေရာချထားမှုက မရှိဘူး။ ဒီလိုမျိုး မိုးထဲ ရေထဲမှာ ဖြစ်သလို ပစ်ထားတာနဲ့စာရင် ပိုကောင်း အောင် ထားသင့်တယ်လို့ မြင်တယ်” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။
ပုံမှန်အားဖြင့် နွေဦးရာသီ၌သာ စစ်ဆင်လေ့ရှိသော်လည်း မိုးရာသီအတွင်း ယခုကဲ့သို့ စစ်ဆင်ခြင်းသည် အထူးရည်ရွယ်ချက် ရှိသည့် အနေအထားမျိုး၌သာ ဖြစ်တတ်ကြောင်း သူက ပြောသည်။
နယ်ခြားစောင့်တပ်များ ပြောင်းလဲဖွဲ့စည်းရန် DKBA အနေဖြင့် တပ်အင်အားတိုးချဲ့ရန်နှင့် နယ်မြေတိုးချဲ့ရန် ရည်ရွယ်ချက် ရှိနေကြောင်းနှင့် ထို့အပြင် နအဖ က DKBA နှင့် ကရင်ထူထုအကြား ညီညွတ်ရေး ပျက်ပြားစေရန် ရည်ရွယ်သဖြင့် ယခုကဲ့သို့ ထိုးစစ်များ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက သုံးသပ်သည်။
ထို့အပြင် “နယ်စပ်ဒေသမှာ ခါတိုင်းဆိုရင် ထိုင်း-မြန်မာ နှစ်ဖက် ကုန်သွယ်ရေးအကျိုးစီးပွားကြောင့် သေနတ်မပေါက်အောင် ကြိုးစားကြတာပေါ့လေ။ အခုကျတော့ ထိုင်းကလည်း သူတို့အပေါ် ဝေဖန်မှုက နည်းနည်း အဆင့်တက်လာတဲ့ အခါကျတော့ အဲဒီပေါ်မှာလည်း သူတို့ ပြန်ပြီးပြတဲ့သဘော ရှိမှာပေါ့။ မင်း ငါ့ကို ဒီလိုမျိုးဆက်ဆံမယ်ဆိုရင်တော့ မင်းဒေသအတွင်းမှာလည်း မတည်ငြိမ်မှုတွေ ဟောဒီလိုဖြစ်လာမယ်ဆိုပြီးတော့ သဘောလည်း ပါနိုင်တယ်” ဟု သူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တော်လှန်နေသည်မှာ ရာစုနှစ်တဝက်ခန့် ရှိပြီဖြစ်သည်။ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခစခန်း ၉ ခုတွင် လူပေါင်း ၁ သိန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။
Monday, June 8, 2009
ထိုင်း-မြန်မာ နယ်စပ် စစ်ပြေးဒုက္ခသည်များ အခက်အခဲများ ကြုံတွေ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment