Friday, June 5, 2009

မိမိ သမီး တစ်ယောက်ကိုတောင် မနိုင်တာ တိုင်းပြည်ကို ဘယ်လို ထိန်းသိမ်းမှာလဲ

စာဖတ်ပရိသတ်များ ခင်ဗျား
ကိုဖိုးတရုတ် ဘလော့ခ် မှ ကူးယူတင်ပြပါသည်။ ၀ံခံချက် -ဒေါင်းတမာန်
အကျင့်ပျက် လာဘ်စားမှု အရာမှာ ကမ်းကုန်အောင် ဆိုးသွမ်းနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့  သားသမီးတွေဟာလည်း အဖေထက် သား တစ်လကြီးကာ အပြိုင်အဆိုင် ကဲနေကြပုံကို ပြည်တွင်းမှ စာဖတ် ပရိသတ်များက ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့ထားခဲ့ကြပါတယ်။ ဒီနေ့ အလှည့်ကျလို့ တင်ပြရမဲ့ အကဲ လေးကတော့ ဘယ်သူ ဖြစ်မလဲလို့ ဖတ်ရှုအားပေးကြရအောင်.. ယခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ မဟာဆန်သူကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း ပြောကြားရင်း ပေးပို့သူရဲ့  ဆန္ဒအတိုင်း အပိုအလို မရှိစေဘဲ တင်ပြပေးလိုက်ပါတယ် ခင်ဗျား။

ပေးပို့သူ - မဟာဆန်သူ
အခု တလောရန်ကုန်မှာ နာမည် ကြီးနေတဲ့ သတင်းတစ်ပုဒ် ကို ပေးချင်လို့ပါ။

သတင်းကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကြီး၏ တစ်ဦးတည်းသော သမီးဟာ အိမ်ထောင်ရှိရက် နှင့် နိုင်ငံကျော် အဆိုတော် တစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ သတင်းပါ။

ကောင်မလေးက စုမြတ်အောင်၊ အသက်က ၂၂ ကျော်ကျော် လေးပါ။ သုဝဏ္ဏ ဗိုလ်ချုပ်ရွာမှာ နေပါတယ်။ အင်းယားလမ်းမှာ အထည်ဆိုင်ဖွင့် ထားပြီး ဆိုင်ကို mark II မီးခိုးရောင်(စစ်နံပါတ်)၊ carrina နောက်ဆုံးပေါ် အပြာရောင် တို့နဲ့ တစ်ယောက်တည်း ကားကိုယ်တိုင်မောင်းပြီး ဆိုင်ကို သွားလေ့ ရှိပါတယ်။ ဆိုင်ကို သွားသလိုနဲ့ အဆိုတော်နဲ့ နှစ်ပါးသွားနေကြတယ်လို့ ပြောတယ်။

နောက်ပြီး ကောင်မလေးက ခေတ်အရမ်းလွန်ပြီး အရမ်းသောင်းကျန်းတယ်လို့… အရမ်းဆိုးတယ်လို့ … သူငယ်ချင်းတွေကပြောကြတယ်။ ပါတီပွဲတွေ… dinner တွေနဲ့ အပျော်ပွဲ မျိုးစုံကို သွားလေ့ရှိပြီး အရက် အလွန်အကျွံ မူးအောင်သောက်ကာ.. ညဥ့်နက်တိုင်မှ ပြန်ပြန် လာတတ်တယ်တယ်လို့ သိရပါတယ်။ ဆေး ဘာညာလည်း သုံးစွဲမယ် ထင်ပါတယ်။ သူ့ယောင်္ကျားအပေါ်လည်း မောက်မောက်မာမာနဲ့ မိုက်မိုက်ရိုင်းရိုင်း လူရှေ့မရှောင် ဆက်ဆံတတ်ပါတယ်၊ လူသူရှေ့မှာ သူ့ယောင်္ကျားကို နှိမ်ချ ဆက်ဆံတယ်လို့ လားရှိုး ကောလိပ်မှာ တက်နေတဲ့ သူငယ်ချင်းတွေရဲ့ မျက်မြင် သက်သေ အရ သိရပါတယ်။

ဒီကလေးမ ဖောက်ပြန်နေတဲ့ အခုသတင်းဟာ လားရှိုးမြို့မှာ တိုးတိုး ကျိတ်ကျိတ်နဲ့ နာမည်ကြီး နေပါတယ်။ တပ်ထဲမှာ သာမက ရပ်ကွက်ထဲမှာပါ တိုင်းမှူးသမီး ဆိုးသွမ်းပုံနဲ့ လုပ်ချင်ရာလုပ်နေကြောင်း၊ အိမ်ထောင်ရှိရက်နဲ့ အဆိုတော် နောက်ကို ညဘက်ကြီး လိုက်သွားကြောင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတယ်လို့ သိရပါတယ်။ အခု ဒီကိစ္စကို တိုင်းမှူးဗိုလ်ချုပ်က မပျံ့နှံအောင် အမိန့်ပေးထားတယ် လို့လည်း ဆိုကြတယ်။ အာဏာရှင်တွေများ သူတို့ လုပ်ရင် အကုန်ကောင်း နေတာပဲနော်။

ကောင်မလေးနဲ့ ရှုပ်နေတဲ့ အဆိုတော်ကတော့ examplez က အဆိုတော် ထွန်းထွန်း ဖြစ်ပြီး သူတို့ ဘယ်အိမ်မှာ ချိန်းတွေ့ကြတယ် ဆိုတာတွေကိုတော့ အတိအကျ မသိအောင် … စစ်ဦးစီးမှူးတွေရဲ့ ကတော်တွေနဲ့ သူငယ်ချင်းတွေက ၀ိုင်းပြီးတောင် ဖုံးဖိထားပေးကြရတယ်ဆိုပါတယ်။ ထိုကဲ့သို့ မိမိ သမီး ဆိုးရွားစွာနှင့် လူမှုရေး ဖောက်ပြန်နေတာကို ဖခင်ဖြစ်သူ နိုင်ငံခေါင်းဆောင်ကြီးမှာ မသိရှာပေ၊ မသိတာပဲလား… တမင် မနိုင်လို့ မသိချင်ယောင်ဆောင်ပြီး လွှတ်ထားတာပဲလား မပြောတတ်ပါ။ ဒီလို မိမိ သမီးကိုတောင် နိုင်နင်းအောင် မအုပ်ချုပ် နိုင်တာ တိုင်းပြည် ကြီးကို ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာ မပြောတတ်တော့ပါဘူး။ လူကြီးဖြစ်သွားပြီ ဆိုတော့လည်း အောက်ခြေကိစ္စတွေ တော်ရုံတန်ရုံ ဘယ်သိတော့မလဲနော်။ အောက်ခြေကလည်း ကိုယ့် လူကြီး ငြိငြင်မှာစိုးလို့ သူတို့အပေါ် အပြစ်တင် ဝေဖန်မှာကို ကြောက်လို့ ဖုံးဖိပေးထားကြတယ်တဲ့။ ဘာမှ မပြောရဲ အားလုံး ကောင်းပါတယ်ဘဲပေါ့။

tuntun-copy


Examplez အဖွဲ့မှ အဆိုတော် ထွန်းထွန်း

ဒီသတင်းကတော့ ယခု တလော ရန်ကုန်မှာ ရေပန်းစားနေတဲ့ သတင်းပါ။ (မှတ်ချက်။ ။ဘယ်သူ့ ဘယ်သူမှ ထိခိုက်နစ်နာစေလိုသော သဘော မရှိပါ…. သတင်းအမှောင်ချ ခံထားရသော မြန်မာပြည်သူလူထု အတွက် ဖြစ်ရပ်မှန် သတင်း တစ်ရပ်ပါ။)

အဓိက ပြည်သူတွေ ကို သိစေချင်တာပါ။ လူကြီးသားသမီးတွေ အပြင်မှာ ဖြစ်ချင်ရာ ဖြစ်နေကြတာကို အရပ်သားတွေ ကောင်းကောင်းကြီး ခံနေရတာကိုပါ။

ပြီးတော့ အရာရှိကြီး တော်တော်များများဟာ မိမိ သားသမီးများကို မထိန်းသိမ်းနိုင်ကြတာပဲလား၊ ချစ်လို့ တမင်ပဲ လုပ်ပါစေ၊ ဘာဖြစ်လဲ၊ ငါ့ကို ဘယ်ကောင် ပြောရဲသလဲ ဆိုပြီး လွှတ်ပေးထားတာလားတော့ မသိပါဘူး။ တကယ်ဆို နေရာ ကြီးကြီးမှာ အုပ်ချုပ်သူ လုပ်နေသူ တစ်ယောက်အနေနဲ့ မိမိ သားသမီးကို နိုင်နိုင်နင်းနင်းနဲ့ ဆုံးမ ထိန်းသိမ်းသင့်တယ်လို့ ယူဆပါတယ်။ တော်ကြာ အမျိုးသမီး ရေးရာက အမျိုးသမီးတွေ အားလုံး အတုယူနေကြပါအုံးမယ်။

အခု သတင်းကတော့ မိန်းကလေးချင်းတောင် နားရှက်ပြီး သိက္ခာကျတဲ့ လုပ်ရပ်လို့ ပြောရမယ် ဆိုပါတယ်။

မိန်းကလေး တန်ဖိုး သုံးစားမရအောင် တန်ဖိုးကျပြီး .. မိန်းကလေးထုကြီး တစ်ရပ်လုံး လက်ညှိုးထိုးခံရမယ့် အဖြစ်ကိုရောက်နေလို့ သတိပေးတားမြစ်နိုင်အောင်လို့ ပေးပို့လိုက်တာပါ။ နောက်တစ်ခုက အဲဒီလို မိမိ မိန်းကလေး အရှက်နဲ့ ဂုဏ်သိက္ခာကို မထောက်ငှဲ့ပဲ လုပ်ချင်ရာလုပ် ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတာကို မိဘဖြစ်သူ အရာရှိကြီးက မထိန်းသိမ်းနိုင်ဘူး ဆိုတာ အံ့သြရင်နာ … အသဲယားလွန်းလို့ ကိုဖိုးတရုတ် ပရိတ်သတ် တစ်ယောက်အနေနဲ့ ပို့လိုက်တာပါ။

ကောင်မလေးက တော်တော်ငယ်သေးတယ်၊ အထည်အလိပ် ဆိုင်က ရတဲ့ ၀င်ငွေနဲ့ အဆိုတော် ကောင်လေးကို မုန့်ဖိုးပေး/Sponsor လုပ်တာ/ပိုက်ဆံပေးပြီး ကမြင်းကြောဆွဲနေပုံပဲ။ ဒီခေတ် အဆိုတော်တွေ ဆိုတာလည်း မှိုလိုပေါနေတော့ ၀င်ငွေ သိပ်ရှိမယ်မထင်… မြန်မာပြည်ရဲ့ ဂီတ ရေစီးကြောင်းအရ ခိုးကူးခွေတွေကြောင့် အဆိုတော်တွေ .. လျှာမှာ မြက်ပေါက်နေကြတယ်လေ။

ဒါကို ကောင်မလေးက အခွင့်ကောင်းယူပြီး ပိုက်ဆံနဲ့ ပေါက်ကာ အပိုင် အသုံးချလိုက်တယ်လို့ ယူဆရတယ်။

အဲဒီကောင်မလေးက အိမ်ထောင်သည်ပါ။ သူ့မှာ တရားဝင်ယူထားတဲ့ ယောက်ျားလည်း ငုတ်တုတ်ကြီး ရှိရှိနဲ့ အခုလို လူမှုရေးဖောက်ပြန်ကာ အဆိုတော် ကောင်လေးနှင့် နှစ်ပါးသွားနေတာပါ။

ကောင်မလေးက ကားကို တစ်ယောက်ထဲ ကိုယ်တိုင်မောင်းပြီး ဆိုင်သွားလေ့ရှိတယ် ဆိုပေမယ့် အဆိုတော်ကောင်လေးနဲ့ ကွယ်ရာမှာ ဖောက်ပြားနေခြင်းဖြစ်သည်ဟု ကောင်မလေး၏ အထည်အလိပ်ဆိုင် ၀န်ထမ်းများ၊ မျက်မြင်သက်သေများ သာမက လူတော်တော် များများ ပြောပြချက်အရသိရပါတယ်။ ပုတ်ရင်ပေါ် ဟုတ်ရင်ကျော် တယ်လေ။ ဒါ့အပြင် အင်းယားလမ်းတွင်းရှိ လူသူအရောက်အပေါက်နည်းတဲ့ ချောင်ကျသည့် စားသောက်ဆိုင်များအား ရွေးချယ်ကာ ထိုင်ကြသည်ဟုလည်း သိရပါတယ်။

ဒါကို ကောင်မလေး၏ မိဘများမှာ မသိချင်ယောင်ဆောင်ပေးနေတာလား။ မိမိတို့၏ ထိန်းမနိုင် သိမ်းမနိုင်သော သမီး၏ ဖြစ်ရပ်ကို ဖုံးဖိထားကြပါတယ်။ ဒါမှမဟုတ် သမီးကို မနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို သမီး တစ်ယောက် ဖြစ်ချင်တိုင်းဖြစ် ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတာကို မိဘ တစ်ယောက်အနေနဲ့ မဆုံးမနိုင်ပါက မည်သို့ တိုင်းပြည် အုပ်ချုပ်မည်နည်း။

နောက်ထပ် ကျွန်မသိသေးသော သတင်းမှာ လားရှိုးမှ လာသော သတင်းဖြစ်ပြီး ကောင်မလေးမှာ ၄င်းအဆိုတော်ကို မျက်နှာပြောင်တိုက်ကာ လားရှိုးသို့ပင် ခေါ်၍ ကြိတ်ပုံးခုတ် နေသေးတာ မမြင်ချင်မှ အဆုံးပါ။။ ယခု သင်္ကြန် ကာလတွင် ကောင်လေးအား လားရှိုးသို့ သီချင်းဆိုရန် ဖိတ်ခေါ်သည်ဟု ဆိုကာ ပြောင်ပြောင်တင်းတင်းပင် ဗိုလ်မင်းပရိတ်သတ် အလယ်တွင် တွဲသွားတွဲလာလုပ်ခြင်း၊ ဘုရားကျောင်းကန်များသို့ အတူသွားခြင်း၊ အလှူပွဲများသို့ အတူသွားခြင်းအပြင် ၄င်းအဆိုတော်အတွက် လားရှိုးတွင် တိုင်းမှူး အမိန့်ဖြင့် ဇိမ်ခံကားတစ်စီး ကို သွားချင်ရာ သွားလို့ရအောင် ထုတ်ပေးထားသည်ဟုသိရပါတယ်။ ထိုကဲ့သို့ သမီး ဖြစ်ချင်ရာ ဖြစ်နေသည်ကို ဗိုလ်မှူးများနှင့် ဗိုလ်ကြီး မိန်းမများမှ ဖုံးဖိကာ ၀ိုင်းဝန်း လိမ်ညာ ပေးရတာ ဖြစ်ပါတယ်။

ပြီးတော့ အဆိုတော် ကောင်လေးအား လူရှေ့သူရှေ့တွင် “ဘာမှ ကြောက်စရာ မလိုဘူး၊ ဒါ ဒို့အဖေ ရဲ့ နယ်မြေ … ဒို့ကို ဘယ်သူမှ မပြောရဲဘူး၊ မင်း အားမငယ်နဲ့၊ ကြောက်စရာလည်းမလိုဘူး၊ ဘယ်သူ့မှလည်း ဂရုစိုက်စရာမလိုဘူး” လို့ လူစည်ကားရာ နေရာသို့ သွားတဲ့အခါ လူပုံအလယ်တွင် ကောင်မလေးမှာ အဖေ့အရှိန် အားကိုးနှင့် ဆိုသည်ဟု ပွဲသွားကြည့်သူ မန္တလေးမှ သူငယ်ချင်းတစ်စု၏ ပြောကြားချက်ကိုလည်း ပို့ပေးလိုက်ပါတယ်။

အဲဒီလို သမီးတစ်ကောင် နွားတစ်ထောင် စကားပုံလို ဖြစ်ချင်တိုင်းဖြစ်နေသည်ကို ဆိုဆုံးမမှု မရှိသော မိဘများအား အံ့သြသောကြောင့် မိန်းကလေးထု ကိုယ်စား ကိုဖိုးတရုတ်ထံမှ ပြည်သူအများဆီသို့ ရောက်ရှိစေရန် ပေးပို့လိုက်ပါတယ်၊

မိန်းကလေးထု၏ သိက္ခာ ကျဆင်းသည့် လုပ်ရပ်အား နောက်နောင် လူကြီး သားသမီးများ မဖြစ်ပေါ်စေရန် အတွက် ကျေးဇူးပြု၍ Website ပေါ်သို့ တင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

နောက်ဆုံး သတင်းကတော့ ပြီးခဲ့တဲ့ April တုန်းက လားရှိုးမှာ ဘုရားထီးတင်ပွဲလုပ်တယ်။

အဲဒီမှာ အပ်ချည်မျှင် ဆရာတော်နဲ့အတူ အဆိုတော် ပါလာတယ် ပြောတယ်။ ထီးတင်ပွဲညက အဲဒီ အဆိုတော် နောက်ကို ကောင်မလေးက ညကြီးလိုက်သွားတယ်လို့ သူငယ်ချင်းတွေရဲ့ နောက်ဆုံး သတင်းအရ ပြောပြလိုက်ရပါတယ်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်