
NEJ/ဒေါက်တာလွဏ်းဆွေ / ၁၈ ဇွန် ၂၀၀၉
မြန်မာ့နိုင်ငံရေးလောကထဲကို ၀င်လာကာစက အသက် (၄၃) နှစ် စွန်းစွန်းပဲ ရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၀၀၉ ဇွန်လ (၁၉) ရက်နေ့ဆိုရင် (၆၄) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ အတွင်းက မြန်မာ့နိုင်ငံ ရေးလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေး ဖြတ်သန်းမှု (၂၁) နှစ် ပြည့်လုပြည့်ခင်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်ရင် (၁၃) နှစ်ကျော် (၁၄) နှစ်နီပါး ရှိပြီဖြစ်ပါတယ်။
ဒါပေမယ့် ယနေ့အထိ နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ ချုပ်နှောင်မြဲ ချုပ်နှောင်ထားဆဲပါပဲ။ ချုပ်နှောင်ရုံတင်မကဘူး၊ အခုဆိုရင် လူတယောက်လုံးပါ ပစ်ထည့် အမှုဆင်ပြီး ထောင်ချဖို့အထိ ကြံစည်နေတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။
ကျနော်တို့ အတိုက်အခံအင်အားစုတွေ အနေနဲ့ကရော ဒီမိုကရေစီတိုက်ပွဲ အနှစ် (၂၀) ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲမ၀င်ခဲ့ကြဘူး လားဆိုရင်တော့ ၀င်ခဲ့တယ်လို့ပဲ ကျိန်းသေပေါက် ပြောရမှာပါ။
မေ့လောက်မှဖြစ်စေ၊ ကြုံကြိုက်လို့ဖြစ်စေ၊ နှစ်ပတ်လည်လို့ဖြစ်စေ၊ ပရိုပိုဇယ်ရလို့ဖြစ်စေ၊ ဒုက္ခသည် ခံယူချင်လို့ဖြစ်စေ၊ နိုင်ငံရေးခိုလှုံခွင့် လျှောက်ချင်လို့ဖြစ်စေ အနှစ် (၂၀) ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ဆန္ဒပြခဲ့၊ အကြိမ်ကြိမ် ကြေညာချက်ထုတ် တောင်းဆိုခဲ့၊ ကင်ပိန်းတွေထုပြီး လက်မှတ်တွေ အကြိမ်ကြိမ် ထိုးတင်ခဲ့၊ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အကြိမ်ကြိမ် လက်ဖြန့် အကူအညီတောင်းခံခဲ့တာ တကယ့်ကို မြင်သာထင်သာပါပဲ။
ဒါပေမယ့် ငွေကုန်သံပြာဖြစ်ပြီး လက်ညောင်းတာကလွဲလို့ ဒေါ်အောင်ဆန်းစုကြည်ရော၊ နိုင်ငံရေးအကျဉ်းသားတွေ
ရော လွတ်မလာခဲ့ပါဘူး (ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က နှစ်ကြိမ် လွတ်လာခဲ့တာတော့ ရှိပါတယ်။ ဒါကလည်း အတိုက်အခံတွေ အော်တာကြောင့်ထက် နိုင်ငံတကာဖိအားတွေ လျော့လိုလျော့ငြား နိုင်ငံရေးကစားကြည့် ချင်လို့ နအဖကိုယ်နှိုက်က စမ်းသပ်လွှတ်ပေးတဲ့ သဘောဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ သူတို့အတွက် အန္တရာယ် ရှိတယ်လို့လည်း ယူဆရော ပြန်ပြီး အကျယ်ချုပ်လိုက်တာပါပဲ)။
အဲဒီတော့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကွင်းလုံးကျွတ် မလွတ်တာလဲလို့ အဖြေထုတ်ကြည့်ရင် အဖြေက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ အတိုက်အခံတွေအနေနဲ့ အနှစ် (၂၀) ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလောက်တဲ့ ဖိအားမျိုး နအဖစစ်အုပ်စုအပေါ် မပေးနိုင်ခဲ့လို့ဘဲဖြစ်ပါတယ်။
နအဖစစ်အုပ်စုဆိုတာက အရှက်၊ ဂုဏ်သိက္ခာနဲ့ အုပ်ချုပ်တဲ့ အုပ်စိုးသူမျိုးမဟုတ်ဘဲ စားခွက်နဲ့ အသက်အတွက် အာဏာမြဲသထက်မြဲအောင် ဖိနှိပ်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေဆိုတော့ သူတို့ရဲ့ စားခွက်နဲ့ အသက်ကို ခြိမ်းခြောက်နိုင်လောက်တဲ့ ဖိအားမျိုးပေးနိုင်မှ နအဖ လည်ပင်းအစ်မှာပါ။ နအဖ မျက်ကလဲဆန်ပြာ ဖြစ်မှာပါ။ အဲဒီလိုအခြေအနေဆိုက်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့လွှတ်ပေးမှာပါ။
အနှစ် (၂၀) ကျော်အတွင်းမှာ နအဖစစ်အုပ်စုအပေါ် အတိုက်အခံတွေ ပေးနိုင်ခဲ့တဲ့ ဖိအားက စစ်အုပ်စုကို ကမ္ဘာသိ အရှက်ခွဲတဲ့ ဖိအားလောက်ပဲဖြစ်ပါတယ်။ အဲဒီအဆင့်ထက် မပိုခဲ့ပါဘူး။ အဲဒါကြောင့်မို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်တာပါ (ဖြစ်စဉ်တိုင်းကို ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် အမှန်နဲ့ အနီးစပ်ဆုံး ရှုမြင်သုံးသပ်နိုင်မှ ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့်လဲ ဆိုတာကို ကြံဆလို့ရမယ်ထင်ပါတယ်။ မဟုတ်ဘဲ နေသာသလို ဖော့တွေးပြီး လုပ်ရိုးလုပ်စဉ်တွေပဲ ဆက်လုပ်နေရင် တော့ ဒီလိုပဲ ရွာလည်နေကြဦးမှာပါပဲ)။ နအဖစစ်အုပ်စုဆိုတာက အရေထူပြ၊ မျက်နှာပြောင်တိုက်ပြရဲတဲ့ အရှက်မဲ့သိက္ခာမဲ့ စစ်အာဏာရှင်တွေဆိုတော့ အရှက်ခွဲတဲ့ ဖိအားလောက်ကို ပျင်းတောင်ပျင်းသေး တယ်ဆိုတဲ့ အုပ်စိုးသူမျိုးဖြစ်ပါတယ်။
ဒါပေမယ့် နအဖစစ်အုပ်စု လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာဖြစ်ခဲ့တဲ့ အခြေအနေမျိုး အနှစ် (၂၀) ကျော်အတွင်းမှာ သုံးကြိမ်လောက်တော့ ကြုံကြိုက်ခဲ့ပါတယ်။ သို့ပင်သို့ငြားသော်လည်း အဲဒီလိုမျိုး အခြေအတွေနဲ့ ကြုံကြိုက်ချိန်မှာ ခေါင်းဆောင်မှုအပိုင်းမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေက ထိရောက်တဲ့ ဦးဆောင်မှုနဲ့ အဆုံးမသတ်နိုင်ခဲ့တော့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ ဆက်ပြီးရေစုန်မျောခဲ့ရတာဖြစ်ပါတယ်။
ဘယ်လိုမျိုးအခြေအနေတွေလဲဆိုတာတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကာစ ဂန္ဓီခန်းမအစည်းအဝေး ကျင်းပနေချိန်မှာ တကြိမ်၊ ရွှေဝါရောင်တော်လှန်ရေးမှာ တကြိမ်၊ နာဂစ်တိုက်ခတ်ပြီးကာစ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်စစ်သင်္ဘောတွေ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း အနီးကို လာကပ်ချိန်မှာ တကြိမ်၊ စုစုပေါင်း သုံးကြိမ်လောက် နအဖစစ်အုပ်စုကို လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးကို ကျနော်တို့အတိုက်အခံတွေ အမိအရ မဖမ်းဆုပ်နိုင်ခဲ့ကြပါဘူး။ အဲဒီအတွက် ကျောကော့အောင် အခံရဆုံးကတော့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာပြည်သူတွေပဲပေါ့။
အဲဒီဖိအားမျိုး သက်ရောက်စေတဲ့ အခြေအနေမျိုးတွေ ဆိုက်ခဲ့တာကလည်း ပထမ (၂) ကြိမ်က ရဟန်းရှင်လူ ပြည်သူလူထုအင်အားကြောင့်ဖြစ်ပြီး တတိယအကြိမ်က မထင်မှတ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။
အဲဒီလို လည်ပင်းအစ်၊ မျက်ကလဲဆန်ပြာဖြစ်စေတဲ့ ဖိအားတွေကြောင့် ဂန္ဓီခန်းမအစည်းအဝေး ကျင်းပနေချိန်မှာ ၁/၉၀ ထုတ်ပြီး အစိုးရအဖွဲ့ကြေညာမှာကို ခြောက်လုံးလှန့်လုံးတွေနဲ့ နအဖ ဟန့်တားခဲ့ရတယ်။ ရွှေဝါရောင်ပြီးကာစမှာ ဂမ်ဘာရီကို အမြန်ခေါ်ပြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပြီး အလျှော့ပေးတော့မယောင် နအဖ ဟန်ရေးပြခဲ့ရတယ်။ နာဂစ်အပြီး သင်္ဘောတွေ ဆိုက်ကပ်ချိန်မှာ ဘန်ကီမွန်းကို အမြန်ပင့်ဖိတ်ပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ၀င်ရောက်လုပ်ကိုင်နိုင်အောင် နအဖ အလျှော့ပေးခဲ့ရတယ်။ ကျန်တဲ့အချိန်တွေမှာ အတိုက်အခံတွေ ဘာတောင်းတောင်း၊ ဘယ်လိုအော်အော်၊ ဘာတွေပဲ ထုတ်ပြန်ထုတ်ပြန် နအဖက လှည့်ကြည့်ဖော်တောင် ရခဲ့တာမဟုတ်ပါဘူး။
အဲဒီတော့ အတိုက်အခံအင်အားစုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို တကယ်လွတ်မြောက်စေချင်တယ်ဆိုရင် အထက်က ဖိအားတွေထက် ပိုပြင်းတဲ့ ဖိအားတွေပေးနိုင်မှ ရမယ်ဆိုတာကို သိသာမြင်သာလောက်ပြီထင်ပါတယ် (အမုန်းခံပြီး ပြောတာကို ဆရာလုပ်တယ်ထင်ရင်တော့ ခွင့်လွှတ်ကြပါခင်ဗျား)။ နအဖစစ်အုပ်စုကို အရှက်ခွဲတဲ့ ဖိအားမျိုးလောက်နဲ့ အနှစ် (၂၀) ကျော် အချိန်ကုန်ခဲ့တဲ့ ကိစ္စရပ်တွေကို ရပ်တန်းက ရပ်ဖို့လိုပြီလို့ ပြောလိုပါတယ် (နအဖကို အရှက်ခွဲတဲ့အဆင့်က လိုတာထက်တောင် ပိုလျှံလွန်းနေပြီမို့လို့ပါ)။ ဒီထက်ပိုပြီး နအဖစစ်အုပ်စုရဲ့ စားခွက်နဲ့ အသက်ကို ဖိအားပေးနိုင်အောင် ဘယ်လိုအဆင့်မျိုး တက်လှမ်းလုပ်ဆောင်ကြမလဲဆိုတာကို အကြံဉာဏ်ထုတ် တိုက်ပွဲဝင်ကြဖို့ အကြံပြုလိုပါတယ်။
“လိုလျှင်ကြံဆ နည်းလမ်းရ” တဲ့။ နည်းလမ်းရခဲ့ကြလို့လည်း အရင့်အရင်တော်လှန်ရေးတွေ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အဆင့်တက်ပြီး မကြံဆ မအားထုတ်ရင်တော့ မြန်မာပြည်သူလူထု ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစွမ်းအစတွေကို အားကိုးခွင့်မရလိုက်ဘဲ အချုပ်အနှောင် ဘ၀နဲ့ မီးစာကုန်ဆီခန်းသွားမယ့် အဖြစ်မျိုးတိုးမှာ စိုးရိမ်ရသလို၊ နိုင်ငံရေးအကျဉ်းသားအားလုံးလည်း ထောင်ထဲမှာပဲ အရိုးထုတ်ကုန်ကြလို့ ဒီမိုကရေစီဇာတ်ခေါင်းကွဲပြီး တစ်ကနေ ပြန်စရမယ့်ကိန်းနဲ့ ကြုံတွေ့ရ နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်ပြည်မွေးနေ့အချိန်အခါမှာ အဆိုတော် ခင်မောင်တိုးရဲ့ သီချင်းစာသားလေးနဲ့ သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။
“နွေရယ် မိုးရယ် ဆောင်းဦးရက်များကို xxx ကျော်လွန်ဖြတ်သန်းခဲ့သည်မှာ xxx အကြိမ်ကြိမ်လည်းပဲ ရှိခဲ့ပြီ”
“တိမ်ရယ် နှင်းရယ် သစ်ရွက်ခြောက်များကို xxx အလီလီကြုံတွေ့သိနေစဉ် xxx အရွယ်လွန်ရွေ့လျားသွားခဲ့ပြီ”
Thursday, June 18, 2009
(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အတွေးစများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
- လက်ရှိအီရန်အကြောင်း တစေ့ တစောင်း
- Democracy & Peace Award ကို ကိုယ်စားလက်ခံရယူခဲ့သူတ...
- ၂၂ ရက်နေ့ သတင်းများ ။.....။
- ကမ္ဘာပေါ်က ရဲရင့်တဲ့အမျိုးသမီးတွေ (သို့ ) အီရန်မှ နီ...
- အာဏာရှင်စနစ်ကို အာဏာရူးတွေနဲ့ အတူ မီးရှို့ ပြာချပစ...
- အမေ (သို့ မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက်
- နအဖ နှင့် ဒီကေဘီအေတို့၏ လျှို့ဝှက်ချက် ပေါက်ကြား။
- ဇွန်လကျောင်းသားလှုပ်ရှားမူ့ မှ လူထုလှုပ်ရှားမူ့ သို့ 
- Happy 64th Birthday Event for Daw Aung San Suu Kyi...
- တိုက်ပွဲဝင် အမျိုးသမီးများ သို့ 
- Invitation to view Ko's Picasa Web Album - Artist ...
- မြောက်ကိုရီးယား သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ဦး...
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား ( ကိုရီးယား )
- ဘယ်မလဲ ..ဘင်ကီမွန်း..
- MoeMaKa e Newspaper - 20th June 2009
- U.S. Destroyer Shadows North Korean Ship
- ဦးဝင်းတင်မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက်ေ...
- အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်၊ ဗဟို အမျိုးသမီး လ...
- ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- မြောက်ကိုရီးယားသင်္ဘော ကုလတားမြစ်ချက်ချိုးဖေါက်ပြီး ...
- 64th Birthday of Daw Aung San Su Kyi
- ကျောင်းသားလှုပ်ရှားမှုမှသည်....
- MoeMaKa Daily e Newspaper - 19th June 2009
- ဒီလို ပိတ်တာ ရရောလား..
- မောင်အေးဘဲ.သိတယ်..ဘာဗိုလ်ချုပ်မှ မဟုတ်ဖူး
- “သူတော်စင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်း...
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကိုရီးယားလွှတ်တော်အတ...
-
▼
June
(421)
No comments:
Post a Comment