ဗုဒ္ဓဘာသာမှာ ရတနာသုံးပါးဆိုတာ ရှိပါတယ်။ ဘုရား၊ တရား၊ သံဃာဟာ ရတနာသုံးပါးပါပဲ။ ဗုဒ္ဓဘာသာဝင် အများစုဟာ ရတနာသုံးပါးကို သိကြပါတယ်။ ဘာကြောင့် ရတနာသုံးပါးကို ကိုးကွယ်ရတယ်ဆိုတာတော့ တချို့ မသိဘူးလို့
ထင်ပါတယ်။
ဗုဒ္ဓမြတ်ဘုရားဟာ မကောင်းမှုမှန်သမျှကို ပယ်တော်မူပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးတို့အား ဆင်းရဲမှ လွတ်မြောက်ချမ်းသာ ရောက်အောင်ဆိုဆုံးမနိုင်သောကြောင့် ကိုးကွယ်ရခြင်းပါ။ တရားဟာလည်းလိုက်နာကျင့်ကြံသူမှန်သမျှကို ကိုယ်စိတ်နှလုံး သုံးပါးလုံး တို့အားအေးချမ်းစေသဖြင့် ကိုးကွယ်ရခြင်းဖြစ်သလို၊ သံဃာတော်တွေဟာ မြတ်ဘုရားရဲ့တရားမြတ်တွေကို ကျင့်ကြံ အားထုတ်သူများ ဖြစ်သလို၊ တရားဓမ္မများမပျောက်မပျက်ဆီးရအောင် ထိန်းသိမ်းစောင့်ရှောက်ကြသူများ ဖြစ်သဖြင့် ကိုးကွယ်နေကြ ရခြင်းပါဟု အကျဉ်းချုံး ပြောပါရစေ။
ဗုဒ္ဓဘာသာမှာ ရတနာသုံးပါးကို တန်ဖိုးထားကြပါသည်။ ရတနာသုံးပါးကိုသရဏဂုံသုံးပါးဟုလည်း ခေါ်ဆိုကြပါ သည်။ ဗုဒ္ဓဘာသာဝင်တယောက် ဟုတ်မဟုတ်ကိုခွဲခြားရာတွင် သရဏဂုံသုံးပါးကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းကို အဓိက အခြေခံပြီး ခွဲခြားရသည်သာ ဖြစ်ပါသည်။ သရဏဂုံသုံးပါးကိုမယုံကြည်သောသူသည် ဗုဒ္ဓဘာသာမဟုတ်ပါ။ ရတနာသုံးပါးသည် ဤလောက၌ ကိလေသာအကုသိုလ်ဟူသမျှတို့ ကင်းရှင်းသဖြင့် ကိုးကွယ်ချဉ်းကပ်သူတို့အား လည်းကိလေသာကင်းစေပြီး ကုသိုလ်ကို သာဖြစ်စေ၍ “လူချမ်းသာ၊ နတ်ချမ်းသာ၊နိဗ္ဗာန်ချမ်းသာ” တို့ကို ပေးစွမ်း နိုင်သည်။ နတ်၊ ဗြဟ္မာ၊ ဝိဇ္ဇာ တို့သည်ကား ကိလေသာ မကင်းကြ သဖြင့် ထိုသူတို့အား မကိုးကွယ်အပ်။ ကိလေသာမကင်းလျှင် လိုချင်တပ်မက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ ရှိကြသည်။ ကိုယ်ကိုယ်တိုင်ကမှ လိုချင်တပ်မက်၊ ထိတ်လန့်ကြောက်ရွံ့နေလျှင်သူတပါးတို့အား ကြောက်ရွံ့ထိတ်လန့် ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်ပေးနိုင်ပါမည်နည်း။
“တော၊ တောင်၊ အာရာမ်၊ အဓိကရသစ်ပင်၊ နတ်ကွန်း၊ တိရစ္ဆာန်တို့အားကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊
မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ထိုအရာတို့အား ကိုးကွယ်သဖြင့်ဆင်းရဲအပေါင်းမှ မလွတ်မြောက်နိုင်” (ဓမ္မပဒ။ ဂါထာ-၁၈၉)
“ရတနာမြတ်သုံးပါးကို ကိုးကွယ်ခြင်းသည်သာလျှင် ဘေးကင်းသောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်းမည်၏။ အလုံးစုံသော ဆင်းရဲအပေါင်းမှလည်း လွတ်မြောက်နိုင်၏။” (ဓမ္မပဒ ။ဂါထာ-၁၉၂)ဟု မြတ်ဘု ရား ထင်ထင်ရှားရှားဟောခဲ့သည်ကို တွေ့ရပါသည်။
ထိုကြောင့် သရဏဂုံသုံးပါးကို ယုံကြည်ရေးမှာ ဗုဒ္ဓဘာသာတို့အတွက်အသက်တမျှအရေးကြီးသည်ဟု ပြောဆို တတ်ကြပါသည်။ ထိုသရဏဂုံကိုသံဃာတော်တို့ထံတွင် ဆောက်တည်လျှင်ရသလို “ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်၊စေတီတော်” တို့၏ ရှေ့တွင်လည်း ရွတ်ဆိုအဓိဋ္ဌာန်လျှင် ရနိုင်ပါသည်။
ဘုရားရုပ်ပွားစေတီဟု ဆိုရာတွင် “စေတီလေးမျိုး” ရှိပါသေးသည်။ “ဓာတုစေတီ၊ဓမ္မစေတီ၊ ဥဒ္ဒေသစေတီ၊ ပရိဘောဂစေတီ” ဟု စေတီလေးမျိုးတွင် မြတ်ဘုရားရဟန္တာတို့၏ ဓာတ်တော်၊ မွေတော်များဖြင့် ဌာပနာပြီး တည်ထားသောစေတီများကို ဓာတုစေတီ ဟုခေါ်ပါသည်။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်သောတရားတော်မြတ်အပေါင်းတို့ကို ဓမ္မစေတီဟုခေါ်ဆိုပြီး ဥဒ္ဒေသစေတီ ဆိုသည်မှာဘုရားမြတ်စွာ၏ ပုံတော်ရုပ်ပွားတော်များ ကို ခေါ်ဆိုပါသည်။ ပရိဘောဂစေတီဆိုသည်မှာ မြတ်ဘုရား၏ အသုံးအ ဆောင်ဖြစ်သော သင်္ကန်း၊ သပိတ် စသည်တို့ကိုဌာပနာပြီး တည်ထားသော စေတီပုထိုးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ဤစေတီလေးမျိုးကို ပူဇော်သောသူတို့မှာ ဘုရားမြတ်စွာကို သက်ရှိထင်ရှားပူဇော်နေရသည်ဟု စိတ်ဝယ်ဖြစ်ပေါ် စေနိုင်သဖြင့် ကောင်းမြတ်သောကုသိုလ်ကိုဖြစ်စေပြီး၊ ကောင်းမြတ်သော ချမ်းသာကိုရရှိစေနိုင်သည်ဟုဗုဒ္ဓဘာသာများက ယုံကြည်ကြပါသည်။ ထိုကြောင့်လည်း သက်ရှိသံဃာတော်များပင်လျှင် ထိုစေတီများကို ဦးညွှတ်ရိုသေ ပူဇော်ရှိခိုးကြပါသည်။
ထို့ကြောင့် ဤစေတီများသည် ဗုဒ္ဓဘာသာဝင်တို့အား မကောင်းမှုကိုမပြုကြကုန်လင့်၊ ကောင်းသောကုသိုလ်တရား တို့ကိုသာ ပြုကြကုန် လော့ဟုဆုံးမပေးနေသော သက်ရှိဘုရားများသာဖြစ်သည်ဟုလည်း ပြောဆိုနိုင်ပါသည်။
ရှေးသူတော်ကောင်းများက သာသနာအဓွန့်ရှည်တည်တံ့ရေးကို ဦးတည်ကာဘုရားပုထိုးစေတီများကို မြို့များ၊ ရွာများတွင် တည်ထား ခဲ့ကြပြီးလူတို့အား မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုကို တိုးပွားစေခဲ့ကြပါသည်။
ရှေးမြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာထွန်းကားခဲ့သော ရခိုင်၊ မွန်နှင့်အနော်ရထာမင်းမှ စတင်ကာ ဖဆပလခေတ် ဝန်ကြီးချုပ် ဦးနု လက်ထက်အထိဘုရားပုထိုး စေတီပေါင်းများစွာတို့ကို တည်ထားခဲ့ကြပါသည်။ ထိုသို့ ဘုရားတည်ထားကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ရဟန်းရော လူပါ သာဓုခေါ်ခဲ့ကြပါသည်။သာသနာအကျိုးကို မျှော်ကိုးပြီး တိုင်းပြည်အေးချမ်းသာယာရေးကို ဦးတည်ကာ
တိုင်းသူပြည်သားများ ကောင်းကျိုးတိုးပွားချမ်းသာပါစေကြောင်းကောင်းသောစေတနာ ဦးတည်ချက်ဖြင့် ကောင်းစွာပြုလုပ်ခြင်း တို့ကြောင့်ပေတည်း။
ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသော စစ်အာဏာရှင်တို့သည်လည်းမြို့သစ်တွင် ဘုရားတည်ပြီး ထီးတော်တင်ပွဲကို ကျင်းပပြု လုပ်ကြောင်း၊ မတ်လ(၈) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်ဖတ်လိုက်ရပါသည်။ တို့နိုင်ငံက ဗုဒ္ဓဘာသာ ဘွဲ့တပ်ထားတဲ့ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ဘုရားတည်တာ ကောင်းတာ ပါပဲဟု စာရေးသူစိတ်ထဲမှာတွေးမလို့လုပ်သေးတယ်၊ ဦးခေါင်းချာချာလည် သွားပါလေတော့သည်။
သတင်းစာတွင် စေတီတော်မြတ်ကြီးအား ဌာပနာတော်ထည့်ရန်အတွက်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုက “ဆင်ခံရုပ်ပွားတော် ရွှေစင်ပဋိမာနှစ်ဆူ” အား သံဃာ့မဟာ နာယက ဥက္ကဋ္ဌဆရာတော်ထံကပ်လှူခြင်းတဲ့-။အော်---ဘုရား-ဘုရား-ဘုရားဟုသာ စာရေးသူ ဘုရားတပြီး မောနေပါတော့သည်။
မြန်မာနိုင်ငံမှာ ရှေးဟောင်းစေတီပျက်ပေါင်းများစွာကို ယနေ့ပြုပြင်မွမ်းမံနေကြပါသည်။ ဘယ်ဘုရား ဘယ်စေတီထဲကနေ ဘယ်တိရစ္ဆာန်ရုပ်တုကိုရရှိပါသလဲ၊ ဘယ်သူကြားဖူးကြပါသလဲ၊ မြင်ဖူး တွေ့ဖူးကြပါသလဲ” တွေ့ဖူးမြင်ဖူးသူ ရှိက ပြောကြပါ။ ကျွန်ုပ်တို့ရဲ့ မြတ်ဘုရားသည် မဟာကရုဏာတော်ရှင်ဖြစ်သည့်အတွက် ဘယ်သတ္တဝါ ဘယ်တိရစ္ဆာန်ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုပါ။
ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ဆင်ခံ၊ မြင်းခံ ဘုရားဟူ၍ မရှိပါ။
ထို့အပြင် ယနေ့ တည်နေသောဘုရားသည် နိုင်ငံကျက်သရေဆောင်ပြည်သူ့အကျိုးဆောင်၊ သာသနာ့ အကျိုးဆောင်ဆိုပါလျှင် ထိုဘုရား၌ ဆင်ကိုအဘယ်ကြောင့် ဌာပနာထည့်ရပါသနည်း။ ဆင်ကိုဌာပနာ ထည့်ထားသည့်အတွက်ဘုရားပူဇော်သော ရဟန်းရှင်လူအားလုံးတို့သည် ဆင်ဟူသော တိရစ္ဆာန်ကိုပူဇော်သလို ဖြစ်နေပါသဖြင့် ဘုန်းကံနိမ့်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ဘုရားတည်ပြီး ပြည်သူတရပ်လုံး၏ အကျိုးကိုမဖြစ်စေဘဲ ပြည်သူတရပ်လုံးဆင်းရဲတွင်းနက်အောင် ဆောင်ရွက်ခြင်းသာလျှင် ဖြစ်ပါသည်။
သံဃာကိုသတ်ခြင်းသည် အသတ်ခံရသောသူသာ သေသော်လည်း အခုလုပ်ရပ်သည်ကားမြန်မာတမျိုးသားလုံး ဖယောင်းတိုင်မီးပမာ တမြည့်မြည့်လောင်မြိုက်ကာတဖြည်းဖြည်း တုံးရပါတော့မည့် အဖြစ်မျိုးသာလျှင် ဖြစ်ပါသည်။
email မှ ရပါသည်။
Thursday, June 4, 2009
ဆင်ခံ ဘုရားကိစ္စ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment