Tuesday, June 9, 2009

ဒုက္ခေ၇ာက်နေသူ ကရင်ပြည်သူများအတွက် အရေးပေါ်အကူညီလိုအပ်နေသည်

မျိုးချစ်ကရင်လူငယ်များနှင့် ခေါင်းဆောင်များအားလုံး

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်တွင် DKBAနှင့် ဗမာစစ်တပ်တို့ပူးပေါင်းပြီး ကျနော်တို့ တပ်မဟာ(၇) နယ်မြေနှင့် ဌာနချုပ်အားလာရောက် ထိုးစစ်ဆင်နေပါသည်၊

၎င်း တို့ရည်ရွယ်ချက်မှာ တပ်မဟာ(၇) နယ်မြေအားလုံး ရှင်းလင်း ရန်နှင့် ကေအဲန်ယူ ဗဟိုဌာနချုပ်အား ရှင်းလင်းရန် အတွက်ဖြစ် ပါသည်။ ယခုအချိန်တွင် ကရင်ပြည်သူလူထု အမြောက်အများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသည်၊ ထို့ကြောင့် ယခုအ ချိန်တွင် ပြည်သူလူထုအား ကူညီစောက်ရှောက်ရန်နှင့် ကေအဲန် အယ်လ်အေတပ်သားများအား ထောက်ပံ့ရန်အတွက် အရေးကြီး လိုအပ်နေပါသည်။

ထောက်ပံ့ရန်အတွက် (အစားအစာ၊ မိုးကာ။ ဆေးဝါး၊ ခြင်ဆေး၊ ဆေးလိပ်)စသည့်အရေးပေါ် အကူညီများလို အပ်နေပါသည်၊ ထို့ကြောင့်မျိုးချစ် ကရင်လူငယ်များနှင့် ခေါင်း ဆောင်များ အကူအညီအား အရေးပေါ်လိုအပ်လျက် ရှိနေပါ သည်၊ ထို့ကြာင့် အမျိုးသားသမိုင်းပေးတာဝန်ကို ဝိုင်းဝန်းထမ်း ဆောင်ကြပါရန် မေတာရပ်ခံအပ်ပါသည်၊

ခိုင်မာသောသွေးစည်းညီညွတ်ခြင်းမှအမျိုးသားရေးအောင်ပွဲသို့
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး(ဗဟို)
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110, Thailand. Email: kyohqktl@yahoo.com
Website: www.karenyouthktl.org

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်