Monday, June 8, 2009

အမေစုမွေးနေ့ 

“ဇွန်လ ၁၉ ရက်နေ့

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

နိုင်ငံတော်အားလပ်ရက်ဖြစ်သည်။

အလုပ်မသွား၊ ကျောင်းမသွားဘဲ သက်ဆိုင်ရာဘာသာရေး အဆောက်အဦများတွင်

မွေးနေ့ပွဲကို ကျင်းပပြီး သူမလွတ်မြောက်ရေးအတွက် ဆုတောင်းပေး”

အထက်ပါ လှုံ့ဆော်စာကို ပြည်တွင်းတွင် လှုပ်ရှားနေသော အဖွဲ့အစည်းတိုင်း၏ နာမည်ဖြင့် ကြေညာချက်တစောင် ထုတ်ပြန်၍ လှုံ့ဆော်လိုပါသည်။

ပထမအဆင့်အနေဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့မှ ဤလှုံ့ဆော်မှုတွင် ဦးဆောင်ပါဝင်နိုင်ခြင်း ရှိမရှိ ညှိနှိုင်းပြီး

၎င်းတို့မှ သဘောတူညီပါက မိမိတို့နှင့် ဆက်စပ်ဆောင်ရွက်နေသော နာမည်ဖေါ် ထုတ်လိုသည့် ပြည်တွင်းအဖွဲ့အစည်းများ၏ အဖွဲ့အမည် များကို ထည့်သွင်းပေါင်းစပ်၍ ထုတ်ပြန်လှုံဆော်သွားရန်ဖြစ်သည်။အမေစု

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်