တစ်မျိုးသားလုံး အကျင့်စာရိတ္တပျက်စီးရေး ဆိုတဲ့ သူတို့ ကိုယ်သူတို့ နိုင်ငံတော်လို့ ခေါ်တဲ့အကြမ်းဖက်စစ်တပ်ခေါင်းဆောင်အာဏာရူးတွေရဲ့ တိုင်းပြည်အပေါ်လုပ်ကြံထားတဲ့နောက်ထပ်လက်ရာတစ်ခု
မင်းနိုင်သူ / ၅ သြဂုတ် ၂၀၀၉
ပြည်တွင်းရှိ အင်တာနက်ဆိုင်များတွင် ညစ်ညမ်းဝက်ဘ်ဆိုဒ်များမှ Home Made ခေါ် သမီးရည်းစားအတွဲများ၊ အတူနေထိုင်နေကြပုံများကို ကြည့်ရှုသူ ပိုမိုများပြားလာနေကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။
“သမီးရည်းစားအတွဲတွေ နေထိုင်ဆက်ဆံနေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာတင်ထားတာ။ ခုနောက်ပိုင်း မြန်မာအတွဲတွေ ပိုများလာတာတွေ့ရတယ်။ အဲဒါတွေကို Home Made လို့ ခေါ်နေကြတာပဲ” ဟု ရန်ကုန်မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသတင်းဌာနများ၏ ၀က်ဘ်ဆိုဒ်များကို အများပြည်သူမကြည့်နိုင်စေရန် အစိုးရက ပိတ်ထားသော်လည်း ယင်းညစ်ညမ်းဝက်ဘ်ဆိုဒ်များကိုမူ ကြည့်ရှု၍ရနေကြောင်း ပြည်တွင်းအင်တာနက် အသုံးပြုသူများထံမှ သိရသည်။
Summary
Rest of your post
မန္တလေးမြို့ခံ စာနယ်ဇင်းဆရာတဦးက “မြန်မာညစ်ညမ်းဝက်ဘ်ဆိုဒ်တွေ တော်တော်ကို များလာပြီ။ သမီးရည်းစားအတွဲတွေ လည်း တော်တော်ရဲတင်းလာပြီ။ သမီးရည်းစားစုံတွဲနှစ်တွဲ အပြန်အလှန်ရိုက်ထားကြတာတွေတောင် ရှိလာပြီ။ တချို့ဆိုင်တွေ မှာဆို download လုပ်ပြီး Desktop ပေါ် အဆင်သင့်တင်ပေးထားတာ။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဒါမျိုးတော့ မလုပ်သင့်ပါဘူး” ဟု ဆိုသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုများကို Desktop ပေါ် တင်ထားခြင်းမျိုးကို မိမိတို့အနေဖြင့် လုပ်ကိုင်ခြင်းမရှိကြောင်း၊ အခြားသော ဆိုင်ရှင်များလည်း လုပ်လိမ့်မည်မထင်ကြောင်း ရန်ကုန် တာမွေမြို့နယ်ရှိ အင်တာနက်ဆိုင်ရှင်တဦးက ပြောသည်။
၎င်းက “တချို့လူငယ်တွေက အဲဒီဆိုဒ်တွေကို ဖွင့်ကြည့်ပြီး download လုပ် desktop ပေါ်တင်သွားကြတာပါ။ လူများတဲ့အချိန်ဆို ကျနော်တို့လည်း အကုန်လိုက်ကြည့်ပြီး မဖျက်နိုင်ဘူး။ ဆိုင်က သေချာတင်ပေးထားတာ မဟုတ်ပါဘူး။ အလိုလိုမှ အင်တာနက်ဆိုင်တွေကို စရဖနဲ့ သတင်းတပ်ဖွဲ့က စောင့်ကြည့်နေတတ်တာ။ ဆိုင်တွေကိုယ်နှိုက်က အဲလိုလုပ်ကြမယ် မထင်ပါဘူး” ဟု ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် မြန်မာမိန်းကလေးများအနေဖြင့် မိမိ၏ အရှက်သိက္ခာ၊ မိဘဆွေမျိုးဂုဏ်သိက္ခာကို ပိုမိုစောင့်ထိန်းရန်လိုအပ်ကြောင်း အဖျက်သိမ်းခံထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးတဦးက ပြောသည်။
“ကိုယ့်ရည်းစားဆိုပြီး မယုံကြည်လိုက်ဖို့လိုတယ်။ ခုခေတ်မှာ ဖုန်းတွေမှာကို ကင်မရာတွေပါလာတယ်။ နောက် လုံခြုံရေးပိုင်းမှာ သုံးတဲ့ hidden camera တွေရှိတယ်။ ကိုယ်နဲ့ ဆက်ဆံနေတုန်းမှာ ဗွီဒီယိုရိုက်လို့ ရိုက်နေမှန်း မသိလိုက်ရဘူး။ ၀က်ဘ်ဆိုဒ်ပေါ်မှာ ပျံ့သွားတော့မှာ ကိုယ်ကျိုးနည်းကုန်ကြရော” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ Home Made ခေါ် ကိုယ့်ရည်းစားနှင့် နေထိုင်ပုံကို အချို့က အပျော်သဘောမျိုး ရိုက်ကူးရာမှ အကြောင်းကြောင်း ကြောင့် ၀က်ဘ်ဆိုဒ်ပေါ်ရောက်ရှိသွားခြင်းဖြစ်ပြီး အချို့က လူမှုရေးပိုင်းဆိုင်ရာ ရန်ငြိုးထား တုံ့ပြန်လို၍ အရှက်ကွဲရန် ဖန်တီးခြင်းမျိုးလည်းရှိကြောင်း အဆိုပါတပ်ကြပ်ကြီးက ပြောသည်။
“ရန်ကုန်က စီးပွားရေးသမားတယောက်ရဲ့သမီးလေး။ နိုင်ငံခြားသွားကျောင်းတက်နေတာ။ ဘယ်နိုင်ငံရယ်လို့တော့ ပြန်မပြောတော့ပါဘူး။ အဖေနဲ့စီးပွားပြိုင်ဖက်တယောက်က လူငယ်တယောက်ကို ငွေပေးပြီး သူ့သမီးကို ဖျက်ဆီးခိုင်းတာ။ နောက်ပြီး အဲဒီလိုအတူနေနေတဲ့ပုံကို အင်တာနက်ကနေပဲ ဖြန့်ချလိုက်တာ။ ကျနော်တို့ တပ်တွင်းမှာ ရှိတုန်းက အဲလိုမျိုးတွေ ကြုံတွေ့ဖြေရှင်းပေးခဲ့ရဖူးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုနှင့် ဓာတ်ပုံများကို ထောက်လှမ်းရေးများကလည်း စုဆောင်းထားရလေ့ရှိပြီး ပြန်လည် အသုံးချရမှုများလည်းရှိကြောင်း သိရသည်။
“အထူးသဖြင့်တော့ နာမည်ကြီးတွေနဲ့ ပတ်သက်တာတွေ စုရတယ်။ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ အဲလိုမျိုးပေါ့။ အသုံးချရတယ်ဆိုတာက တခါတလေမှာ အထက်က လူကြီးတွေက ပွဲလုပ်ချင်တာပဲသိတယ်။ ငွေက ချမပေးဘူး။ ဥပမာ ဂေါက်ရိုက်ပြိုင်ပွဲ ဧည့်ခံပွဲအတွက် အဆိုတော် ရုပ်ရှင်မင်းသား၊ မင်းသမီး ငှားခိုင်းတယ်။ ဘတ်ဂျက်တော့ ထုတ်မပေးဘူး။ အဲလိုအခါမျိုးမှာ ကိုယ်က သူတို့နဲ့ပတ်သက်တဲ့ပုံတွေပြပြီး ဒီလိုပုံတွေ အပြင်မှာ မပြန့်ရအောင် ငါတို့ သိမ်းပေးထားတယ်။ ဘာညာနဲ့ပြောလိုက်ရင် သူတို့က ငွေစကားမပြောတော့ဘဲ ပွဲအတွက် လိုက်ရတော့တာပေါ့။ မလုပ်ချင်ပေမယ့်လည်း လူကြီးတွေကျေနပ်အောင်၊ ပွဲဖြစ်အောင် လုပ်ခဲ့ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အနုပညာရှင်အချို့၏ ညစ်ညမ်းပုံများသာမက သာမာန်အရပ်သူအရပ်သား သမီးရည်းစားအတွဲများ အတူနေထိုင်နေကြပုံများ အင်တာနက်ပေါ် ပိုမိုရောက်ရှိလာကာ ၎င်းတို့ကို ဗွီစီဒီအခွေအဖြစ် ကူးယူဖြန့်ချိ ရောင်းချမှုများ ပြည်တွင်း၌ တွင်ကျယ်လာနေကြောင်း သိရသည်။
http://www.khitpyaing.org/news/Aug09/050809a.php
Wednesday, August 5, 2009
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
-
▼
August
(236)
No comments:
Post a Comment