Wednesday, August 5, 2009

မြိတ်မြို့မှ လူငယ် တစ်စု၏ လှုပ်ရှားမှု





ဇူလိုင်လ (၃၁) ရက်နေ့က မြိတ်မြို့ ပေါ်တော်မူ စေတီတော်၊ လေးကျွန်းဆီမီး သိမ်တော်ကြီး စေတီတော် နှင့် အောင်ချမ်းသာဘုရား စေတီတော်တို့ မှာ သမိုင်းပေး တာဝန်ကို အသိ စိတ်ဓါတ်အပြည်နဲ့ ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်တစ်စုရဲ့ ဂုဏ်ယူ လေးစားထိုက်ဖွယ် ရဲဝံ့ ပြောင်မြောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ပါတယ်။

1 comment:

ဖြူဖွေး said...

ဒါ ဆုတောင်းနေတာ တစ်ခုထဲ မဟုတ်ဘူး၊
တိုက်ပွဲခေါ်နေတာ၊ ညီညွတ်မှူကို ပြနေတာ၊ မကြောက်တရားတွေ တိုးပွားလားအောင် စည်းရုံးနေတာ၊ အာဏာရှင်ကို တော်လှန်နေတာ၊
လူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှူတွေ ပြသနေတာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုဝိုင်းရံနေတာ၊ သူတို့ရဲ့ အနာဂါတ်တွေကို အလောင်းအစားပြုပြီးတော့ ဗမာပြည် ပြောင်းလဲအောင် ကျိုးပမ်းနေတာလို့ နားလည်ပါတယ်၊ အသိအမှတ်ပြုပါတယ်၊ အလေးပြု ဦးညွှတ်ပါတယ် ခင်ဗျာ။ ၈၈ ကျနော်တို့ သပိတ်မှောက်တုန်းက သူတို့လောက်ကို မစွန့်စားခဲ့ရပါဘူး၊ တစ်တိုင်းပြည်လုံးရဲ့ ထောက်ခံမှူလည်း ရှိတယ်၊ ယုတ်မာပက်စက်တဲ့ ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ကိုလည်း ကြောက်စရာမလိုခဲ့ရဘူး၊ ကျောင်းသားဆိုရင် ရဲကတောင် ပြန်ကြောက်နေရတဲ့ အခြေအနေမျိုးမှာ လှူပ်ရှားရတာ၊ အခုလူငယ်တွေကိုပိုပြီးလေးစားပါတယ်၊ ဆက်ပြီးလက်ဆင့်ကမ်းကြပါစို့၊ အရှိန်အဟုန်မြှင့်ကြပါစို့။

Post a Comment

ယခင် သတင်းများ ဖတ်ရန်