Wednesday, January 14, 2009

တပူပေါ် နှစ်ပူဆင့်တဲ့ မောင်တော နယ်စပ်က မီးဘေး ဒုက္ခသည်

.

1/14/2009

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်အတွင်း မီးလောင်မူ တခု ဇန္န၀ါရီလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ နစက တာဝန်ရှိသူများမှ အပြစ်မှ ကင်းလွှတ်ပေးမည်ဟု ဆိုကာ မီးလောင်းခံရသူ အိမ်ရှင်ထံမှ ကျပ်ငွေ ၄ သိန်း တောင်းခံနေသဖြင့် အဆိုပါ အိမ်ရှင် ဖြစ်သူမှာ တပူပေါ် နှစ်ပူုဆင့် ဖြစ်နေရကြောင်း သတင်းရရှိသည်။



အမည်မဖေါ်လိုသူ အရပ်သား တဦးက “ခုလို ကျပ်ငွေ ၄ သိန်းတောင်းခံထားတဲ့ အတွက် ကိုမောင်အေးချမ်းက ငွေမပေးနိုင်တော့ ဖမ်းမှာကို ကြောက်ပီး ပုန်းရှောင်နေရတယ်။ မီးလောင်လို့ ဘာတခုမှ မကျန်တဲ့အထဲ ခုလို နစက တာဝန်ရှိသူတွေက ငွေတောင်းနေတော့ သူခမျာ တပူပေါ် နှစ်ပူဆင့် ဖြစ်နေရပါပြီ” ဟု ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ ကျေးရွာတွင် ဇန္န၀ါရီလ ၁၂ ရက်နေ့ ညနေပိုင်းက ပန်းထိမ်ဆရာ ကိုမောင်အေးချမ်းအိမ်မှ မီးစလောင်ရာ စုစုပေါင်း အိမ်နှစ်လုံး လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်းကျွမ်းမူ ဖြစ်ပွားပြီးနောက်ပိုင်း နစက အမှတ် ၄ ငခူရ နယ်မြေ နစကမှူးက အဖမ်းအဆီး မခံလိုလျှင် ကျပ်ငွေ ၄ သိန်း လာရောက်ပေးသွင်းပါဟု ဦးမောင်အေးချမ်းအား အကြောင်းကြားထားသဖြင့် ဦးမောင်အေးချမ်းမှာ ယခုအခါ ငွေမပေးနိုင်၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ ထွက်ပြေး ပုန်းရှောင်နေရကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်