Friday, January 30, 2009

ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက်အသစ် ဝယ်ယူအသုံးပြုနေ

.
သောကြာနေ့၊ 30 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်

ဗမာစစ်အစိုးရသည် ရုရှားနိုင်ငံထုတ် အိုင်ဂျီအယ်လ်အေ ခေါ် လေယာဉ်ပစ်အမြောက်စနစ်(လူအားဖြင့် သယ်ယူ ပို့ဆောင် နိုင်သောလက်နက်) တရပ်ကို နေပြည်တော်တွင် သင်တန်းပေးလေ့ကျင့်နေကြောင်း ၀ါရင့်နယ်ခြားစောင့်ကြည့်သူများက ပြောသည်။

ထိုသင်တန်းကို ကြီးကြပ်လေ့ကျင့်ပေးသူမှာ လေကြောင်းကာကွယ်ရေးဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင် ယခင်

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း ဒေသကွပ်ကဲရေးဌာနချုပ်၏ တိုင်းမှူးဟောင်းကြီးဖြစ်ကြောင်း သိရသည်။
“ဒီဥစ္စာက နောက်ဆုံးပေါ်စနစ်အသစ်လား စနစ်အဟောင်းလားဆိုတာ ကျနော်တို့ စုံစမ်းထောက်လှမ်းနေပါတယ်” ဟု အသက် ၅၈ နှစ်အရွယ်အရာရှိတဦးကပြောသည်။

၎င်းအိုင်ဂျီအယ်လ်အေလက်နက်ကို ၁၉၇၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုလာခဲ့သည်။ နောက်ဆုံးပေါ် စနစ်ဖြစ်သည့် အိုင်ဂျီအယ်လ်အေ-အက်စ် သည် ယူအက်စ် (US) ထုတ် လူဖြင့်သယ်ယူပြောင်းရွှေ့ နိုင်သော စတင်းဂျား စနစ်ထက် ပိုမို ယုံကြည်စိတ်ချရကြောင်း ၀ီကီပီးဒီးယား (wikipedia) မှလေ့လာသိရှိရသည်။ ထိုစနစ်ကိုဝယ်ယူ အသုံးပြု သည့်နိုင်ငံများထဲတွင် အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုးရီးယား နှင့်ဗီယက်နမ် စသည့်နိုင်ငံများ လည်းပါဝင်သည်။

ဇယားကွက်မီတာများမှတဆင့် ရန်သူတပ်များ၏ တည်ရှိရာနေရာများကို အလွန်တိကျမှန်ကန်စွာ ဖေါ်ထုတ်နိုင်စွမ်း ရှိသော ယူတီအမ်မ် UTM ခေါ် မြေပုံအညွန်းပြ စနစ်တရပ်ကိုလည်း နအဖက စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းသံတော်ဆင့်သတင်းစဉ်မှ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်