Wednesday, January 14, 2009

ရောင်စားစရာ ဘာရှိသေးလဲ နိုင်ငံပစ္စည်းလဲကုန်ပြီ

နိုင်ငံပိုင် ဆန်စက် တချို့ ပုဂ္ဂလိက ဝယ်ယူ လုပ်ကိုင်ပြီ

14/Jan/2009
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေး
ပိုင်ဆန်စက်တစ်ချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များဝယ်ယူလုပ်ကိုင်နေပြီဖြစ်သည်။ စီးပွား/ကူးသန်းပိုင် ဆန်စက်များ
အနက် ပဲခူးတိုင်း(အရှေ့)ကျောက်တံခါးမြို့၊ ဆန်စက်အမှတ် ၇၃တန် ၅၀ ကျကို ပုဂ္ဂလိက လုပ်ငန်းရှင် ဗိုလ်မှူးကြီး

တင်ရှိန်(ငြိမ်း)က ကျပ် ၁၅၀.၅၅၅သန်းဖြင့်လည်းကောင်း၊ ပဲခူးတိုင်း(အရှေ့)ကဝမြို့တန် ၁၀၀ကျဆန်စက်အမှတ်
၅၁၅ ကိုပုဂ္ဂလိကလုပ်ငန်းရှင် ဦးအောင်တိုး၊ ဦးသိန်းလွင်၊ ဦးမြင့်သူ၊ ဦးတင်ဦး၊ ဦးအောင်ဇော်ထိုက်၊ ဒေါ်အေးအေး
မော်တို့က ကျပ် ၁၇၁.၁၀သန်းဖြင့်လည်းကောင်း၊ ပဲခူးတိုင်း(အနောက်)သဲကုန်းမြို့ အင်းမရှိ တန် ၄၀ကျဆန်စက်
အမှတ်၃၈၈ကို ပုဂ္ဂလိကလုပ်ငန်းရှင်ဦးဝင်းနိုင်ကကျပ် ၁၄၉.၀၉သန်းဖြင့်လည်းကောင်းဝယ်ယူလုပ်ကိုင်ကြောင်းကို
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ တရားဝင်ထုတ်ပြန်ချင်များအရသိရကြောင်း ၂၀၀၉ခုနှစ် ဇန်နဝါရီလ ၁၅ရက်
နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်