Wednesday, January 14, 2009

နယ်စပ်တွင် ဓါးပြနှစ်ဦး ပစ်သတ်ခံရ

1/14/2009

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက တပ်ဖွဲ့ဝင်များက ဓါးပြနှစ်ဦးကို ဓါးပြတိုက်နေစဉ် အတွင်း ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ဇန္န၀ါရီလ ၁၂ ရက်နေ့ ညဥ့်အချိန်တွင် အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သော ဓါးပြ အဖွဲ့ တဖွဲ့သည် မောင်တောမြို့နယ် ရေတွင်းပြင်

ကျေးရွာမှ အိမ်တအိမ်အား ဓါးပြတိုက်သဖြင့် အနီးအနားရှိ ဇီးပင်ချောင်း နစက စခန်းမှ သွားရောက်နှိမ်နှင်းခဲ့သည်။

ထိုသို့ နှိမ်နှင်းစဉ် ဓါးပြများမှ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာ ဓါးပြနှစ်ဦးမှာ ပွဲချင်းပီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကျန်ဓါးပြများမှာ ထွက်ပြေး လွှတ်မြောက်သွားကြောင်း သိရသည်။

သေဆုံးသွားသူ ဓါးပြနှစ်ဦးမှာ မူဆလင်ဘာသာဝင်များ ဖြစ်ပြီး ဓါးပြတိုက်ခံရသည့် အိမ်မှာလည်း မူဆလင်ဘာသာဝင် တဦး၏ အိမ်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် လူသတ်မူနှင့် ဓါးပြမူများ လက်ရှိကာလတွင် အထူး ထူပြောလာမူအပေါ် နစက အာဏာပိုင်များက တစုံတရာ တရားခံများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသဖြင့် သိက္ခာကျနေရာ အဆိုပါ သိက္ခာကျနေမူကို အဖတ်ဆယ်လိုသဖြင့် ယခုကဲ့သို့ ဓါးပြများအား အင်အားသုံး ဖြေရှင်းခြင်း ဖြစ်သည်ဟု နယ်စပ်နေသူ တဦးက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်