Friday, January 16, 2009

နွားခိုးဂိုဏ်များကြောင့် မြေပုံမြို့နယ်မှ တောင်သူလယ်သမား အခက်ကြုံ

1/16/2009

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်း နွားခိုးဂိုဏ်များကြောင့် နွားမွေးမြူသူ တောင်သူ လယ်သမားများ အနေဖြင့် အထူး အခက်အခဲ ဖြစ်ပေါ်နေကြရသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

အမည်မဖေါ်လိုသူ လယ်သမားတဦးက “ပြဿနာက နွားခိုးဂိုဏ်းတွေဟာ သက်ဆိုင်ရဲ အပါအ၀င် စစ်တပ်တို့နဲ့ ပူးပေါင်ပြီး

နွားတွေ ခိုးနေတဲ့အတွက် ဖြစ်နေရတာပါ။ တချို့ရဲစခန်းမှူးတွေ ဆိုရင် ပုံမှန် ၀င်ငွေရနေတဲ့အတွက် နွားခိုးဂိုဏ်းတွေကို နှိမ်နှင်းမူတွေ မလုပ်ဘဲ ဒီအတိုင်း ကြည့်ထားတွေ ရှိပါတယ်။” ဟု ပြောသည်။

ထိုသို့ကဲ့သို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ နှိမ်နှင်းမူ မရှိသဖြင့် နွားခိုးဂိုဏ်းများမှာ အထူး အတင့်ရဲလာကာ မြေပုံမြို့နယ် ကျေးရွာ သုံးရွာမှ တနေ့တည်းအတွင်း နွား ၂၇ ကောင် အခိုးခံခဲ့ရသည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“ဟုတ်ပါတယ်။ မြေပုံမြိုနယ် ကျောက်ခေါင်းကျေးရွာက ဦးစံဂိုးအောင်ဆီက နွား ၈ ကောင်၊ ရန်တိုင်ကျေးရွာက ဦးမောင်လုံးဆီက ၁၂ ကောင်နဲ့ ချော်ချောင်းကျေးရွာက ကိုကျော်ဝင်းဆီက ၇ ကောင် လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းက တနေ့တည်းမှာ အခိုးခံခဲ့ရပါတယ်။”

အဆိုပါ နွားများကို ခိုးယူပြီးနောက် စက်လှေနှင့်တင်ကာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆင်မဖြူကျွန်းတွင် ဖွင့်လှစ်ထားသော နွားဈေးတွင် လာရောက် ရောင်းချခဲ့သည်ဟု သိရသည်။

နွားပိုင်ရှင် သုံးဦးမှာ နွားပျောက်သည်နှင့် ချက်ချင်း စက်လှေတစီးဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆင်မဖြူကျွန်းသို့ လိုက်လာပြီး စုံစမ်းရာ အဆိုပါ နွားများကို ဆင်မဖြူကျွန်းရှိ ဦးဆလိမ်းပွဲရုံတွင် ရောင်းချထားသည်ကို တွေ့ရသည်ဟု နွားကုန်သည် တဦးက ပြောသည်။

အဆိုပါ နွားများကို အဆိုပါ ဒေသအတွင်းရှိ နွားခိုးဂိုဏ်းခေါင်းဆောင် ဦးမောင်နု၏ တပည့်များမှ လာရောက် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ရောင်ပြီးသည်နှင့် ချက်ချင်း စက်လှေနှင့် ပြန်သွားသည်ဟု သိရသည်။

နွားပိုင်ရှင်များမှာ နွားကို တွေ့သော်လည်း မည်သို့မှ လုပ်ဆောင်၍ မရသဖြင့် အထူးပူဆွေးသောက ရောက်နေသည်ဟု အဆိုပါ နွားကုန်သည်က ပြောသည်။

အဆိုပါ ဒေသအတွင်း မောင်နုခေါင်းဆောင်သည့် နွားခိုးဂိုဏ်းမှာ အထူးသောင်းကျန်းနေပြီး မောင်နုမှာ နွားခိုးပြီး ရောင်းရငွေမှ လေးပုံ တပုံကို မြေပုံမြို့ မြို့မ ရဲစခန်းမှ စခန်းမှူး သန်းထွန်းသို့ ပေးရပြီး ထိုထဲမှ တပုံကို ကျောက်ခေါင်းရွာ ရယက ဥက္ကဌ ဦးဖြူထွန်းသို့ ပေးရသည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ နွားခိုးဂိုဏ်းများသည် ယခုကဲ့သို့ ဒေသအတွင်းမှ တာဝန်ရှိသူများနှင့် အပေးအယူ လုပ်ထားနိုင်သဖြင့် နေခင်းဘက်တွင်လည်း စက်လှေများဖြင့် နွားများကို ခိုးယူ တင်ဆောင်ကာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်း သွားရောက် ရောင်းချနေကြသည်ဟု သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်