Wednesday, January 14, 2009

ယုန်မရခင် သံပုရာ ရှာထာ ကောင်းလားဆိုးလား

အရင် ၀န်ကြီးချူပ်က နှစ် (၂၀) ပြည်ပအစိုးရအဖြစ်နဲ့ ဘဲနေနေခဲ့တာ သူ ၀န်ကြီးချူပ်မှန်း မသိကြတဲ့ မြန်မာ တွေ အများကြီးပါ။ နှစ် (၂၀) အတွင်း ကြေညာချက်ကလွဲဘာမှ ဖြစ်မလာသေးဖူုးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက်ပြီးလွတ်လပ်နေ သူ့  ၀မ်းကွဲ မောင်ကြီး က အချုပ်ကျနေတယ်ဆို ဒေါ်အောင်ဆန်း စုကြည်က မဖြစ်မနေ ကယ်မှာသေချာတယ်။ မောင်ကြီး ၀န်ကြီးချုပ်က ဒေါ်စု ရတဲ့ ဆု တက်ယူရုံ ကလွဲ ရင် ဘာမှ မထူးခြားလာဘူး. ဒေါ်စု လွတ်အောင်တောင် မကယ်နိုင်မှ.. ဒီဝန်ကြီးချူပ် က ကျူပ်တို့  မြန်မာ ပြည်ကို ကယ်တင်နိုင်မှာသေချာရဲ့လား။ သူ့ ခမျာတောင် မြန်မာပြည်က ပေးတဲ့ ၀န်ကြီးချူပ်လစာမရ ။ သူများပေးတဲ့ ထောက်ပံ့ကြေးဘဲ စားနေရတာ အင်းပေါ့ဗျာ ပြည်သူတွေ ကတော့ ဘာလည်း..ဘယ်လည်း..စောင့်ကြည့်ရမှာဘဲ ။
မောင်ပုလဲက ဒိုင်းဝန်ထက် ကောင်းမကောင်း။
အတွင်းက ဆန္ဒပြတဲ့ ကလေးတွေ က အနှစ် ၁၀၀ ကျော် ထောင်ကျတယ်တဲ့ ။ ၀န်ကြီးချူပ်အသစ် က ကယ်ပေးရင်တော့ကောင်းမှာပေါ့။ နို့ မဟုတ်ရင်က ဒုံရင်းဘဲပေါ့။ ဘာထူးမလဲ တသက်တာ အဝေး ရောက် ၀န်ကြီးချုပ်..ဇာတ်ထဲက၀န်ကြီး နဲ့ တူတူဘဲပေါ့ ။စိတ်ဆိုးရင်တော့ ဘွာတေးဗျို့ ။ လူပြိန်းလိုဘဲ စဉ်းစားပြီးပြောကြည့်တာပါ။

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အသစ် ရွေးချယ်မည်

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 14 2009 12:28 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို အိုင်ယာလန်နိုင်ငံတွင် ယခုလအတွင်း ပြုလုပ်သွားမှာဖြစ်သည်။

၎ နှစ်တကြိမ် ပြုလုပ်သည့် ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ပြည်ပရောက် ပါလီမန်အမတ်များက လျှို့ဝှက်မဲပေးခြင်းဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရမှ ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာစန်းအောင်က ပြောသည်။

ယခုလုပ်မည့် အစည်းအဝေးတွင် လွှတ်တော်အမတ်များသမဂ္ဂ (MPU) မှ အမတ်ပေါင်း ဦးရေ ၃၀ ကျော် တက်ရောက်မည်ဖြစ်ပြီး၊ ၀န်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်။

၁၀ ရက်တာ ကြာမြင့်မည်ဆိုသည့် အစည်းအဝေး၏ ပထမပိုင်း ၅ ရက်တွင် အမတ်များ အစည်းအဝေး ပြုလုပ်ခြင်းနှင့် ဒုတိယပိုင်း ၅ ရက်ကို တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council) ၊ SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် အပါအ၀င် အခြားအဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးကြမည်။

ပြည်ပအခြေစိုက် စင်ပြိုင်အစိုးတရပ်က ၀န်ကြီးချုပ်အသစ် ရွေးချယ်မည့် အစီအစဉ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဆိုသည့် သတင်း ပေါ်ထွက်မလာခင် လဆန်းတရက်နေ့က အတိုက်အခံ တပ်ပေါင်းစု အဖွဲ့ကြီးတခုဖြစ်သည့် NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ကြေညာချက်ပေါ်ထွက်လာခဲ့သည်။

ဒေါက်တာ စန်းအောင်က ယခုလို ခြေလှမ်းမျိုး မပြုလုပ်သင့်ကြောင်း ပြောဆိုသည်။

သူက "NCUB ဆိုတာ တပါတီမဟုတ်ဘူး။ တပ်ပေါင်းစုဖြစ်တယ်။ အဲဒီထဲက အဖွဲ့ဝင်တွေက ကျေကျေလည်လည် ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချရတယ်။ ကျော်ပြီးတော့ ဆုံးဖြတ်လို့၊ လုပ်လို့ မရဘူး။ တဖွဲ့တစည်းက လုပ်ချင်ရင် သူ့ဟာသူ လုပ်လို့ရတယ်။ NCUB အရှိန်ကို သုံးပြီးတော့ လုပ်လို့မရဘူး'' ဟု ပြောသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် အခြေပြုလျက်ရှိသော NCGUB ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များထဲမှ ပြည်ပရောက်နေသူများဖြင့် ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူ ဒေါက်တာစိန်ဝင်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
http://www.mizzimaburmese.com/news/regional/2265-2009-01-14-06-10-57.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်