Wednesday, January 14, 2009

ဘိန်းပစ်ဖမ်းတဲ့အမှူများ

အိမ်ရှေ့ ပန်းခြံက ပစ္စည်းက သူတို့နဲ့ ဘာဆိုင်လဲဗျာ..ဘယ်သူမဆို လာပစ်လို့ ရတာဘဲ ပစ်ခြင်းပစ်လည်း ဒီလောက်တုံးပါ့မလား ဝေးဝေးသွားပစ်မှာပေါ့ဗျ။ မသင်္ကာစရာ သဲလွန်စ ပစ္စည်းတွေကို ကိုယ့် အိမ်ရှေုတော့ ပစ်မလား..ရီရတယ် ဆင်ပုံက..ကောင်းလွန်းလို့ 
တော်တော် စိတ်ဓါတ်အောက်တန်းကျတဲ့ နအဖ ခွေးဝဲစားတွေ ဘဲ


ညီအကို နှစ်ဦး အဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 19:18 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ညီအကို နှစ်ဦးအား ရဲများက ဇန်န၀ါရီ ၁၁ ရက်နေ့ညက နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့သည်။

လူငယ်တာဝန်ခံ ( ၁ ) ထက်စိုးလင်းနှင့် ကိုသက်ပိုင်မင်း တို့ကို မြို့နယ် ရဲများနှင့် အက်စ်ဘီ ရဲ ၂၀ ခန့်က လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။

" အိမ်မှာ ရှာဖွေရေးတွေ ဘာတွေ လုပ်ပြီးတော့ ပါသွားတယ်။ ရှာဖွေတာကတော့ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့လို့ အိမ်ရှေ့ ခြံဝန်းအပြင် သစ်ပင်အောက်မှာ မင်္သကာဖွယ် ပစ္စည်းတွေ တွေ့တယ် ဆိုပြီးတော့ လက်မှတ်ထိုးခိုင်း သွားတယ်" ဟု ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်