Tuesday, January 13, 2009

( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် ။ အ ပိုင်း ( ၁၆)

+++++++++++++++++++++++++++++++++++++++++++++
အာရှမှာ အညံ့ဆုံး ဆေးရုံတွေ ဖြစ်ကုန်ပြီ လို့ ပြောရမဲ့ အထိ တိုးတက်သွားပြီ
+++++++++++++++++++++++++++++++++++++++++
(န-အ-ဖ) လက်အောက်သို့  ကျွန်သဘောက်အဖြစ် ကျရောက်ခဲ့ရသော မြန်မာပြည်ကြီး၏ ယနေ့  ကျန်းမာရေး ၀န်ဆောင်မှုများ၏ အဆင့်အတန်းမှာ အာရှတိုက်အနေဖြင့်ပင် အောက်ဆုံး အခြေအနေသို့  ရောက်ရှိနေခဲ့ပြီ ဆိုလျှင် လွန်အံ့မထင်ပါ ။ ပြည်တွင်းဆေးပညာလောက၏ အခြေအနေမှာ အဆုတ်ယုတ်ဆုံး အညံ့ဖျင်းဆုံး အောက်တန်းအကျဆုံး အခြေအနေ သို့ကျဆင်း သွား သည်မှာ အလွန်ထင်ရှားနေပေပြီ ။ ပြည်သူအများက ပြည်သူ့ ဆေး ရုံများအပေါ် ယုံကြည်ကိုးစားမှု မရှိတော့ပါ ။

ဆရာဝန် မလုံလောက်ခြင်း ၊ ဆေးဝါးမလုံလောက်ခြင်း ၊ နေရာထိုင်ခင်း အဆင်ပြေမှုမရှိခြင်း ၊ သန့် ရှင်းမှုအားနည်းခြင်း ၊ ဆေးရုံဝန် ထမ်းများ ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း ၊ ဆေးရုံဝင်ပေါက်မှစ၍ အဆင့်ဆင့် ငွေမျက်နှာတစ်ခုတည်း သာကြည့်ပြီး ဆက်ဆံသော ဆက်ဆံရေး ၊ ရာထူးမျက်နှာကိုသာ ဦးစားပေးသော ဆက်ဆံ ရေးများ ထူပြောလာခြင်း ၊ ဆေးရုံတက်မည့်သူက အရက်ပျံ ၊ ဂွမ်း ၊ မှအစ အကုန် အဆင်သင့် ၀ယ် သွားရခြင်း ၊ ဆေးရုံရောက်သည်နှင့် ကုဖို့ ပိုက်ဆံတတ်နိုင်သလား ၊ ဆိုသော မေးခွန်းမျိုးနှင့် ဦးစွာ ရင်ဆိုင်ရခြင်း ၊ စသည် စသည် ဖြင့် အခက်အခဲမျိုးစုံကို ၊ အောက်ခြေ ပြည်သူလူထုကြီးမှာ စိတ်မောဘွယ်ရင်ဆိုင်ကြရပါသည် ။
ငွေကြေး အနည်းငယ်ပြည့်စုံသူ များအတွက် ပုဂ္ဂလိကဆေးရုံ (ဆေးခန်း) များတွင်ဆေးကုသနိုင်သော်လည်း ဆေးရုံရောက်သည်နှင့် သိန်းနှင့်ချီသော ကြိုတင်ငွေ အရင်သွင်းကြရသည် ။

အထူးကုဆရာဝန် ဆိုသူများပေါများသော ထိုဆေးခန်းများတွင် လူနာရောက်သည်နှင့် ရောဂါ ရှာဖွေခြင်း အဆင့်ဆင့်ကိုစတင်လုပ်ဆောင် ပါ တော့သည် ။ မကုရသေးခင် အမျိုးစုံအောင်ရောဂါရှာဖွေသော စက်များဖြင့် ရောဂါရှာခြင်းလုပ်ငန်းက ကျပ်ငွေ( ဆယ်သိန်း) နီးပါးခန့်  ၊ အရင်ဆုံးကုန်သွားပါတော့သည် ။ ထိုသို့ ကုန် သွားသော်လည်း ၊ တိကျသေခြာသော ၊ ရောဂါ၏ အရင်း အမြစ်ကို ရှာဖွေမသိရှိရပဲ ဟိုလိုယူဆ ၊ ဒီလိုယူဆ ၊ ဟိုဆေးပေး ၊ ဒီဆေးပေး ၊ စမ်းတ၀ါးဝါး ဖြင့် လူနာများသည် ဓါတ်ခွဲခန်းအတွင်းမှ ကြွက်များကဲ့သို့  လက်တည့် စမ်းခြင်း ခံနေကြရသည်ကလည်း အများအပြား ဖြစ်နေပါသည် ။ ထိုသို့ သောကုသမှုများကြောင့် ၊ မသေ သင့်သော လူနာများ သေကြရ သည်မှာလည်း မနဲ တော့ပါ ။

ထိုထိုသော ဖြစ်ရပ်များကြောင့် ပြည်သူလူထုအများသည် ပြည်တွင်းဆေးရုံများ၏ ကုသမှု အပေါ်တွင် ယုံကြည်မှု နည်းပါးလာခဲ့ကြသည် ။ ငွေအင်အားမတောင့်တင်းသော အခြေခံ လူတန်းစားမှာတော့ ပြေး စရာမြေမရှိ ၊ ဤဆေးရုံဆေးခန်းများတွင်သာ လမ်းဆုံးနေကြရသော် လည်း ၊ ငွေအင်အား တောင့် တင်းသောသူများကမူ ( ပတ်စပို့ ) ချက်ချင်းလျှောက် ၊ နိုင်ငံခြားဆေးရုံများသို့  သွားပြီး ၊ ကုသမှုခံနေကြသည် ။ ( န-အ-ဖ ) စစ်အုပ်စု ၊ သည်ပင်လျှင်၊ ကိုယ့်ပြည်တွင်းဆရာဝန် ၊ ဆေးရုံများပေါ်တွင် ယုံကြည်မှု မရှိတော့ပဲ ၊ ပြည်တွင်းဆေးရုံများတွင် ဆေးမကုသတော့ ။ ပြည်ပဆေးရုံများသို့  သွားရောက် ကုသနေကြသည် ။ သို့ သော် လည်း ( န-အ-ဖ )စစ်အုပ်စု သည် နဲနဲ မှအပြောမလျော့ ။ အလွန်တိုးတက်နေသည်ဟု ၀ါဒဖြန့် မြဲဖြန့် ၏ ။ ( အရှက်နည်းပါးလေစွ ) ။

ကိုယ်တိုင်ကတော့ ( ပြည်တွင်းမှာဆေးမကု ) ပြည်ပတွင်သွားရောက်ပြီး နိုင်ငံခြားငွေ ၊ (ဒေါ်လာငွေ) အကုန်ခံ ကာ ဆေးကုနေကြပြီး ၊ ပြည်သူလူထုကို ကိုယ်ချင်းမစာ ၊ ကြင်နာမှု မရှိ အဆင့်နိမ့်သော ကျန်းမာရေး စောင့် ရှောက်မှုထဲတွင် ဆင်းရဲစေသော်လည်း ။ စစ်အုပ်စုလက်အောက်တွင် မြန်မာပြည်ကြီး အလွန်တိုးတက် နေသည်ဟု ပြောမြဲပြောနေ၏။
ယုတ်မာလှသော ကောက်ကျစ်လှသော လူမဆန်သော စစ်အုပ်စုပါပဲ ။


ယခုဓါတ်ပုံပါ Bangkok ဆေးရုံကြော်ငြာ ကို ကြည့်ပါ ။ ပြည်တွင်းဆေးရုံများ အဆင့်နိမ့်ရခြင်း ၏ နောက်ဆက် တွဲ ပေါ်ပေါက်လာရသော ပုံရိပ်များသာဖြစ်ပါသည် ။

BANGKOK , SINGAPORE စတဲ့နေရာတွေမှာ မြန်မာပြည်ကဆေးရုံကို ယခုလို ကြော်ငြာ ထားသည်ကို စာရှု သူတို့  မြင်ဘူးကြပါရဲ့လား ။
ရှက်ရကောင်းမှန်းမသိ ၊ ရှက်စရာမြင်ကွင်းမှန်းမသိ ၊ ကိုယ့်တိုင်းပြည်၏ ကျန်းမာရေး စောင့်ရှောက်မှု အောက်တန်း ကျနေသည့်အဖြစ်ကြောင့် ပေါ်ပေါက်လာရသော ဤကြော်ငြာ များ၏ရှေ့ တွင်ပင် ( န-အ-ဖ ) က တော့ ၊ ညာနေဆဲ ၊ အာကျယ်နေဆဲ ။
(မြန်မာပြည်ကြီး အရမ်းကိုတိုးတက်နေပါပြီဟု )

( အ ဘ ယ )


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်