ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၇၀ ဦး အဖမ်းခံရ
Wed 14 Jan 2009,
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်ရှိ ပုဇွန်ခေါင်းချိုးရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁ရ၀ ဦးကို ထိုင်းအာဏာပိုင်တို့က ဇန်နဝါရီလ ၁၃ ရက် ညနေ ၂ နာရီခန့်တွင် ဖမ်းဆီးလိုက်သည်။
"ထိုင်းအာဏာပိုင်တွေက စက်ရုံမှာဝင်ဖမ်းသွားတယ်၊ ထိုင်းမှတ်ပုံတင်မရှိတဲ့သူကိုတော့ ဖမ်းသွားတယ်၊ တချို့ မှတ်ပုံတင်ရှိတဲ့သူကို ပြန်လွှတ်တယ်၊ အခု စက်ရုံမှာ လူအယောက်၂၀ လောက်ပဲရှိပြီးတော့ ဒီနေ့အထိ အလုပ်နားနေရတယ်" ဟု အဖမ်းခံထားရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဖမ်းခံရသူများသည် မိန်းကလေး ၁၀၀ ယောက်၊ ခလေး ၁၉ ယောက်နှင့် အမျိုးသား ၅၂ ယောက်ပါဝင်သည်ဟု အမျိုးသမီးနှင့် ခလေး အခွင့်အရေးအစီစဉ်မှ ဒါရိုက်တာ မိစရိုင်းနွန်က ပြောသည်။
ဖမ်းဆီးခံထားရသည့် အလုပ်သမားထဲမှ ၈ ယောက်ပြန်လွတ်လာသည်ဟု မိစရိုင်းနွန်က ပြောသည်။ အလုပ်သမားများသည် တစ်နေ့လျှင်အလုပ်ချိန် ၁၉ နာရီ လုပ်ဆောင်ရပြီး တစ်ပတ်ကို ထိုင်းဘတ်ငွေ ၁၀၀၀ ရရှိသည်။
"အဖမ်းခံရသူတွေကို ထိုင်းအစိုးရတွေက ထိန်းသိမ်းထားလို့် သူတို့တွေကို ပြန်ရွေးဖို့က ခက်ခဲနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းခံရသူတွေက အရမ်းများတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ စက်ရုံပိုင်ရှင်တွေက ပြောတယ်" ဟု ၄င်းအဖမ်းခံရသူနှင့် နီးစပ်သူက ပြောသည်။
မဟာချိုင်တွင် အလုပ်သမား ၂ သိန်းနီးပါးရှိပြီး ၄င်းအလုပ်သမားများမှ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ လာရောက် အလုပ်လုပ်သူများ ဖြစ်သည်ဟု သိရသည်။ http://www.monnews-imna.com/burmese/newsupdate.php?ID=176

No comments:
Post a Comment