Wednesday, January 14, 2009

ရေနံမြေ အကြမိးဖက်မှု

ကျနော်
ကျော်ကျော်ပါ ကျနော့ရဲ့ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ မှ ရဲဘော်များဟာ နအဖ စစ်အာဏာရှင် ခွေးခြင်္သေ့တွေကို ရှောင်ရင်းတိမ်းရင်းနဲ့ ၁၂-၁-၀၉ ရက်နေ့ညက ရေနံတွင်းအတွင်အကြမ်းဖက် ပစ်ခတ်မှု့အား လူထုတရပ်လုံး သိရှိစေရန်နှင့် ယုတ်မာရက်စက်သည့် အာဏာရှင် ခွေးခြေင်္သေ့များ ကို ရရာ လက်နက် ၊ ရရာ နည်းဖြင့် တော်လှန်တိုက်ပွဲဝင်ကြရန်အတွက် လှုပ်ရှား ဆောင်ရွက်ခဲ့မှု့လေး တစိတ်တပိုင်းပါ။ www.thebestmanure.blogspot.com

လေးစားစွာဖြင့်
ကျော်ကျော်

ရေနံမှော်တွင်း ပြသနာနှင့်ပတ်သတ်ပြီး ထုတ်ပြန်ကြေငြာချက် မူရင်း

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်မှ အရေးပေါ်ထုတ်ပြန်ကြေညာချက်၊

မတရားမူ မှန်သမျှကို ဆန့်ကျင်ကြ
မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရေနံမှော်ဒေသမှာ အဓ္ဓမသိမ်းပိုက်ခံရတဲ့ ရေနံထွက်ခြံမြေနဲ့ ပါတ်သက်ပြီး ရိုးသားစွာ ဆန္ဒထုတ်ဖေါ်ပြကြတဲ့ ရွာသူရွာသားတွေကို စစ်တပ်က ဝင်ရောက်အကြမ်းဖက်နိမ်နင်းတဲ့ အတွက် ဒေသခံ ရွာသူတဦး သေနတ်ထိမှန်သွားပြီး ရွားသား (၂၀)ကျော်ကိုလည်း အတင်းဖမ်းဆီးသွားခြင်းနဲ့ စပ်လျှင်းပြီး အခုလို အရေးပေါ် ထုတ်ပြန် ကြေငြာခြင်းဖြစ်သည်။
ဒီလို အလားတူဖြစ်ရပ်မျိုးတွေ လယ်မြေအသိမ်းခံရတဲ့ တောင်သူလယ်သမားတွေ တနိုင်ငံလုံးမှာ ထောင်နဲ့ချီပြီး နအဖ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ခါးစီးပြီးခံစားနေကြရတယ်။ လယ်ယာမြေ အိမ်ခြံမြေ တွေ အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေ ရွာသူရွာသားတွေက တရားနည်းလမ်းကျကျ တိုင်ကြားကြ ပေမဲ့ လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူတဲ့အပြင် တရားသဖြင့်တိုင်ကြားတဲ့သူတွေကို ခြိမ်းချောက်ခြင်း၊ ဖမ်ဆီးချုပ်နှောင်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတွေ အမြဲတမ်းလိုလို ဖြစ်နေခဲ့ပါတယ်၊ ဒီလိုဖြစ်ရပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွာသူရွာသားတွေ တောသူတောင်သားတွေ ဒုက္ခအတိနဲ့ ခံစား နေရချိန်မှာ ကေါင်းကျိုးခံစားသွားတဲ့ သူတွေကတော့ နအဖ စစ်အုပ်ချုပ်ရေးယန္တရားကို အတင်းအဓမ္မ မတရား မောင်းနှင်နေကြတဲ့ လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တစုနဲ့ ၄င်းတို့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ စီးပွါးရေး သမားတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေနဲ့ သက်ဆိုင်ရာစစ်တပ်အကြီးအကဲ တွေက တောင်သူလယ်သမားများနဲ့ ရွာသူရွာသား တွေ ဟာ တောမှာနေရတယ်၊ အဖိအနှိပ်ခံတွေဘဲဆိုပြီး အာဏာပိုင်တွေက သူတို့လုပ်ချင်သလို တိုင်းပြည်နေရာ အနှံအပြားမှာ စိတ်ထင်တိုင်းလုပ်နေလာခဲ့တာတွေကို ဒီနေ့ကစပြီး မတရားမူ မှန်သမျှကို ဆန့်ကျင်ကြပြီး တွန်း လှန်းကြဘို့ တိုင်တွန်းနှိုးဆော်ခြင်းဖြစ်ပါတယ်။
- တရားမဝင်တဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ သူတို့ကိုယ်တိုင်လိုက်နာခြင်းမရှိတဲ့ စည်းကမ်းတွေ ဥပဒေတွေ ကို ဒီနေ့ကစပြီး ဘာမှလိုက်နာစရာမလိုတော့ဘူး။

- သူတို့တတွေဆီမှာ အသနားခံစာတင်တာတွေ လဲ လုပ်စရာမလိုတော့ဘူး
- ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြ၊ လျှို့ဝှက်လုပ်ဆေါင်ကြ
- မိမိတို့ ရွာသူရွာသား နယ်သူနယ်သားအချင်ချင်း စည်းလုံးကြ
- စစ်အစိုးရ အကြိုက်ဆောင်သတင်းပေး ရွာလူကြီးတွေကို ချေမှုန်းကြ
အရေးတော်ပုံအောင်ရမည်

ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ 
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်၊
နေ့ စွဲ၊ ၁၃ ၊ ဇန်န၀ါရီလ၊ ၂၀၀၉ ခုနှစ်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်