ဒယ်နီယယ်ပီဒါဆင်
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009 12:37 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ရန်နှင့် အတိုက်အခံ အင်အားစုများကို ရှာဖွေဖော်ထုတ်ရန် မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံ အနောက်မြောက်နယ်စပ် အပိုင်းအစများတွင် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများသည် နောက်ထပ်အ လွန်ကြီးမားသော စိန်ခေါ်မှုနှင့်
ရင်ဆိုင်နေရပါသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ ၆ သည် နယ်စပ်မဲဆောက်မြို့၏ တောင်ဘက် ထိုင်းနိုင်ငံ၏ တောတောင်ထူထပ်သော အုံးဖန် ဒေသတွင် လောလောဆယ် ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင် တိုက်ခိုက်နေရပါသည်။
ဤအခြေခံစခန်းသည် တချိန်က နေရောင်ခြည်စွမ်းအင်သုံး မီးများ၊ ဆေးခန်း၊ သောက်ရေသန့်၊ ငါးကန်တို့ဖြင့် နှိုင်းယှဉ်ချက်အရ စည်ကားစွာရှိခဲ့သည့် နေရာတခုဖြစ်ပြီး၊ ယခုအခါ မြန်မာစစ်သားများ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် ပြားပြားဝပ် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
အစိုးရစစ်တပ်များသည် ကေအန်အယ်လ်အေ တပ်ဖွဲ့များအပေါ်တွင်သာ “မြေလှန်စနစ်” ကျင့်သုံးနေခြင်းမဟုတ်၊ ကရင်အရပ်သားများ အပေါ်တွင်လည်း အလားတူမူဝါဒ ကျင့်သုံးနေသည်ဟု ကေအန်ယူ၏ ဒုတိယဥက္ကဌ ဒေးဗစ်သာကပေါ က ထိုင်း မြန်မာနယ်စပ် လျှို့ဝှက်နေရာတနေရာမှ ပြောကြားသွားခဲ့ပါသည်။
ကေအန်အယ်လ်အေသည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် အဆက်မပြတ် တိုက်ပွဲဝင်နေသည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို ဆင်နွှဲနေပါသည်။
ဤမြန်မာစစ်တပ်၏ နောက်ဆုံးထိုးစစ်တွင် ထိခိုက် ကျဆုံးမှုများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ကေအန်အယ်လ်အေ က တသမတ်တည်း ပြောကြားနေခဲ့ပါသည်။ သူတို့ တပ်ဖွဲ့ဝင်များသည် လုံခြုံမှု အနည်းငယ်ရစေရန် တောနက်ထဲ၌ ညအမှောင်ထုကို အကာအကွယ်ယူကာ အိပ်စက်ခဲ့ကြပြီး၊ နေ့အခါတွင်မှ လှုပ်ရှားသွားလာကြသည်ဟု ဆိုသည်။
ဤသို့ ကေအန်အယ်လ်အေ တပ်ဖွဲ့များကို လိုက်လံရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာစစ်တပ်များနှင့်အတူ ကရင်ခွဲထွက်အဖွဲ့တခု ဖြစ်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် (ဒီကေဘီအေ) လည်း ပါဝင်ပါသည်။ မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့ တို့ အတူတွဲ၍ ထိုင်းနယ်မြေကို အသုံးပြုနေရာယူ တိုက်ခိုက်နေသည်ဟု သတင်းများ ရရှိပါသည်။ ထိုသို့ အသုံးပြုမှ တပ်ဖွဲ့များ လှုပ်ရှားသွားလာရ လွယ်ကူပြီး မြေမြှုပ်မိုင်းများ၏ အန္တရာယ်ကိုလည်း ရှောင်းရှားနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ကေအန်ယူ၊ ကေအန်အယ်လ်အေ ပြိုင်ဘက် ခေါင်းဆောင်များအတွင်း သွေးထွက်သံယို အရေးအခင်း ဖြစ်ပွါးခဲ့ပြီးနောက် ဒီကေဘီအေ ကို ၁၉၉၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် တပ်မှူးများ၏ အပြောအရ အဖွဲ့အစည်းအတွင်း ခရစ်ယန် တပ်မှူးများကသာ ခေါင်းဆောင်မှုနေရာတွင် လွှမ်းမိုး ချုပ်ကိုင်ထားခဲ့သည်ဟု ဆိုပါသည်။
အင်အား ၂ဝဝ ကျော်ပါသည်ဟုဆိုသော မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တို့ ပြုလုပ်ခဲ့သော ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ ညနေက နောက်ဆုံးထိုးစစ်တွင် ကေအန်အယ်လ်အေ၏ အခြေခံစခန်းကို အင်အားချင်းမမျှ၍ လက်လွှတ် ဆုတ်ခွါခဲ့ ရသည်ဟု ဆိုသည်။
ကရင်ကျေးရွာသား ၈ဝဝ ကျော်ကို နေရာချထားရာ အနီးအနားရှိ စခန်း ၂ ခုအတွက် ဤအခြေခံစခန်းတွင်သာ တခု တည်းသော ဆေးပေးခန်း ရှိသည်။
ဤနောက်ဆုံးထိုးစစ်ကြောင့် လူပေါင်း ၃ဝဝ ကျော်၏ အိုးအိမ်များ ပြာပုံဖြစ်သွားခဲ့ရပြီး၊ ယခုအခါ ယာယီ အမိုးအကာများအောက်တွင် နေနေကြရသည်ဟု ဆိုသည်။ သူတို့ကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များ၏ သောင်းကျန်း နှိပ်စက်မှုများမှ ထိုင်းစစ်သားများက အကာအကွယ် ပေးနေကြရသည်။
ယခင်အပတ် တနင်္ဂနွေနှင့် တနင်္လာနေ့များကလည်း ထိုင်းစစ်တပ် ရဟတ်ယဉ်များက မဲဆောက်နှင့် အုံးဖန်ဒေသ အတွင်း အနိမ့်ပျံသန်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ ထိုဒေသ ၂ ခုလုံးရှိ နယ်စပ်တပ်ဖွဲ့များထံ စစ်ကူနှင့် စစ်ပစ္စည်းပေး ပို့ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးအသုတ် ဒုက္ခသည်များလည်း ထိုဒေသများမှ ထွက်ပြေး ရောက်ရှိလာကြသည်။
အင်္ဂါနေ့ညက ပြုလုပ်ခဲ့သော ရဲတင်းလှသည့် အင်တာဗျူး၌ ကေအန်အယ်လ်အေမှ ဗိုလ်မှူးကြီးနဒါးမြ က ယခုအခါ သူ့စခန်းသည် ပြာပုံ ဖြစ်သွားပြီဖြစ်ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် အဆိုပါ နောက်ဆုံးဖြစ်ပွါးနေသော စစ်မျက်နှာသို့ သွားရောက်မည် ဖြစ်ကြောင်း နှင့် “အရာရာကို နဂိုအတိုင်းဖြစ်အောင်” ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။
"ကျနော်တို့ နေရာသစ် ရှာရမှာပါ။ အခုလောလောဆယ်တော့ နေရာ မတွေ့သေးဘူး၊ တချိန်လုံး ရွှေ့ပြောင်း လှုပ်ရှားနေရတာဘဲ" ဟု ဗိုလ်မှူးကြီးက အသေးစိတ် ရှင်းလင်း ပြောကြားသွားပါသည်။
မကြာမီက ကွယ်လွန်သွားခဲ့သူ ကရင်ခေါင်းဆောင်ကြီး ဗိုလ်မြ၏သား နဒါးမြက မြေမြှုပ်မိုင်းများကြောင့် မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၂ဝ ခန့် ဒဏ်ရာရသွားခဲ့ကြောင်း၊ အချို့ကို စစ်မြေပြင်တွင် ကုသပေးနေပြီး၊ ကျန်သူများကို အုံးဖန်နှင့် မဲဆောက်ဆေးရုံများသို့ ဖြတ်တောက်ကုသမှုခံယူရန် ပေးပို့ထားကြောင်းသိရပါသည်။
သို့သော် အခြေအနေမှာ သူ့တပ်ဖွဲ့ဝင်များအတွက် စိုးရိမ်ပူပန်စရာ မရှိကြောင်းဖြင့် သူက အခိုင်အမာဆိုပါသည်။
"ဒီလိုအခြေအနေမျိုးကို ကျနော်တို့ နှစ်ပေါင်းများစွာ ရင်ဆိုင်ကျော်လွှားခဲ့ပြီးပြီ။ တခါတလေ သူတို့က နေရာတခုလုံးကို သိမ်းနိုင်ဘို့ စစ်သားတွေ အများကြီးပို့တာ၊ ဒါပေမဲ့ ကျနော်တို့က တချိန်လုံး လှုပ်ရှားနေတော့ သူတို့ကို ပတ်ရှောင်နိုင်တယ်" ဟု နဒါးမြက ဆက်လက် ပြောဆိုပါသည်။
ဤဒေသကို ကေအန်အယ်လ်အေ က ခက်ခက်ခဲခဲ အကောင်းဆုံး နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။
ယခုတိုက်ပွဲ ဖြစ်ပွါးနေသော ထိုင်းနှင့်မြန်မာ ၂ နိုင်ငံအကြား ဖုတ်ဖ်ဖရ (Phop Phra) ဟု လူသိများသော ဒေသတွင် ရွှေတွင်းနှင့် ခနောက်စိမ်းအပါအဝင် တွင်းထွက်များ ပေါကြွယ်ဝစွာ ရှိနေပြီး သွပ်နှင့် သံဖြူသတ္တုသိုက်များလည်း ရှိသည်။
ဤသယံဇာတများကိုရှာဖွေဖေါ်ထုတ်ရယူရန် ထိုင်ဝမ်နှင့် ထိုင်းစီးပွါးရေးသမားများက တလျှောက်လုံး ကြိုးစားခဲ့ကြသော်လည်း မည်သည့်ဘက်နှင့် ပေါင်းစပ် လုပ်ကိုင်သည်ဖြစ်စေ၊ လုံခြုံရေးကိစ္စကို အာမမခံနိုင်ခြင်းကြောင့် အောင်မြင်ခြင်း မရှိခဲ့ကြပါ။
ဤဒေသကို ထိန်းချုပ်နိုင်ရန် ဆင်နွှဲသော တိုက်ပွဲသည် ဤဒေသ၌ မိုးများ နေ့စဉ်အကြီးအကျယ် ရွာသွန်းနေသည့် လွန်ခဲ့သောနှစ် ဇွန်လကတဲက စတင်ခဲ့ပါသည်။ ထိုအချိန်ကတဲက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုသည် မြန် မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များကြောင့် ထပ်ခါထပ်ခါ ချိုးဖောက်ခံခဲ့ရသည်ဟု သိရှိရသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်သော အမြောက်ဆံများကြောင့် ထိုင်းကျေးရွာသားများ ထွက်ပြေးကြရသည့်အခါ ထိုင်းစစ်တပ်ကလည်း မြန်မာစစ်တပ်ဘက်သို့ စိန်ပြောင်းများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြပါသည်။
ဖုတ်ဖ်ဖရသည် တချိန်က ထိုင်းနိုင်ငံ၏ အကောင်းဆုံးကျွန်းတောများ တည်ရှိခဲ့ရာဒေသ ဖြစ်သည်။ ဤသစ်တောကို လွန်ခဲ့သော ဆယ်စုနှစ်များက ကေအန်ယူက ခုတ်လှဲ ထုတ်ယူခဲ့သည်။ ထိုအချိန်က ထိုင်းအာဏာပိုင်များနှင့် ဤအဖွဲ့အစည်း တို့အကြား ဆက်ဆံရေး ကောင်းမွန်နေချိန်ဖြစ်ပြီး၊ ထိုင်းက သူတို့ကို ထိုင်းနှင့်မြန်မာ တပ်ဖွဲ့တို့အကြား ကြားခံအင်အားစု များအဖြစ် ရှုမြင်နေချိန် ဖြစ်သည်။ ယခုတော့ သစ်တောများ ပြောင်သလင်းခါသွားပြီ ဖြစ်သဖြင့် မြေစေးနီများပေါ်တွင် ပြောင်းခင်းများကိုသာ မြင်ရတော့သည်။
သို့သော် အဆိုပါ ထိုင်းစီးပွါးရေးသမားများသို့ ရောင်းချရန် ပြောင်းစိုက်ပျိုး သူလယ်သမားများသည် ယခုအခါ နယ်မြေ ဖြတ်သန်းခွင့်အတွက် ဒီကေဘီအေ နှင့် ကေအန်အယ်လ်အေ ၂ ဖွဲ့လုံးကို အခွန်များ ပေးဆောင်နေကြရပါသည်။
ထိုင်းမြန်မာ နယ်စပ်တလျှောက် အေးမြသော ရာသီဖြစ်သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလဆန်း အချိန်များသည် ပြောင်းရိတ်သိမ်းရန် အကောင်းဆုံး အချိန်များဖြစ်ပြီး၊ ပြောင်းဖူးပြုတ်ထက် ဈေးပိုရသည်။ သို့သော် ယခုနောက်ဆုံး ဖြစ်ပွါးနေသော တိုက်ပွဲများသည် ၇ လထဲသို့ ဝင်လာပြီဖြစ်သဖြင့် ပြောင်းများမှာ အလဟဿ ဖြစ်ကုန်ရပြီ ဖြစ်သည်။
အီတလီ အစိုးရမဟုတ်သော အဖွဲ့အစည်း Popoli ကို အတူပူးတွဲ တည်ထောင်သူနှင့် ကေအန်အယ်လ်အေကို မျိုးစေ့များ၊ ထွန် ထယ်များ၊ မော်တော်ဆိုင်ကယ်များ ပေးအပ်ခဲ့သူ၊ ဖျက်ဆီးခံလိုက်ရသော ဗိုလ်မှူးကြီးနဒါးမြ၏ အခြေခံစခန်းကို ငွေကြေး ထောက်ပံ့ကူညီခဲ့သူ ဆာဂျီယိုကာမာဒါ (Sergion Carmada) က ၁၉၄၈ ခုနှစ်က စတင်ဖြစ်ပွါးခဲ့သော ဤစစ်ပွဲနှင့် စပ်လျဉ်း၍ သူ့အမြင်ကို ယခင်က ဤသို့ ထုတ်ဖော် ပြောဆိုခဲ့ပါသည်။
"ကျနော့်အမြင်အရ လူမျိုးရေးအတွက် တိုက်ပွဲက ကမ္ဘာပေါ်မှာ သိပ်ခေတ်မစားတော့ဘူး" ဟု ကာမာဒါက ပြောသည်။
"ဒီမိုကရေစီအတွက် တိုက်တဲ့စစ်ပွဲသာ အရမ်းခေတ်စားတာ။ ဒီအတွက်ခင်ဗျား မြို့ပေါင်းများစွာ ဖျက်ဆီး ပစ်လိုက်လို့ရတယ်၊ လူရာပေါင်းများစွာကို သတ်ဖြတ်လိုက်လို့ ရတယ်။" ဟု သူကဆိုသည်။
ဘာမားရိန်းဂျား (Free Burma Rangers) အဖွဲ့ကို တည်ထောင်သူ ယခင်နိုင်ငံခြား စစ်သားတဦးဖြစ်ခဲ့သူ ဦးဝါးအားပါး ဟု အမည်ဝှက် ပေးထားသူကမူ ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် သူတို့ ဘာအတွက် တိုက်နေမှန်းလည်းမသိ၊ ဘာကြောင့် တိုက်နေရမှန်းလဲ မသိသူများ ဖြစ်သည်ဟု ပြောဆိုပါသည်။
မြန်မာစစ်တပ်သည် မြေလှန်စနစ် ကျင့်သုံးနေကြောင်း ကေအန်ယူမှ ဒေးဗစ်သာကပေါ၏ ပြောကြားချက်ကို သူက သဘောတူပါသည်။ ထိုင်းနိုင်ငံနှင့် နီးစပ်သော နယ်မြေများနှင့်စာလျှင် ကရင်ပြည်နယ် အနောက်ပိုင်းတွင် နေထိုင်သူများ၏ အခြေအနေသည် ပို၍ပင် ဆိုးရွားကြောင်း သူက ပြောသည်။ ကျေးရွာများ၊ စိုက်ခင်းများမှာ တချိန်လုံး မီးရှို့ဖျက်ဆီးခြင်း ခံနေရကြောင်း သူက ပြောပါသည်။
ဤဝေးလံ ခေါင်းပါးလှသော ဒေသတွင် မြန်မာစစ်တပ်၏ ရန်မှလွတ်ကင်းရန် ရှောင်ပုန်း ပြေးလွှားနေရသော ကျေးရွာသားများကို ဖရီးဘားမားရိန်းဂျား အဖွဲ့က ဆေးဝါးကုသ ထောက်ပံ့မှုများ ပေးအပ်လျက် ရှိပါသည်။
"တချိန်ကျရင် တကယ် စစ်မှန်တဲ့ ရွေးချယ်စရာ ရှိလာခဲ့ရင် ဒီကေဘီအေက ဘက်ပြောင်းလာမှာဘဲလို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကေအန်အယ်လ်အေ က အနိုင်ရနိုင်တယ်ဆိုတာ သူတို့ မြင်ဘို့ လိုတယ်၊ သူတို့က နိုင်မဲ့ဘက်မှာ နေချင်မှာဘဲ" ဟု သူကပြောပါသည်။
သို့သော် ယနေ့ အချိန်အခါတွင် ကေအန်အယ်လ်အေ၏ အောင်ပွဲဆိုသည်မှာလည်း မဖြစ်နိုင်ဆုံးသော၊ ဖြစ်နိုင်ခြေ အနည်းဆုံးသော အရာတခု ဖြစ်နေပြန်သည်။
Monday, January 12, 2009
KNU များ ပြင်းထန်စွာ တိုက်ခိုက်ခံနေရ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
January
(451)
- အကြောက်တရားမှကင်းလွတ်ခြင်း (Freedom from fear)
- နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
- Burma VJ ရုပ်ရှင်ကား နမူနာ
- မြန်မာပြည်ကာကွယ်မည် တပ်မတော်ညာနေသည်
- NLD ၏ထုတ်ပြန်ကျေငြာချက်အား ထောက်ခံဆန္ဒပြပွဲ ဖိတ်ကြာ...
- On 6 February 2009, the United Nations Postal Admi...
- အာဏာရှင်ရဲ့ဖိနှိပ်မှုကို မိသားစုလိုက် ခံစားနေရတဲ့ ...
- 8888 People Power News Bulletin ဖေဖေါ်ဝါရီ စာစောင်
- လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်
- ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည...
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ
- Voice of Burma စာစောင်
- ဝန်ကြီးများ၏ ညီလာခံ ဖလားလုပွဲ အဖြစ်သနစ်မှန် ဖြေရှ...
- အုပ်ချုပ်သူ သောက်သုံးမကျလို ကိုယ့်လူတွေ လူကုန်တွေ ...
- ကလိမ်ကကျစ် အေးလွင်..
- နအဖ စစ်တပ် က မုဒိန်းကျင့်၊ လူသတ်၊ ဒါးမြတိုက် ဒါတွေ...
- ငတ်သေတော့မဲ့ မသာ ပေါတော့မဲ့ ရွှေမြေ..နအဖတွေ ဘာလုပ်ေ...
- မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ
- မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ...
- DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်...
- ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက...
- ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
- အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်း...
- အကြွင်းမဲ့ ဥဿုံ ထောက်ခံပါသည်။
- စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တ...
- ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခ...
- Rohingya victims of abuse speak out - 29 Jan 09
- လေးစား ဂုဏ်ယူမိပါသည်..
- CHAIN Than Shwe
- ကရင် အမျိုးသားတော်လှန်ရေး..နှစ် ၆၀ အတွက် ဂုဏ်ပြု သ...
- NLD Statement for Free DASSK and all political pri...
- သူခိုးပြေးမှ ထိုးကွင်းထတယ်ဆိုတာ ဒါမျိုးပေါ့
- ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သ...
- ထူး မခြားနား နိုင်ငံရေး ပွဲစားများ
-ှရှက်ဖွယ်လိလိ..အာဏာ မျက်နှာကြည့်သော အာဏာမရှိသေးသည်...
- အသံတွေ ကြားနေရတယ်...အဟက်..အဟက်
- ၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
- ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ
- ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်
- HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်
- အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
- International Community's Concern on Rohingya Refu...
- Surviving fishermen to return to Burma
- Rohingyas claim Myanmar troop abuse - 27 Jan 09
- 60th Anniversary of Karen's Revolution Day
- CHANGE BURMA
- ငတ်နေကြပြီ..စိန်ကခုထိ မက်တုန်းလား
- Refugees in Thailand convicted
- မြန်မာ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၉၁)
- ကျုပ် ကအောင်ဆန်း ပါ။
- ဇန္နဝါရီ ၂၈ ၂၀၀၉ သတင်း
- ANC Statement on Global Day of Action in Protest o...
- ဘာတွေ အဝေမတည့် ကြပြန်ပြီလည်း.
- လောင်စာဆီ ထွက်မထွက်တော့ မသိ..စားရင်တော့ အသက်ထွက်မဲ...
- ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံမှ ထွက်ခွာရန် ထိုင်းတရ...
- မယ်လစခန်းကို ထိုင်းအာဏာပိုင် ရှောင်တခင် ၀င်ရောက် ...
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေး...
- မင်္ဂလာရှိသော မေမေ
- သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်...
- အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်
- ယမန်နေ့ ညနေက နေကြတ် (နေကြတ်ခြင်းသည် အတိတ်နမိတ်မကော...
- နအဖမှ စစ်လေယဉ်ကွင်း အသစ်တခု ရခိုင်ပြည်နယ် မြောက်ပိ...
- နမ္မတူတွင် စစ်သားခွဲတမ်းချ
- အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ
- ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန...
- မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား
- ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်
- မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး...
- နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတ...
- ဂျောက်ဂျက်ဂယက် -အမျိုးသမီးများ၏ အသံ
- ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တ...
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ပထမဆုံးအမှု စတင်စစ်ဆေး
- ဇန္နဝါရီ ၂၆ ရက်၂၀၀၉ သတင်း
- 100th Anniversary U Thant
- ဗူးပေါ်သလိုပေါ်လာပြီ..
- မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
- ၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု
- Please! Share love to the children of Myanmar
- ရဲဘော်တစ်ဦးရဲ့ ပေးစာ
- ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက...
- နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသား...
- ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသ...
- Celebrating U Thant's Centennial Anniversary (VOA ...
- တော်လှန်ရေး ဆိုသည်မှာ
- အဖေ ပြောခဲ့တဲ့ စကား..
- ဦးဝင်းတင်ပြောတဲ့ ဦးသန့်
- U Thant at the United Nations
- ဖိတ်ပါတယ် စုပေါင်းအလှူပွဲ
- အတုမလို..အစစ်ဘဲလိုတယ်..
- အသစ်ဘယ်လိုကောင်းကောင်း..အဟောင်းတလည်လည်..
- ဇန္နဝါရီ ၂၃ ၂၀၀၉ သတင်း
- ဦးသုမင်္ဂလ၏ တရားတော် များ download လုပ်လိုပါက
- ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များရဲ့ဘဝ
- Rohingya migrants claim Thai abuses - 24 Jan 09
- ကြက် ဌက်တုတ်ကွေး ရောဂါအကြောင်းသိကောင်းစရာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့် အခန်းအနား
- မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီညီလာခံ ထုတ်ပြန်ကြေ...
- ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတ...
- PDF Democracy Party News Bulletin
- Media Statement about Kay Thi Aung
- ရခိုင်သတင်းစာ January 2009
- ခွပ်ဒေါင်းများရဲ့ ကြုံးဝါးသံ
- ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား
- ဘဘ သိန်းစိန်ထံပေးစာ
- မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ
- ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ်...
- ဂမ်ဘာရီ ပြန်လာမည်
- ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်...
- ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ
- လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင...
- ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော
- ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျု...
- World Issues: Myanmar (Burma)
- ရေခဲဗူးကလေးဖြင့် ပင်လယ်ရေထဲ မြောနေသူများ..
- Trafficked and exploited migrant labourers in Thai...
- Inside the Kachin Independendence Army ( KIA.ဆိုတာ...
- ခေမာသောင်နဲ့ ဟို အဝေးမှာ..မြောနေကြသူများ
- 2008 ရဲ့ မြန်မာ့ရှုခင်း ( ဘယ်တော့မှမေ့ မရဖူး)
- Interview: Anders Østergaard and Joshua on "Burma VJ"
- ဦးသန့် ကို ကမ္ဘာက လေးစားတယ်.
- မြန်မာ့နိုင်ငံရေးကတော့ မပြောင်း ဧည့် ဘဲ ထောင်းနေ
- အလင်းရနံ့ ဂျာနယ်..
- ပုံပြင်ထဲက ယုန်နဲ့ လိပ် ဘယ်သူ ပထမချိတ်မလဲ
- ညောင်စေ့ လှုသော်လည်း ညောင်ပင်ကြီးလောက်ရမဲ့ ကုသိုလ်
- လားဟူပြည်သူစစ်များကို အင်အားတိုးချဲ့ရန် ညွှန်ကြား
- ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ...
- မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ
-
▼
January
(451)
No comments:
Post a Comment