“တကယ်လို့ အန်ကယ်တို့က ခရစ်ယာန် ဘာသာဝင်တွေကို ဗမာ အစိုးရက နှိပ်ကွပ်တယ်…လို့ စွပ်စွဲရင် ကျမတို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေက အန်ကယ်လ်တို့ အခံရခက်နေတဲ့ခံစားချက်ထက် အဆပေါင်းများစွာ ပိုနာကြည်းပါတယ်။ စေတီကိုတောင် ပစ်မှတ်အဖြစ် သတ်မှတ်ရဲတဲ့ လူရမ်းကားတစုဟာ ဗမာတွေဖြစ်နေပြီး သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင်…လို့ပါ ပြောနေတဲ့အတွက် ကျမတို့မှာ လူမျိုး ရေးအရရော…ဘာသာရေးအရပါ အလွန်သိက္ခာကျရပါတယ်။
Tuesday, 13 January 2009 16:04 ခွာညို
“ဒီနေ့ ဘာသတင်း ထူးသေးလဲ” ဆိုသော မေးခွန်းကို သတင်းထောက် သင်တန်း စတက်ခဲ့သည့် ၂၀၀၅ ခုနှစ်က စပြီး နားယဉ် လာခဲ့ရပါသည်။ အခု ကျမက အမေရိကန် နိုင်ငံသား နိုင်ငံရေးသိပ္ပံ ပါမောက္ခဟောင်း ဖြစ်သော ဒေါက်တာ ဒေးဗစ် အင်္ဂလန်၏ အိမ်မှာနေသည်။ သူက အသက် ၆၀ ကျော် ၇၀ နားနီးနေသည့် တိုင်အောင် မည်သည့်နိုင်ငံအရေး ကိစ္စမဆို စိတ်ဝင်တစား
လေ့လာလိုစိတ် ရှိနေဆဲ။
ကျမက သူတို့အိမ်မှာ ရှိနေသည့်အတွက် သူက မြန်မာ့အရေးကို ပိုစိတ်ဝင်တစား ရှိလာသည်။ မနက်မိုးလင်းလျှင် သူက ဘာသတင်း ထူးလဲဟု အမြဲမေးလေ့ရှိပါသည်။
သို့သော် သူက အမြဲတမ်း စောစော နိုးနေကျဖြစ်သောကြောင့် သူကသာလျှင် ကျမကို သတင်းဦး ပြောပြရလေ့ ရှိပါသည်။ တခါတရံ ကျမအတွက် လိုအပ်မည်ထင်သော သတင်းမျိုး၊ အင်္ဂလိပ်လို အသုံးများ ကျမ လေ့လာဖို့ လိုသည့် သတင်းမျိုးဆိုလျှင် တခါတည်း ပရင့် ထုတ်ပေးထားတတ်ပါသည်။
သည်နေ့ ကျမကွန်ပျူတာ အင်တာနက် ပျက်နေသောကြောင့် သူက သူဖတ်ထားသည့် သတင်းကို ပြောပြပါသည်။ ကျမတို့ နိုင်ငံရေး စကားဝိုင်းတွင် အန်ကယ့်ဇနီးက နားထောင်သူ သက်သက်ဖြစ်ပြီး တခါတရံမှာတော့ ကျမတို့ မြန်မာပြည်သူတွေအတွက် သူက ဒေါသတွေ ထွက်နေတတ်ပါသည်။
သူက အိုင်းရစ်သူဖြစ်ပြီး ဗြိတိသျှလက်အောက်မှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသူ၊ ဖခင်ဖြစ်သူက တော်လှန်ရေး သမားကြီး။ သည်တော့ မြန်မာပြည်သူတွေ၏ ဒုက္ခမှန်သမျှကို မျှဝေခံစား နိုင်သည့် နှလုံးသား သူ့မှာရှိသည်။
“ရန်ကုန်မြို့မှာ ခရစ်ယာန်တွေ ဝတ်ပြု အစည်းဝေးလုပ်တာကို မလုပ်ဖို့ စစ်အစိုးရက တားတယ် ဆိုတဲ့ သတင်းကို အခုမနက် အန်ကယ် ဖတ်လိုက်ရတယ်” ဟုသူက ကျမကို ပြောသည်။
သည်သတင်းကို ကျမ လွန်ခဲ့သည့် နှစ်ရက် သုံးရက်က ဖတ်ပြီးသားပါ။ ကျမ သူ့ကို ပြောမပြချင်၍ ချန်ထားခဲ့သည့် သတင်းများအနက် သေးသေးလေး တပုဒ်ပါပဲ။
“အဲဒါ ကျမ ဖတ်ထားပြီးပါပြီ အန်ကယ်”
“သူတို့က ဘယ်လို သဘောလဲ။ ဘာသာရေး အစည်းအဝေးပွဲ တွေဆိုရင် တားမြစ် ပိတ်ပင်တယ် ဆိုတာတွေ အမြဲကြားနေရတယ်။ အစ္စလမ်ဘာသာရော…ခရစ်ယာန်ဘာသာရော ကျောင်း အသစ်ဆောက်ခွင့်လည်း မရှိဘူးဆို။ အိမ်မှာလုပ်တဲ့ ၀တ်ပြုပွဲကိုလည်း တားမြစ်တယ် ဆိုတော့ ဗုဒ္ဓဘာသာကလွဲရင် ပိတ်ပင်တဲ့ သဘောမျိုးပေါ့” ဟု သူက မေးခွန်းထုတ်သည်။
“အဲလို ပြောလို့မရပါဘူးအန်ကယ်။ ဗုဒ္ဓဘာသာထုံးစံအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ဘုရားပေါ်တက် ဆုတောင်းတဲ့ သူတွေလည်း အရိုက်ခံ… အဖမ်းခံ… တားမြစ်ခံနေရတာပါပဲ”
သို့သော် အန်ကယ်က ကက်သလစ်ဘုန်းကြီး ဖြစ်နေသောကြောင့် ခရစ်ယာန် ဘာသာဝင်များ၏ ၀တ်ပြုဆုတောင်းမှုကို ပိတ်ပင် တားမြစ်သည် ဆိုသည့် ကိစ္စအပေါ်တွင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်ကြောင်း သူ့မျက်နှာကို မြင်နေရသည့်အတွက် ကျမသိနေပါ သည်။သည်တော့ နအဖ၏ စိတ်ထားခံယူချက်နှင့်ပတ်သက်ပြီး သူ့အား ကျမ အကျယ်ချဲ့ ရှင်းပြရန်လိုအပ်သည်ဟု ယူဆရပါသည်။
ကျမ ဒုက္ခသည်စခန်းထဲမှာနေခဲ့တုန်းက ခရစ်ယာန်ဘာသာဝင် ကရင် ခေါင်းဆောင် တယောက်နဲ့ စကား အများကြီး ပြောဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကေအန်ယူနဲ့ ဒီကေဘီအေ ကွဲခဲ့ရတဲ့အကြောင်းကို လေ့လာနိုင်ခဲ့တယ်။ ကေအန်ယူဆိုတာက ကရင် အမျိုးသား အစည်းအရုံးဖြစ်ပြီး ဒီကေဘီအေကတော့ (Democratic Karen Buddhist Army) ပါ။
အရင်တုန်းက ကရင်တွေဟာ စစ်အုပ်စုကို တစုတစည်းတည်း ညီညီညွတ်ညွတ် တော်လှန် ခဲ့ကြတာပါ။ နောက်တော့ အဲဒီ ကေအန်ယူ အခြေစိုက်တဲ့ဒေသတ၀ိုက်မှာ ကရင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးက သာသနာပြုလုပ်ငန်းတွေလုပ်ရင်း တန်ခိုးကြီးလာပါတယ်။ နောက်တော့ အဲဒီ ဘုန်းကြီးကို ကေအန်ယူစစ်သားတွေကပါ ကြည်ညိုလာကြပါတယ်။ အဲဒီဘုန်းကြီးက ကေအန်ယူ နယ်ထဲမှာ ဘုရားတဆူတည်ဖို့ စီစဉ်လာပါတယ်။
ဒါက အပေါ်ယံကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ထုံး လုပ်နည်းဟောင်းလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့်လို့ အဲဒီ သူတို့ဘုရားတည်ချင်တဲ့ တောင်ကုန်းထိပ်ဟာ ကေအန်ယူ ဌာနချုပ်ရဲ့ ဗဟို စခန်းကို ချိန်ပစ်လို့ ရတဲ့ အမှတ်အသား တခုလုပ်လိုက်သလိုဖြစ်နေတယ်။ ဒီတော့ ကေအန်ယူခေါင်းဆောင်ပိုင်းက ခွင့်မပြုဘူး။
ခွင့်မပြုတဲ့အကြောင်းအရင်းက ဘာသာရေးနဲ့ မဆိုင်ဘဲ စစ်ရေးအရ ခွင့်မပြုတာလို့ သူက ကျမကိုပြောပါတယ်။ ဒါပေမယ့်လို့ ဖြစ်သွားတာကတော့ ကေအန်ယူမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် နှစ်ခြမ်းကွဲထွက်သွားတာပါပဲ။
အဲဒီတော့ ဘယ်ဘက်ကဖြစ်ဖြစ် သူတို့အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ ခွင့်ပြုရင် သူတို့က စစ်ရေးအရ အသာစီးရ နိုင်လိမ့်မယ်။ ခွင့်မပြုတဲ့အခါမှာ ဘာသာရေးအရ ကရင်လက်နက်ကိုင်တပ် နှစ်ခြမ်းကွဲထွက်သွားခဲ့တယ်။ ဆိုလိုတာက စစ်အုပ်စုဟာ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင်တွေပါ လို့…ပြောနေပေမယ့် ဘာသာရေးအထွဋ်အမြတ်စေတီတော်ကို ပစ်မှတ်အနေနဲ့ အသုံးချဖို့တောင် ၀န်မလေးဘူးဆိုတာပါ။
အဲဒီတော့ သူက ခရစ်ယာန်အသင်းဖွဲ့တာပဲဖြစ်ဖြစ်၊ အစ္စလမ်ဝတ်ပြုတာပဲဖြစ်ဖြစ် သူတို့ သံသယရှိရင် တားမြစ်မှာပဲ။ ကရင်ခေါင်းဆောင်တွေက စေတီတည်ခွင့်မပြုဘူး၊ ဒါက သူတို့အသက်နဲ့ သူတို့ တော်လှန်ရေးနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စဖြစ် တယ်လေ။ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေလည်း အဲဒီတုန်းက အဲဒီစေတီတည်မယ့် အကြောင်းမှန်ကိုသာသိရင် သဘောတူမှာ မဟုတ်ဘူး၊
“အန်ကယ်စဉ်းစားကြည့်လေ ညအမှောင်မှာ တောင်ထိပ်က ထင်းနေတဲ့ စေတီအဖြူကို ပစ်မှတ်သတ်မှတ်ပြီး အမြှောက်နဲ့ ထုမယ်…ဆိုတဲ့အတွေး…” ဟု ကျမအဆုံးသတ် ပြောပြလိုက် သောအခါ အန်ကယ် အမှန်ပင် အံ့သြသွားပုံရပါသည်။
“တော်တော်ကွေ့ကွေ့ကောက်ကောက် တွေးတတ် လုပ်တတ်တဲ့၊ ကြောက်စရာကောင်းလှတဲ့ အုပ်စုပါလား” ဟု အန်ကယ်လ်က မှတ်ချက်ပေးသည်။
“မြန်မာပြည်မှာ တောင်တွေအများကြီးပါအန်ကယ်။ ကေအန်ယူ နယ်မြေထဲက တောင်ထိပ်မှာမှ ထုံးဖြူဖြူ သုတ်တဲ့ စေတီတည်ချင်တဲ့ ရည်ရွယ်ချက်၊…မတည်ရလို့ ကရင်နှစ်ခြမ်းကွဲရတဲ့အဖြစ်။ အဲဒီနောက်ကွယ် က တကယ့်အဖြစ်အပျက်တွေကို မသိဘဲ နိုင်ငံရေးလုပ်နေကြရင်၊ အဲဒီနောက်ကွယ်ကအဖြစ်တွေကို မသိဘဲ နိုင်ငံရေးသတင်း ရေးနေကြရင် သတင်းကမမှားပေမယ့် စာဖတ်သူရဲ့ အတွေးကိုတော့ ဇောက်ထိုးမိုးမျှော် မှားသွားစေနိုင်ပါတယ်”
“ဒါဖြင့် သူတို့က အန်ကယ်လ်ဖတ်ဖူးသလို လူ ငါးယောက်ထက်စုပြီး စကားပြောတာ.. ဆွေးနွေးတိုင်ပင်တာကို ဘယ်အကြောင်းအရာနဲ့မှ မလုပ်စေချင်တာပေါ့”
“ဟုတ်ပါလိမ့်မယ် အန်ကယ်။ ကိုယ်ကိုယ်တိုင်က မကောင်းမှုမှန်သမျှကို ကျူးလွန် ထားတော့ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့အစည်းကိုမှ ဘယ်လိုဆွေးနွေးမှုမျိုးကိုမှ၊ သူတို့ ယုံကြည်စိတ်ချမှုမရှိဘဲ လူနည်းနည်းစုရင် သူတို့ကို တော်လှန်ဆန့်ကျင်ဖို့ပဲ…လို့ အတွေးရောက်ပြီး တားမြစ်တာပါ။ ဒါက ဗုဒ္ဓဘာသာကို ခရစ်ယာန်ဘာသာ လွှမ်းသွားရ ချည့်ရဲ့…ဆိုတဲ့ ဘာသာရေးလောဘကြောင့်မဟုတ်ဘဲ သူတို့ အာဏာကို ထိပါးမှာ ကြောက်တဲ့စိတ်ကသာ ဦးဆောင်ပါတယ်။ သူတို့ကို ကျမတို့ကလည်းဗုဒ္ဓဘာသာလို့ သတ်မှတ်လက်ခံထားတာမှ မဟုတ်တာဘဲ”
အန်ကယ်က I see…I see…ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားပါသည်။
“တကယ်လို့ အန်ကယ်တို့က ခရစ်ယာန် ဘာသာဝင်တွေကို ဗမာ အစိုးရက နှိပ်ကွပ်တယ်…လို့ စွပ်စွဲရင် ကျမတို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေက အန်ကယ်လ်တို့ အခံရခက်နေတဲ့ခံစားချက်ထက် အဆပေါင်းများစွာ ပိုနာကြည်းပါတယ်။ စေတီကိုတောင် ပစ်မှတ်အဖြစ် သတ်မှတ်ရဲတဲ့ လူရမ်းကားတစုဟာ ဗမာတွေဖြစ်နေပြီး သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင်…လို့ပါ ပြောနေတဲ့အတွက် ကျမတို့မှာ လူမျိုး ရေးအရရော…ဘာသာရေးအရပါ အလွန်သိက္ခာကျရပါတယ်။ အဲဒါ ဘယ်အနာနဲ့မှ…ဘယ်အရာနဲ့မှ မတူတဲ့ နာကျင်မှုပါ အန်ကယ်…”
အန်ကယ် နားလည်သွားသည့်တိုင်အောင် ကျမကတော့ အတောသတ်၍ မရတော့ပါ။
တချို့မီဒီယာတွေက သတင်းထောက်တွေဟာ သတင်းတပုဒ် ရရင်ပြီးရော.. အလွယ်လေး ရေးချလိုက်တတ်ကြတယ်။ သတင်းထောက် တယောက်ဟာ ကိုယ်ရေးတော့မယ့် သတင်း တပုဒ်ရဲ့ အခြေခံကျကျ ဇစ်မြစ်အမှန်ကို ရအောင်နှိုက်ပြီးမှ ရေးသင့်ပါတယ်။
သတင်း ထောက်သင်တန်း ကျောင်းဆင်းတွေဆိုရင် အဲဒီစကားကို ကောင်းကောင်း နားလည်ကြပါတယ်။ တတ်နိုင်သမျှ သတင်းနောက်ကြောင်းကို လိုက်ပြီး အခုမှ သတင်းကို စဖတ်သူတွေအတွက်လို့ ရည်စူးပြီး သတင်းအနှစ်ချုပ်နောက်ခံလေး ထည့်ပေးရတာဟာ သတင်းသမား ကောင်းတယောက်ရဲ့ တာဝန်ပါ။
အဲဒီလို မဟုတ်ဘဲ လတ်တလော ဖြစ်နေတာလေးကိုပဲ ကွက်ပြီးတော့ သတင်းလုပ်သွားရင် အဲဒါ စာဖတ်သူကို သတင်းမှန်ပေးရာမကျဘဲ ကိုယ့်ထမင်းအိုးတည်ဖို့ သတင်းတပုဒ် ဖန်တီးလုပ်စားသွားတာမျိုးသာ ဖြစ်ပါလိမ့်မယ်။ စစ်အုပ်စုရဲ့ အကွေ့တထောင်နဲ့ ဥာဏ်နီဉာဏ်နက်တွေကို အမီ မလိုက်နိုင်ရတဲ့အထဲမှာ အဓိပ္ပာယ်အရရော နိုင်ငံရေး မြားဦးကိုပါ ပြောင်း သွားစေမယ့် သတင်းမျိုးတွေကို အခုလို ကမ္ဘာကိုပါ ချပြနေတာမျိုးဟာ ကျမတို့တိုင်းပြည်အတွက်ရော တကယ်အလုပ်လုပ်နေတဲ့ သူတွေ အတွက်ပါ အလွန်အန္တရာယ်ပေးတဲ့ သတင်းမျိုးပါပဲ”
ကျမအနေနှင့် သတင်းတွေ မှားနေသည်ဟု စွပ်စွဲနေခြင်းမဟုတ်ပါ။ အဖြစ်မှန် နောက်ကွယ် က သည့်ထက်ပိုပြီး အဓိကကျကျ မှန်ကန်သော အချက်အလက်ကို ချမပြနိုင်ပါက လတ် တလော အမှန်တရား သေးသေးလေးကြောင့် မှားယွင်းမှုကြီးကြီး မားမားတွေ ဖြစ်လာ နိုင်ခြင်းကို စိုးရိမ်မိခြင်းသာဖြစ်ပါသည်။
မြင်ကွင်း၏နောက်ကွယ်ကအဖြစ်ကို ရအောင်နှိုက်ပြီး ပြည့်စုံသောသတင်းမျိုးပေးနိုင်သော သတင်းသမား ကောင်းများ မြန်မာနိုင်ငံ အတွက် တကယ်ပဲလိုအပ်နေပါသည်။ ငါးပွက်ရာ ငါးစာချသည့် သတင်းမျိုးများ ကြောင့်တော့ဖြင့်… စားကျက်လုရင်း အချင်းချင်းခတ်နေသည့် ကျွဲပေါင်းများစွာ၏ခြေထောက်အောက်က ပြားနေပြီးဖြစ်သော မြန်မာ ပြည်သူများအတွက် မြေနိမ့်ရာလှံစိုက်… ဖြစ်နေပါလိမ့်မည်။
မြန်မာပြည့်နောင်ရေး ဆေးကြောင့်ပိုလေးမသွားစေလိုပါ။
စာရေးသူ၏ လိပ်စာ။ ။ 508 West Philadelphia RD
Jonesboro, AR 72401
US
Wednesday, January 14, 2009
ဆေးကြောင့် လေးမှာစိုး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
January
(451)
- အကြောက်တရားမှကင်းလွတ်ခြင်း (Freedom from fear)
- နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
- Burma VJ ရုပ်ရှင်ကား နမူနာ
- မြန်မာပြည်ကာကွယ်မည် တပ်မတော်ညာနေသည်
- NLD ၏ထုတ်ပြန်ကျေငြာချက်အား ထောက်ခံဆန္ဒပြပွဲ ဖိတ်ကြာ...
- On 6 February 2009, the United Nations Postal Admi...
- အာဏာရှင်ရဲ့ဖိနှိပ်မှုကို မိသားစုလိုက် ခံစားနေရတဲ့ ...
- 8888 People Power News Bulletin ဖေဖေါ်ဝါရီ စာစောင်
- လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်
- ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည...
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ
- Voice of Burma စာစောင်
- ဝန်ကြီးများ၏ ညီလာခံ ဖလားလုပွဲ အဖြစ်သနစ်မှန် ဖြေရှ...
- အုပ်ချုပ်သူ သောက်သုံးမကျလို ကိုယ့်လူတွေ လူကုန်တွေ ...
- ကလိမ်ကကျစ် အေးလွင်..
- နအဖ စစ်တပ် က မုဒိန်းကျင့်၊ လူသတ်၊ ဒါးမြတိုက် ဒါတွေ...
- ငတ်သေတော့မဲ့ မသာ ပေါတော့မဲ့ ရွှေမြေ..နအဖတွေ ဘာလုပ်ေ...
- မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ
- မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ...
- DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်...
- ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက...
- ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
- အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်း...
- အကြွင်းမဲ့ ဥဿုံ ထောက်ခံပါသည်။
- စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တ...
- ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခ...
- Rohingya victims of abuse speak out - 29 Jan 09
- လေးစား ဂုဏ်ယူမိပါသည်..
- CHAIN Than Shwe
- ကရင် အမျိုးသားတော်လှန်ရေး..နှစ် ၆၀ အတွက် ဂုဏ်ပြု သ...
- NLD Statement for Free DASSK and all political pri...
- သူခိုးပြေးမှ ထိုးကွင်းထတယ်ဆိုတာ ဒါမျိုးပေါ့
- ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သ...
- ထူး မခြားနား နိုင်ငံရေး ပွဲစားများ
-ှရှက်ဖွယ်လိလိ..အာဏာ မျက်နှာကြည့်သော အာဏာမရှိသေးသည်...
- အသံတွေ ကြားနေရတယ်...အဟက်..အဟက်
- ၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
- ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ
- ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်
- HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်
- အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
- International Community's Concern on Rohingya Refu...
- Surviving fishermen to return to Burma
- Rohingyas claim Myanmar troop abuse - 27 Jan 09
- 60th Anniversary of Karen's Revolution Day
- CHANGE BURMA
- ငတ်နေကြပြီ..စိန်ကခုထိ မက်တုန်းလား
- Refugees in Thailand convicted
- မြန်မာ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၉၁)
- ကျုပ် ကအောင်ဆန်း ပါ။
- ဇန္နဝါရီ ၂၈ ၂၀၀၉ သတင်း
- ANC Statement on Global Day of Action in Protest o...
- ဘာတွေ အဝေမတည့် ကြပြန်ပြီလည်း.
- လောင်စာဆီ ထွက်မထွက်တော့ မသိ..စားရင်တော့ အသက်ထွက်မဲ...
- ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံမှ ထွက်ခွာရန် ထိုင်းတရ...
- မယ်လစခန်းကို ထိုင်းအာဏာပိုင် ရှောင်တခင် ၀င်ရောက် ...
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေး...
- မင်္ဂလာရှိသော မေမေ
- သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်...
- အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်
- ယမန်နေ့ ညနေက နေကြတ် (နေကြတ်ခြင်းသည် အတိတ်နမိတ်မကော...
- နအဖမှ စစ်လေယဉ်ကွင်း အသစ်တခု ရခိုင်ပြည်နယ် မြောက်ပိ...
- နမ္မတူတွင် စစ်သားခွဲတမ်းချ
- အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ
- ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန...
- မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား
- ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်
- မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး...
- နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတ...
- ဂျောက်ဂျက်ဂယက် -အမျိုးသမီးများ၏ အသံ
- ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တ...
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ပထမဆုံးအမှု စတင်စစ်ဆေး
- ဇန္နဝါရီ ၂၆ ရက်၂၀၀၉ သတင်း
- 100th Anniversary U Thant
- ဗူးပေါ်သလိုပေါ်လာပြီ..
- မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
- ၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု
- Please! Share love to the children of Myanmar
- ရဲဘော်တစ်ဦးရဲ့ ပေးစာ
- ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက...
- နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသား...
- ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသ...
- Celebrating U Thant's Centennial Anniversary (VOA ...
- တော်လှန်ရေး ဆိုသည်မှာ
- အဖေ ပြောခဲ့တဲ့ စကား..
- ဦးဝင်းတင်ပြောတဲ့ ဦးသန့်
- U Thant at the United Nations
- ဖိတ်ပါတယ် စုပေါင်းအလှူပွဲ
- အတုမလို..အစစ်ဘဲလိုတယ်..
- အသစ်ဘယ်လိုကောင်းကောင်း..အဟောင်းတလည်လည်..
- ဇန္နဝါရီ ၂၃ ၂၀၀၉ သတင်း
- ဦးသုမင်္ဂလ၏ တရားတော် များ download လုပ်လိုပါက
- ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များရဲ့ဘဝ
- Rohingya migrants claim Thai abuses - 24 Jan 09
- ကြက် ဌက်တုတ်ကွေး ရောဂါအကြောင်းသိကောင်းစရာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့် အခန်းအနား
- မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီညီလာခံ ထုတ်ပြန်ကြေ...
- ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတ...
- PDF Democracy Party News Bulletin
- Media Statement about Kay Thi Aung
- ရခိုင်သတင်းစာ January 2009
- ခွပ်ဒေါင်းများရဲ့ ကြုံးဝါးသံ
- ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား
- ဘဘ သိန်းစိန်ထံပေးစာ
- မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ
- ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ်...
- ဂမ်ဘာရီ ပြန်လာမည်
- ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်...
- ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ
- လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင...
- ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော
- ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျု...
- World Issues: Myanmar (Burma)
- ရေခဲဗူးကလေးဖြင့် ပင်လယ်ရေထဲ မြောနေသူများ..
- Trafficked and exploited migrant labourers in Thai...
- Inside the Kachin Independendence Army ( KIA.ဆိုတာ...
- ခေမာသောင်နဲ့ ဟို အဝေးမှာ..မြောနေကြသူများ
- 2008 ရဲ့ မြန်မာ့ရှုခင်း ( ဘယ်တော့မှမေ့ မရဖူး)
- Interview: Anders Østergaard and Joshua on "Burma VJ"
- ဦးသန့် ကို ကမ္ဘာက လေးစားတယ်.
- မြန်မာ့နိုင်ငံရေးကတော့ မပြောင်း ဧည့် ဘဲ ထောင်းနေ
- အလင်းရနံ့ ဂျာနယ်..
- ပုံပြင်ထဲက ယုန်နဲ့ လိပ် ဘယ်သူ ပထမချိတ်မလဲ
- ညောင်စေ့ လှုသော်လည်း ညောင်ပင်ကြီးလောက်ရမဲ့ ကုသိုလ်
- လားဟူပြည်သူစစ်များကို အင်အားတိုးချဲ့ရန် ညွှန်ကြား
- ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ...
- မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ
-
▼
January
(451)
No comments:
Post a Comment