Wednesday, January 21, 2009

ခေတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ်

ပြည်တွင်းက လူငယ်ရဲ့ အသံ

အမှန်ပြောရင် အဲ့လိုကန်ကြလား

ပြောရပြီ။ ဖြစ်ရပ်တခုအပေါ် အနက်ကောက်ယူမှုတွေ အမျိုးမျိုးထွက်လာကြတယ်။
ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground ထွက်တဲ့သီချင်းကိစ္စပဲ။

လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ ပါတဲ့ hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။
ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊ အောက်တန်းကျတဲ့သီချင်းတွေ၊ စာရိတ္တပျက်စီးစေတဲ့ သီချင်းတွေ၊ မိန်းကလေးတွေ နားမထောင်သင့်တဲ့သီချင်းတွေလို့ ပိုးစိုးပက်စက်ဝေဖန်ကြတယ်။ ကျွန်တော်ပြောချင်တာတွေတချက်ချင်းထောက်ပြချင်ပါတယ်။

၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။

ဒီသီချင်းတွေမှာပါတဲ့စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား
သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့စကားလုံးတွေပဲ
မဟုတ်ဘူးလား။
လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက စကားလုံးတွေပဲမဟုတ်ဘူးလား
ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။

၂ အောက်တန်းကျတဲ့သီချင်းတွေ

လူငယ်တွေနေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို အမှန်အတိုင်းပြောရင်အောက်တန်းကျသလား။ အမှန်ကိုမျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး
အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား

၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ

သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် လက်တွေ့ကြုံ
ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ သီချင်းကစာရိတ္တကိုဖျက်တာလား။
စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။

၎ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ

မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲပတ်သက်ကြတော့
မိန်းကလေးတွေရဲ့အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ စောက်ရေးမပါတာလို့ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။
မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ
အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာတကယ်မရှိနေတာတွေလား။
နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက်ပြောနေကြတာမဟုတ်ဘူးလား။


အဓိကအကြောင်းရင်ကိုရှာကြမယ်ဗျာ။အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ
ခဏချထား မြေကြီးအကြောင်းအရင်စဉ်းစားစို့။
လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။
သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။
သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကိုပျက်စီးစေနေတာလား။
မိန်းကလေးပြည့်တန်ဆာတွေဘာလို့ပေါလာတာလဲ။
ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။
ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။
ကလပ်တွေ၊အနှိပ်ခန်းတွေ၊ပြည့်တန်ဆာရုံတွေကို ဘယ်သူတွေအဓိကဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။

ဂျောက်ဂျက်ကိုလေးစားတယ်။မြင့်မြတ်လို့မဟုတ်ဘူး။သူရဲကောင်းတယောက်လို့လည်း
မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။
ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။
တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့်
မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့
ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။

“လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ”
လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း မသိဟန်ဆောင်ထားကြတုန်းပဲ

ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး
ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့ မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။

တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ ခင်ဗျားတို့ ကျုပ်တို့တွေမဟုတ်ဘူးလား။
လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ…..
သူတော်စင်စကားတွေသိပ်မပြောကြနဲ့…....

ပြည်တွင်းက ပြန်လာတဲ့ ပြည်ပရောက် လူငယ်ရဲ့ အသံ
ဟစ်ဟော့ ဆောင်းပါးနဲ့ ပါတ်သက်လို့ ပြည်ပမှာလွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြတာတွေ့ ရတဲ့ အတွက်ဝမ်းသာပါတယ်.....

တကယ်တော့ မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ မျက်စိ၊ နား၊ ဒွါရခြောက်ပေါက်အပိတ်ခံထားရတာပါ။ ကျွန်တော်မြန်မာပြည်ထဲမှာ ၂လနီးပါးခရီးသွားခဲ့တာပါ။ မြန်မာပြည်ထဲက လူငယ်တော်တော်များများက ကျား၊မ မရွေး နှစ်နှစ်ခြိုက်ခြိုက် နားဆင် နေကြတာ တွေ့ ရပါတယ်။ သူတို့ တွေရဲ့ ဘ၀တွေကို အစိတ်အပိုင်းတော်တော်များများ ရောင်ပြန်ဟပ်လို့ ပါပဲ။

ကျွန်တော်ဆိုလိုတာကတော့ မလွတ်လပ်တဲ့ဘ၀တွေမှာ သူတို့ တွေကို အနုပညာကိုတစ်ခုတည်းသောထွက်ပေါက်အနေနဲ့ လွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပါ။ ပြည်ပကလူတွေအနေနဲ့ သူတို့ ကပို့ ပေးတဲ့ message အဖြစ် နားထောင်ပေးပါ၊ သူတို့ ဘ၀တွေကိုလေ့လာပါ။ ဒီနည်းနဲ့ ပြည်ပကကျွန်တော်တို့ တွေ အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းကောင်းတွေရှာဖွေနိုင်ပါလိမ့်မယ်။

စာကြွင်း။ ။ သူတို့ ဟာ ဟစ်ဟော့ဦးဆောာင် အက်ဆစ်၊ ဒုတိယမျိုးဆက် ရသ နဲ့ ဂျေမီတို့ ကိုလည်း ပြစ်ပယ်မထားပါဘူး။

ကျွန်တော်တည့် ပဲပြောမယ်နော်.... စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ ဟဲလေးလို ကောင်မျိုးတွေကို စာရင်းထဲတောင် ထည့်မထား ပါဘူး။ ဒါတွေကိုပြည်တွင်းကလူငယ်တွေပဲ အသိဆုံးပါ။ မြန်မာနိုင်ငံ နယ်စပ်မဟုတ်တဲ့ မြို ပြတွေမှာပိတ်မိနေတဲ့ ကျွန်တော်တို့လူငယ်တွေ ကို ပါးစပ်တွေဝိုင်းပိတ်နေကြမယ့် အစား ပြည်ပကလူတွေနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းပါရစေ။

လေးစားစွာဖြင့်
သူရိန်

4 comments:

ရှပ်ပြေး said...

မောင်သူရိန်၊ ဒီပို့စ်ကို ဖတ်ရတော့ တော်တော်အံ့သြမိတယ်။ လူ့ဘောင် အသိုင်းအ၀ိုင်းဟာ မင်းထင်သလောက် ၊ သူတို့တွေပြောနေသလောက် အောက်တန်း မကျကြသေးပါဘူး။ လူတိုင်းပြောနေကျ စကားတွေလည်း မဟုတ်ကြပါဘူး။ တို့မြန်မာ တွေရဲ့ ဟီရိ သြတ္တပ္ပ တရားအရ လူတကာအလယ်မှာ ချပြလို့ ချပြောလို့ မကောင်း တဲ့စကား၊ လူတကာအလယ်မှာ မလုပ်ကြရတဲ့ အရာတွေကို လူလယ်ခေါင် အရှက် အကြောက်မရှိ ဆိုပြ အော်ပြတာကို မင်းက မှန်ပါတယ်ဆိုရင် ငါ နားလည် မိတာကတော့ မင်းခံယူတဲ့ အရှက်တရား ဆိုတာပဲ။ မကောင်းတာ မလုပ်ရင် ရှက်စရာ မလိုဘူးဆိုပေမယ့် လူရယ်လို့ ဖြစ်လာတဲ့ အတွက် မိမိ အရှက် လုံခြုံအောင် အ၀တ် ၀တ်ရတယ်၊ လင်ရယ် မယားရယ်လို့ လူလယ်ခေါင်မှာ သံဝါသမပြုကြတာဟာ လူ့စိတ်ဓါတ်ပါ၊ ဒီလိုမှ မဟုတ်ရင် တိရစ္ဆာန်နဲ့ ဘာများ ကွာခြား တော့မှာလဲ။ ဒါ့ကြောင့်ဒီလို ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရာသော မေထုန်ကိစ္စများကို လူတကာအလယ်၊ ကလေးတွေအလယ်၊ ဘုန်းတော်ကြီး များအလယ်ရောက်အောင် သီဆို ဖြန့်ဖြူး တာကတော့ လူ့စည်းကမ်း ကျင့်ဝတ်ကို စော်ကားခြင်း တိရစ္ဆာန်တို့၏အမူအကျင့်လို့ ယူဆပါတယ်။ ဒီသီချင်း တွေကို အောက်တန်းမကျဘူးဆိုရင် မင်းအနေနဲ့ ပုံမှန်သီချင်းလို့ယူဆမှာပေါ့။ မင်းရဲ့ ခံယူချက်ဟာ မင်းရဲ့လွပ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဖြစ်ပေမယ့် မင်းရဲ့ ခံယူချက်ကို လူ့ဘောင် အသိုင်းအ၀ိုင်း အတွင်းမှာ မင်းကိုယ်တိုင် မှန်ပါတယ်လို့ ချပြနိုင်ပါ့မလား။ မင်းကိုယ်တိုင် မင်းအမေ မင်းနှမ မင်းအမ မင်းရဲ့သမီးနဲ့ အတူတူ နားထောင်နိုင် ကြည့်နိုင်ပါ့မလား။ ဒီသီချင်းဟာ စဉ်းစားနိုင်တဲ့ အသက်အပိုင်းအခြား မရောက်သေးတဲ့ နုနယ်တဲ့ ကလေးငယ်တွေရဲ့ပါးစပ်ဖျားမှာ ထမင်းစားရေသောက် ရောက်နေရင် မိဘတွေအနေနဲ့ ဘယ်လိုခံစားရမလဲ။ ဘယ်လို ထိန်းသိန်းဆုံးမရမလဲ။ ခေတ်ကပဲ ပျက်စီးပျက်စီး ကာလကပဲပျက်စီးပျက်စီး ဒီလိုသီချင်း ဆိုဖို့ဆိုတာတော့ မသင့်ပါဘူး။ ဒို့ ဗိုလ်ချုပ် ပြောသွားတဲ့ -ာ နိုင်ငံဖြစ်လိမ့်မယ် ဆိုတဲ့ နေရာမှာ မဖြစ်စေချင်သော စေတနာဟာ ၁၀၀% ပါနေပါတယ်။ အကုန်ပေးဆပ်ထားတဲ့ လူတစ်ယောက်၊ လမ်းကြောင်းအကုန် ရှာပေးထားပြီးတဲ့ ဒို့ဗိုလ်ချုပ်ရဲ့ ဒီစေတနာ စကားနဲ့ ဒီလို ပေါက်ပန်းလေးဆယ် အမေ နှမ သား အမိ အဖေ သမီး ကြားမကောင်းတဲ့ သီချင်း မနှိုင်းသင့်ပါဘူး။ ဒီတော့ကာ ဒီသီချင်းတွေကို မညစ်ညမ်းပါဘူး၊ မောင်နဲ့နှမ၊ သားနဲ့ အမိ ကြားကောင်းတယ်၊ ကလေးငယ်တွေရဲ့ပါးစပ်ဖျားရောက်လည်း ဘာမှ မဖြစ်ဘူး၊ မိန်းကလေးတွေ အနေနဲ့လည်း နားရှက်စရာ မလိုဘူး ဆိုရင်တော့ .......မောင်သူရိန်ရေ !....... .. မင်းဘယ်လိုအတန်းအစားကလာတယ်၊ မင်းဘယ်လိုဘ၀ကလာတယ်၊ မင်းဟာ ဘယ်လို ပြုစုပျိုးထောင်မှုနဲ့ လူဖြစ်လာတယ် ဆိုတာ ပြောစရာတောင် မလိုတော့ဘူးပေါ့။ လူဆိုတာ ကိုယ့်အတန်း အစားကို ကိုယ်ပဲသတ်မှတ်ကြရတာမှတ်လား၊ စဉ်းစားပေါ့။

Nayminthuria said...

နည်းနည်းတော့ ရှုပ်ကုန်ပြီထင်တယ်.... တကယ်တော့...သူတို့ တွေဟာ အစွမ်းအစရှိသူတွေပါ။
ကျွန်တော့်ကတော့ အဲဒီအပေါ်မှာ ယဉ်ကျေးမှုပေတံနဲ့ တိုင်းပြီး ကျွန်တော်တို့ အချင်းချင်း ဝေဖန်ပြစ်တင် ငြင်းခုံနေကြမယ့်အစား.. အနုပညာဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို ပန်းချီတစ်ပုဒ်လို မြင်အောင်ကြည့်ပြီး
။ကနေ့လူငယ်ခေတ်ကိုအသေအချာလေ့လာကြစေချင်ပါတယ်။
ပြီးရင်ကျွန်တော်တို့ ဘယ်လိုပြုပြင်ကြမလဲ ဖေးမကြမလဲဆိုတာ အဖြေရှာပြီး လမ်းကြောင်းမှန် ပေါ်တင်ပေးနိုင်ရင် တိုင်းပြည်အတွက်တိုးတက်တဲ့ဘက်ကနေ သူတို့ အစွမ်းအစတွေကို အသုံးချနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။
လေးစားစွာဖြင့်
နေမင်းသူရိယ

love said...

အားပေးချင်သပဆိုရင် ကိုယ့်ဖာသာကိုယ် မိသားစု လိုက် နားထောင်ပါ .အခုလို တော့ လေးစားတယ်တွေ ဘာတွေလာလုပ်မနေပါန့ဲ ...
လေးစားသပဆိုရင် ပူဇော်ပါ...
ခင်ဗျားမှာလည်း အစ်မ ညီမတွေရှိမှာပါ.. (မရှိရင်တောင် အမေတော့ရှိပါတယ်) သူတို့ န့ဲအတူတူနားထောင်လိုက် နော်... (အကျံပေးတာပါ)
ြ(မန်မာဖောင့် အခက်ခဲရှိလို့  စာလုံးပေါင်းမှားသွားတာတော့ ခွင့်လွှတ်ဗျာ...လက်တောင်ညောင်းတယ်ရေးရတာ)

love said...

Shet , တောသူ , love , Did you always listen songs with your parents? Ha ha ha .... WTF , Good Boy/Girl . I also want to listen songs...Like you... , Don't talk about like Text Book. Really funny.....

Post a Comment

ယခင် သတင်းများ ဖတ်ရန်