15 January 2009
ကမ္ဘာနဲ့အ၀န်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရချိန် နိုင်ငံတကာ အစိုးရတွေက အကူအညီပေးရေး အစီအစဉ် အမျိုးမျိုးကို ဖန်တီးနေကြပေမယ့် မြန်မာနိုင်ငံလို လယ်ယာစိုက်ပျိုးရေး အဓိကထားတဲ့ တိုင်းပြည်မှာတော့ လယ်စိုက်သူတွေ၊ တောင်သူ
တွေအဖို့ အကူအညီ အထောက်အပံ့တွေ မရနိုင်ဘဲဖြစ်နေလို့ အခက်အခဲတွေ ကြုံနေ ကြရပါတယ်။ အထူးသဖြင့်
စပါးဈေးတွေကျဆင်း၊ စီးပွားရေးတွေမကောင်း ဖြစ်နေတဲ့ အချိန်မှာ နောက်ထပ် စိုက်ဖို့ပျိုးဖို့ အခက်တွေ့နေကြရတာပါ။ လယ်သမားတွေ ကြုံနေ
ရတဲ့ ပြဿနာတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေး
ထားပါတယ်။
လယ်ယာစိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ အဓိကလုပ်ငန်းတခုအဖြစ် လုပ်ကိုင်နေပေမယ့်
လည်း လယ်သမားတွေအဖို့ကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကြုံလာတဲ့
အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတဲ့ အခြေအနေပါ။ အခုဆိုရင်
လည်း ပြီးခဲ့တဲ့ရာသီမှာ စိုက်ပျိုးပြီးစီးခဲ့ကြပေမယ့် စပါးဈေးတွေ မကောင်းတာ၊ စိုက်ပျိုး
စရိတ်စကတွေ ကြီးမြင့်ခဲ့တာကြောင့် အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က စိုက်ပျိုးရေး
ချေးငွေတွေကိုတောင် ပြန်ဆပ်နိုင်ဖို့ အခက်ကြုံနေကြရတာပါ။ ရန်ကုန်တိုင်း လှည်းကူး
မြို့နယ်ထဲက လယ်သမားတဦး လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကတော့ …
“ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မိုးစပါးစိုက်ပျိုးဖို့ဆိုပြီး မြန်မာ့စိုက်ပျိုးရေးဘဏ်က
ချေးခဲ့တယ်။ အဲလိုချေးခဲ့တဲ့ ငွေကြေးကို အခု ၂၀၀၉ ခုနှစ် ၁ လပိုင်းမှာ အကျေအလည်
ပေးဆပ်ရမယ်ဆိုပြီး ဘဏ်တာဝန်ရှိပုဂ္ဂိုလ်တွေက ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့
အော်ပြီးတော့ ဒီ ၁ လပိုင်းမှာမှ ထုတ်ချေးထားတဲ့ငွေကို မဆပ်နိုင်ဘူးဆိုရင် အရေးယူ
ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း၊ လာမယ့် ၂၀၀၉ ခုနှစ် မိုးရာသီမှာ စိုက်ပျိုးခွင့်
မပေးဘူးဆိုတဲ့အကြောင်း လယ်သမားတွေကို ခြောက်လှန့်ပြီးတော့ တောင်းခံနေတာ
ဖြစ်ပါတယ်။
“ကျနော်တို့ကလည်း ဒီဘဏ်ငွေတွေကို ပေးဆပ်မှာပါ။ သို့သော်လည်း အခုအချိန်မှာ
ဈေးကလည်း တော်တော်လေး ကျဆင်းနေတယ်။ နောက် သီးထပ်စိုက်တဲ့ ပဲတီစိမ်း
ဆိုတာကလည်း အခုအချိန်အထိ ၀ယ်သူကလည်းမရှိ၊ ဈေးနှုန်းကလည်း ဘာမှန်းမသိ
ဖြစ်နေတယ်။ အဲဒါကြောင့် လောလောဆယ်အတိုင်းအတာမှာ ကျနော်တို့ ငွေအခက်
အခဲလေး ဖြစ်နေတဲ့အတွက် ဒီလထဲမှာ ဘယ်နည်းနဲ့မှ ပေးဆပ်နိုင်ခြင်း မရှိပါဘူး။
“အဲဒီတော့ ကျနော်တို့က လက်ရှိအခြေအနေကို ဖြေရှင်းရမယ်ဆိုရင် ကျနော်တို့မှာ
ရှိတာလေးတွေ၊ လယ်ယာထဲမှာ ခိုင်းနေရတဲ့ ကျွဲ၊ နွား၊ နောက် သားသမီး၊ သားမယား
တွေမှာရှိတဲ့ နားကပ်၊ နားဆွဲ၊ နားကွင်း၊ ရှိစုမဲ့စုလေးတွေ ပေါင်နှံပြီးတော့ မဖြစ်မနေ၊
နောက်ဆုံး မရဘူး၊ ဘယ်လိုမှ မရွှေ့ဆိုင်းနိုင်ဘူးဆိုရင်တော့ ကျနော်တို့က ဒါလေးတွေ
ကို ထုခွဲရောင်းချပြီး ဒီငွေတွေကို ပေးဆပ်ရမှာဖြစ်ပါတယ်။”
ဒီလို ချေးငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေရချိန်မှာပဲ နောက်ထပ် နွေစပါးစိုက်ပျိုးရာသီ
မှာ စိုက်ပျိုးစရိတ် အလုံအလောက်မရှိလို့ နောက်ဆက်တွဲ ပြဿနာတွေနဲ့လည်း ကြုံနေ
ကြရတာပါ။ မြန်မာနိုင်ငံရဲ့ အဓိက ဆန်စပါးစိုက်ပျိုးရာ ဒေသတခုဖြစ်တဲ့ မြစ်ဝကျွန်းပေါ်
သား လယ်သမားတဦး ပြောပြတာကတော့ နွေစပါးခင်းတွေအတွက် ဓာတ်မြေသြဇာဖိုး
တောင် မတတ်နိုင်ကြလို့ လယ်သမားတွေ လက်မှိုင်ချနေကြရတယ်လို့ ဆိုပါတယ်။
“စပါးကလည်း သိပ်မထွက်ဘူး၊ စပါးဈေးကလည်း မကောင်းဘူး။ နောက် စပါးဆိုတာ
ကလည်း အရင်းအနှီး အလုံးအရင်းနဲ့လုပ်ရတဲ့ အလုပ်လေ။ လောလောဆယ်ဖြစ်နေတဲ့
ပြဿနာက လုပ်တော့လုပ်ပြီးသွားကြပြီ။ ဟိုလူ့ဆီက ရနိုးနိုး၊ ဒီလူ့ဆီက ရနိုးနိုး၊ ဟိုလူ့
ဆီက ဆွဲလို့ရမလို၊ ဒီလူ့ဆီက ဆွဲလို့ရမလိုလိုနဲ့ လုပ်ပြီးသွားပြီ။ အခုအချိန်မှာ
လက်ပိုက်ကြည့်နေရတဲ့ လယ်သမား တော်တော်များတယ်။ တချို့ကွင်းတွေမှာ ကွင်းလုံး
ပြည့်နီးနီး အဲဒီလောက်အနေအထားမျိုး ရှိတယ်။
“ဘိုကလေးအပိုင် ကမ်းကြီးကျေးရွာထဲမှာဆိုရင် တော်တော်များများပါပဲ။ အခု စပါး
တွေက ၀ါလည်းဝါနေပြီ၊ နီလည်းနီနေပြီ။ ဒီစပါးက မိုးစပါးလိုမဟုတ်ဘူး။ သူက
မကျွေးရင် ဘာမှမရဘူး။ မဖြစ်ကိုမဖြစ်တာ။ မိုးစပါးကမှ သူ့ဟာနဲ့သူ ထိုက်သင့်သ
လောက် သီးသေးတယ်။ ရသေးတယ်။
“ဓာတ်မြေသြဇာကလည်း ဈေးနှုန်းတွေက အခု မကျတဲ့အပြင် ထပ်ထပ်တက်လာတယ်။
အရင်ရက်က ၂၂,၀၀၀ လောက်က အခုဆိုရင် ၂၃,၀၀၀၊ ၂၄,၀၀၀၊ ထောင့်လေးငါးရာ
လောက် တက်သွားတယ်။ ပြည်တွင်းထုတ်တဲ့ ဓာတ်မြေသြဇာလည်း ရှိတယ်။ အဲဒါ
လည်း မနှစ်က သူတို့ ကျေးရွာရယကတွေက တဆင့်ရောင်းတာ ၁၁,၀၀၀ လောက်
ရှိတယ်။ အခု ဘိုကလေးမြို့ပေါ်မှာ သွားယူရမှာကိုက ၁၉,၈၀၀ လောက် ဖြစ်နေတယ်။
အဲဒါလည်း လက်ငင်းပေးမှရတာ။ လယ်သမားက ပေးစရာမရှိတော့ ပတ်သက်ရာ
ပတ်သက်ကြောင်း ကုန်သည်တွေဆီကပဲ ၇ ကျပ်တိုး၊ ၈ ကျပ်တိုးနဲ့ သုံးလလောက်
ယူသုံးကြရတယ်။ အဲဒါလည်း တနှစ်နဲ့တနှစ် တယောက်နဲ့တယောက် စာရင်းပြတ်မှ
ယူလို့ရတာ။ ယူလို့မရတဲ့လယ်သမား အများကြီးပဲ။
“တခြားတိုင်းပြည်တွေမှာတော့ ဘယ်လို နိုင်ငံတော်က ပံ့ပိုးကူညီပေးတယ်၊ ဘယ်လို
ကျားကန်ပေးတယ်ပေါ့။ ကျနော်တို့အစိုးရကတော့ ဘာများလုပ်ပေးမလဲ၊ ဘာများ
လုပ်ပေးမလဲ၊ ဘာမှလုပ်မပေးတော့လည်း ဘာတတ်နိုင်မှာလဲ။”
လယ်သမားတွေ စပါးဈေးမကောင်း၊ စီးပွားရေးအခက်တွေနဲ့ ကြုံနေကြရလို့ တွက်ချေ
မကိုက် ဖြစ်နေကြရတာတွေ ညည်းညူခဲ့ကြတာပါ။
ကမ္ဘာတ၀န်း စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံနေကြရလို့ နိုင်ငံတကာ အစိုးရတွေ
က စီးပွားရေးအစီအမံတွေရေးဆွဲ၊ လယ်ယာစိုက်ပျိုးရေး အပါအ၀င် စီးပွားရေးလုပ်ငန်း
တွေအတွက် ထောက်ပံ့ကူညီတာတွေ လုပ်နေကြတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီလိုအစီ
အမံတွေ မကြားရသလို မကြာသေးခင်ကဆိုရင်လည်း အစိုးရပိုင် သတင်းမီဒီယာတွေ
မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တည်ငြိမ်နေတယ်၊ ကမ္ဘာတ၀န်း ရင်ဆိုင်နေရတဲ့
ပြဿနာတွေဟာလည်း ရိုက်ခတ်မှုမရှိဘူး ဆိုပြီးတော့တောင် ဖော်ပြရေးသားခဲ့တာတွေ
တွေ့ရပါတယ်။
Thursday, January 15, 2009
မြစ်ဝကျွန်းပေါ် လယ်သမားများ စိုက်ပျိုးစရိတ် အခက်ကြုံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
January
(451)
- အကြောက်တရားမှကင်းလွတ်ခြင်း (Freedom from fear)
- နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
- Burma VJ ရုပ်ရှင်ကား နမူနာ
- မြန်မာပြည်ကာကွယ်မည် တပ်မတော်ညာနေသည်
- NLD ၏ထုတ်ပြန်ကျေငြာချက်အား ထောက်ခံဆန္ဒပြပွဲ ဖိတ်ကြာ...
- On 6 February 2009, the United Nations Postal Admi...
- အာဏာရှင်ရဲ့ဖိနှိပ်မှုကို မိသားစုလိုက် ခံစားနေရတဲ့ ...
- 8888 People Power News Bulletin ဖေဖေါ်ဝါရီ စာစောင်
- လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်
- ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည...
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ
- Voice of Burma စာစောင်
- ဝန်ကြီးများ၏ ညီလာခံ ဖလားလုပွဲ အဖြစ်သနစ်မှန် ဖြေရှ...
- အုပ်ချုပ်သူ သောက်သုံးမကျလို ကိုယ့်လူတွေ လူကုန်တွေ ...
- ကလိမ်ကကျစ် အေးလွင်..
- နအဖ စစ်တပ် က မုဒိန်းကျင့်၊ လူသတ်၊ ဒါးမြတိုက် ဒါတွေ...
- ငတ်သေတော့မဲ့ မသာ ပေါတော့မဲ့ ရွှေမြေ..နအဖတွေ ဘာလုပ်ေ...
- မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ
- မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ...
- DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်...
- ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက...
- ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
- အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်း...
- အကြွင်းမဲ့ ဥဿုံ ထောက်ခံပါသည်။
- စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တ...
- ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခ...
- Rohingya victims of abuse speak out - 29 Jan 09
- လေးစား ဂုဏ်ယူမိပါသည်..
- CHAIN Than Shwe
- ကရင် အမျိုးသားတော်လှန်ရေး..နှစ် ၆၀ အတွက် ဂုဏ်ပြု သ...
- NLD Statement for Free DASSK and all political pri...
- သူခိုးပြေးမှ ထိုးကွင်းထတယ်ဆိုတာ ဒါမျိုးပေါ့
- ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သ...
- ထူး မခြားနား နိုင်ငံရေး ပွဲစားများ
-ှရှက်ဖွယ်လိလိ..အာဏာ မျက်နှာကြည့်သော အာဏာမရှိသေးသည်...
- အသံတွေ ကြားနေရတယ်...အဟက်..အဟက်
- ၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
- ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ
- ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်
- HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်
- အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
- International Community's Concern on Rohingya Refu...
- Surviving fishermen to return to Burma
- Rohingyas claim Myanmar troop abuse - 27 Jan 09
- 60th Anniversary of Karen's Revolution Day
- CHANGE BURMA
- ငတ်နေကြပြီ..စိန်ကခုထိ မက်တုန်းလား
- Refugees in Thailand convicted
- မြန်မာ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၉၁)
- ကျုပ် ကအောင်ဆန်း ပါ။
- ဇန္နဝါရီ ၂၈ ၂၀၀၉ သတင်း
- ANC Statement on Global Day of Action in Protest o...
- ဘာတွေ အဝေမတည့် ကြပြန်ပြီလည်း.
- လောင်စာဆီ ထွက်မထွက်တော့ မသိ..စားရင်တော့ အသက်ထွက်မဲ...
- ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံမှ ထွက်ခွာရန် ထိုင်းတရ...
- မယ်လစခန်းကို ထိုင်းအာဏာပိုင် ရှောင်တခင် ၀င်ရောက် ...
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေး...
- မင်္ဂလာရှိသော မေမေ
- သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်...
- အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်
- ယမန်နေ့ ညနေက နေကြတ် (နေကြတ်ခြင်းသည် အတိတ်နမိတ်မကော...
- နအဖမှ စစ်လေယဉ်ကွင်း အသစ်တခု ရခိုင်ပြည်နယ် မြောက်ပိ...
- နမ္မတူတွင် စစ်သားခွဲတမ်းချ
- အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ
- ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန...
- မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား
- ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်
- မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး...
- နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတ...
- ဂျောက်ဂျက်ဂယက် -အမျိုးသမီးများ၏ အသံ
- ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တ...
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ပထမဆုံးအမှု စတင်စစ်ဆေး
- ဇန္နဝါရီ ၂၆ ရက်၂၀၀၉ သတင်း
- 100th Anniversary U Thant
- ဗူးပေါ်သလိုပေါ်လာပြီ..
- မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
- ၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု
- Please! Share love to the children of Myanmar
- ရဲဘော်တစ်ဦးရဲ့ ပေးစာ
- ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက...
- နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသား...
- ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသ...
- Celebrating U Thant's Centennial Anniversary (VOA ...
- တော်လှန်ရေး ဆိုသည်မှာ
- အဖေ ပြောခဲ့တဲ့ စကား..
- ဦးဝင်းတင်ပြောတဲ့ ဦးသန့်
- U Thant at the United Nations
- ဖိတ်ပါတယ် စုပေါင်းအလှူပွဲ
- အတုမလို..အစစ်ဘဲလိုတယ်..
- အသစ်ဘယ်လိုကောင်းကောင်း..အဟောင်းတလည်လည်..
- ဇန္နဝါရီ ၂၃ ၂၀၀၉ သတင်း
- ဦးသုမင်္ဂလ၏ တရားတော် များ download လုပ်လိုပါက
- ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များရဲ့ဘဝ
- Rohingya migrants claim Thai abuses - 24 Jan 09
- ကြက် ဌက်တုတ်ကွေး ရောဂါအကြောင်းသိကောင်းစရာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့် အခန်းအနား
- မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီညီလာခံ ထုတ်ပြန်ကြေ...
- ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတ...
- PDF Democracy Party News Bulletin
- Media Statement about Kay Thi Aung
- ရခိုင်သတင်းစာ January 2009
- ခွပ်ဒေါင်းများရဲ့ ကြုံးဝါးသံ
- ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား
- ဘဘ သိန်းစိန်ထံပေးစာ
- မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ
- ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ်...
- ဂမ်ဘာရီ ပြန်လာမည်
- ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်...
- ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ
- လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင...
- ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော
- ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျု...
- World Issues: Myanmar (Burma)
- ရေခဲဗူးကလေးဖြင့် ပင်လယ်ရေထဲ မြောနေသူများ..
- Trafficked and exploited migrant labourers in Thai...
- Inside the Kachin Independendence Army ( KIA.ဆိုတာ...
- ခေမာသောင်နဲ့ ဟို အဝေးမှာ..မြောနေကြသူများ
- 2008 ရဲ့ မြန်မာ့ရှုခင်း ( ဘယ်တော့မှမေ့ မရဖူး)
- Interview: Anders Østergaard and Joshua on "Burma VJ"
- ဦးသန့် ကို ကမ္ဘာက လေးစားတယ်.
- မြန်မာ့နိုင်ငံရေးကတော့ မပြောင်း ဧည့် ဘဲ ထောင်းနေ
- အလင်းရနံ့ ဂျာနယ်..
- ပုံပြင်ထဲက ယုန်နဲ့ လိပ် ဘယ်သူ ပထမချိတ်မလဲ
- ညောင်စေ့ လှုသော်လည်း ညောင်ပင်ကြီးလောက်ရမဲ့ ကုသိုလ်
- လားဟူပြည်သူစစ်များကို အင်အားတိုးချဲ့ရန် ညွှန်ကြား
- ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ...
- မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ
-
▼
January
(451)
No comments:
Post a Comment