( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် ။ အ ပိုင်း (၁၇)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရာဇ၀တ်မှုများ တိုးတက်လာနေသော ဥပဒေမဲ့ မင်းမဲ့ မြန်မာပြည် ။xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာပြည်အတွင်း အမှန်ဖြစ်နေသော ဖြစ်ရပ်မှန်များကို ( န-အ-ဖ ) သတင်းစာရှင်းလင်းပွဲ များတွင် ပြည်သူအများသိအောင် ထည့်သွင်းရှင်းလင်းခြင်း မပြုသဖြင့် မသိရသော အချက် ထဲတွင် ရာဇ၀တ်မှုထူပြောလာခြင်း သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည် ။ (၁၆-၁-၂၀၀၉) ခု သောကြာနေ့  နံနက် ( ၉း၃၀ ) ခန့် က ၊ ရန်ကုန်မြို့  ၊ လမ်းမတော်မြို့ နယ် အမှတ် ( ၄) ရပ်ကွက် ၊ (၁၀) လမ်း နှင့် ကျုံးကြီးလမ်းထိပ် ။ ( ပထမထပ် ) တွင် လုယက် ဓါးပြတိုက်မှု တစ်ခုဖြစ်ပွါးခဲ့ပါသည် ။ အခင်းဖြစ်ပွါးပုံမှာ ထိုအိမ်နေရာတွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင် ( စူဇန် ) ၊ ဆိုင်ပိုင်ရှင် ( မ လှယဉ်ကျေး ) ဆိုသူက ၊ နံနက် (၉း၃၀)ခန့် တွင် ဆိုင်ဖွင့်ရန်ရောက်ရှိလာပြီး ၊ ဆိုင်တံခါး များဖွင့်၍ ဆိုင်တွင်းသို့  အ၀င်တွင် နောက်မှ တစ်ပါတည်း လိုက်ပါလာသူ (လူငယ် ၄ ဦး ) အနက် ( ၃ ဦး ) က ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး အသင့်ပါလာသော လက်နက်များဖြင့် ရိုက်နှက်ပြီး ၊ လက်ဝတ်လက်စားများကို လုယူကြခြင်း ဖြစ်ပါသည် ။
ဆိုင်ခန်းအပြင်လှေခါးတွင် ကျန်လူငယ်တစ်ဦးက အစောင့်အဖြစ် စောင့်ပေးနေပြီး ကျန်လူငယ်သုံးဦးက လုယက်ယူနေစဉ် ၊ ထိုတိုက်ခန်း၏ အပေါ်ထပ်နေ အိမ်နီးခြင်းတစ်ဦးက တိုက်ပေါ် သို့ တက်လာရင်း အတွင်းမှ ( ငါ့ကိုမသတ်ပါနဲ့ ၊ ငါ့ကိုမသတ်ပါနဲ့ ) ဆိုသော အသံကို ကြားလိုက်သဖြင့် ဘာတွေဖြစ်နေတာလဲလို့  မေးသည့် အခါ မောင်နှမ(၂)ယောက်ရန်ဖြစ်နေတာပါဟု အခန်းအပြင်တွင်စောင့်နေသော လူငယ်ကပြန်၍ ဖြေလိုက်ပါသည် ။ ဆိုင်ပိုင်ရှင်၏ အစ်ကိုဆိုသူမှာ မြန် မာပြည်တွင်မရှိပဲ နိုင်ငံခြားတွင်ရှိနေ သည့် အကြောင်းကို သိရှိနေသော အိမ်နီးနားချင်းက မသင်္ကာသဖြင့် အောက်ထပ်မြေညီတွင်နေသော တခြားအိမ်နီးချင်းများအား ဖုံးဖြင့် အသိပေးပြီး ၀ိုင်းဝန်းဖမ်းဆီးကြရာ လုယက်သူ တစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပါသည် ။
လုယက်ခံရသူ ( မ လှယဉ်ကျေး )ဆိုသူမှာ ဦးခေါင်းတွင် အရိုက်ခံရပြီး ဒါဏ်ရာရရှိသွားပါသည် ။ လက်ဝတ် လက် စား များလုယက်သူများ ထံ ပါသွားကြောင်းကို သိရှိရ ပါသည် ။
တာဝန်သိ အိမ်နီးနားချင်းများ၏ ဖမ်းဆီးပေးမှုကြောင့် ပစ်မှုကျူးလွန်သူ (၁)ဦးကို ဖမ်းမိခဲ့ ရခြင်းဖြစ်ပြီး (ထုံးစံအတိုင်း) အနှိပ်ခန်းများတွင် ညအိပ်နေသော ပြည်သူ့ ရဲ ဆိုသူများကတော့ အိပ်ယာက မနိုးသေးလို့  မသိလိုက်ပဲ ပြည်သူအများဖမ်းပေးသော တရားခံတစ်ဦးကို အဆင့်သင့် ခေါ်ဆောင်သွားပြီး နာမည်ကောင်းဝင် ယူသွားကြောင်းသတင်းရပါသည်။ (န-အ-ဖ) လက်အောက် ကျွန်ဖြစ်နေရ သော ကာလ၏ တိုးတက်မှုတစ်ခုပါ ။ (သိပ်ပြီးတိုးတက်လာနေသော ရာဇ၀တ်မှုများပါတကား)
ပြောလက်စနဲ့ ပြောဖို့ ကျန်သွားမှာစိုးလို့  ရန်ကုန်တိုင်း (လသာမြို့ နယ်) က (မယက ) ဥက္ကဋ္ဌ ဆိုသူ တစ် ယောက် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မောင်ခိုင်လမ်းအတွင်း ကျင်းပသော တရားပွဲသုံးရက်အတွက် သူထိုးပေးရမဲ့ လက်မှတ်နေရာမှာ ခက်ခဲအောင်လုပ်ပြီး လက်မှတ် မထိုးပေးလို့  ဆရာတော်များ၏ အဆင့်ဆင့်တိုင်ကြားမှုကြောင့် ကျယ်ပြန့် သွားပြီး ၊ အထက်အထိရောက်သွားလို့  အခု ( အလုပ်ပြုတ်သွားပြီ) ဆိုပဲဗျ ။ (ဒါမျိုးတွေလည်း နေရာတိုင်းမှာ အထူးကို တိုးတက်နေပါတယ်)
(အ ဘ ယ)

No comments:
Post a Comment