Saturday, January 10, 2009

ဘယ်သူယောက်ျားကောင်းပါလည်း

သတ္တိ

ရုရှရောက်ခွေးတစ်ကောင်
လန့်ဟောင်တာကြားဖူးတယ်
ယောက်ျားကောင်းမှစစ်သားဖြစ်တာတဲ့။ (ဟ .. ဟ …)

အသက်မွေးစရာရှားသလား
လူ့အသက်သတ်ကာ
ဝမ်းစာရှာပါမယ်လို့စစ်ထဲဝင်
လူသတ်လိုင်စင်ယူလိုက်တာ။ (လူမိုက်ပါဗျာ …)

ယောက်ျားကောင်းဆိုတဲ့ကောင်
အပ်တိုတစ်ချောင်းမပါတဲ့လူကို
သေနတ်နဲ့ထောက်ဝမ်းလျားမှောက်ခိုင်းပြီး
ပစ်သတ်ရဲတာသတ္တိလား။ (ရှက်တတ်ရင် ရှက်စရာ …)

လက်ဗလာလူအများကို
စက်သေနတ်နဲ့မွှေ့ပြီး
ခိုင်းတိုင်းသတ်တာ
နှလုံးရည်လား
ချီးစားသလားမေးချင်တယ်။

ငါ့ညီရယ် …
ယောက်ျားကောင်းမှန်ရင်
အမှန်ကိုမြင်တယ်
အမှားကိုပြင်တယ်
မင့်သတ္တိတော့ကြည့်ချင်သေးတယ်။

ကဲ… ယောက်ျားကောင်းတကယ်ဆို
မင့်သေနတ်ပြောင်းတိုကို
မင့်ဗိုလ်ဆီကိုသာလှည့်ပြီး
တည့်တည့်ကြီးဆွဲချလိုက်။


စိန်ခေါ်သူ
(ရေးသူ ၏ အမည်မသိပါ။)

1 comment:

Myint said...

ထိလိုက်တဲ့ ကဗျာ

Post a Comment

ယခင် သတင်းများ ဖတ်ရန်