Monday, January 12, 2009

တန်ဖိုးရှိသောလူ

တန်ဖိုးရှိတဲ့  လူသားတယောက် အဖြစ်ရပ်တည်ပြီး အမှန်တရားကို အမှန်အတိုင်း သတ္တိရှိစွာ အများအကျိုး အတွက် အတ္တ မပါဘဲ ရှင်သန် ဖြတ်သန်းရသော ဘ၀သာ သိပ်ကို မြတ်နိုးစရာကောင်းလှပါတယ်။ အောက်ပါပုံ မှာ စစ်အကြမ်းဖက် လူတစုမှ မကြာမှီက လွှတ်ပေးလိုက်တဲ့  သတင်းစာဆရာကြီး ဦးဝင်းတင် အား အပုပ်ချဝေဖန်ထားသော (သာကီနွယ် ဘလော့မှ) ပုံအား ပြန်လည်တင်ပြချင်ပါတယ် ။ အမှန်ကိုတင်ပြဝေဖန် ထောက်ပြမိ လို့  ထောင်နှစ်ရှည်ကျခဲ့  ပေမယ့်  လည်း အပြုံးမပျက် ရင်ကော့ပြီး မိမိခံယူချက်ကို စွဲကိုင်ကာ မျှော်လင့်ချက် အလံကိုရင်မှာ လွှင့်လို့  နေ့ စဉ်ချီတက်နေတဲ့  ဆရာကြီး ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်းများ ဟာ အဖေါ် မပါပေမယ့်  တကမ္ဘာလုံး က စောင့်ကြည့် အားပေးနေကြမယ် ဆိုတာယုံကြည်မိပါတယ်။


အခုဆက်လက်ဖေါ်ပြမယ့်ပုံကတော့ လူ့ ဘ၀ဖြစ်တည်ရာသက်တန်းတလျှောက်လုံး လူသတ် မုဒိန်းကျင့် ပြီး အ သက်ရှင်ကြီးထွားလာခဲ့  တဲ့  လူသဏ္ဍာန်ပေါက်နေတဲ့  တိရိစ္ဆာန်သာသာ ကိုယ့်အတ္တကိုယ် ယက်နေခဲ့ တဲ့ လူ့ တိရစ္ဆာန် တယောက် ပုံအကြောင်းဘဲဖြစ်ပါတယ်။

တသက်လုံးပြုမိခဲ့ တဲ့ မကောင်းမှုတွေကြောင့်  ဘယ်နေရာ သွား သွား တယောက်တည်း သတ္တိရှိရှိ မသွားရဲတဲ့  ၊ ကိုယ့် အရိပ်ကိုတောင် ကိုယ် ပြန်ကြောက်နေရှာ တဲ့ မုဒိန်းကောင် အောက်တန်းကျလူသတ်သမား ၊သံဃာ သတ်သမား သန်းရွှေ ဘဲဖြစ်ပါတယ် ။ အနူတောကြား လူချော ဆိုသလို ဘာရုပ်မှ မပေါက်သော အုပ်စု အခြံအရံကြားမှ ချိနဲ့  စွာလျှောက်ရင်းဆင်းလာသော သေခါနီး သန်းရွှေ ဘဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ မကောင်းမှုနာမည်နှင့်သာ မထင်မရှား နာမည်ကြီးနေခဲ့ ပြီး ကမ္ဘာ့ သမိုင်းတလျှောက် မကောင်းမှုဒုစရိုက် နာမည် နှင့်သာ ထင်ကျန်နေမယ့်  သန်းရွှေ နှင့် တဇလုံတည်းစား အုပ်စု ပုံအား မျှဝေတင်ပြ လိုက်ပါတယ် ။

လွတ်လပ်ရေးကို ဦးတည်လျက်
ဒေါင်းတမာန်.

တစ်ကောင်ထဲမသွားရဲတဲ့ သန်းရွှေ

2 comments:

Queen said...

ကိုကို ကလည်း သူကတိုင်းပြည်ခေါင်းဆောင်ဆိုတော့ လုံခြုံရေးကတော့ ဒီလောက်ယူရမှာပေါ့။သွားလူဆိုး ...

မင်းနန္ဒ said...

သိပ်ကိုကောင်းတဲ့ တင်ပြချက်ပါပဲ။ တစ်ယောက်တည်း အိမ်ကိုပြန်သွားတဲ့ ဆရာကြီးဦးဝင်းတင်ကို သနားစရာလို ခြယ်မှုန်းပြထားတဲ့ သာကီနွယ်..။ ဦးသန်းရွှေ အဲလို တစ်ယောက်တည်း ပြည်သူကြားကိုထွက်ရဲပါသလား..။ ဝေးပါတယ်။ လူကြားသူကြားမထွက်ရဲတဲ့ နိုင်ငံအုပ်ချုပ်သူ (ခေါင်းဆောင်)ဆိုတာ ဟိုးအင်္ဂလိပ်ခေတ်ကစလို့ ယနေ့အထိ ဘယ်သူများရှိအုံးမလဲ..။ အခြွေအရံမပါတဲ့ ဦးဝင်းတင်ရဲ့ခြေလှမ်းများဟာ ခိုင်မြဲတယ်၊ တည်ကြည်တယ်၊ လိပ်ပြာသန့်တယ်၊ ရဲရင့်တယ်။ နံဘေးမှာ ဘယ်သူမှမပါပေမယ့် တကမ္ဘာလုံးက မျက်ဝန်းတွေ တွဲပါနေတယ်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်