Showing posts with label ဖတ်ရန်. Show all posts
Showing posts with label ဖတ်ရန်. Show all posts

Wednesday, December 16, 2009

တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )

“ တက္ကသိုလ်…နန်း……မြကျွန်းပမာရည် ၊ ဆောင်နန်းမြို့ တည် ။
အောင် ခန်းမျှို့  ဝေေ၀စည် ၊ ပညာတံခွန် အောင်လံလွှင့်လို့  ၊
ကြဌာန်းမြင့် နှုန်းနေခြည် ။
အ၀ိဇ္ဇာမောဟ မြူညစ်ပျောက်မည် ။
အ၀ိဇ္ဇာလောက မူသစ်ဆောက်တည် ။
ဗြဟ္မစာရ လောကပါလ တရားစုံညီ ၊
ငြိမ်းချမ်း ပြည့်ဝ ခိုင်မြဲတည် ။
နွှဲဖက်ရွှင်ကြည် ၊ ရောင်စိုရွှင်လန်းသည် ။
ညောင်ညိုပင်စခန်း ဖြန့်  ၀န်းရိပ်လည်လည် ။
ဆုံကြတွေ့ ကြလို့  မေ့မရတာရှည် ၊
တက္ကသိုလ် သည် မေ့မရတာရှည် ၊
တက္ကသိုလ် သည်ကျွန်း ၊ မြွက်ဆိုရည်ညွှန်း ၊ ဥဒါန်းကမ္ဘာ တည် ။
တို့ ပြည် တို့ အမျိုး တို့ အကျိုးဦးတည် ။
လူ့ ပြည် လူများ လူသားဂုဏ်ရည် ။
ဆောင်ရွယ်မူချ ၊ မောင်မယ်တူပ ၊ လွန်းကြင်ရွှေဌက်မျှ ၊
ကြင်ရေးဖွဲ့ ချီ လွမ်းဖွယ်စည် ၊
ကြည်နူးဖွယ်အပေါင်းနဲ့  တို့ ကျောင်းတက္ကသိုလ်ပြည် …….။

(န-အ-ဖ လက်အောက်မှာ စုတ်ပြတ်သတ်သွားပြီး ဂုဏ်သိက္ခာ ၊ ပညာအဆင့်အတန်း ၊ မရှိတော့တဲ့ တက္ကသိုလ်ကြီးရဲ့  အခြေအနေတွေကို ၊ နှိုင်းယှဉ် ကြည့်နိုင်ဖို့ အတွက် )

အ-ဘ-ယ

အဆင့် ၁ မှ ၂၀ ရှိ အရှေ့တောင်အာရှ တက္ကသိုလ်များ၏ အဆင့်အတန်း???
အို ဘယ့်.. ရန်ကုန်တက္ကသိုလ်
Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။

အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ် တောင်မပါဘူး။
တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ် အလိုက် ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်း ဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာ မျက် နှာ မှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။



ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။
“အို… ကို ရန်ကုန်တက္ကသိုလ် …
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊တမင်တကာ မသိချင်ယောင် ဆောင်နေတာလား၊
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..
မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆိုတာကို မမေ့တန်ကောင်းပါဘူး
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။

ဒီတသက် ခေါင်းမချခင်မှာ မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...

ထို့အတူမင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့….”တို့ ဆုတောင်းလိုက်ပါတယ်ကွာ။
အဆင့် ၁ မှ ၂၀ ရှိ အရှေ့တောင်အာရှ တက္ကသိုလ်များ၏ အဆင့်အတန်း


1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀ကမြန်မာပြည်က ရန်ကုန် တက္ကသိုလ် ကိုကြည့်ပြီး သိပ် အားကျခဲ့တာ ရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့
စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့အခါ ငါတို့ Burma က Rangoon City ကို သူတို့ရဲံ ပညာရှင်တွေကိုယ်တိုင်
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး Singapore ကို တည်ဆောက်ခဲ့တာဘဲလေ......


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်) ဆို ဘားမားဘောလုံး အသင်းရဲံ အောင်မြင်မှုကို အရှေ့တောင်အာရှ က ဘယ်အသင်း မီမှာတဲ့လဲ အာရှမှာ ချန်ပီယုံဖြစ်ခဲ့တာတွေက ပုံပြင်တွေလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလားတဲ့ Burma မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေတို့ ဘားမားတွေ သူတို့ကို အိမ်သာဆေးခိုင်းတာတို့ ဘားမားတွေ အင်္ဂလန်သွားတယ်ဆိုတာက ပညာတော်သင်..ပညာရှင်အဖြစ်နဲ့အခုတော့........မောင်
မလေးမှာ အိုးတိုက်မှာလား စလုံးမှာ စားပွဲထိုးမှာလား ဒူဘိုင်းမှာ တွင်းတူးမှာလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့..

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 6, 2009

Linkလေးတွေကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ်

မိတ်ဆွေများအားလုံး Linkလေးတွေကို မိတ်ဆွေတယောက်က ပို့ပေးလိုက်တာကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 30, 2009

နိုဝင်ဘာ (၃၀) ၂၀၀၉ သတင်းများ

30 Nov 2009 Diary

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 24, 2009

မိုးမခ အထောက်တော် အမှတ် ၀၀၄

24th NOV 2009 - MoeMaKa Daily

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 23, 2009

ဦးဝင်းတင် ၊ ဦးအေးသာအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်)၏ ရွှေဂုံတိုင် ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် သ၀ဏ်လွှာ

UWinTin&UAyeTarAung Speech for Symposium
http://nldlajb.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 22, 2009

သန်းရွှေရဲ့ ဒံပေါက်နဲ့ ဒေါ်လာနှစ်ရာတန် ဆိုတာ

သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်းရေးက တော်တော် ကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာ သိရီလင်္ကာနိုင်ငံရောက်တယ်၊ မြန်မာစာ သင်သံဃာတော် ၃၀၀-လောက် အ၀င်အထွက်ရှိတဲ့ မကုဋာရာမ မြန်မာကျောင်းကို မလာရဲပါဘူး။ တကယ် လာခဲ့ရင်လည်း ပြဿနာတက်မှာ ကျိမ်းသေတယ်။

ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေးပြန်ရုံမကဘူး ဖင်မွေးတောင် ထောင်လာမယ်။ သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကိုသွားတယ်၊ ဗိုက်နာလို့ ဆေးရုံတင်ရတယ်။

အရှင်မဟိန္ဒပွင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့ ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးက အကြီးအကျယ်ရွာတယ်။ အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ရောက်တော့ သိရီလင်္ကာနိုင်ငံရှိ လက်ရှိအတိုက်ခံ ပါတီက (မြန်မာပြည်သား တယောက်မှမပါ) ဆန္ဒပြကြပြန်တယ်။ ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ရိက္ခာနဲ့ ကျောင်းတက်နေတဲ့ ဦးဇင်း( ၅ )ပါးကို ဆွမ်းကပ်တယ်။

ဒေါ်လာ(၂၀၀)စီ လှူသွားတယ်တော့ သတင်းရတာပဲ။ သန်းရွှေပြန်သွားတော့ အေးပြီမှတ်တာ၊ ဘယ်ဟုတ်မလဲ သံရုံးကိုစီစဉ်ခိုင်းသွားတာလေ ကြည့်ကြပါဦး---- ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးကလာပြီ ဒံပေါက်ဆွမ်းနဲ့ သင်္ကန်းတစုံ၊ ရူပီးငွေ (၂၁၀၀၀=US 200) လှူတယ်ဗျာ။ ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။

ဘုန်းပေးတဲ့ဆရာတော်တွေကိုလည်း အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့်ဗျာ မိမိတို့သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မေတ္တာပို့ခဲ့တဲ့အသံတွေ၊ ထောင်ရောက်နေတဲ့အဖော်ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ ရှောင်ပုန်းပြေးလွှာနေရတဲ့ဆရာတော်တွေ၊ ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊ လက်ရှိအပိတ်ခံထားရဆဲ သာသနာ့ပိုင် နယ်မြေတွေ၊ ပြောစရာတွေကအများကြီးပါပဲ။

အထက်ကပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ဆရာတော်တွေကိုတော့ တော်တော်လေး အံ့သြမိပါတယ်။
(မှတ်ချက်။ ။ အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ်အတွင်း၌ကံဆောင်တော်မူကြတဲ့ ဆရာတော်(၄၈)ပါးမပါပါ။ ပြီးတော့သာသနာ့ စိတ်ဓါတ်ပြင်းပြတဲ့ ဆရာတော်များမပါဝင်ပါ။) ဤသို့သတင်းရရှိပါသည်။
လင်္ကာဒီပစာသင်သားလေး

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုမြန်မာ တိုင်းရင်းသားများ သိကောင်းစရာ

About
မျှဝေပေးသူ ကိုလှအေးမောင် အားကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 19, 2009

ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှုကြောင့် ဘလော့ဂ်ဂါတဦး ထောင်ဒဏ်များစွာ ချမှတ် ခံရဖွယ်ရှိ

alt

ရွှေဝါရောင် တော်လှန်ရေး၏ အထိမ်းအမှတ် လိုဂို © ( ဓါတ်ပုံ - အေပီ သတင်းဋ္ဌာန )

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်း ရိုက်ကူး ခဲ့သော မှတ်တမ်း ဓာတ်ပုံ များကို အင်တာနက်တွင် Upload တင်ခဲ့ မှုကြောင့် မြန်မာ နိုင်ငံမှ

Blogger တဦးသည် ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံရရန် နီးစပ်နေကြောင်း သိရှိ ရသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့သည် ကိုဝင်းဇော်နိုင် လွတ်မြောက်ရေး နှင့် အခြားသော အဖမ်းဆီးခံ Blogger များအား လွှတ်ပေးရေး တို့အတွက် မြန်မာ စစ်အစိုးရထံ တောင်းဆိုလျှက် ရှိသည်။ နိုင်ငံတကာ အနေနှင့် မြန်မာ့အရေးကို ညင်သာစွာ ကိုင်တွယ် ဖြေရှင်းရန် ကြံစည် နေခြင်းအား အခွင့်ကောင်း ယူကာ မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း မတရား ဖိနှိမ်မှုများ ပြုလုပ်နေကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့က ပြောဆိုလိုက်သည်။

လွတ်လပ်သော သတင်းပြန်ကြားမှု မရှိဘဲ လာမည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည်ဟု မည်သို့မျှ သတ်မှတ်နိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့၂ဖွဲ့က ဆက်လက် ပြောကြားသွားခဲ့ပြီး၊ ကိုဝင်းဇော်နိုင်သည် အသက် (၂၄)နှစ်သာ ရှိသေးပြီး ပြီးခဲ့သော သီတင်းပါတ်များ အတွင်း ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်တွင် ရဲများက လာရောက် ဖမ်းဆီးသွားမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ရှေ့နေများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့သေးပဲ၊ ကိုဝင်းဇော်နိုင် သည် မြန်မာ စစ်အစိုးရ ပြဌာန်းထားသော အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံ ရဖွယ်ရှိနေပြီး ၎င်းသည် http://shwenyarthar.co.cc အမည်ရှိ ဘလော့ဂ် ၀ဘ်ဆိုဒ်တွင် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများအား Upload တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လူထုအသံ အွန်လိုင်းဂျာနယ်မှ ရယူသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 18, 2009

အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်

ခေတ်ပြိုင် အယ်ဒီတာအာဘော် | လွန်ခဲ့သော ဇူလိုင်လက ထိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို “အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်” ဟု အမည်ပေး၍ အပိုင်း (၉) ပိုင်းပါ အခြေခံစည်းကမ်း (၇) မျက်နှာကို အတည်ပြုလိုက်သည်။ အောက်တိုဘာလ ထိုင်းနိုင်ငံတွင် ကျင်းပသော (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် လူ့အခွင့်အရေးကော်မရှင်၌ ပါဝင်သော ကိုယ်စားလှယ်များကို မိတ်ဆက်ပေး၏။ အစိုးရက ဖွဲ့သည့်ကော်မရှင်ဖြစ်၍ အစိုးရအမှုထမ်း အများဆုံးပါဝင်နေသည်။

အင်ဒိုနီးရှားကိုယ်စားလှယ်မှလွဲ၍ ကျန်ကိုယ်စားလှယ်များသည် ၀ါရင့်အစိုးရအမှုထမ်းများဖြစ်နေသည်ကို တွေ့ရ၏။ လူ့အခွင့်အရေးကြိုးပမ်းမှု အတွေ့အကြုံ မရှိကြပါ။ ဥပမာ နအဖကိုယ်စားလှယ် ဦးကျော်တင့်ဆွေဆိုသူသည် မဆလခေတ် ၁၉၆၈ ကတည်းက နိုင်ငံခြားရေးဌာနတွင် အမှုထမ်းသည့် သံတမန်တဦးသာဖြစ်သည်။ သံတမန်လုပ်သက် အနှစ် (၄၀) ကျော်ရှိပြီး ကုလသမဂ္ဂအမြဲတမ်း နအဖကိုယ်စားလှယ်အဖြစ် အမှုထမ်းနေသူဖြစ်သည်။ အင်္ဂလိပ်စကားပြော၍ နအဖဘက်မှ ရှေ့နေလိုက်ပေးပြီး နိုင်ငံခြားတွင် အနေများသူဖြစ်၏။ နအဖလုပ်သမျှ အားလုံးမှန်သည်ဟု ဦးကျော်တင့်ဆွေ နိုင်ငံတကာ၌ ပြောနေသည်ကို မကြာခဏကြားရ၏။

အင်ဒိုနီးရှားကိုယ်စားလှယ် Mr. Rafendi Djamin ကမူ လူ့အခွင့်အရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည်လည်း ဦးကျော်တင့်ဆွေကဲ့သို့ပင် Netherland နိုင်ငံမှ ဘွဲ့ရထားသူဖြစ်၏။ သို့သော်လည်း နိုင်ငံခြား၌ မဟာဝိဇ္ဇာဘွဲ့ယူပြီးသည်နှင့် လူ့အခွင့်အရေးကို ရိုသေလေးစားရန် အင်ဒိုနီးရှားတွင် လှုပ်ရှားသူဖြစ်သည်။ ဦးကျော်တင့်ဆွေက စစ်အစိုးရကိုကိုယ်စားပြု၍ နိုင်ငံခြား၌ လိမ်ညာဝါဒဖြန့်နေစဉ် Mr. Rafendi Djamin သည် လူ့သိက္ခာမြှင့်တင်ရေးအဖွဲ့ကို အင်ဒိုနီးရှား၌ တည်ထောင်နိုင်ခဲ့၏။ ယခုအခါတွင် အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့များကို ညှိနှိုင်းပေးသူအဖြစ် တာဝန်ယူထားသည်။ ထိုကြောင့် သတင်းသမားများသည် သူ့ကိုသာရွေးပြီး မေးမြန်းလေ့ရှိသည်။ ဦးကျော်တင့်ဆွေကို မေးပါက ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေ၏ အဆိုအမိန့်ကိုသာ ကြားရမည်ဖြစ်၏။

အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌသည်သာ အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ရှိသည်။ ပြဿနာဖြစ်ပါက ကိုယ်စားလှယ်အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချနိုင်သည်။ သဘောတူချက် မရယူနိုင်သော ကိစ္စ၌ နှစ်စဉ်ပုံမှန်ကျင်းပသော အာဆီယံထိပ်သီးညီလာခံတွင် အစိုးရအကြီးအကဲများက ဆုံးဖြတ်လိမ့်မည်ဟုဆိုသည်။ အာဆီယံပဋိညာဉ်စာချုပ်အရ ဆုံးဖြတ်ချက်ချရမည့် သဘောဖြစ်သည်။ သို့ဖြစ်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် လူ့အခွင့်အရေး အာဏာပိုင်အဖွဲ့ဖြစ်နေ၏။ လူ့အခွင့်အရေးကော်မရှင်၏ အခြေခံစည်းမျဉ်းနှင့်ပတ်သက်၍ အငြင်းပွားလာပါက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကပင် ဆုံးဖြတ်ရမည်ဟု ဆိုသည်။

လုံခြုံရေးကိုအကြောင်းပြ၍ အတိုက်အခံကို နှိမ်နင်းရာတွင် အာဆီယံအစိုးရများ အသွင်တူကြသည်။ အတိုက်အခံနိုင်ငံရေးသမား၊ လူ့အခွင့်အရေးကာကွယ်ရေးသမား၊ သတင်းသမား စသည်တို့ကို လုပ်ကြံတရားစွဲပြီး အပြစ်ပေးသည့်နေရာတွင် စင်ကာပူသည် နာမည်ကြီး၏။ မင်းဆရာ လီကွမ်ယူးနှင့် သားဖြစ်သူ ၀န်ကြီးချုပ်ကို ဝေဖန်၍ ဒဏ်ရိုက်ခံရသူများရှိသည်။ တရားသူကြီးဘက်လိုက်ပုံကို ထောက်ပြ၍ ထောင် (၃) လ ကျသူရှိ၏။ မြန်မာပြည်၌မူ အနှစ် (၃၀) ထောင်ကျသွားနိုင်သည်။ စင်ကာပူအတိုက်အခံသည် အမြဲတမ်း တရားစွဲခံ၊ ဒဏ်ရိုက်ခံ၊ ထောင်ကျခံနေရသည်။ စင်ကာပူအစိုးရသည် အကြမ်းမဖက်ဘဲ တရားစွဲပြီး တရားသူကြီးကို လိုသလို အသုံးပြုနေသည်။ ဗမာစစ်အုပ်စုနဲ့ ဘိန်းမှောင်ခို လော်စစ်ဟန်ကဲ့သို့သော ပုဂ္ဂိုလ်များ၏ မသမာငွေကြေးကို လီကွမ်ယူးတို့သားအဖက ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းပေးသည်။

အာဆီယံအစိုးရများသည် ရွေးကောက်ပွဲကိုမကြောက်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုသာ ကြောက်ကြသည်။ ထို့ကြောင့် အာဆီယံလူ့အခွင့်အရေးကော်မရှင်၌ အဖွဲ့ဝင်အားလုံးသဘောတူသည့် ကိစ္စကိုသာ ဆွေးနွေးနိုင်သည်။ နအဖအစိုးရ သဘောမတူပါက မြန်မာ့လူ့အခွင့်အရေးကိစ္စကို အာဆီယံလူ့အခွင့်အရေးကော်မရှင်၌ မဆွေးနွေးနိုင်ပါ။ မြန်မာပြည်တွင် လူ့အခွင့်အရေး အများဆုံးချိုးဖျက်နေသည်မှာ အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များဖြစ်၏။ အစိုးရ၏ မတရားအနိုင်ကျင့်မှုကို အစိုးရလူ့အခွင့်အရေးအဖွဲ့က မဟန့်တားနိုင်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို အကူအညီတောင်းနေရခြင်းဖြစ်၏။ အစိုးရ၏ လူ့အခွင့်အရေးချိုးဖျက်မှုကို အာဆီယံလူ့အခွင့်အရေးကော်မရှင်က အရေးမယူနိုင်ပါ။

သို့သော်လည်း အင်ဒိုနီးရှားကိုယ်စားလှယ် Mr. Rafendi Djamin သည် အဆိုးဘက်ကမမြင်ပါ။ အစိုးရများက စတင်တည်ထောင်သည့်အတွက် လူ့အခွင့်ရေး မမြှင့်တင်နိုင်ဟူ၍ မပြောနိုင်ကြောင်း သူက ယူဆသည်။ လူ့အခွင့်အရေးကိစ္စ စတင်နိုင်ပြီဖြစ်၍ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်နိုင်အောင် ကြိုးပမ်းရမည်ဟု ဆိုပါသည်။ လူ့အခွင့်အရေးဆိုသော ဝေါဟာရကို အာဆီယံအုပ်စုက လက်ခံလာသည်ကပင် တိုးတက်မှုဖြစ်သည်ဟု မြင်ကြသူများလည်းရှိသည်။ စကားများသောအဆင့်မှ လက်တွေ့လုပ်နိုင်သောအဆင့်ကိုရောက်ရန် တဖြည်းဖြည်းလုပ်ယူသွားရမည့်သဘောဖြစ်၏။

လောလောဆယ် ကျေနပ်စရာမကောင်းသော်လည်း လူ့အခွင့်အရေးကော်မရှင်ရှိခြင်းသည် မရှိသည်ထက်တော်သေးသည်ဟု ယူဆသူများလည်းရှိသည်။ တဖက်သတ်အနိုင်ကျင့်တတ်သော အာဆီယံအစိုးရများက လူ့အခွင့်အရေးကော်မရှင်ဆိုသော အခြေခံလေး တည်ဆောက်နိုင်သည်ကို တိုးတက်မှုဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းမရှိသော ဘောင်ခတ်မှုများကို ဝေဖန်နေမည့်အစား သတ်မှတ်ထားသည့်ဘောင်အတွင်း အစွမ်းကုန်ဆွေးနွေးသွားရန် အရေးကြီးသည်ဟု ယုံကြည်သူများလည်း ရှိသည်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်သည် ခရီးရှည်သွားရပါလိမ့်မည်။

အာဖရိက လူ့အခွင့်အရေးကော်မရှင်သည် အာဆီယံထက် အများကြီးသာ၏။ အာဖရိကနိုင်ငံများသည် ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်ညှဉ်းပန်းမှု စသည်များကို ရင်ဆိုင်နေရပြီး အာဆီယံကဲ့သို့ မချမ်းသာသော်လည်း လူ့အခွင့်အရေးစနစ်တွင်မူ ရှေ့တန်းရောက်နေပါသည်။ အာဖရိကလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် (၁၁) ဦး၏ ရာထူးသက်တမ်းသည် (၆) နှစ်ဖြစ်ပြီး သက်တမ်းတိုးနိုင်ပါသည်။ ဤပုဂ္ဂိုလ်များသည် လူ့အခွင့်အရေးနယ်ပယ်၌ ဂုဏ်သိက္ခာရှိပြီး သူတို့အစိုးရနှင့် မပတ်သက်သူများပင်ဖြစ်၏။
ထို့ကြောင့် အာဖရိကလူ့အခွင့်အရေးကော်မရှင်သည် အစိုးရနှင့်ဆန့်ကျင်သော ဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသည်။ ၀ရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းထားသော သတင်းသမားတဦးကိုလွှတ်ပေးရန် အာဖရိက လူ့အခွင့်အရေးကော်မရှင်က Nigiria စစ်အစိုးရကို အကြောင်းကြားဖူး၏။ Sierra Leone နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်ရန် ၂၀၀၄ ၌ မြှောက်ပေးခဲ့သော Guinea သမ္မတသည် အာဖရိကလူ့အခွင့်အရေးပဋိညာဉ်ကို ဖောက်ဖျက်ကြောင်း အာဖရိကလူ့အခွင့်အရေး ကော်မရှင်က ဆုံးဖြတ်သည်။ အာဖရိက လူ့အခွင့်အရေးကော်မရှင်၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ အစိုးရက မလိုက်နာသော်လည်း အစိုးရ၏ မတရားလုပ်မှုကို ထောက်ပြနိုင်သည်ကိုကပင် အာဆီယံထက် အဆပေါင်းများစွာ သာနေသည်ဟု ခေါ်နိုင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

8888 peoplepower Novenber 16 2009

8888 peoplepower Novenber16

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 15, 2009

မြန်မာ့ အရေး..

Bama Ah Yae-SarYay Sayar Nyunt Paung

အပြည့်အစုံသတင်းဖတ်ရန်....

အလင်းရနံ့ ဂျာနယ် အမှတ် (၄)

Ahlin Yanant No 4

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 8, 2009

မဖူးနိုင် မပွင့်နိုင်သော ပန်းကလေးများ­­­


ပန်းကလေးများပွင့်တော့မည်။

ဖူးတံဝင့်လို့ခြည်၊

နေခြည်မှာရွှေရည်လောင်း၊

ငါတို့စာသင်ကျောင်း။

အင်အားများစွာပါသော၊ အဓိပ္ပါယ်လေးနက်သော၊ လိုတိုရှင်းရေးဖွဲ့ခဲ့သော၊ ပျဉ်းမနား မောင်နီသင်း၏ ကျော်ကြားသောကဗျာတစ်ပုဒ်။ယနေ့ခေတ်ပညာရေး စနစ်တွင် ထိုပန်းကလေးများသည် ဖူးနိုင် ပွင့်နိုင်ပါမည်လော။

ကျွန်တော်တို့ငယ်စဉ်က ထိုကဗျာလေးအပါအ၀င် အခြား ကျောင်းသင်ခန်းစာတို့အား ပိတုန်းတို့ အော်မြည်သံပမာ သံပြိုင်ရွတ်ဆိုခဲ့ဖူးကြလေသည်။ ၎င်း ကဗျာလေး အတိုင်းပင် နောင်တစ်ချိန် ပွင့်လန်းလာမည့် အဖူးကလေးတွေဘ၀စတင်ပြီး အနာဂတ်တွင် လူတော်လူကောင်း အဖြစ်၊ပညာတက်တစ်ယောက်အဖြစ် စိတ်ကူးရှိခဲ့ကြသည်။

တစ်ခေတ်တစ်ခါကပညာတက် သူများကိုများစွာအထင်ကြီး၍ ပညာတက်လျှင် ရာထူး ရာခံ နှင့် အရာရှိတစ်ယောက်ဖြစ်မည်ဟု ယုံကြည်ထားကြလေသည်။ သို့သော် အရာရှိကြီး ဖြစ်မလာပဲ ဘွဲ့ရပါလျှက် ဆိုက်ကားသမား၊ ဈေးသည်၊ စပယ်ယာ စသည်တို့များပြား လာသော အခါ၌ကား ပညာတက်တော့ဘာဖြစ်လာမလဲ ဟူသော မေးခွန်းတစ်ခုပေါ်လာ သော အခါပညာ၏တန်ဘိုးကိုမသိသော မိဘတော်တော်များများ တို့သည် ပညာရေးကို အလေးမထားတော့ချေ။

အလားတူ လက်ရှိအစိုးရသည်လည်း နိုင်ငံတကာနှင့် သဟဇာတဖြစ်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှုစီမံကိန်းများတွင် လက်ညိုးထောင် ခေါင်းညိမ့် လက်မှတ်ထိုး စတာတွေကို ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် စာမတက်သူပပျောက်ရေး စီမံကိန်းလည်း ပါဝင်ခဲ့သည်။ ထိုစီမံကိန်းအရ တိုင်းပြည်တွင် စာမတက်သူပပျောက်အောင် ပြုလုပ်ရပေလိမ့်မည်။ စာတက်အောင် သင်ပေးနိုင်သော ဆရာအင်အားလုံလောက်စွာ မရှိပါပဲ နှင့် ကလေးတို့ စာတက်သည်မတက်သည်ထား တစ်နှစ်တစ်တန်းသာ အတန်းမှန်မှန်တင်ပေးတော့သည်။ ထို “မအောင်မရှိငါ့တပည့်” စီမံကိန်းကြောင့် သုံးတန်းကလေးတစ်ယောက်သည် ကိုယ့်အ မည်ကို ကိုယ်တိုင်မရေးတက်သူတို့ပင် တွေ့ရှိခဲ့ရလေသည်။ထိုသို့အတန်းမှန်မှန် တင်ပေး နေသော ပညာရေးစနစ်ကြောင့် မိဘတို့သည်ပညာရေးအား အလေးအနက်မထား လစ်လျူရှုထားကြတော့သည်။ ထို့ကြောင့်ပင် ထိုကဗျာလေး၏ လှပသောသံစဉ်တစ်ခုသည် ပတ်ဝန်းကျင်မှ ကွယ်ပျောက်လုနီင်္းနီးရှိခြေတော့သည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ ပညာရေးစနစ်အား ကျွန်ပညာရေးစနစ် သတ်မှတ်ကာ ဆန့်ကျင်ခဲ့ကြလေသည်။ ထိုပညာရေးစနစ်ထဲရှိ ကောလိပ်ကျောင်းသား၊ အထက်တန်းကျောင်းသား တို့သည် အင်္ဂလိပ်လိုရေးတက် ပြောတက် ဖတ်တက် ရုံမျှမက အချိန်တန်လျှင် မြို့အုပ်၊ မြို့ပိုင် ဖြစ်မည်ဟူသော အနာဂတ်ရှိလေသည်။ ယခုခေတ်ဘွဲ့ရ ပညာတက်တစ်ယောက်သည် “ ၁၃ နှစ် ” တိုင်တိုင် အင်္ဂလိပ်လို သင်ကြားခဲ့ရပါလျှက် အဘယ်ကြောင့် အင်္ဂလိပ်လို မရေးတက် မဖတ်တက် မပြောတက် ဖြစ်နေရပါသနည်း။ ဆရာဝန်တစ်ယောက်သည် အထူးကုဖြေရန် အင်္ဂလိပ်စာသင်တန်းတက်ရလေသည်။

ထို့အတူ ဓာတုဗေဒ ကျောင်းသားတစ်ယောက်သည် လူသုံးကုန်ပစ်စည်းဖြစ်သော မဲနယ်ပင် မပြုလုပ်တက်ချေ။ နည်းပညာတကသိုလ်မှဘွဲ့ရတစ်ယောက်သည် မီးခေါင်းတစ်ခု ပျက်လျှင်ပင်မပြင်တက်ချေ။ မြန်မာစာနှင့် ကျောင်းပြီးခဲ့သော သူတစ်ယောက်သည် ရတု ရကန် ဒွေးချိုး လေးချိုး ရေးတက်ဘို့ဝေးစွ အမျိုးအစားပင်မခွဲတက်ချေ။ စီင်္းပွားရေးဘွဲ့ရ တစ်ယောက်သည် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ဘို့ဝေးစွ စာရင်းဇယားပင် ကိုင်တွယ် ဖြေရှင်းတက်ခြင်း မရှိချေ။ ထိုသို့ဖြစ်နေသည်မှာ ၁၀၀ လျှင် တစ်ယောက်မဟုတ်ချေ။ ၁၀၀ လျှင် ၉၉ ယောက်ဖြစ်နေလေတော့သည်။

၎င်းတို့သည် ဘာပညာများတက်မြောက်ခဲ့ သနည်း။ စသည့်မေးခွန်းများစွာရှိနေသည်။ ၎င်းဘွဲ့ရသည့်အထဲမှ ကံကောင်းထောက်မ အလိုက်ကောင်း၍ ရာထူးရာခံနှင့်အရာရှိ ဖြစ်ခဲ့လျှင် ၀န်ထမ်းဖြစ်ခဲ့လျှင် ထိုသူတို့သည် ၎င်းတို့၏လစာဖြင့်ဝမ်းရေး ဖြေရှင်းမရနိုင်သောကြောင့် ခိုးစားသူ သူခိုးများဖြစ်လာကြသည်။ ဤသို့ဖြင့် ပညာတက်သူခိုးများ ဖြစ်လာလေတော့သည်။ နိုင်ငံတော်မှပေးသော ဘွဲ့လက်မှတ် သည် အရောင်းစာရေးရာထူးသာရရှိမည် ဖြစ်သည်။ စာရင်းကိုင်ရာထူးလောက် လိုချင် ပင်လျှင် စာရင်းကိုင်သင်တန်း တက်ရမည်။ ကိုလိုနီခေတ်ပညာရေးအား ကျွန်ပညာရေးဟု သတ်မှတ်ခဲ့လျှင် ယခုခေတ် မြန်မာနိုင်ငံပညာရေးအား မည်သို့သတ်မှတ်မည်နည်း။

လပေါ်တွင် လူနေထိုင်ရန် စမ်းသပ်လေ့လာနေသော ခေတ်ကာလတွင် တကယ့်ပညာ မရှိသော နိုင်ငံသည် အဘယ်မှာ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည်နည်း။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ဘို့ဆိုလျှင် ပညာရှင် ပညာတက် များများရှိမှ ဖြစ်ပေလိမ့်ည်။ ယခုပညာရေးစနစ် နှင့်ဆိုလျှင်တော့ ဖွံ့ဖြိုးတိုးတက်ဘို့ ဝေးစွ ကြာလာလျှင် ခွက်ဆွဲတောင်းစားရမည့် သူတောင်းစားတိုင်းပြည်ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ယခုခေတ်ပညာရေးရေစီးကြောင်းတွင် စီးမျောနေသောကျောင်းသားထု သည် မိမိတို့သင်ကြားနေရသော ပညာရေးအား အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်၍ ဘာလုပ်သင့်သည်ဆိုတာကို မိမိတို့ဘာသာပင် ဆုံးဖြတ်ရပေလိမ့်မည်။

စမ်းချောင်းလေး

စမ်းချောင်းလေးနှင့် မျှဝေပေးသူ ဖိုးရှုပ်လေး (http://4shokelay.blogspot.com/) တို့အားအထူးကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 1, 2009

ကမ္ဘာ့နိုင်ငံအသီးသီးမှ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့

ဖြိုးဝေ-mmp | နိုဝင်ဘာလ ၁ ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ဟီဘိရ(Hibiya)ပန်းခြံတွင် တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် လူအင်အား ၂၅၀၀ ကျော်ဖြင့် ဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲတွင် ဂျပန်၊ အမေရိကန်၊ ကိုရီးယား၊ ဘရာဇီး၊ တူရကီ၊ ပါကစ်စတန်၊ အာဖဂန်နစ္စတန်၊ အခြားအာဖရိက (၃) နိုင်ငံနှင့် ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့ တက်ရောက်ခဲ့ကြသည်။

ဆန္ဒပြပွဲကို မနက် ၁၀း၀၀ နာရီမှာ စတင်ပြုလုပ်ခဲပြီး၊ တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ အဖွဲ့အစည်း အသီသီးအလိုက် စစ်ပွဲများတားဆီးရေး၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေရေးအတွက် ပူပေါင်းဆောင်ရွက်သွားရန်နှင့် စစ်ပွဲများဆက်လတ်မဖြစ်ပွါးစေရေး အဓိကထား ပြောကြားသွားခဲ့ကြောင်းသိရသည်။ ကမ္ဘာစစ်ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသော ဂျပန်လူမျိုးများမှလည်း ထိုပွဲတွင် အားတက်သရောပူးပေါင်း ပါဝင်လှုပ်ရှား သွားခဲ့ပါသည်။

အာလားတူ အမေရိကန်နိုင်ငံသားများမှလည်း အမေရိကန် လက်ရှိသမ္မတအနေဖြင့် အခြားနိုင်များအား စစ်ရေးအရ ဝင်ရောက်မှုများကို ကန့်ကွက်ကြောင်း၊ စစ်ပွဲများကိုတားဆီးပေးဖို့ ဆန္ဒပြတောင်းဆို ပြောကြားသွားခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သူ ကိုစောမျိုးခိုင်ရှင်းမှ “အဓိကထား လှုပ်ရှားခဲ့တဲ့ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအပြင် ဂျပန်နိုင်ငံတွင် လက်ရှိအခက်အခဲဖြစ်နေသော အလုပ်လက်မဲ့ပြဿနာများ၊ အလုပ်တွင်ခံစားခွင့် အပြည့်အဝရရှိရေးတွေ၊ ဂျပန်လူဝန်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ အပေါ်ဖမ်းဆီးမှုတွေ အရမ်းများနေတာတွေ ပါထည့်သွင်း ဆန္ဒပြသွားခဲ့ကြတယ်”ဟု ပြောကြားသွားသည်။

ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကိုင်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ တီရှပ်များဝတ်ဆင်ခြင်း စသည်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲ ပြီးနောက် ညနေ ၃း၁၅ မိနစ်တွင် ဟီဘိရ(Hibiya)ပန်းခြံမှ တိုကျိုဘူတာအထိ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်းအချက်အလက်ပေးသူ - ကိုစောမျိုးခိုင်ရှင်းနှင့် ဓါတ်ပုံပေးပို့ပေးသူ - မအေးနန္ဒာအောင်တို့အား ကျေးဇူးတင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 31, 2009

The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)

The Voice 5-52

အပြည့်အစုံသတင်းဖတ်ရန်....

အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ကြာပေါ့

အမတ်မင်းများ ၀န်ကြီး ၀န်ုကလေးများ ခင်ဗျား
နယ်စပ်တွင် တိုက်ပွဲဝင်နေတဲ့ ရဲဘော်နှင့် ပြည်သူလူထု၏မျက်နာကို ပြန်ကြည့်ပါအုံး

သို့
အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသောအဖွဲ့ကဲ့သို့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)သည်လည်း ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ ယင်းအဖွဲ့ဝင်များကို MP ကွန်ကရက်မှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စာလှယ်များ ဖြစ်ကြသည်။

ပြည်သူ့ကိုယ်စားလှယ်များဆိုရာမှာ ၁၉၉၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်မြေမှ ပြည်သူ လူထုတို့က ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ယင်းကိုယ်စားလှယ်များ အနက်တချို့သော ပြည်သူ့ကိုယ်စားလှယ်များတို့က စစ်အစိုးရအန္တရာယ်များကိုရှောင်တိမ်းရင်း ထိုင်းမြန်မာနယ် စပ်တွင် ရောက်ရှိကြပြီး စစ်အစိုးရကိုဖြုတ်ချ၍ လွတ်လပ်ပြီး တရားမျှတသော လူ့အခွင့်အရေးရှိသော ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ကြမည်ဟု ဆိုကြပါသည်။

ပြည်သူ့ကိုယ်စားလှယ်များတို့သည် နယ်စပ်သို့ ရောက်ရှိလာသည်မှာတဦးနှင့်တဦး အချိန်အခါ အခြေ အနေချင်း မတူသော်လည်း စစ်အစိုးရကိုတိုက်ပွဲဝင်ရန် အားလုံးဆန္ဒတူညီမှုရှိကြသည်။ မိသားစုတို့၏ စားဝတ်နေ ရေး ပညာရေးအတွက် ထိုင်းမြန်မာနယ်စပ်မှ အကြာကြီးမနေနိုင်ပဲ ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ သွားရောက်ရသကဲ့ သို့ စစ်အစိုးရနှင့် တိုက်ပွဲဝင်ရန် ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သူလည်းရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် ရုံးစိုက်ထားပြီး တော်လှန်ရေး တိုင်းရင်းသား ခေါင်းဆောင်များ၊့ အခြားနိုင်ငံရေးအဖွဲ့အစည်းများတို့နှင့် အစဉ်အမြဲ ထိတွေ့ဆက်စပ်မှုရှိနေ၍ အချင်းချင်း စည်လုံးညွတ်မှုကို တည်ဆောက် နိုင်ကြသည်။

MPUသည် အမျိုးသားကောင်စီ NCUB၏ ဒေါင့်တိုင်တတိုင်အဖြစ် ပါဝင်နေသောကြောင့် NCUB ၏ နိုင်ငံ ရေးလုပ်ငန်းစဉ် တိုင်းတွင် ပါဝင်ဆောင်ရွက်ရသည့်အပြင် NCGUB ၏ လုပ်ငန်းစဉ်တိုင်းတွင်လည်း ပါဝင်ခဲ့ပါ သည်။ MP များသည် ညီညွတ်မှုကို အစဉ်အမြဲရှိနေစေလို၍ MPS များ၏ စတုတ္ထအကြိမ်မြောက် ကွန်ကရက်ကို ထိုင်းမြန်မာနယ်စပ်တွင် (ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၁၉ရက်နေ့အထိ ၂၀၀၈ခုနှစ်) ကျင်းပခဲ့ပါသည်။ ယင်းကွန် ဂယက်တွင် NCGUBနှင့် တိုင်းရင်း သားတိုးချဲ့ရေး၊ Credential Challenge ကိုဆောင်ရွက်ရန် ပြည်သူ့ကိုယ်စား လှယ်၃၃ ဦးအနက်၂၂ ဦးတက်ရောက်သောကြောင့် အစည်းအဝေးထမြောက်ပြီး ဆုံးဖြစ်ချက်များကို အတည်ပြု နိုင်သော်လည်းဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မတက်ရောက်နိုင်သဖြင့် MPများညီညွတ်ရေးကို ထိခိုက်မည်စိုး၍ ဆုံးဖြတ်ချက်များကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။

စတုတ္ထအကြိမ်မြောက်ကွန်ကရက်ကို (ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၀၉ ခုနှစ်တွင်) အိုင်ယာလန်နိုင်ငံ ဒပ်ဗ လင်မြို့တွင် ကျင်းပရပြန်သည် MPU အဖွဲ့က CC ကိစ္စကို အတည်ပြုရန် တင်ပြသောအခါ CC ကိစ္စဆောင် ရွက် လျှင် ဒေါက်တာစိန်ဝင်း၊ ဦးဗိုလ်လှတင့်NCGUB မှ အနားယူမည်ဟုဆိုသောကြောင့် MPS များညီညွတ်ရေးကို ရှေး ရှုပြီး ယင်း ကွန်ကရက်တွင် CC ကိစ္စရပ်ဆိုင်းထားရသည်။

နှစ်၂၀အတွင်း စစ်အစိုးရကို တိုက်ပွဲဝင်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် အောင်မြင်မှုတခုမျှ မယ်မယ် ရရမရှိဟု MPU ၏အစီရင်ခံစာတွင် တင် ပြထားသည်။ သို့ကြောင့် NCGUB မှ စစ်အစိုးရကိုတိုက်ပွဲဝင်ရန် Road Map တစ်ခုရေးဆွဲပါသည်။ ယင်း Road Map Transition Plan သည် အနဖ လက်ခံမည် မဟုတ်၍လည်းကောင်း NLD ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်စဉ်ဖြစ်ပြီး ထူးခြား သောတိုက်ပွဲစဉ်မဟုတ်၍ ကုန်ကျစရိတ်များရှိနေသော ကြောင့် MPU ကလက်မခံလိုခြင်း ဖြစ်သည်။ MPU က ညီညွတ်မှုကိုရှေးရှု၍ ဂျာကာတာအစည်း အဝေးသို့ ဦးတယ်ဒီဘူးရီနှင့် ဦးအောင်ထွန်းစိန်တို့က တက်ရောက်ခဲ့ သည်။

NCGUB မှရေးဆွဲသော RM (Transition Plan) ကို နိုင်ငံခြားမှ ပညာရှင်တယောက်က ရေးဆွဲပေးသည်ဟု အများကဆိုသည်။ ယင်း RM ကိုအတည်ပြုနိုင်ရေး အများထောက်ခံမှုရရန် ထိုင်းမြန်မာနယ်စပ်ရှိ နိုင်ငံရေးအဖွဲ့ အစည်းများထံသို့ လာရောက်တင်ပြသောအခါ နိုင်ငံရေးအဖွဲ့အများစုက လက်မခံကြပေ။ NCGUB က မိမိတို့ ရေး ဆွဲခဲ့သော RM သည် ဒေါ်လာ ၁ သိန်းမျှကုန်ကျသည်ဟု ကြားသိရသည်။ မည်၍မည်မျှတိတိကျကျ ကုန်သည်ကို NCGUB ၏ နှစ်စဉ် ငွေကြေးရှင်းတမ်းကို MPU အဖွဲ့သို့ ပို့ပေးခြင်း မရှိ၍ MPU က မသိရှိပဲ နေသည်။ သို့ဖြင့်၍ RM ကို အများကလက်ခံနိုင်ရန် လိုအပ်သဖြင့် နယ်စပ်မှ နိုင်ငံရေး အဖွဲ့ပေါင်း ၇ ဖွဲ့တိတိ ဂျကာတာသို့ခေါ်ယူ၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

NCGUB က MPU ကို ငွေကြေးဖြတ်တောက်လိုက်သည်မှာ ရန်ပုံငွေကုန်သွားသည်ဖြစ်၍ ငွေကြေးဖြတ် တောက်လိုက်သည်ဟု ဆိုနိုင်သည်။ ယခုအခါတွင် MPU ရုံးနှင့်အဖွဲ့ဝင်များ ရပ်တည်နိုင်ရန် အလွန့်အလွန် ခက် ခဲသွားစေမည်။ MPU အဖွဲ့ဝင်မျာသည် အမတ်များဖြစ်ကြ၍ ပြည်သူ့လွတ်မြောက်ရေးအတွက် မိမိ တို့တတ်အားသ၍ တိုက်ပွဲဝင်လိုနေ ကြသည်၊ သို့မှသာ မိမိတို့အား မဲပေးထားသော ပြည်သူ့အပေါ်တွင် တာဝန် ကျေရာကျမည်။ သို့ဖြစ်၍ NCGUB က နိုင်ငံခြား ဒိုနာများထံမှ ရရှိထားသော ငွေကြေးများသည် ဒီမိုကရေ စီတိုက်ပွဲဝင်လိုသော အမတ်များအတွက် ပံ့ပိုးကူညီသော ငွေကြေးများဖြစ်ကြောင်းကို ကျွန်ုပ်တို့ သည်လိုပဲ နားလည်းထားသည်။ MPU သို့ တစ်နှစ်လျှင် ဒေါ်လာ (တစ်သောင်း)မျှ ခွဲပေးလျှင် ချွေချွေတာတာနှင့် MPU က ခရီးဆက် နိုင်ပါ သည်။

ဒီနှစ် ၂၀၀၉ ဇူလိုင်လမှစ၍ MPU သို့ ကူညီနေကျငွေကြေး မပေးပဲနေသည်။ NCGUB အဖွဲ့ ဝင်အမတ် များကိုသာ တစ်ဦးလျင် လစာ ဒေါ်လာ ၄၅၀ (ဘတ်တစ်သောင်းခွဲကျော်) ပေး ကမ်းထားသည်။ ဇွန်လတွင် ဦးဘိုလှတင့်က MPU ရုံးသို့လာပြီး ရှေ့လကျလျင် လစာဖြတ်ရ မည့်အကြောင်းကို Donor ထံမှ ငွေလျှော့ရလို့ဖြစ် သည်။ နယ်စပ်ရှိ MP အချို့ရပ်တည်နေနိုင်ရန် ဒေါက်တာစိန်ဝင်းနှင့် ဆွေးနွေးရဦးမည်။ ယနေ့အောက်တိုဘာ လဆန်းအထိ NCGUB မှ ထောက်ပံ့ငွေ တစ်ပြားတစ်ချပ်မှ မရရှိပဲနေသည်။ ငွေဖြတ်သည့်ကိစ္စကို ဦးဘိုလှတင့်က ပြောပြီးနောက် ခွန်မားကိုးဘန်းက တစ်ခြားမှ ၀င်ငွေမရှိသော MP တချို့ ရပ်တည်နိုင်ရန် နယ်စပ်ရှိ ၀န်းကြီးများထံမှ ငွေကောက်ခံပြီး ကူညီရမည်ဟုဆိုသည်။

အခြားဖွဲ့စည်းမှ ငွေမရရှိသောပြည်သူကိုယ်စာလှယ်နှစ်ဦးမှာ ကျွနိုပ်နှင့် ဦးအောင်ထွန်းစိန်တို့ ဖြစ်ကြသည်။ MPU ရုံးတွင် နေထိုင်သော ဦးအောင်ထွန်းစိန်အား ဘတ်နှစ်ထောင်နှင့် သီးသန့်နေထိုင်သော ကျွန်ုပ်အားတစ်လလျင် ဘတ် ၄၀၀၀ ပေးရန် ဦးခွန်မြင့်ထွန်းနှင့် ဦးထွန်းဝင်းတို့ သဘောတူပါသည်။ နောက်ကျမှ NCGUB ထံမှ လစာငွေ ဒေါ်လာ ၅၀၀မှ ၄၅၀ လျှော့ရသဖြင့် ကျွန်ုပ်တို့်အားပေးရန် ဦးထွန်းဝင်းနှင့် ဦးခွန်မြင့်ထွန်းတို့ မပေးလို၍ အစီအစဉ် ပျက်ခဲ့ရသည်ဟု ဦးခွန်မာရ်ကိုဘန်းက ဆိုသည် ။ MPU ငွေကြေးဖြတ်တောက်သည့် ကာလကြားတွင် ဦးဝင်းလှိုင်မှ ဘတ် ၁၀၀၀၀၊ ဦးကျော်သွင် (နော်ဝေး) ဘတ် ၂၁၀၀၀၊ ဦးဘိုသောင်းမှ (၁၅၀၀)၊ ကိုးရီးယား NLD မှ ဘတ် ၇၀၀၀၊ ဂျပန် NLD မှ ယန်း ၆၀၀၀၀ မျှနှင့် လည်ပတ်နေရသည်။ စက်တင်ဘာလကုန်တွင် ဦးခွန်မာရ်ကိုဘန်းမှ ဘတ်ငွေ(၂၀၀၀)၊ ဒေါ်စန်းစန်းထံမှ ဘတ် ၃၀၀၀ ကျွန်ုပ် အကူအညီ ရခဲ့ပါသည်။

ဒီမိုကရေစီ အနှစ် ၂၀ ကာလအတွင်း NCGUB နှင့် MPU တို့၏ တိုက်ပွဲစဉ်မှန်သမျှတို့်မှာ အောင်ပွဲမည်မျှရကြ၍ ကွဲကွဲပြားပြား ရှင်းပြပါဆိုလျင် မည်သူတစ်ဦးတစ်ယောက်မျှ ရှင်းပြ နိုင်မည်မဟုတ်ပါ။ သို့သော် စတုတ္ထအကြိမ် မြောက် အိုင်ယာလန် ဒက်ပလင်မြို့၌ ကျင်းပသောကွန်ဂရက်မှ MPU ၏ အစီရင်ခံစာတွင် NCGUB အဖွဲ့ကသော်လည်းကောင်း၊့ MPU အဖွဲ့ကသော်လည်းကောင်း၊ တိုက်ပွဲစဉ်တစ်ခုမျှ အောင်မြင်မှုမရှိဟု ဆိုထားပါသည်။ သို့ဖြစ်လျင် NCGUB အဖွဲ့ဝင်ပုဂ္ဂိုလ်များနှင့် MPU ပုဂ္ဂိုလ်များ တစ်ဦးဦးက စစ်အစိုးရ ပြုတ်ကျနိုင်လောက်သည့် ထူးထူးခြားခြား တိုက်ပွဲဝင်နိုင်သူမရှိကြောင်း အားလုံးအသိပင်ဖြစ်သည်။ သို့သော် စစ်အစိုးရပြုတ်ကျသည်အထိ တိုက်ပွဲဝင်လိုလျှင် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲမှ ပြည်သူ ကိုယ်စားလှယ်ဖြင့် အခြေခံထား သော MPU အဖွဲ့နှင့် NCGUB အဖွဲ့တို့ရှိရန်လိုအပ်နေသည်ဟု အများက လက်ခံထားပါသည်။ ထို့ကြောင့် NCGUB အဖွဲ့ရှိနေလျှင် MPU အဖွဲ့လည်းရှိနေသင့်သည်။

ယနေ့နိုင်ငံရေး အခင်းအကျင်းဖြစ်သော Statement မျှ ထုတ်ခြင်း၊ စစ်အစိုးရနှင် ထိပ်တိုက်ရင်ဆိုင်မှု CC ICCနှင့်အမျိုးသား ညွန့်ပေါင်းအစိုးနှင့်တိုင်းရင်းသာ့းတိုးချဲ့ရေးကိုMPUကကြိုးစားလုပ်ကိုင်နေသည်။(၈.၀၉.၂၀၀၉)ရက်နေ့တွင် အများသဘော တူညီချက် အရ C.C ကို ကုလသမဂ္ဂတို့ တင်ပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန် အမှုဝါဒ ပြောင်းလဲအကြောင့် ခက်ခဲများစွာ ရှိနိုင်သည် ၂၀၀၇ -၂၀၀၈ခုနှစ် စစ်အစိုးရအခြေခံဥပဒေ အတည်မပြုမီ သမ္မတဂျော့ဘုတ်လက်ထက်တွင် မတင်ဖြစ်သည်မှာ အချင်းချင်း ငြင်းခုံနေကြသဖြင့် ရာသီဥတုကောင်းကို မမီခြင်း ဖြစ်သည်။ ပြည်ပတွင် ရောက်ရှိနေသော အမတ်အားလုံးသည် သူပုန်အဖြင့် ကြေငြာခံထားရသော ပုဂ္ဂိုလ်များဖြစ်ကြ၍ စစ်အစိုးရ၏ ရန်သူများဖြစ်ကြသောကြောင့် NCGUB အဖွဲ့ဝင်ဖြစ်ဖြစ် MPU အဖွဲ့ဝင်ဖြစ်ဖြစ် အန္တရာယ်အတူတူ ပင်ရှိကြသည်။

ထို့ကြောင့် အမတ်များအတူတူဖြစ်ပါလျက် NCGUB က Donor များထံမှ ငွေများကို မြိန်ရည်ယှက်ရည် စား သောက် နေကြပြီး ကျွန်ုပ်တို့ MPs အဖွဲ့များ ငတ်ငတ်ပြတ်ပြတ် ရှိနေသည်မှာ လူအများက ဟာသလုပ်နေကြပြီး၊ ရန်သူက ၀မ်းမြောက်ဝမ်းသာရှိနေပေမည်။ (NCGUB) သည် မိမိအား မထောက်ခံသူများကို ပထား၍ မိမိအား ထောက်ခံသော သူများကိုသာ ပံ့ပိုး ကူညီလျှင် ဆရာမွေး တပည့်မွေး အုပ်စုအဖွဲ့ နအဖ အုပ်စု နှင့် အတူတူ ဖြစ်သွားနိုင်သည်ကို သတိထား သင့်သည်။ တော်လှန်ရေးအဆက်ဆက်တွင် ငွေကြေးခွဲဝေမူ မျှတမှုမရှိခဲ့သောကြောင့် အချင်းချင်း စိတ်ဝမ်းကွဲ၍ ရန်သူထံ ခိုဝင်သူ ရှိသကဲ့သို့ ပြိုကွဲသွားသော အဖွဲ့များ လည်းရှိသည်။ ရှေးလများတွင် NLD(LA) အဖွဲ့မှ ငွေကြေး မကူညီလျှင် MPU သည် စစ်မြေပြင်တွင် ရိတ်ခါပြတ်သော တပ်ဖွဲ့နှင့် တူနေမည်။ ထို့ကြောင့် NCGUB က လေးလေးနက်နက် စဉ်းစားသင့်ပါသည်။

ကျွန်ုပ်သည် မွန်လူထုထံမှ မဲရယူ ထားသဖြင့် မွန်လူထုအတွက်ကိုယ်စားပြုနိုင်ရန် နယစပ်သို့ လာ၍ တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ အကြောင်းကြောင်းကြောင့် RFA-BBC မှ အသံစဉ်အားဖြင့် တိုက်ပွဲမဝင်နိုင် သော်လည်း မွန်ဒီမိုးကရေစီအဖွဲ့ LA ဖွဲ့၍ Statement မျှလောက် ထုတ်ပြီး တိုက်ပွဲဝင်နေသည်။ စစ်အစိုးရပြုတ် ကျရေး၊ ဒီမိုကရေစီအောင်ပွဲရရေး၊ နည်းပရိယာနှင့် နည်းဗျူဟာများကို ခေတ်ပြိုင်ဂျာနယ်နှင့် ခေတ်ပြိုင် ၀က်ဆိုက်ဒ်ပေါ်တွင် ဆောင်းပါးရေးးသားပြီးတိုက်ပွဲဝင်လျက်ရှိသည်။ ကျွန်ုပ်ရေးသားခဲ့သော ဆောင်း ပါးများမှာ

(၁) မွန်လူမျိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊

(၂) ဒီမိုကရေစီဖက်ဒရာယ်ပြည်ထောင်စု ဖွဲ့စည်းခြင်း၊

(၃) စစ်အစိုးရကိုယှဉ်ပြိုင်တိုက်ပွဲဝင်ခြင်း၊

(၄) ဒီမိုကရေစီ တိုက်ပွဲဝင်ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်း၊

(၅) ဒုတိယပင်လုံ သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)၊

(၆) နိုင်ငံရေးသမားခေါင်းဆောင်များနှင့် ရွှေကျည်ဆံငွေကျည်ဆံ

(၇) ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

(၈) စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှဖယ်ရှားရန် စိန်ခေါ်ခြင်း၊

(၉) ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ကျွန်ုပ်ဖြတ်သန်းမှု၊

(၁၀) ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ မွန်လူထု၏လှုပ်ဆော်သံ၊

(၁၁) ကုလသမဂ္ဂမှ မြန်မာသံအမတ် ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား၊

(၁၂) ဖက်ဒရာယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ၊

(၁၃) ကိုယ့်နေရာနှင့်ကို တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲရကိုရရမည်၊

(၁၄) စစ်အစိုးရအား ထောက်ခံနေသော တရုတ်တို့ ခြေတစ်လှမ်းနောက်ဆုတ်သွားရန်၊

မှတ်ချက်။ ။ ကျွန်ုပ်ရေးသားသော ဆောင်းပါးများဖက်ရှုလိုပါက ပေးပို့ရန်ရှိသည်။
( နိုင်သောင်းရှိန်)

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 26, 2009

ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.

Curse of Burma Energy 2

အပြည့်အစုံသတင်းဖတ်ရန်....

၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ


အပြည့်အစုံသတင်းဖတ်ရန်....

ဗုဒ္ဓဘာသာ ဆိုသည်မှာ

(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊
အဲဒီနှီးနှောဖလှယ်ပွဲမှာ Ashin Tikkhanyanalinkara ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို
မျှဝေလိုက်ပါတယ်)
Theravada Buddhist Foundation

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်