မျှဝေပေးသူ ကိုဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်။
Tuesday, December 29, 2009
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် နှစ်သစ်ကူးပြုလုပ်မည့် အစီအစဉ်
Thursday, December 24, 2009
ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေတာ ဘာ့ကြောင့်လဲ
we need more educated persons to build new BURMA
Please kindly forward this file to your friends who love MYANMAR.
Monday, December 21, 2009
ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ

ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။
“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။
ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။
Sunday, December 20, 2009
Saturday, December 12, 2009
သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း တိုကျိုတွင်ဖွင့်လှစ်
အဆိုပါအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းအား ယိုးဒယာနိုင်ငံမှ ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် ဂျပန် နိုင်ငံသို့ ကြွရောက်လာသော ဆရာတော်ဦးဓမ္မဇောတိမှ သံဃာ့ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၊ (၂၁)ရက်နေ့တွင် ဆရာတော်ဦး ဓမ္မဇောတိနှင့်အတူ နယူးဇီလန်နှင့် အင်္ဂလန်တို့မှ ကြွရောက်လာကြသော ဆရာတော်များအပါအဝင် စုစုပေါင်းသံဃာတော်(၅)ပါးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အရှင်ဓမ္မဇောတိမှမိန့်ဆိုသည်။
''သံဃာအရေးကိစ္စတွေကို ဂျပန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်တယ်လေ။ နောက်ပြီး သာသနာ့ဥသျှောင်ကဲ့ သို့ နိုင်ငံတကာနဲ့ဆက်သွယ်မှုတွေ လိုလာမယ်ဆိုရင် ဒီမှာဖြစ်သင့် တယ်၊ ရှိသင့်တယ်လို့ ဘုန်းဘုန်း အနေနဲ့လည်း ယူဆမိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီမှာ(ဂျပန်) အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်...''ဟု ဆရာတော်ဦးဓမ္မဇောတိမှ ဆက်လက်မိန့်ကြားသည်။
ဆရာတော်ဦးဓမ္မဇောတိသည် ၂ဝဝ၇ ခုနှစ် သံဃာသပိတ်တွင် ပြည်တွင်းသံဃာ့တပ်ပေါင်းစုအဖွဲ့၌
စည်းရုံးရေးမှူး တာဝန်ဆောင်ရွက်ခဲ့သည်။လွတ်လပ်စွာလုပ်ကိုင်ခွင့်ရသော အင်္ဂလန်၊ အမေရိကန်နှင့် အခြား နိုင်ငံများတွင်ထားရှိသော သာသနာ့ဥသျှောင် ရုံးခန်းခွဲများ ထားရှိသကဲ့သို့ ဂျပန်နိုင်ငံတွင် ထားရှိစေလိုကြောင်း၊ ယခုအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းကိုလည်း နောက်ပိုင်းတွင် သာသနာ့ဥသျှောင် ဆရာတော်ကြီးများ၏ မိန့်ကြားချက်များ နှင့်အညီ နိုင်ငံတကာနည်းတူ ဖွင့်လှစ်နိုင်အောင်ကြိုး ပမ်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းသိရသည်။
ယခုဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်းကို 'Itabashi'တွင်ရှိနေသာ 'မြန်မာ ယဉ်ကျေးမှုနှင့်လူမှုရေးအရေး (MCWA)'အမည်နှင့်တည်ရှိသည့် ဘုန်းကြီးကျောင်းနှင့်ခွဲထွက်ကာ စင်ပြိုင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း သိရသည်။
'Itabashiမှာဖွင့်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းကြီးလည်း ရှိပါတယ်။ သို့ပေမယ့် သံဃာ့အရေး၊ နိုင်ငံရေးနှင့် ဆက်စပ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ဒီ့အခက်အခဲတွေကို ပြေလည် စေချင်တဲ့အပိုင်းလည်းပါ,ပါတယ်။ နောက်ပြီးသံဃာ့အရေးကိစ္စဆောင် ရွက်နေတဲ့ ဆရာတော်သံဃာတော် တွေ ဂျပန်ကိုကြွလာတဲ့အခါမျိုးမှာ တည်းခိုဖို့အခက်အခဲလည်းမဖြစ် တော့ဘူးပေါ့...''ဟု ယခုလိုမိန့် ဆိုသည်။
သံဃာ့ရုံးခန်းဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာတကာ/ တကာမတချို့မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
ဆရာတော်မှဆက်လက်၍ 'သံဃာနှင့်ဒကာ'ဆိုသည်မှာ ''သာဂါရာ အနာဂါရာစ ဥဘောအညေါ ည နိဿိတာ''ဆိုသည့် တရား တော်အတိုင်း ''ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ''ဆိုသလို အပြန်အလှန် အမှီ သဟဲပြုနေကြတာဖြစ်ကြောင်း မှတ်သားဖွယ်မိန့်ကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကိုဆက်သွယ်လိုပါက-
T၁၇ဝ-ဝဝဝ၂
ROOM - 501, TOKYO, TOSHIMA-KU, SUGAMO DEAR PLAZA, 3-24-5
(ဆရာတော်ဦးဓမ္မဇောတိ)
ဖုန်း - ဝ၈ဝ-၃၂၅ဝ-၆၇၁၂
မေးလ်လိပ်စာ - iso.jpb@gmail.com
iso.jp2009@gmail.com
သို့လည်းကောင်း၊ လက်ရှိ ကူညီဆောင်ရွက်ပေးနေသော ဒကာဒကာမများကို လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရပါသည်။
ဖုန်းနံပါတ်များမှာ -
ဝ၉ဝ-၉၉၇၂-၆ဝဝ၁၊ ဝ၈ဝ-၃၃၈ဝ-၅၈၄၇၊ ဝ၈ဝ-၃၁၂ဝ-၉ဝ၈၄၊ ဝ၉ဝ-၁၆၉၅-၂၄၅၅၊ ဝ၉ဝ-၄၈၄၄-၇ဝ၉၂၊ ဝ၈ဝ-၃ဝ၂၆-၁၆၁ဝ၊ ဝ၈ဝ-၅၃၇၃-၂၅၂၄ စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။
Tuesday, December 8, 2009
သာသနာ့ ဥသျှောင်အဖွဲ့ ၏ကြေငြာချက်ကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန်
သို့ပါလျှက် သာသနာ့ ဥသျောင်အဖွဲ့ မှ ရွေးကောက်ပွဲတွင် ပြည်ထောင်စုတိုင်းရင်းသူ တိုင်းရင်သားပါတီပေါင်းစုံ ပါဝင်နိုင်အောင် တောင်းဆိုနေခြင်းသည် န အ ဖ ပြုလုပ်မည့် စစ်ဗိုလ်တမတ်သား အာဏာရှင်စနစ် အဓွန့်ရှည်ရေး ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေသည့် သဘောထားသက်ရောက်နေပေသည်။
Statement of IBMO on 2nd annual conference (Burmese)
န အ ဖ စစ်အစိုးရ ကျင်းပ ပြုလုပ်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က နာဂစ်အပြီး ပြည်သူလူထု ဆန္ဒ ကို မျက်ကွယ်ပြုလျှက် အတင်းအဓမ္မ ပြုလုပ်ခဲ့သော ဆန္ဒ ခံယူပွဲသာဖြစ်ပါသောကြောင့် ပြည်သူလူထု ဆန္ဒကို ဘယ်လိုမှ မထင်ဟပ်ပါ။ ပြည်သူလူထု ဆန္ဒကို မျက်ကွယ်ပြုထားသော အခြေခံ ဥပဒေဖြင့် ကျင်းပမည်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထု အကျိုးစီးပွားကို မည်သို့မျှ အကောင်းအထည်ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။
ပြည်သူ့ ကိုယ်စားလှယ်များမှာ ရုပ်သေးရုပ်သဖွယ် ဘာမှ လုပ်ပိုင်ခွင့် အပြည့်အ၀မရရှိပေ။ ဒီမိုကရေစီ ဆိုသည်မှာ လွတ်တော်သည်သာလျှင် အာဏာအမြင့်ဆုံးဖြစ်သည်။ အခု နအဖ ပြုလုပ်၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က သူတို့ စိတ်ကြိုက်ပြုလုပ်ထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြု အသက်ဝင်အောင် ပြုလုပ်ပြီး အာဏာကို တရားဝင်ဆက်လက် ထိမ်းချုပ်နိုင်အောင် ရေးဆွဲထားသော ဥပဒေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသာဖြစ်သည်။
ထို့ကြောင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်ညီညွတ်ရေး။ ပြည်သူလူထု ကောင်းစားရေးအတွက် ၂၀၀၈ ခု နှစ်ကလူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြည်ထောင်စုသား အားလုံးက လက်ခံနိုင်သည့် အဖွဲ့ စည်းပုံဥပေဒဖြစ်ဘို့ ပြန်လည် ပြင်ဆင်ပေးရန် အကျိုးအကြောင်းဆီလျှော်စွာ မေတ္တာ ရပ်ခံ တောင်းဆိုနေခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တောင်းဆိုချက်ကို နအဖအဖွဲ့ က တစုံတရာ အကြောင်းပြန်ကြားခြင်းမပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်လာလျှင် တိုင်းပြည် ငြိမ်းချမ်းရေးမရဘဲ ပြည်တွင်းစစ်မီးထပ်မံမွှေးလိုက်သလိုဖြစ်ပြီး ပြည်သူလူထု ဆင်းဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ရမည်သာဖြစ်သည်။
ထိုကြောင့် သာသနာ့ ဥသျှောင်အဖွဲ့ အနေဖြင့် နအဖ က ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်အမှားတွင် နအ ဖ နဲ့ အတူ သမိုင်းတရားခံမဖြစ်ဘို့  အရေးကြီးပါသည်။ တိုင်းပြည်အတွက် အင်မတန် အရေးကြီးပါသည်။ ဆင်ခြင်သုံးသပ်ဘို့ အကြံပြုတင်ပြခြင်းဖြစ်ပါသည်။
Monday, December 7, 2009
ဒီဇင်ဘာ ၁ဝ ရက်တွင် လူ့အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပမည်
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းလှုပ်ရှားနေသူများ
ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူ လိုက်နာရန် စတင်ကျင့်သုံးသော ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်ကို အမှတ်တရ ဖြစ်စိမ့်သောငှာ နှစ်စဉ် ထိုနေ့ ရောက်တိုင်း နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက လူ့အခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပကြပါသည်။
အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှု မရှိခြင်းသည် လူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံကျကျ လိုအပ်ချက်တခု ဖြစ်ပါသည်။ ထိုလိုအပ်ချက်၏ အရေးပါမှုကို အဓိက ဦးတည်လျက် ယခုနှစ် ၂ဝဝ၉ လူ့အခွင့်အရေးများနေ့ အခမ်းအနားကို “မတူ ကွဲပြားခြားနားခြင်းကို ဝမ်းပမ်းတသာ လက်ခံပါ။ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှုကို အဆုံးသတ်ပါ” ဆိုသည့် ဆောင်ပုဒ်တွင် တိကျစွာ ဖော်ပြထားသည့်အတိုင်း ကမ္ဘာနှင့်အဝှမ်း တရက်တည်းတပြိုင်တည်း ကျင်းပကြမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတို့ကလည်း မြန်မာနိုင်ငံတွင် စစ်အစိုးရက ပြည်သူများ အပေါ် လူ့အခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်နေခြင်းကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့်၎င်း၊ ထိုလုပ်ရပ်များကို နိုင်ငံတကာပြည်သူများအား အသိပေးရန်အတွက်၎င်း၊ ထိုလုပ်ရပ်များကို တတ်နိုင်သမျှ လျော့နည်းပပျောက်သွားစေရန် နိုင်ငံတကာမိသားစုများနှင့် ပေါင်းစည်း လှုပ်ရှားနိုင်ရေးအတွက်၎င်း၊ ဆောင်ပုဒ်တွင် ပါရှိသည့် မတူ ကွဲပြားခြားနားခြင်းကို ဝမ်းပန်းတသာ လက်ခံရေး၊ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှုကို အဆုံးသတ်ရေးအတွက်၎င်း ယခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် လူ့အခွင့်အရေးများနေ့ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ မပျက်မကွက် တခဲနက် တက်ရောက် ဆင်နွှဲကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
နေရာ - ကုလသမဂ္ဂ တက္ကသိုလ်ရှေ့ကွက်လပ်၊ Shibuya-ku, Jingumae 5–53–70, Tokyoမှတ်ချက် - မိမိတို့ အသင်းအဖွဲ့များအလိုက် လူ့အခွင့်အရေးများဆိုင်ရာ လက်ကိုင်ဆိုင်းဘုတ်များကို အသုံးပြုနိုင်ပါသည်။
နေ့ရက် - ၁ဝ ရက် ဒီဇင်ဘာလ ၂ဝဝ၉ ခုနှစ် (ကြာသာပတေးနေ့)
အချိန် - ညနေ ၃ နာရီမှ ၅ နာရီထိ
JAC – Information
Contact – 090-4964-9718, 090-9831-7192, 090-1506-2893, 090-5318-5054, 090-6505-6858
Wednesday, November 25, 2009
မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးရန်ပုံငွေ တည်ငြိမ်မှုရှိစေရန်
၎င်းတို့၏ သတ်မှတ်ချက်မှာ $ ၄၀၀၀ ကို အနဲဆုံး လူဦးရေ(၅၀)မှ လှူဒါန်းရမည်ဖြစ်ပြီး၊ လူဦးရေ ပြည့်ပြီး သတ်မှတ်ငွေကြေး မပြည့်ပါက အဖွဲ့ဝင်မဖြစ်နိုင်သလို၊ သတ်မှတ်ငွေကြေး ပြည့်စုံပြီး သတ်မှတ်လူဦးရေ မပြည့်စုံပါကလည်း အမြဲတမ်းအဖွဲ့ဝင် မဖြစ်နိုင်ပါ။
၎င်းတို့၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်စေရန်အတွက် မိမိတို့အနေဖြင့် နိုဝင်ဘာ (၂၄)မှ ဒီဇင်ဘာ (၂၃)ရက်နေ့အတွင်း ကြိုးစားရမည် ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးကို စိတ်ဝင်စားသူတိုင်း မိမိတို့ကိုယ်တိုင် ထည့်ဝင်ပေးကြပါရန်နှင့် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်းများအား လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
Dear Friends,
FED-GHRE has been accepted to participate in the Global Giving Challenge that runs from November 24th – December 23rd 2009. GHRE needs to raise $4000 through at least 50 separate donors to gain a permanent place on the Global Giving Website so we can gain further support in all our worthwhile projects! Check out our website for more information: www.ghre.org
Many donors are now pulling out of Phang Nga and Thailand as a whole as Tsunami funds all but dry up and the Global Economic Crisis persists. This has resulted in decreased funds for GHRE, putting pressure on the sustainability of our projects. However, the problem of access to education still remains for marginalized Burmese migrant children in Southern Thailand so we must find a way to continue to support their development, fulfill their Right to Education and empower them to break the cycle of poverty in the future.
Please help us by following this link and donating a minimum of $10 / to our education project in the Khuk khak area that currently supports 265 students.
http://www.globalgiving.com/
On behalf of everyone at FED-GHRE and the local migrant community,
thank you for your support!
Ms Zurine Santander,
Fundraising Officer FED-GHRE
ﱢﱟﱞﱡ۩ﱡﱞﱟﱢ ပေးပို့ပေးသူ - ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
004522838096
Friday, November 20, 2009
စာပေချစ်မြတ်နိုးသော ပုဂ္ဂိုလ်များထံသို့ တိုက်တွန်းနှိုးဆော်ချက်
Thursday, November 19, 2009
ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်
နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်) ကျင်းပပြုလုပ်မှာဖြစ်ပြီး “ရွှေဂုံတိုင်ကြေညာစာတမ်း (သို့) လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း” (Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။
ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး (NLD-LA JB)မှ ”
နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။
နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။
ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။
ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။
အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။
ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက အသိအမှတ်ပြုမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။
ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။
ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။
မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။
ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှုကြောင့် ဘလော့ဂ်ဂါတဦး ထောင်ဒဏ်များစွာ ချမှတ် ခံရဖွယ်ရှိ
ရွှေဝါရောင် တော်လှန်ရေး၏ အထိမ်းအမှတ် လိုဂို © ( ဓါတ်ပုံ - အေပီ သတင်းဋ္ဌာန )
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်း ရိုက်ကူး ခဲ့သော မှတ်တမ်း ဓာတ်ပုံ များကို အင်တာနက်တွင် Upload တင်ခဲ့ မှုကြောင့် မြန်မာ နိုင်ငံမှ
Blogger တဦးသည် ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံရရန် နီးစပ်နေကြောင်း သိရှိ ရသည်။
နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့သည် ကိုဝင်းဇော်နိုင် လွတ်မြောက်ရေး နှင့် အခြားသော အဖမ်းဆီးခံ Blogger များအား လွှတ်ပေးရေး တို့အတွက် မြန်မာ စစ်အစိုးရထံ တောင်းဆိုလျှက် ရှိသည်။ နိုင်ငံတကာ အနေနှင့် မြန်မာ့အရေးကို ညင်သာစွာ ကိုင်တွယ် ဖြေရှင်းရန် ကြံစည် နေခြင်းအား အခွင့်ကောင်း ယူကာ မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း မတရား ဖိနှိမ်မှုများ ပြုလုပ်နေကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့က ပြောဆိုလိုက်သည်။
လွတ်လပ်သော သတင်းပြန်ကြားမှု မရှိဘဲ လာမည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည်ဟု မည်သို့မျှ သတ်မှတ်နိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့၂ဖွဲ့က ဆက်လက် ပြောကြားသွားခဲ့ပြီး၊ ကိုဝင်းဇော်နိုင်သည် အသက် (၂၄)နှစ်သာ ရှိသေးပြီး ပြီးခဲ့သော သီတင်းပါတ်များ အတွင်း ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်တွင် ရဲများက လာရောက် ဖမ်းဆီးသွားမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းသည် ရှေ့နေများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့သေးပဲ၊ ကိုဝင်းဇော်နိုင် သည် မြန်မာ စစ်အစိုးရ ပြဌာန်းထားသော အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံ ရဖွယ်ရှိနေပြီး ၎င်းသည် http://shwenyarthar.co.cc အမည်ရှိ ဘလော့ဂ် ၀ဘ်ဆိုဒ်တွင် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများအား Upload တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူထုအသံ အွန်လိုင်းဂျာနယ်မှ ရယူသည်။
Friday, October 2, 2009
တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲမည်
သံဃာတော်အဖွဲ့အစည်းများ၏ သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များအရ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် ဖြစ်သည်။ ၄င်း ၂ ချက်အား သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂ နာရီအချိန်အထိ စစ်အာဏာရှင်များအနေနဲ့ ၀န်ချတောင်းပန်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကြေငြာချက်ပါအတိုင်း ပြည်တွင်း/ပြည်ပ အသီးသီးမှ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သံဃာလှုပ်ရှားမှုအတွက် ပြည်တွင်းသို့ ၀င်ရောက်လာမည့်သူများကို အထူးသတိထားရန်နှင့် လှုပ်ရှားသူအတုများက ၄င်းတို့နှင့် ဆက်သွယ်ရန် ထောင်ခြောက်ဆင်ကာ သံဃာ ၁၅၀ ခန့်ကို စုဆောင်းထားပြီး စောင့်နေကြကြောင်း အရှင်ဦးထာဝရမှ သတိပေးမိန့်တော်မူသည်။
တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို အချိန်အခါကြည့်၍ လမ်းပေါ်ထွက်ကာ သပိတ်မှောက်ဆန္ဒပြ သွားမည်ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ လိုအပ်ပါကြောင်း ဆရာတော်မှ တိုက်တွန်းမိန့်ကြားသွားသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အပြစ်မဲ့သော သံဃာတော်များနှင့် မိဘပြည်သူများ အသက်ဆုံးရှုံးခဲ့ခြင်း၊ အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရခြင်းများအပေါ် မဟာန ဆရာတော်ဘုရားကြီးများမှ တာဝန်ယူဖြေရှင်းပေးမှုများ မပြုလုပ်ခဲ့သဖြင့် အောင်မြင်မှုများ လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ ယခု တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မဟာန ဆရာတော် ဘုရားကြီးများမှ ဝင်ရောက်ကူညီဆောင်ရွက်ပေးပါရန် ရိုသေစွာဖြင့် လျှောက်ထားအပ်ကြောင်း သိရသည်။
နိုင်ငံရေး အဖွဲ့အစည်းများမှလည်း သံဃာတော်များနှင့်အတူ တစ်သားတည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက်များအရ သိရပါသည်။ သံဃာတော်များ၊ မိဘပြည်သူများ နှင့် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ တညီအညွှတ်တည်းပေါင်းစည်းကာ စစ်အာဏာရှင်များအပေါ် တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲပါက အောင်မြင်မှုရရှိမည်မှာ သေချာပါသည်။
Monday, September 28, 2009
Saturday, September 5, 2009
"ရဲ" ဆိုတဲ့ပုဂ္ဂိုလ်တွေ စဉ်းစားကြပါ။

ဲပြည်သူလူထုဆန္ဒပြပွဲတွေဖြစ်လာတိုင်း... အကြမ်းဖက်ချေမှုန်းရမယ်ဆိုရင် ရှေ့ ဆုံးပို့ ပြီးလူမုန်းခံရတဲ့ ချဉ်ဖတ်တွေဟာ ဘယ်သူတွေလဲ....?
တကယ်သေရမယ်ဆိုရင် ရှေ့ ဆုံးက....ကယ်သူမဲ့ ခွေးသေ၀က်သေ သေကြဖို့ အပို့ ခံရတာ ဘယ်သူတွေလဲ.....?
သူတို့ ကိုယ်ကျိုးအတွက် သတင်းစာထဲအထိထည့်ပြီး အရှက်ခွဲခံကြရတာ ဘယ်သူတွေလဲ........?
ဒီကနေ့ ကစလို့ ကိုယ့်လက်မောင်းထက်ကတံဆိပ် ကိုယ်ပြန်ကြည့်ပြီး ငါဟာ ဘယ်သူ့ အတွက်လဲ..ပြည်သူအတွက်လား၊ အာဏာရူးလက်တစ်ဆုပ်စာအတွက်လား ဆိုတာ စဉ်းစား....။
ကိုးကား။ ။ http://www.dawnmanhon.com/2009/09/blog-post_4016.html မှတဆင့် သြဂုတ်လ ၃၀ရက်၊ မြန်မာ့အလင်းသတင်းစာ
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
