Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, December 22, 2009

၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှတ်တမ်း.......

၇၁-နှစ်မြောက် ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ် အခမ်းအနား နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ၂၈-လမြောက် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ-တိုကျိုရှိ နအဖအခွန်ရုံးရှေ့ တွင် ကျင်းပပြုလုပ်ရာ အဖွဲ့အစည်း အသီသီးမှ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံမှတ်တမ်း......ကိုပွား

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 20, 2009

အလင်းပျိုးမယ့် လက်များ…



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက် စာနာမှု ကဗျာ ရွှတ်ပွဲ အတွက် ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစို ပြေဥယျာဉ်မှာကျင်းပသွားပါသည်။


ရွတ်ဆိုခဲ့ကြတဲ့ ကဗျာများက

၁။မင်းယွန်းသစ်( သုခကြယ်)
၂။ မောင်ဖုန်းမြင့် ( အနာဂတ်ရှိ/ ဖြစ်တယ်)
၃။ သူရဿဝါ ( အလင်းပျိုးမဲ့လက်များ)
၎။ မိုးလှိုင်ည (ဆူလွယ်နပ်လွယ် သားကောင်)
၅။ နေနှင်းစက်( လက်ကမ်းလို့ကြိုမယ်)
၆။ လူလိန် (ဖြစ်ရပ်မှန်)
ရ။ မင်းယွန်းသစ် ( မြန်နှုန်းမြင့်စိတ်နဲ့ မေ့မေ့ကိုဆက်သွယ်လိုက်ပါတယ်)
၈။ Mirror ( ငါတို့ရဲ့လက်တွေ)
၉။ ဆူးခက်မင်း ( အနာဂတ်မဲ့ လက်များရဲ့မနက်ဖန်)
၁၀။ သူရဿဝါ ( လင်းနေတဲ့အပိုင်းဆို မင်းတို့ပဲလုပ်ထားတာ
မှောင်နေတဲ့အပိုင်းတွေက ငါတို့အပြစ်လို့ရှိပါစေ)
၁၁။ မိုးလှိုင်ည ( မှောင်နေတဲ့အလင်း)
၁၂။ မင်းယွန်းသစ် ( မေ့မေ့ဆီ ရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့ ) စတဲ့ကဗျာ တွေကိုရွတ်ဆိုခဲ့ကြပြီ… ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့ ပါဖောင့်မန့်အက် ကဗျာကိုလည်း စုစည်း ရေးစပ် ခဲ့ကြပါတယ်… HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့ပါတယ်... ကဗျာများကို..

မအိန္ဒြာ ၊ မင်းယွန်းသစ် ၊ သူရဿဝါ ၊ မောင်ဖုန်းမြင့် ၊ သွယ်လင်းဆက် ၊ မိုးလှိုင်ည ၊ Mirror ၊ အမည်မဲ့ HOE ၊ သိုးထိန်း စတဲ့ ကဗျာ ဆရာများက ပါဝင်ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်...။ ကဗျာကို မြတ်နိုးကြတဲ့ လူငယ်များနဲ့ ဂျာနယ်လစ်များ.. လူမှုရေး လုပ်ငန်းများ စိတ်ပါဝင်စားသည့် လူငယ်များ ပါဝင် တက်ရောက် ခဲ့ပါသည်..။ အဖွင့် သီချင်း အနေနဲ့ တိုချစ်တဲ့ကမ္ဘာ တို့ချစ်တဲ့ကလေးတွေ
သီချင်းကို စုပေါင်း သီဆိုကြပြီး... Michale Lann- Sleeping Child .. သီချင်းနဲ့ ကဗျာရွတ်ပွဲလေးကို အဆုံးသတ် ခဲ့ကြပါတယ်..။
--
အနာဂတ် (ရှိ / ဖြစ်) တယ်

ပေးသမျှယူဆိုလို့
တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)
နုပျိုခြင်း တူညီ ၀တ်စုံတွေ ၀တ်လို့

သူတို့ ပျော်ရွှင်နေကြ …
သူတို့မှာ အဖေရှိချင်မှရှိမယ်
သူတို့မှာ အမေရှိချင်မှရှိမယ်
သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်
သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်
သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်
သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်
သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်
သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်

နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ
မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေသလား
ဘယ်လိုပဲဖြစ်ဖြစ် ယူလိုက်ကြ
ဒီမှာ ဂီတရှိတယ်
ကဗျာရှိတယ်
ဘာသာရှိတယ်
သာသနာရှိတယ်
ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်

ယူလိုက်ကြတော့
မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်
ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့
အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်
ဒါကြောင့်
မင်းတို့ဟာအနာဂတ်ဖြစ်တယ်။ ။

ကြက်သွန်


" အနာဂတ်မဲ့လက်များရဲ့မနက်ဖြန် "

မိဘမေတ္တာ တဲ့
အရောင် အနံ့အရသာ အထိအတွေ့
အာရုံ ငါးပါး ခံစားမှု ကိုငါတို့တွေ တစ်စက်လေးမှ မရခဲ့ကြဘူး
ပူလား..... အေးလား
အဖြူလား အမဲ လားဆိုတာလည်း သိခွင့်မရခဲ့ကြဘူး
ကျွန်တော်တို့ရဲ့ သက်တမ်းလေးမှာ
အဖေအမေဆိုတာသာယာနာပျော်ဖွယ်တေးသွားတစ်ခုလား
ဘီလူးဆိုင်းသံလားနတ်ဆိုင်းသံလား ညည်းချင်းတစ်ပုဒ်လား
ဘာဆိုဘာမှ သိခွင့်မရတဲ့ကျွန်တော်တို့ရဲ့ဘ၀ဟာ
အပွင့်အလင်းလွန်ခဲ့တဲ့လိင်ယဉ်ကျေးမှုတွေကြောင့်
ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ခ်ျ အိုင်ဗွီ ပိုး ကူးစက်ခံခဲ့ရတယ်
ကျွန်တော်တို့မှာ ခေါ်စရာ အဖေ မရှိခဲ့ဘူး
အဖေ.... ဘယ်မှာလဲ
ကျွန်တော်တို့ ခေါ်ခွင့် မရခဲ့ဘူး
ကျွန်တော်တို့မှာ ခေါ်စရာ အမေ မရှိခဲ့ဘူး
အမေ..... ဘယ်မှာလဲ
အမေဆိုတဲ့ အခေါ်အဝေါ်လေးတောင်
ကျွန်တော်တို့ ခေါ်ခွင့်မရခဲ့ရှာဘူး
ကံကြမ္မာရေ.....

ကျွန်တော်တို့ရဲ့ အနာဂတ်ကိုမှ ဘာကြောင့်များ မဲ့စေရတာလဲ
ကျွန်တော်တို့ကိုမှ ရွေးချယ်ပြီး ဘာကြောင့်များ ထိုးနှက် တိုက်ခိုက်ရတာလဲ
ဘာကြောင့်များ ကျွန်တော်တို့ အိပ်မက်တွေ တွန့်လိမ် ကြွေမွ ကုန်ရတာလဲ
ကျွန်တော်တို့ ဘာများ လွန်ကျူး ခဲ့မိလို့လဲ ဗျာ
ကျွန်တော်တို့ ကူးစက် ခံရတဲ့ အရာက အပေါင်းလက္ခာ ပါတဲ့ အိပ်ခ်ျအိုင်ဗွီတဲ့

အဖေရေ........... အဖေ့ကို
လူမဆန်ခဲ့ဘူး လူ့ ကျင့်ဝတ် နားမလည်ခဲ့ဘူးလို့
ကျွန်တော်တို့မှာ ပြောခွင့် မရှိခဲ့ဘူး
အမေရေ............ မေမေက
လူ့ကျင့်ဝတ် မစောင့်ထိန်း ခဲ့လို့လား
စောင့်ထိန်းရမယ့် စည်းကျော်လွန်ခဲ့တာလား
ကျွန်တော်တို့ တွေးတော ပိုင်ခွင့် မရှိခဲ့ဘူး
ကျွန်တော်တို့ သွေးတွေ ထဲမှာလေ
စီးဆင်းမြဲ စီးဆင်း နေတာက အပေါင်း ထပ်တင်ထားတဲ့ အိပ်ခ်ျ အိုင်ဗွီ ပိုးတဲ့ ။
လူ့ဘ၀ကြီးထဲကို ကျွန်တော် အလင်းမဲ့စွာ ရောက်ရှိခဲ့ပြီ
ကျွန်တော်တို့ ရှေ့ဆက် ရမယ့်လမ်းတွေက မှောင်မှောင်မဲမဲ
လူလို့ ဖြစ်မှာလာပြီးမှ
ရှင်လျှက်နဲ့ သေနေရတဲ့ ဘ၀ကို ကျွန်တော်တို့ မလိုလားစွာ ပိုင်ဆိုင် ခဲ့ရတယ်

အိပ်ခ်ျ အိုင် ဗွီ (HIV)ပိုးဆိုတဲ့ အပေါင်း ထပ်တင်ထားတဲ့ သတ္တ၀ါက
ကျွန်တော်တို့တွေ အပေါ်မှာပဲ ကွက်ကျားမိုး အဖြစ် ရွာချတာနဲ့ တူပါတယ်
ကျွန်တော်တို့တွေ လူဖြစ်ရကျိုး မနပ်ခဲ့ဘူး လူဖြစ်ရကျိုး မနပ်ကြဘူး
လူသား အချင်းချင်း စာနာထောက်ထားမှု ဆိုတာလေး တစ်ခုတည်းနဲ့
ကျွန်တော်တို့ အပြုံးတွေ ရှင်သန်ခဲ့ရတယ်
ကျွန်တော်တို့ရဲ့ ကမ္ဘာငယ်လေး အလင်းမဲ့စွာ ဖွံ့ဖြိုး ခဲ့ရတယ်
ကျွန်တော်တို့ဟာ လူက မွေးတယ် ဆိုတဲ့
အသိအမှတ် ပြုခံရတာလေးက တစ်ချက်က လွဲရင်
ကျွန်တော်တို့ရဲ့ အနာဂတ်က မပီပြင်ဘူး
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဘာလဲ
ကျွန်တော်တို့ရဲ့ မနက်ဖြန်က ဘာလဲ
နောက်ဆုံး ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆိုတာ သေခြင်း တရားလား ။
ကျွန်တော်တို့ အတွက် အလင်းပျိုးမယ့် လက်များကို မျှော်နေပါတယ် ဗျာ ။

အမည်မဲ့ ( HOE )


မှောင်နေတဲ့ အလင်း

သူငယ်ချင်းရေ...............
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့ အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့် သွေးသားထဲ
လှည့်ပတ် စီးဆင်းနေခဲ့ပြီတဲ့

ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ

သူငယ်ချင်းရေ.................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီ တခွက် အတူသောက်ခွင့် ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့် ငါ့ကိုပေးပါ
သူငယ်ချင်းရေ.............
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့် ခန္ဓာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ...............
ကျွန်တော် ဘာများ မှားခဲ့လို့ လဲ
ကျွန်တော် ဘာများ မှားခဲ့ လို့ လဲ..
ကျွန်တော် ဘာများ................................. ၊၊ ၊၊

ကေး ( D O I )


လက်ကမ်းလို့ကြိုမယ်

ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........

ကြင်နာသော စကားနဲ့
အားပေးလို့ ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ ထားမယ်..........

အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........

ဖေးမလို့ကူ
မင်းပြိုလဲရင် ငါက ထူရမှာပေါ့
လူ..... လူသားချင်း
လူသား တရားကို နားလည်ရမယ်..........

အားငယ်စရာ မရှိ
သိမ်ငယ်စရာ မရှိ
အပြစ်ကို အပြစ်မှန်း သိရင်
အဲဒီထဲမှာ စိတ်ထပ် မနှစ်ဖို့ လိုတယ်..........

လောကဓံ တရား
ဘယ်တော့မှ ရှစ်ပါးထက် မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူ ကျီစယ်လို့ ရတယ်..........

ဘဝဆုံးတိုင်း စိတ်ဓါတ် မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝက လုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်း ခတ်ခဲ့တယ်..........

မျှော်လင့်ချက်တွေ ဝေနေသူ အတွက်
အနာဂါတ် ဆိုတာ ဘယ်တော့မှ မသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ ကြိုမယ်..........

Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင် သွေးသွင်းရာမှ HIV ကူစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး ပိုစတာတွင် Poster Child အဖြစ် ရိုက်ကူး ဆောင်ရွက်ရင်း ရင်ဆိုင်မှု ပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။

သွယ်လင်းဆက် ( http://txwelynnset.blogspot.com )


ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ် နပ်လွယ်ရယ်...
ဆူလွယ် နပ်လွယ် ဖြစ်ဖို့ပဲ တွေးတော ကြံဆ နေကြရ
ဘာကြောင့်လဲ.. ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊ နှစ်ခါ ထပ်မေးကြည့် နေမိတယ်....။
ဆူလွယ် နပ်လွယ် ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ် နပ်လွယ် ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲ နေရင်းကပဲ
ဟိုဘက် နဲနဲတိုးပါဦး လို့
ကြပ်တည်း နေကြရတာ...

မြေပထ၀ီ အခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ ကိုယ်ပိုင် ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကို ချဉ်းကပ် ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန် ခဲ့တာတွေက
အလကား မဖြစ်ဘူး။
သက္ကရာဇ်ပေါင်း အခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိ မခိုင်သေးဘူး ..။
တဘုန်းဘုန်း လဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထ နေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသား လမ်းတစ်ခု ဖြစ်တယ်..
ကိုယ့်ဘာသာကိုယ် ထွင်ပြီး လျှောက်ရင်းက
အပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေ ဆိုးမွေ အရပေါ့...
အဲ့သလို အမေ ကပြောတော့
ကျမ အသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။

ဆင်းရဲ မွဲတေမှု
ခေါင်းပုံ ဖြတ်မှု၊
မသာမာမှု၊ လူသားမဆန်မှု
အာဏာ တလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်း အလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ ညာမှု... ဟိုအမှု၊ ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်း စိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်း စိတ်ဖြာဖို့ရော အခွင့်အရေး တစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ် လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက် အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလို နေနေလို့တော့ တို့သမိုင်းက တောက်ပြောင်လာမှာ မဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာ အပင်ပေါက်ချင်တဲ့ စိတ်နဲ့
ငါတို့ လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror


ငါတို့ရဲ့လက်တွေ...

ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည် သုတ်ရမယ်
ငါ့တို့ ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....

မိုးလှိုင်ည


မြန်နှုန်းမြင့် စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ် လိုက်တယ်။

ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။

မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။

မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။

မေမေရေ. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။

မေမေရေ. .
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။
ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။

မေမေရေ . .
အိမ်ပြန်လာရာလမ်းကလေးကတဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ် တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။
ဟုတ်ကဲ့ မေမေ. .
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။

ဖုန်းမြင့်

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 13, 2009

နောက်ကြည့်မှန်

Ko Min Ko Naing Short Story

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 12, 2009

သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း တိုကျိုတွင်ဖွင့်လှစ်

ဖြိုးဝေ-mmp | သံဃာ့တော်များနှင့်သက်ဆိုင် သော အရေးကိစ္စအဝဝကို ဂျပန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်နိုင်ရန်အတွက် တိုကျိုမြို့၊ ဆုဂါမို (Sugamo) ဘူတာအနီးတွင် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (International Sangha Office-Japan) ကို ဖွင့်လှစ်ထားရှိလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းအား ယိုးဒယာနိုင်ငံမှ ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် ဂျပန် နိုင်ငံသို့ ကြွရောက်လာသော ဆရာတော်ဦးဓမ္မဇောတိမှ သံဃာ့ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၊ (၂၁)ရက်နေ့တွင် ဆရာတော်ဦး ဓမ္မဇောတိနှင့်အတူ နယူးဇီလန်နှင့် အင်္ဂလန်တို့မှ ကြွရောက်လာကြသော ဆရာတော်များအပါအဝင် စုစုပေါင်းသံဃာတော်(၅)ပါးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အရှင်ဓမ္မဇောတိမှမိန့်ဆိုသည်။

''သံဃာအရေးကိစ္စတွေကို ဂျပန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်တယ်လေ။ နောက်ပြီး သာသနာ့ဥသျှောင်ကဲ့ သို့ နိုင်ငံတကာနဲ့ဆက်သွယ်မှုတွေ လိုလာမယ်ဆိုရင် ဒီမှာဖြစ်သင့် တယ်၊ ရှိသင့်တယ်လို့ ဘုန်းဘုန်း အနေနဲ့လည်း ယူဆမိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီမှာ(ဂျပန်) အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်...''ဟု ဆရာတော်ဦးဓမ္မဇောတိမှ ဆက်လက်မိန့်ကြားသည်။

ဆရာတော်ဦးဓမ္မဇောတိသည် ၂ဝဝ၇ ခုနှစ် သံဃာသပိတ်တွင် ပြည်တွင်းသံဃာ့တပ်ပေါင်းစုအဖွဲ့၌ စည်းရုံးရေးမှူး တာဝန်ဆောင်ရွက်ခဲ့သည်။

လွတ်လပ်စွာလုပ်ကိုင်ခွင့်ရသော အင်္ဂလန်၊ အမေရိကန်နှင့် အခြား နိုင်ငံများတွင်ထားရှိသော သာသနာ့ဥသျှောင် ရုံးခန်းခွဲများ ထားရှိသကဲ့သို့ ဂျပန်နိုင်ငံတွင် ထားရှိစေလိုကြောင်း၊ ယခုအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းကိုလည်း နောက်ပိုင်းတွင် သာသနာ့ဥသျှောင် ဆရာတော်ကြီးများ၏ မိန့်ကြားချက်များ နှင့်အညီ နိုင်ငံတကာနည်းတူ ဖွင့်လှစ်နိုင်အောင်ကြိုး ပမ်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းသိရသည်။

ယခုဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်းကို 'Itabashi'တွင်ရှိနေသာ 'မြန်မာ ယဉ်ကျေးမှုနှင့်လူမှုရေးအရေး (MCWA)'အမည်နှင့်တည်ရှိသည့် ဘုန်းကြီးကျောင်းနှင့်ခွဲထွက်ကာ စင်ပြိုင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း သိရသည်။

'Itabashiမှာဖွင့်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းကြီးလည်း ရှိပါတယ်။ သို့ပေမယ့် သံဃာ့အရေး၊ နိုင်ငံရေးနှင့် ဆက်စပ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ဒီ့အခက်အခဲတွေကို ပြေလည် စေချင်တဲ့အပိုင်းလည်းပါ,ပါတယ်။ နောက်ပြီးသံဃာ့အရေးကိစ္စဆောင် ရွက်နေတဲ့ ဆရာတော်သံဃာတော် တွေ ဂျပန်ကိုကြွလာတဲ့အခါမျိုးမှာ တည်းခိုဖို့အခက်အခဲလည်းမဖြစ် တော့ဘူးပေါ့...''ဟု ယခုလိုမိန့် ဆိုသည်။

သံဃာ့ရုံးခန်းဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာတကာ/ တကာမတချို့မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဆရာတော်မှဆက်လက်၍ 'သံဃာနှင့်ဒကာ'ဆိုသည်မှာ ''သာဂါရာ အနာဂါရာစ ဥဘောအညေါ ည နိဿိတာ''ဆိုသည့် တရား တော်အတိုင်း ''ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ''ဆိုသလို အပြန်အလှန် အမှီ သဟဲပြုနေကြတာဖြစ်ကြောင်း မှတ်သားဖွယ်မိန့်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကိုဆက်သွယ်လိုပါက-

T၁၇ဝ-ဝဝဝ၂

ROOM - 501, TOKYO, TOSHIMA-KU, SUGAMO DEAR PLAZA, 3-24-5

(ဆရာတော်ဦးဓမ္မဇောတိ)

ဖုန်း - ဝ၈ဝ-၃၂၅ဝ-၆၇၁၂

မေးလ်လိပ်စာ - iso.jpb@gmail.com
iso.jp2009@gmail.com

သို့လည်းကောင်း၊ လက်ရှိ ကူညီဆောင်ရွက်ပေးနေသော ဒကာဒကာမများကို လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

ဖုန်းနံပါတ်များမှာ -

ဝ၉ဝ-၉၉၇၂-၆ဝဝ၁၊ ဝ၈ဝ-၃၃၈ဝ-၅၈၄၇၊ ဝ၈ဝ-၃၁၂ဝ-၉ဝ၈၄၊ ဝ၉ဝ-၁၆၉၅-၂၄၅၅၊ ဝ၉ဝ-၄၈၄၄-၇ဝ၉၂၊ ဝ၈ဝ-၃ဝ၂၆-၁၆၁ဝ၊ ဝ၈ဝ-၅၃၇၃-၂၅၂၄ စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 11, 2009

မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆက်ရှိနေ

ဇော်ကြီး | မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ KLIA ထိန်းသိမ်းရေး စခန်းအတွင်း အမည်မ သိရောဂါကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

မလေးရှား နိုင်ငံသို့ တရားမ၀င် ၀င်ရောက် လာသည့် နိုင်ငံခြားသား များအား အာဏာပိုင်များမှ ဖမ်းဆီး၍ သက်ဆိုင် ရာနိုင်ငံများသို့မပို့မီ ယာယီ ထိန်းသိမ်းရေး စခန်းများဖွင့်၍ ထားရှိ ခဲ့ရာမှ လွန်ခဲ့သည့် သြဂုတ် လကုန်ပိုင်း ကစ၍ သေ ဆုံးမှုများ ရှိခဲ့သည်။

အဆိုပါ ရောဂါကြောင့် ထိုစခန်း အတွင်း အသက် ၄၅ နှစ်အရွယ် ချင်းအမျိုးသား ငေါင်စပေါင် ယခုလ ၉ ရက်နေ့ က သေဆုံး ခဲ့ပြီး လွန်ခဲ့သည့် လေးလ အတွင်း သေဆုံးသူ ၇ ဦး ရှိပြီဟု စခန်းတွင်းထိန်းသိမ်းခံထားရသူ တစ်ဦးက ယခုလိုပြောသည်။

“ဒီကောင်ကတော့ အသည်းအသန် ဖြစ်နေတယ်။ ထလို့တောင် မရတော့ဘူး။ အခုထလို့ မရတော့ဘူး ဘယ်လို လုပ်ရမှာလည်း ဆိုတော့ ဒါဆိုရင် ဆေးရုံ ပို့ပေးမယ်တဲ့ အပြင်ကို ထုတ်လိုက်တယ်။ ဟိုမှာ ကျတော့ တစ်ညပဲ အိပ်တယ်။ နောက်တစ်ရက် ညကိုးနာရီ လောက်မှာ ဆုံးသွားပြီလို့ သတင်းကြား ရတာ။ အခုဒီထဲမှာဆိုရင် ကျနော်တို့ ဒီကို ရောက်တာနဲ့ လေးလ အတွင်းမှာ ၇ယောက်ရှိနေပြီ ဆုံး သွားတာ။”

သေဆုံးသူမှာ ခြေထောက်များ ဖောရောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အစာ မစားနိုင်သည့်အပြင် ဆီး ချုပ်၊ ၀မ်းချုပ် ဖြစ်ရာမှ စခန်း တာဝန်ရှိ သူများအား အကြောင်းကြား ခဲ့သော်လည်း အချိန်မီ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ဟု ၎င်းကပြောသည်။

အထူးသဖြင့် ထိုစခန်း အတွင်း၌ လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းစခန်းတွင် ကျန်းမာရေးကိစ္စဖြင့် ဆန္ဒပြမှုကြောင့် ပြောင်းရွှေ့လာသူ အများစု ဖြစ်ပြီး ထိုသူများအား ကျန်းမာရေး ဂရုစိုက်မှု အားနည်းကာ ပြင်ပမှ ဆေး များကိုလည်း သုံးစွဲခွင့်မရဟု ၎င်းကဆက် ပြောသည်။

“ငါတို့ဒီ စမုန်ညှင်းက လူဟောင်းတွေဆိုရင် ဆရာဝန်ဆီ ပြမပေးဘူး။ နောက်ပြီးတော့ အဲဒီကြားထဲမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျနော်တို့အပြင်ကနေ ဆေးတွေဘာတွေပေါ့ကွာ လိမ်းဆေးတွေ၊သောက် ဆေးတွေ အဲတာတွေမှာတယ်။ အဲလိုမှာတဲ့အခါ သူငယ်ချင်းတွေကလာပေးတယ်။ အဲ့အခါ မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့လို လူဟောင်းတွေဆိုလို့ရှိရင် မပေးရဘူးတဲ့။ စမုန်ညှင်းက ဆိုလို့ရှိရင် မပေးရဘူးလို့ ပြောတယ်။”

ထို့အပြင် ထိုစခန်းအတွင်း ထိန်းသိမ်းခံ ထားရသူများ ထဲ၌ စမုံညှင်းစခန်းမှ ပြောင်းရွှေ့လာသူ လူဟောင်းများမှာ စာ ရင်းပျောက်နေ၍ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UHNCR မှ လာရောက် ထုတ်ယူနိုင်ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

“အခု ကျနော်တို့ ကျတော့ UN နဲ့တွေ့မယ် ဆိုတောင် UN ကလည်း လာတော့လာတယ်။ ဒါပေမယ့် ကျ နော်တို့ နံပါတ်တွေမခေါ်တော့ဘူး။ နံပါတ်တွေ ကျော်ကျော်သွားပြီးတော့ ခေါ်နေကြတယ်။ ကျနော်တို့ လူဟောင်းတွေဆိုရင် လုံးဝမခေါ်တော့တာ။ နောက်ပြီးတော့ နာမည်စာရင်းလည်း ဒီထောင်စာရင်းထဲ မှာမရှိဘူး။ UN ကဟိုကနေ စာရင်းပေးလို့ရှိရင်လည်း ဒီကလက်ခံစာရင်းထဲမှာ မရှိတော့ အပယ်ခံရပြီး တော့ UN နဲ့တွေ့လို့မရဘူး။ ဒီထဲမှာပဲ နေနေရတာပေါ့။ ဒီထဲမှာတော့ တစ်နှစ်လောက်ရှိနေပြီ။ အခက် အခဲဖြစ်နေတာ။”

ရောဂါ ဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများ အနေနှင့် စုံစမ်းရှာဖွေ ခဲ့သော်လည်း ယနေ့အ ချိန်ထိ မည်သည့် ရောဂါမှန်း မသိရသေးဟု ၎င်းကပြောသည်။

စခန်းတွင်း ထိန်းသိမ်းခံ ထားရသူများအား မြန်မာ သံရုံးမှ လာရောက် ထုတ်ယူပြီး မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ပေးသော်လည်း ငွေကြေး မတတ်နိုင် သဖြင့် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းကပြောသည်။

“ကျနော်တို့ ဆီမှာ ပိုက်ဆံရှိရင် ကျနော်တို့ ပြန်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ လက်ထဲမှာ ပိုက်ဆံကလည်း မရှိဘူး၊ အိမ်ကနေလည်း မရဘူး ဆိုတော့ ဒီထဲမှာပဲ ဒီတိုင်းပဲ နေရတာပေါ့။”

အစောပိုင်းကာလများက မြန်မာပြည်သို့ ပြန်လိုပါက လူတစ်ဦးလျှင် မလေးရှားငွေ ၁၅၀၀ ခန့် ပေးရပြီး နောက်ပိုင်း တွင် သံရုံးမှ တာဝန်ပေးထားသူက တစ်ဦးလျှင် ၅၀၀ နုန်းဖြင့် ပြန်ပို့ရန်စီစဉ်ခဲ့သော်လည်း ယခုအခါ စာရင်းပိတ် လိုက်ပြီဟု ပြောသည်။

စခန်းတွင်း၌ မြန်မာ နိုင်ငံသား ၁၃၀ ကျော်ရှိသည့် အထဲက လောလောဆယ် ရောဂါဖြစ် နေသူ သုံးဆယ်ကျော် ရှိသည်။

စခန်းတွင်း လေ၀င် လေထွက်နှင့် အလင်းရောင် ရရှိမှု နည်းပါးခြင်း၊ ချိုးရေနှင့် သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ အစားအစာ လတ်ဆပ်မှု မရှိခြင်း တို့ကြောင့် ယခုလိုရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု စခန်းတွင်း နေထိုင်သူ များက ပြောသည်။

source by : သတင်းနှင့်မီဒီယာကွန်ယက်

အပြည့်အစုံသတင်းဖတ်ရန်....

မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။

အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး
Friday, 11 December 2009 17:14 ကိုထွေး
E-mail Print
နိုင်ငံသားများ၏ အခွင့်အရေးကို ချိုးဖောက်သည့် ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များ အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ယမန်နေ့တွင် ပြောကြား လိုက်သည်။


[ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဖယောင်းတိုင်မီးထွန်းပြီး လှည့်လည် ဆုတောင်းသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ သမ္မတ အိုဘားမား တည်းခိုရာ ဟိုတယ်သို့ ချီတက်သွားကြသည် (ဓာတ်ပုံ - Reuters)]

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဖယောင်းတိုင်မီးထွန်းပြီး လှည့်လည် ဆုတောင်းသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ သမ္မတ အိုဘားမား တည်းခိုရာ ဟိုတယ်သို့ ချီတက်သွားကြသည် (ဓာတ်ပုံ - Reuters)
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပေးအပ်သော နိုဗဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီး ပြောကြားခဲ့သော မိန့်ခွန်းတွင် အိုဘားမားက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လူ့အခွင့် အရေးကို စနစ်တကျ ချိုးဖောက် နေသည့် တိုင်းပြည်များတွင် မြန်မာ နိုင်ငံသည် တနိုင်ငံ အပါအ၀င် ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည်ချက် ကိုလည်း အိုဘားမားက ချီးကျူး ပြောဆိုသည်။

“ဒါဖာမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိတယ်၊ ကွန်ဂိုမှာလည်း စနစ်တကျ ဖျက်လို ဖျက်ဆီး လုပ်နေတာတွေ ရှိသလို မြန်မာ မှာလည်း ဖိနှိပ်မှုတွေ ရှိပါတယ်၊ အဲဒီအတွက် နောက်ဆက်တွဲ ရလာဒ် တွေရှိမှာပါ၊ သံတမန်ရေးနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရှိသလို မအောင်မြင် ရင်လည်း နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အိုဘားမားက ပြောသည်။

နျူကလီးယား စွမ်းအင်ကို သတ်မှတ် ထားသည်ထက် ပိုမို စမ်းသပ် ဆောင်ရွက် နေသည့် အီရန်၊ မြောက်ကို ရီးယားနှင့် နိုင်ငံသားများ အပေါ်တွင် နှိပ်စက် ညှဉ်းပန်း မှုများ ပြုလုပ်နေသည့် ဒါဖာနှင့် မြန်မာ နိုင်ငံတို့ အပေါ် တွင် နိုင်ငံတကာ အသိုင်းအ၀န်းက အဓိပ္ပာယ်ရှိသော အရေးယူ ဆောင်ရွက် ချက်များကို ချမှတ်ရန် လိုကြောင်း ၎င်းက ဆိုသည်။

“ဒေါ်အောင်ဆန်း စုကြည်လိုပဲ အီရန်ရဲ့ လမ်းမပေါ်ကိုထွက်ပြီး တိတ်ဆိတ်စွာ ချီတက်ခဲ့ကြတဲ့ ထောင်ပေါင်း များစွာသော ပြည်သူတွေ၊ အရိုက်ခံရပေမယ့် ရဲရင့်စွာ မဲပေးခဲ့ကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေလို ငြိမ်သက် ပြီးတော့ သိက္ခာရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ ပေးဆပ်မှုတွေကို ကျနော်တို့ လေးစား ဂုဏ်ပြု ပါတယ်၊ အစိုးရ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ နိုးကြားမှုကို အခြားတိုင်းပြည်များ၏ အင်အား တောင့်တင်းမှု ထက် ပိုမိုကြောက်ရွံ့ကြတယ်ဆိုတာကို ဖော်ပြနေတာပါ”ဟု အိုဘားမားက ပြောသည်။

နိုဗဲလ်ဆုရွေးချယ်ရေး ကော်မတီက အိုဘားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့် လိုက်ကြောင်း အောက်တို ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

တချိန်တည်းမှာပင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့မှ ထုတ်ပြန် သည့် ထုတ်ပြန်ချက်တွင် ယင်းအဖွဲ့၏ အကြံပေးအရာရှိ James Jonesက အိုဘားမား အစိုးရ အနေဖြင့် မြန်မာ နှင့် အီရန်နိုင်ငံတို့တွင် ကျူးလွန်နေသော ဖိနှိပ်မှုများကို အာရုံစိုက် စောင့်ကြည့်နေကြောင်း ဆိုသည်။

[ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်သည့် အခမ်းအနားတွင် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေပုံ (ဓာတ်ပုံ - Reuters)]

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်သည့် အခမ်းအနားတွင် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေပုံ (ဓာတ်ပုံ - Reuters)
အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosiက အကျယ်ချုပ်ကျခံနေဆဲ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒါဖာတွင် အစုလိုက်အပြုံလိုက် လူသတ်မှုများကို ကိုးကား၍ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အမေရိကန်၏ ဦးဆောင်မှုကို ကမ္ဘာတ၀န်းလုံးက လိုအပ်ကြောင်း ပြောသည်။

ထို့အပြင် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်ကလည်း အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သော်လည်း ဒီမို ကရေစီရေး ပြောင်းလဲမှုနှင့်ပတ်သက်၍ တိုးတက်မှု တစုံတရာ မရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ညွှန်း၍ မစ္စတာ စကော့မာရှယ်က“ဆုံးဖြတ်ချက်တွေကို တယောက်တည်း ကနေ ချမှတ် နေတာက ပြဿနာပါ၊ အဲဒီ ပုဂ္ဂိုလ်က မြင်သာတဲ့ ပွင့်လင်းမှုကို အခုထက်ထိ မပြသေးဘူး၊ တိုးတက်မှု တစုံတရာ မရှိသေးရင် နှစ်ဦး နှစ်ဘက် ထပ်မံစကားပြောဖို့ ခက်လိမ့်မယ်၊ အခုချိန်ထိတော့ အဲဒီ အခြေအနေ မရောက်သေးပါဘူး၊ ကျနော်တို့ ခရီးစဉ်က တစုံတရာ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ပါ ဘူး” ဟု ဆိုသည်။

နိုဝင်ဘာလက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ အခြားအရာရှိ ၂ ဦးတို့နှင့် အတူ မစ္စတာ စကော့မာရှယ်သည် မြန်မာပြည်သို့ သွားရောက်ခဲ့သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2261:2009-12-11-10-17-53&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 10, 2009

ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ့အခွင့်အရေး ဆန္ဒပြတောင်းဆိုပွဲပြုလုပ်


ဓါတ်ပုံများကို ကိုမင်းညိုဝမ်းမှ ရိုက်ကူးပေးပို့ပါသည်။

ဖြိုးဝေ-mmp | အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုခဲ့သည့်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူ့အခွင့်အရေး ဆန္ဒပြတောင်းဆိုပွဲ တစ်ခုအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှီဘူယ(Shibuya)ဘူတာအနီးရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုပွဲအား ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားများအရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသော ဂျပန်လူမျိုးများနှင့်အတူ နိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း လူအင်အား (၂၀၀)ခန့် တက်ရောက်ဆန္ဒပြတောင်းဆိုခဲ့ကြပြီး နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ကြသည်။

“ဒီဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့ နိုင်ငံမှာ လူ့အခွင့်ချိုးဖောက်မှုတွေကို တောင်းဆိုမှုအပြင် ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားကို လူအခွင့်အရေး အပြည့်အဝရရှိစေဖို့ပါ ထည့်သွင်းတောင်းဆို ဆန္ဒပြသွားမှာပါ” ဟု ဆန္ဒပြပွဲတက်ရောက်လာသူ တစ်ဦးမှာ ပြောပြပါသည်။ ဆန္ဒပြတောင်းဆိုပွဲသို့ လူ့အခွင့်အရေး အမျိုးမျိုးဆုံရှုံးနေသည့် နိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ အီရတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ကွန်ကိုနိုင်ငံ၊ ဂန်နာနိုင်ငံနှင့် အခြားနိုင်ငံများမှ နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာနိုင်ငံမှ တက်ရောက်လာသူများမှ လူအခွင့်အရေးကို ချိုးဖောက်ကာ နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံထားရစေသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကလေးစစ်သားများ စုဆောင်းအသုံးပြုမှုကို ရပ်တန့်ပေးရေး၊ အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေမှုများ ရပ်တန့်ပေးရေးနှင့် လူတိုင်းတန်းတူ အခွင့်အရေးရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။

တက်ရောက်လာသော နိုင်ငံနိုင်ငံအသီးသီးမှ လူ့အခွင့်အရေးကို ရင်ဖွင့်တောင်းဆိုစကားများ ပြောကြားသွားခဲ့ကြသည်။ “ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးနှင့် ပါတ်သတ်ပြီး နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်နေတယ်။ ဂျပန်နိုင်ငံကိုရောက်ရှိနေချိန်မှာ အီရတ်လူမျိုးတွေ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နေထိုင်ခွင့်တောင်းတဲ့ အပေါ်မှာ ဂျပန်လူဝန်မှုကြီးကြပ်ရေးအဖွဲ့ကနေ ဖမ်းဆီးထောင်ချမှုတွေပြုလုပ်တယ်။ ဒါဟာလည်း ကျနော်တို့အတွက် လူ့အခွင့်အရေး ဆုံးရှုံးမှုတစ်ရပ်ပဲ။ ဂျပန်အစိုးရဟာ ဒုက္ခသည်လျှောက်ထားမှုအပေါ် ယုံကြည်မှုနဲပါးနေပါတယ်။ ဒီကိစ္စကို သတင်းမီဒီယာတွေမှာ ဖော်ပြပေးစေချင်ပါတယ်။”ဟု အီရတ်နိုင်ငံမှ တက်ရောက်လာသူ တစ်ဦးက ပြောပြပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေဆိုင်ရာ အစည်းအဝေးပွဲကြီးမှ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ပြင်သစ်နိုင်ငံရှိ Palais de Chaillotမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကြေညာအသုံးပြုခဲ့ပြီး အတည်ပြုခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အပိုဒ် ၃၀ ပါရှိပြီး အကျယ်ဖွင့်ဆိုချက်အား ဒီနေရာတွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ် ယတိပြတ်ပြောဆို

မေကျော် /NEJ
စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် နိုင်ငံတကာက လက်ခံနိုင်မည့် ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။

အဆိုပါပြောကြားချက်ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်တွင် အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“ဂျပန်ဝန်ကြီးချုပ် ပြောတာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီအားလုံး လူထုလူတန်းစား အားလုံး ပါဝင်နိုင်ရမယ်။ နောက် နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပရမယ်။ အဲလို အဖွင့်မိန့်ခွန်းမှာ ပြောတယ်” ဟု ဖိုရမ် တက်ရောက်နေသည့် မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

ယနေ့ စတင်ဖွင့်လှစ်ပြီး (၂) ရက်ကြာ ကျင်းပမည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို အင်ဒိုနီးရှား သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ အရှေ့တီမော သမ္မတနှင့် ဘရူနိုင်း ဒါရုဆလင် ဘုရင်တို့က သဘာပတိအဖြစ် ဆောင်ရွက်သည်။

“ဒေသတွင်းမှာရှိတဲ့ လူသားတိုင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ခံစားရမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်တယ်” ဟု အရှေ့တီမော သမ္မတက ထပ်လောင်း ပြောဆိုခဲ့သည်။


အာရှဒေသတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် ဘာလီ ဒီမိုကရေစီ ဖိုရမ်တွင် အာဆီယံ အပါအ၀င် အာရှဒေသတွင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ကြသည်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာစစ်အစိုးရအား ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ အစည်းအဝေး၌လည်း ပြောကြားခဲ့သည်။

အဆိုပါအချက်များကို လိုက်နာမှသာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံက အပြည့်အ၀ ပြန်လည်ပေးအပ်မည်ဟုလည်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများဆုံးပေးနေသော နိုင်ငံဖြစ်ပြီး စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ဂျပန်သတင်းထောက် သေဆုံးခဲ့ပြီးသည့်နောက် ကူညီမှုကို လျှော့ချခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကလည်း သတင်းစာဆရာကြီး ဦးဝင်းတင်ကို ယခုနှစ်အတွင်း ဖိတ်ကြားတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, December 9, 2009

Facebook အဖွဲ့ဝင်အတွက် ဒေါ်စုလွတ်မြောက်ရေးကန်ပိန်း Chryler ကားကုမ္ပဏီက စီစဉ်ပေးမည်

မှတ်ချက်..
သန်းရွှေကို ဘယ်သူ အဖက်လုပ် သူ့ မျက်နှာပုပ်ကြီးကို ကျော်ငြာပါလိမ့်မလည်း။ ခွေးဘီလူးတောင် အဘအော်..ကြောက်လို့ ပြေးမဲ့ ကြက်သရေမဲ့ရုပ်။
ကား ကုပ္ပဏီက သူ့ ကို သောက်ဖက်လုပ်တောင် လှည့်မကြည့်ဖူး။
သူသေ မှ ကျော်သူ့  အသုဘယာဉ်ကျော်ငြာ မှာ..
“ငရဲသွားရန် ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ လူယုတ်မာ နအဖခေါင်းဆောင် သန်းရွှေ အယုတ်တမာကောင် အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းကျနော်ထိုးပေးမယ်ဗျာ။
ကိုကျော်သူရေ...မေတ္တာရိ ကူညီမယ်ဗျို့  ပိုက်ပိုက်ပေးရန်မလို..


ဝီရ/ ၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးသည့် အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်ဖြန်တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြော်ငြာထားသည်။
“လွတ်လပ်ခြင်းအတွက် Facebook စာမျက်နှာတွင် သင့်မျက်နှာဖြင့် တဖက်တလမ်းမှ ပါဝင်ဆင်နွှဲကြရန်” တိုက်တွန်းထားပြီး ပါဝင်လို သူတိုင်း၏ ကိုယ်ရေးဓာတ်ပုံအား ဒေါ်အောင်ဆန်းစုကြည်အတွက် အရင် လှူဒါန်းရ မည်ဖြစ်ပြီး ယနေ့အထိ ပါဝင်ဆင်နွှဲသူပေါင်း (၁,၁၀၀) ကျော်ရှိပြီဖြစ်သည်။

ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ် ဆိုက်တွင် ဖော်ပြပေးမည် ဖြစ်သည်။

အမေရိကန် Chryler ကားကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသည့် ၎င်းတို့၏ကားကြော်ငြာ ကို ပြီးခဲ့သည့် ကြာသပ တေးနေ့က စတင်ပြသခဲ့ပြီး youtube စာမျက်နှာများတွင် ပြသထားသည့် အဆိုပါ ကြော်ငြာ အား တပတ်အတွင်း လာရောက်ကြည့်ရှုသူ ပေါင်း (၁၃,၀၀၀) ကျော် ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူး၍ ပြသထားသည့် Chrysler 300 Sedan ကား ကြော် ငြာသည် လွန်ခဲ့သည့် နိုဝင်ဘာ (၁၀-၁၁) ရက်များက ဘာလင်တွင် ကျင်းပပြီးစီးသွားသည့် (၁၀) ကြိမ် မြောက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုဘယ်လ်ဆုရှင်များကို အခြေခံ ထား ပြီး မိမိတိုင်းပြည်တွင် အကျဉ်းကျနေသည့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာနိုင်ခြင်း မရှိကြောင်းကို သရုပ်ပြထားသည်။

အဆိုပါကြော်ငြာတွင် နိုဘယ်လ်ဆုရှင်များဖြစ်သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ ပိုလန် သမ္မတဟောင်း Lech Walesa ၊ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့နှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ မိုဟာမက် ယူနွတ်တို့က ဆွေးနွေးပွဲသို့ Chrysler ကားနက်များဖြင့် တယောက်ပြီးတယောက် ရောက်ရှိလာပြီးနောက် Chrysler ကားအဖြူရောင်တစီးက ဘာလင်တံတိုင်းကို ဖောက်ကာ အုတ်နံရံများက ဂျိုးဖြူအဖြစ် ပြောင်းလဲသွားကြပြီး ခန်းမရှေ့သို့ ရပ်နားကာ တံခါးဖွင့်လိုက်ချိန်တွင် နောက်ခန်း၌ စီးသူမဲ့နေ သည်ကို ပြသထားပြီး “ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းဖြင့် အဆုံးသတ်ထားသည်။ http://www.khitpyaing.org/news/Dec09/091209a.php

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 7, 2009

ဒီဇင်ဘာ ၆ ရက်နေ့ စတိတ်ရှိုးနှင့် ဒီဇင်ဘာ ၅ ရက်နေ့ မကျေနပ်သံ များ


သတင်း။ ခမိခဆဲ
ဓါတ်ပုံ။ အရှည်ကြီး

ဒီဇင်ဘာ ၆ ရက်နေ့ ည ထိုင်းဘုရင်မွေးနေ့ပွဲကို မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော် ဇော်ပိုင် နှင့် ရေဗက္ကာဝင်း တို့ လာရောက်သီဆိုဖျော်ဖြေကြပါသည်။ ထို့နေ့ပွဲတွင် မြန်မာအလုပ်သမားများ၊ မဲဆောက်မြို့မှာရှိကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း လာရောက်အားပေးကြတာကို တွေ့ရပါတယ်။ သောင်းချီလောက်သော ပရိသတ်များက တစ်ဦးလျှင် လက်မှတ်နှုန်း ထား ဘတ် ၁၀၀ ကျပ်ဖြင့် ကြည့်ရှုရခြင်းဖြစ်ပါသည်။ ၀င်ကြေးအနေဖြင့် ဘတ် ၂၀ ပေးရပါသေးသည်။

ူ“ ယနေ့ ပွဲလာကြည့်ရတာတော့ အဆိုတော်တွေ လာရောက်သီဆိုကြလို့ ပျော်ပါတယ်ဗျာ ... မနေ့ကတော့ စိုင်းစိုင်းနဲ့ကြိုးကြာ လာဖျော် ဖြေမယ်ဆိုပြီး လာကြည့်ပါတယ်၊ ပေါ်မလာပါဘူး။ ပေါ်မလာတဲ့အပြင် စင်ပေါ်ကနေ မြန်မာအချင်းချင်း စင်ပေါ်တတ်ပြီး စိမ်ခေါ်တာလဲ ခံရသေးတယ်ဗျ။ စဉ်းစားကြည့်ပါဦး အဝေးကြီးကနေ လာရောက်အားပေးရတာ။ မလာဖြစ်ရင် မလာဖြစ်ဘူးမပြောတဲ့အပြင် ခင်ဗျားတို့ မြန်မာလူမျိုးတွေမဟုတ်ဘူးလားဆိုပြီး ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့လဲ ပြောခံရသေးတယ် ... ”

“ ကျမတို့က မြန်မာအဆိုတော်တွေလာဖျော်ဖြေမယ်ဆိုလို့ တကူးတက ကားစီးပြီးလာကြည့်ရတာ။ ညနေ ၆ နာရီလောက်ထဲက လာရပါ တယ်။ ပိုက်ဆံလဲကုန်၊ လူလဲပင်ပန်းတယ်။ အားပေးရုံသက်သက်ပါပဲ။ ဒီရောက်တော့ မြ၀တီက အဆိုတော်တွေပဲ ဆိုတာကြည့်ခဲ့ရတယ်..”

“ ကိုဇော်ပိုင် နဲ့ မရေဗက္ကာဝင်း ဆိုတာပဲကြည့်ရတယ်။ ပြောတော့ စိုင်းစိုင်း နဲ့ ကြိုးကြာလာမယ်ပြောပြီး ပေါ်မလာဘူးလေ။ ချွေးနည်းစာ တွေစုပြီး လာကြည့်ရတာ ”

ဒီဇင်ဘာ ၅ ရက်နေ့က စိုင်းစိုင်း နဲ့ ကြိုးကြာ လာရောက်ဖျော်ဖြေမယ်ပြောပြီး ပေါ်မလာခဲ့ပါဘူး။ ပရိသတ်တွေကတော့ မျှော်တော်ရောင် ကို ဖြစ်လို့။ ဒီကြားထဲ မြ၀တီက တစ်ယောက်က စင်ပေါ်တတ်ပြီး အော်ငေါက်ပြောတာပါ ခံရသေးတယ်။ ဘယ်လောက် ကိုယ်ချင်းစာ တ ရားမရှိလိုက်လဲလို့။ မလာနိုင်ဘူးဆိုလဲ မလာနိုင်ဘူး မပြောခဲ့ပါဘူး။ အ၀တ်လဲနေပါပြီ၊ လာတော့မှာပါ၊ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောပြီး နောက်ဆုံး စင်ပေါ်တတ်ကာ ပရိသတ်တွေကို ဒါ ထိုင်းနိုင်ငံနော်၊ ခင်ဗျားတို့ မြန်မာပြည်လာခဲ့ကြပါလား ဆိုပြီးပြောဆိုခံရပါသေးတယ်။ ပရိသတ်တော်တော်များများဟာ သူတို့ချွေးနည်းစားလေးတွေကို စုပြီး လာကြည့်ရတာပါ။

လက်မှတ်နှုန်းထား ဘတ် ၁၀၀ ကနေ ဒီဇင်ဘာ ၅ ရက်နေ့ပွဲမဖြစ်တဲ့အတွက် ဘတ် ၅၀ ပြန်ပေးမယ်ဆိုပြီးလဲ ပြောသံကြားခဲ့ပါတယ်။ အခု ထိတော့ ဘယ်သူ့ဆီမှာ ပြန်တောင်းရမယ်၊ ပေးမယ်၊ မပေးမယ် ဆိုတာကိုလဲ ယခုထိ မသိရှိရသေးပါဘူး။

“ မြန်မာအချင်းချင်း လိမ်လည်ပြီး လက်မှတ်ရောင်းတာပဲ ... အဲ့တာကတော့ ” ဟု ပွဲလာကြည့်တဲ့ ပရိသတ်တစ်ဦးက အခုလိုပြောဆို သွားခဲ့ပါတယ်။

ဘယ်လိုတွေပဲဖြစ်ဖြစ် ဒီဇင်ဘာ ၅ ရက်၊ ၆ ရက် ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။ ယခုချိန်အထိ ဘတ် ၅၀ ပြန်ပေးမယ်၊ မပေးမယ် ဆိုတာကို တော့မသိရှိရသေးပါဘူး။ ပွဲစီစဉ်သူ ဘယ်သူဘယ်ဝါဆိုတာလဲ ခုချိန်ထိ ဟိုလူလိုလို၊ ဒီလူလိုလိုနဲ့ သံသရာလည်နေဆဲပါပဲ။

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားသာတ ပေတော့ ဦးပြောင်ကြီး...

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၊ ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံအား တက်ရောက်လာမည့်မြန်မာနိုင်ငံဝန်ကြီးချုပ်အား ကြိုဆိုမည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများ..

ဒီဇင်ဘာ ၈ ရက် အင်္ဂါနေ့ မနက် ကိုးနာရီတွင် ကိုပင်ဟေဂင်ရှိ ညီလာခံ ကျင်းပရာ Bella Center ၌ လူစုမည် ဖြစ်ပါကြောင်း မိတ်ဆွေများအား သိစေအပ်ပါသည်။

ဆက်သွယ်ရန်
ကိုမြင့်ဝေ Ph: 75220532 ၊ ကိုသောင်းရွှေ (ခေါ်) ကိုမိုက်ကယ် Ph: 75102545
http://www.thetoodk.co.cc/ မှ..

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 3, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဖုန်းမက်ဆေ့များဖြင့် campaignလုပ်

အခုတလော ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဖရီးဆိုတဲ့ စာသားတွေကို လက်ကိုင်ဖုန်း စာပို့စနစ်ကနေ ပေးပို့တာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံတယောက်က သူကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့ယူဆချက်ကို RFA ကို ခုလိုပြောပါတယ်။

မန္တလေးမြို့ခံ။ ။ 'ဖုန်းမက်ဆေ့တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဖရီးဆိုပြီးတော့ တောက်လျှောက်ဝင်နေတာ၊ အဲဒါ တပတ်ကျော်လောက်ရှိပြီ။ တော်တော်များများကလည်း အဲဒီအပေါ်မှာ လှုပ်လှုပ်ရှားရှားပေါ့။ ဒါလည်း ကြည့်ရတာ ကမ်ပိန်းတခု လုပ်တယ်ထင်တယ်၊ မန္ဈလေး ဝန်းကျင်ကတော့ တော်တော်ဝင်နေပြီ အမရပူရတို့ မန္ဈလေးမြို့ပေါ်တို့ တော်တော်များများ ကျနော့ကို လာလာမေး နေတယ် ၊ ရန်ကုန်က လူတွေကလည်း လှမ်းပို့တယ်။' ဖုန်းမက်ဆေ့ကို လက်ခံရရှိတဲ့ မန္ဈလေးမြို့ခံက ပြောသွားတာပါ။

အခုလို ဖုန်းမက်ဆေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖရီးဆိုတဲ့ စာတွေကို ဘယ်သူက စပို့တယ်ဆိုတာ အတိအကျမသိရပေမဲ့ လူတွေကြားမှာတော့ အတော်လေးပြန့် နေကြောင်း၊ တခါသုံးစနစ်နဲ့ ရောင်းချတဲ့ ဖုန်းကဒ်နံပတ်တွေကနေ ပေးပို့နေတာ ဖြစ်ပြီး အဲဒီ နံပါတ်ကို ပြန်ခေါ်ကြည့်တဲ့အခါမှာ ပြန်မဖြေဘူးလို့ နောက်ထပ် မန္တလေးမြို့ခံ တယောက်ကလည်း ပြောပါတယ်။အရင်ကလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားမှာ သွားပြီးဆုတောင်းတာ၊ ဓာတ်ပုံတွေ ပို့စကဒ်တွေ ဝေတာ၊ ပိုစတာတွေ ကပ်တာတွေ အပါအဝင် ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့ကြဘူးပါတယ်။
RFA News

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, December 2, 2009

လတ်တလော အဖြစ်ကြောင့် ကုသမှု မှားယွင်းမှုများ ထပ်မံသိရှိလာရ

ဒေါ်ခင်မာကျော် (၅၉ နှစ်)၊ ဆာကူရာဆေးရုံ၊ ဒေါက်တာစောနောင်


မိုးမခ အထောက်တော် | ဆေးရုံ၊ ဆေးခန်းများတွင် မှားယွင်းကုသမှု ပေါ့ဆမှုကြောင့် လူနာ အသက် ဆုံးရှုံး ရသည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စ မီဒီယာ၏ အကျိုး ကျေးဇူးကြောင့် လူအများ သိရှိခွင့် ရခဲ့ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် များကိုလည်း ခံစားရသူ မိသားစုများက မီဒီယာသို့ အချက်အလက် ပေးပို့ကာ ထပ်မံ ဖေါ်ထုတ်လာကြသည်။

ပြီးခဲ့သည့် နှစ်ကုန်ခါနီးက ဆရာဝန်၏ ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက် တခုနှင့် ပတ်သက်သည့် အထောက်အထား များကို ယခုသီတင်းပတ်အတွင်း မိုးမခမီဒီယာသို့ အီးမေးလ်ဖြင့် ပေးပို့လာခဲ့သည်။

အဆိုပါ အထောက်အထားများ အရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ဆာကူရာဆေးရုံတွင် အင်းစိန်မြို့နေ ဒေါ်ခင်မာကျော် (၅၉နှစ်) သည် ကျောက်ကပ် ဆေးရန် တက်ရောက်ကုသမှု ခံယူနေခဲ့သည်။ ဒီဇင်ဘာ ၅ရက်နေ့တွင် လည်ပင်းမှ ပိုက်တပ်ရန် ဆရာဝန်မှ ဆုံးဖြတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ဒေါက်တာစောနောင်က ပိုက်တပ်ဆင်ခဲ့သည်။ သို့သော် အောင်မြင်စွာ မပြီးဆုံးမီ အခြား ဆေးခန်း တခန်းတွင် ပြင်ပလူနာကြည့်ရန်ရှိသဖြင့် အခြားဆရာဝန်တဦးကို ဖုန်းဆက်လွှဲထားခဲ့ပြီး ထွက်သွားခဲ့သည်ဟု လူနာရှင်` သမီး ဖြစ်သူက သက်ဆိုင်ရာသို့ ပေးပို့သည့်စာတွင် ဖေါ်ပြထားသည်။

အထက်ပါ ဆရာဝန်က လူနာကို ထားရစ်၍ ထွက်သွားခဲ့ပြီးနောက် ၁နာရီကျော်ကြာသည်အထိ လွှဲထားသည့် ဆရာဝန်လည်း မရောက်လာခဲ့ဟု စာတွင် ဖေါ်ပြချက်အရသိရှိရသည်။

ဒေါက်တာစောနောင်မှာ လူနာအား လွှဲထားခဲ့ပြီး ၃နာရီခွဲ ၄နာရီနီးပါးအကြာတွင်မှ ပြန်ရောက်ရှိလာခဲ့သည်ဟု ဆိသည်။ ၎င်းနောက် လူနာ၏ အခြေအနေမကောင်းတော့ ဟု သက်ဆိုင်သူ မိသားစုကို ခေါ်ပြောခဲ့သည်ဟု သိရှိရသည်။

လူနာမှာ ၂၅ရက်နီးပါး မြောနေခဲ့ရာမှ ၂၀၀၉ ခု ဒီဇင်ဘာ ၂၉တွင် အသက်ဆုံးရှုံးခဲ့ရသည်။

လူနာ အသက် မဆုံးရှုံးမီကတည်းက လူနာ၏ သမီးဖြစ်သူက ဆာကူရာဆေးရုံသို့ ထိုနေ့ အဖြစ်အပျက်နှင့် ပတ်သက်ပြီး ဆရာဝန်ကို အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။ ဆေးရုံမှ ထိုနေ့ တာဝန်ကျသည့် သူနာပြု၊ အခြားဆရာဝန်အားလုံးကို ခေါ်ယူမေးမြန်းခဲ့ပြီး အောက်ပါအတိုင်း အကြောင်းပြန်ကြားခဲ့သည်ဟု သိရသည်။

“ဖြစ်ပျက်သမျှကို ခြုံငုံသုံးသပ်ကြည့်သော် လူနာ၏ ကျန်းမာရေး ကိစ္စ အ၀၀ကို တာဝန်ယူကုသပေးသော ဒေါက်တာ ဦးစောနောင်မှာ ဒေါက်တာ ဦးအောင်သူ မရောက်လာမီ လူနာနားတွင် အနီးကပ်ကြည့်ရှု စောင့်ရှောက်ရန် တာဝန်ရှိပြီး လူနာ နှင့် ၃နာရီ ၄၅မိနစ် ကင်းကွာပြီးမှ ပြန်ရောက်လာကြောင်း တွေ့ရှိရပါသည်။ ဤကိစ္စအတွက် ဆေးရုံမှ ဒေါက်တာဦးစောနောင်အား အရေးယူပေးရန်မရနိုင်ပါ၊ ဆေးရုံ ဆရာဝန်နှင့် အိုတီ ၀န်ထမ်းများအား အဖြစ်မှန် ထွက်ဆိုရန်သာ ပံ့ပိုးနိုင်ပါသည်။”

ဟု ဆိုသည့် ပြန်ကြားချက်ကို လူနာရှင်ထံသို့ လူနာအသက်မဆုံးရှုံးမီ ပြန်ကြားခဲ့သည်။

ထို့ပြင် ဆေးရုံဘက်မှ အကြံပေးချက်တွင် နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီ၏ ၅-၄-၂၀၀၇ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ပုဂ္ဂလိကကျန်းမာရေး ဆိုင်ရာ ပြဌါန်းချက် အခန်း (၁၆) ပုဒ်မ ၃၉(က) အရ သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်ပေးသူ ၏ ပေါ့လျော့စွာ ဆောင်ရွက်မှုကြောင့် နစ်နာသူသည် မိမိ၏နစ်နာမှုအတွက် လျော်ကြေးရရန် တရားမနစ်နာမှု ဥပဒေ (Law of Tort) အရစွဲဆိုခွင့်ရှိသည်ဟု ပြန်ကြားထားခဲ့သည်။

ထိုသို့ ဖြစ်ပျက်ပြီးနောက် လူနာမှာ ဒီဇင်ဘာ ၂၉ရက်တွင် ကွယ်လွန်ခဲ့ရပြီး သက်ဆိုင်ရာမိသားစုက ကျန်းမာရေး ၀န်ကြီးသို့ လိပ်မူပြီး စုံစမ်းစစ်ဆေးပေးရန် တင်ပြခဲ့သည်ဟု သိရှိရသည်။

ဖေဖေါ်ဝါရီလလယ် တွင် နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌါနတွင် ပေါ့ဆသည်ဟု စွပ်စွဲခံထားရသည့် ဆရာဝန်နှင့် အသက်ဆုံးရှုံးရသူ၏ မိသားစုဝင်တို့ ၀န်ကြီးအား တွေ့ဆုံပြီး ၀န်ကြီးက ဒေါက်တာဦးစောနောင်ကို ဆမ ယာယီရပ်ဆိုင်းထားဖို့နှင့် နစ်နာကြေးပေးရန် နှုတ်ဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လအထိ တစုံတရာ နစ်နာကြေးပေးခြင်း မရှိသေးသဖြင့် သေဆုံးသူ၏ မိသားစုက ပြီးခဲ့သည့် ဇူလိုင်လတွင် ကျန်းမာရေး ၀န်ကြီးဌါနသို့ ထပ်မံအသနား ခံခဲ့သည်ဟု သိရှိရသည်။

အထက်ပါ အဖြစ်အပျက်ကို ကြည့်ရှုခြင်းအားဖြင့် လူတယောက်၏ အသက်ဆုံးရှုံးမှုအတွက် တာဝန်ရှိသူကို သက်ဆိုင်ရာ အာဏာပိုင် ၊ ၀န်ကြီးဌါနအထိ တိုင်ကြားသော်ငြားလည်း လက်တွေ့အရေးယူခြင်း၊ တရားဥပဒေ အကာအကွယ်ဖြင့် နစ်နာကြေး ပေးဆောင်ခြင်းတို့ အဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအဖြစ်ကို ကြည့်လျင် ယခုလောလောဆယ် စုံစမ်းစစ်ဆေးမှု ပြုလုပ်တော့မည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စမည်သို့ ရှေ့ဆက်မည်ကို တနည်းတဖုံအားဖြင့် ခန့်မှန်းနိုင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့ နေသူတဦးက ဝေဖန်ပြောဆိုခဲ့သည်။

မီဒီယာတွင် လတ်တလော မခိုင်ရွှန်းလဲ့ရည်၏ အဖြစ်အပျက်ကို ဖေါ်ပြခွင့်ရခဲ့ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့ပြီး လူအများ မသိရှိ သေးသည့် လူနာများ အပေါ် ပေါ့ဆမှု၊ မှားယွင်းမှု၊ တာဝန်မဲ့လုပ်ဆောင်မှုများ ကျုးလွန်ခဲ့သည့် အဖြစ်အပျက်၊ အရေးအခင်း အများအပြား ရှိနေသည်ကို သက်ဆိုင်သူ မိသားစုများနှင့် မျက်မြင်တို့က တင်ပြဖေါ်ထုတ်လာကြသည်ကိုတွေ့ရသည်။

source by : မိုးမခ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 30, 2009

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝

Monday, 30 November 2009 19:26 ကေလတ်

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် သမ္မတစနစ်ကို အခြေပြုသည်ဟု လူအများက ယူဆကြသည်။ သို့သော် ဤအခြေခံဥပဒေ၌ အသုံးပြုထားသော သမ္မတစနစ်သည် ပုံစံအသစ် ဖြစ်ပြီး ကမ္ဘာတလွှား၌ အသုံးပြုနေကြသော အခြားသော သမ္မတစနစ်များနှင့် ကွဲပြားခြားနားသည်။

အခြေခံဥပဒေအရ သမ္မတ တဦးနှင့် ဒုတိယသမ္မတ နှစ်ဦးတို့ကို အစုအဖွဲ့ (၃)ဖွဲ့ ပါဝင်သာ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ်တင်မြောက်ရမည်။ အခြားသမ္မတ စနစ်များတွင်ကဲ့သို့ သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်း မဟုတ်ပါ။

ယေဘုယျအားဖြင့် ကမ္ဘာပေါ်တွင် အစိုးရအုပ်ချုပ်ပုံစနစ် (၃)မျိုး ရှိသည်။ ပါလီမန်စနစ်၊ သမ္မတစနစ်နှင့် တ၀က်တပျက်သမ္မတစနစ် သို့မဟုတ် ပေါင်းစပ်စနစ် ဟူ၍ ဖြစ်သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများ ခွဲဝေ ပိုင်းခြားပုံတို့သည် နိုင်ငံအလိုက် ကွဲပြားခြားနားမှုများ ရှိကြသည်။

ပါလီမန်စနစ်တွင် အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်တွင် ရွေးချယ်ဖွဲ့စည်းကြသည်။ နိုင်ငံရးပါတီတခုသည် ပါလီမန်တွင် အများစု အနိုင်ရရှိပါက အစိုးရဖွဲ့ခွင့် ရှိသည်။ မည်သည့်ပါတီကမျှ အများစု အနိုင်မရပါက နိုင်ငံရေးပါတီများအကြား အစိုးရဖွဲ့ရန် အပေးအယူ လုပ်ရသည်။ အစိုးရအနေဖြင့် ပါလီမန်တွင် အများစု၏ယုံကြည်မှုကို ရရှိနေသရွေ့ အုပ်ချုပ်ခွင့်ရနေမည်ဖြစ် သည်။

ဖေါ်ပြပါစနစ်တွင် နိုင်ငံတော်အကြီးအကဲ၌ အုပ်ချုပ်ရေးအာဏာမရှိ၊ မြန်မာပြည်၏ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး ဂုဏ်ထူးဆောင် အကြီးအကဲသက်သက်သာ ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ၀န်ကြီးချုပ်၌သာ အုပ်ချုပ်ရေးအာဏာ ရှိသည်။ တချို့ကိစ္စများတွင်သာ သမ္မတသည် အုပ်ချုပ်မှုအာဏာကို အကန့်အသတ်ဖြင့် သုံးစွဲပိုင်ခွင့်ရှိသည်။

ပါလီမန်စနစ်ကို အသုံးပြုသောနိုင်ငံများတွင် အင်္ဂလန်နိုင်ငံ၊ ဥရောပရှိနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဗြိတိသျှကိုလိုနီဖြစ်ဖူးသော နိုင်ငံများ ပါဝင်သည်။ အစ္စရေး၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ နှင့် အာရှရှိ ဗြိတိသျှကိုလိုနီ ဖြစ်ဖူးသော နိုင်ငံများကလည်း ဤစနစ်ကို အသုံးပြုကြသည်။

သမ္မတစနစ်တွင်မူ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများကို ခွဲခြားထားသည်။ သမ္မတများသည် အစိုးရအဖွဲ့၏ အကြီးအကဲများ ဖြစ်ကြပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ကြသည်။ သမ္မတသည် အစိုးရအဖွဲ့ဝင်များကို သူ့စိတ်ကြိုက် ရွေးချယ်တာဝန်ပေးသည်။ အစိုးရအဖွဲ့ဝင်များသည် ပါလီမန်အမတ်များဖြစ်စရာ မလိုပေ။ သာမန်အားဖြင့် ပါလီမန်တွင် အယုံအကြည်မရှိအဆိုဖြင့် သမ္မတကို ဖြုတ်ချ၍မရပေ။ သမ္မတသည် နိုင်ငံတော်အကြီးအကဲလည်း ဖြစ်သည်။

သမ္မတစနစ်ကို အသုံးပြုသောနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် လက်တင် အမေရိကရှိနိုင်ငံများ ပါဝင်ကြသည်။ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ အီရန်၊ တောင်ကိုရီးယားနှင့် သီရီလင်္ကာတို့လည်း ဤသမ္မတစနစ်ကို အသုံးပြုကြသည်။

"တ၀က်တပျက်သမ္မတစနစ်" ဟုခေါ်သော ပေါင်းစပ်စနစ်တမျိုးလည်း ရှိသေးသည်။ "သမ္မတ ပါလီမန်စနစ်" ဟုလည်း ခေါ်ကြသည်။ အကယ်၍ အခြေခံဥပဒေက သမ္မတ၏လုပ်ပိုင်ခွင့်များကို အလေးပေးပါက "သမ္မတ ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြပြီး၊ အကယ်၍ ပါလီမန်ကို အာဏာပိုမိုပေးအပ်ထားပါက "တ၀က်တပျက်ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြသည်။ ဤစနစ်တွင် သမ္မတနှင့် ၀န်ကြီးချုပ်နှစ်ဦးစလုံးက အုပ်ချုပ်ရေးအာဏာကို ခွဲဝေယူထားကြသည်။ များသောအားဖြင့် သမ္မတက ၀န်ကြီးချုပ်များကို ခန့်အပ်လေ့ရှိကြပြီး ၀န်ကြီးချုပ်များသည် သမ္မတများ၏ နိုင်ငံရေးပါတီဝင်များ ဟုတ်ချင်မှ ဟုတ်ကြသည်။

ပြင်သစ်အစိုးရသည် "တ၀က်တပျက်သမ္မတစနစ်" ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် သမ္မတသည် ၀န်ကြီးချုပ်ကိုခန့်အပ်ပြီး အစိုးရအဖွဲ့ဝင်များကိုလည်း သူကရွေးချယ်တာဝန်ပေးအပ်သည်။ သမ္မတသည် နိုင်ငံခြားရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပြီး တိုင်းပြည်၏ ပြည်တွင်းရေးရာ ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၀န်ကြီးချုပ်က တာဝန်ယူလေ့ရှိသည်။ ဤစနစ်ကိုကျင့်သုံးသော အခြားနိုင်ငံများမှာ အနောက်အာဖရိကရှိ ပြင်သစ်ကိုလိုနီ ဟောင်းများဖြစ်ကြသည်။ ကုတ်ဒီအိုင်ဗွာ၊ ဂါပွန်၊ မာလီနှင့် ဆီနီဂေါနိုင်ငံများ၊ ပိုလန်နှင့် ဘူဂေး ရီးယားကဲ့သို့သော အရှေ့ဥရောပနိုင်ငံများ ဖြစ်ကြသည်။

သမ္မတစနစ် သို့မဟုတ် တ၀က်တပျက် သမ္မတစနစ် အများစုတွင် သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ သို့သော် တချို့နိုင်ငံများတွင် လွှတ်တော်က သမ္မတ နှင့် ၀န်ကြီးချုပ်ကို ရွေးချယ်ကြသည်။

တောင်အာဖရိကတွင် အမျိုးသားလွှတ်တော်က နိုင်ငံတော်၏ အကြီးအကဲလည်းဖြစ်၊ အစိုးရအဖွဲ့၏ အကြီးအကဲလည်းဖြစ်သော သမ္မတကို ရွေးချယ်သည်။ တောင်အာဖရိကနိုင်ငံ၏ ပါလီမန်တွင် "အမျိုးသားလွှတ်တော်” နှင့် "ခရိုင်အမျိုးသားကောင်စီ" များပါဝင်ကြသည်။ "အမျိုးသားလွှတ်တော်" တွင် နေရာ ၄၀၀ ရှိပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင် မြှောက်ကြသည်။ "ခရိုင်အမျိုးသားကောင်စီ”ကို ခရိုင်တခုချင်းစီမှ ပို့လွှတ်သော ကိုယ်စားလှယ် (၁၀)ဦးစီဖြင့် ဖွဲ့စည်းသည်။

“အမျိုးသားလွှတ်တော်" တွင် အများစုအနိုင်ရသောပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီများ၏ ခေါင်းဆောင်သည် သမ္မတဖြစ်လာသည်။ သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သော အစိုးရအဖွဲ့ဝင်များသည် ပါလီမန်ကို တာဝန်ခံရသည်။

မြန်မာပြည်၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော သမ္မတစနစ်မှာ စစ်မှန်သော သမ္မတစနစ်မဟုတ်ပဲ အမေရိကန်ပြည်ထောင်စု၏ "သမ္မတစနစ်" သို့မဟုတ် ပြင်သစ်နိုင်ငံ၏ "တ၀က်တ ပျက်သမ္မတစနစ်" များ၏ စရိုက်လက္ခဏာများနှင့်လည်း ကိုက်ညီခြင်းမရှိပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတကို သမ္မတရွေးချယ်အဖွဲ့ဖြစ်သော အစုအဖွဲ့ သုံးခုက ရွေးချယ်တင်မြှောက်သည်။

ပထမအစုအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ဒုတိယအစုအဖွဲ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။ တတိယအစုအဖွဲ့တွင် ပထမနှင့် ဒုတိယ အစုအဖွဲ့များတွင် မပါဝင်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

အစုအဖွဲ့တခုချင်းစီက လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ၊ ဒုတိယသမ္မတဦးစီးကို ရွေးချယ် တင်မြှောက်ရမည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော ထို သမ္မတ ရွေးချယ်ရေးအဖွဲ့က ဒုတိယသမ္မတ (၃) ဦးအနက်မှ သမ္မတတဦးကို ရွေးချယ် တင်မြှောက်ရမည်။

သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ပြီး အစိုးရအဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို သမ္မတက ရွေးချယ်ခန့်အပ်သည်။ သမ္မတသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်သော်လည်း အုပ်ချုပ်ရေးအာဏာ အပြည့်ရှိသည်။ ဤစနစ်သည် သမ္မတရွေးချယ်ပုံ နည်းစနစ် အသစ် ဖြစ်ပြီး မြန်မာပြည်တခုတည်း၌သာ ရှိလာမည့် စနစ် ဖြစ်သည်။

ဤစနစ်တွင် ပြည်သူ့လွှတ်တော်၌ အများစုအနိုင်ရရှိသော နိုင်ငံရေးပါတီသည် အစိုးရဖွဲ့ခွင့်ရမည် ဟူ၍ မပြောနိုင်ပါ။ ပြည်သူ့လွှတ်တော်တွင် နေရာ (၄၄၀)ရှိသော်လည်း နေရာ (၁၁၀) သည် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သောနေရာများ ဖြစ်သည်။

နိုင်ငံရေးပါတီတခုသည် သမ္မတရွေးချယ်ရေးအဖွဲ့သို့ ဒုတိယသမ္မတ တယောက် ရွေးချယ်ခွင့်ရနိုင်သည်။ဤဒုတိယသမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် အရွေးချယ်ခံရမှသာလျင် အစိုးရဖွဲ့ခွင့် ရမည်ဖြစ်သည်။

သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရပြီးချိန်တွင် သူတို့သည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပါက ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရမည် ဖြစ်သည်။ ၎င်းတို့သည် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့်လည်း ကင်းကွာရမည်ဖြစ်သည်။ သူတို့ကို "အယုံအကြည်မရှိအဆို" ဖြင့် ဖြုတ်ချ၍မရပေ။ သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို အခြေခံဥပဒေ အရ စွပ်စွဲပြစ်တင်ခြင်းနည်းလမ်းဖြင့်သာ ဖြုတ်ချ သို့မဟုတ် အစားထိုးခန့်ထားနိုင်သည်။

လေ့လာသူအများက မြန်မာပြည်၏ အခြေခံဥပဒေသစ်ကို "မြန်မာ့နည်းမြန်မာ့ဟန်" ဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ဟူသည့် စစ်အစိုးရ၏ အယူအဆကို အကောင်အထည် ဖော်ခြင်းဟု ယူဆကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံးပါလီမန်ကို ဖွဲ့စည်းကြမည်ဖြစ်ပြီး အစိုးရ အသစ်တခု ပေါ်ပေါက်လာမည်ဖြစ်သည်။

ဤတွင် ဤအစိုးရအနေဖြင့် တိုင်းပြည်ကို မည်မျှ ထိရောက်စွာ အုပ်ချုပ်နိုင်မည်နည်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို မည်မျှ ထမ်းရွက်နိုင်မည်နည်း ဟူသော မေးခွန်းများ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2215:2009-11-30-12-27-22&catid=21:2009-10-08-04-58-47&Itemid=253

အပြည့်အစုံသတင်းဖတ်ရန်....

သောက်ရှက်မရှိတဲ့ မျက်ခွက်နဲ့  အာပုပ်စော်နံ ပါးစပ်က လိမ်ပြန်ပြီ..

ကဲ ဒီရုပ်ကြီးဘဲကြည့်ပါဗျာ..လိမ်လား မလိမ်လား..ဘာတခုမှ..သမာဓိ ပြစရာ တစ်စေ့မှ မရှိတဲ့ မျက်ခွက်..ရင်ကော့ မပြောရဲမှတော့ ထမီရုတ်သူခိုးလို ညောင်နာနာနဲ့  ရုပ်ကြမ်းကြီးနဲ့  နွဲ့ နေပြန်ဘီ

တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Monday, 30 November 2009 18:31 ရန်ပိုင်
E-mail Print
လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု သောကြာနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုလိုက်သည်။

[လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ထပ်မံ ပြောဆိုလိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Reuters)]

ထိုသို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ဖွဲ့စည်းခွင့်၊ လွတ်လပ် စွာ စည်းရုံး ဟောပြောခွင့်မရရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဥပဒေများကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကပြောသည်။
“ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ အခုအချိန်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင် ရုံးချုပ်သာဖွင့်ခွင့်ပေး ထားတာ၊ နယ်ရုံးတွေ အပိတ်ခံထားရတာပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် ယခုအချိန်ကာလကတည်းက လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ဟောပြောခွင့်၊ ဆွေးနွေးခွင့်၊ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ပြုရမည် ဖြစ်ကြောင်း၊ ယခုအခါ စစ်အစိုးရ အနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့်နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ကိုသာ ရွေးကောက်ပွဲ အတွက် နယ်လှည့် စည်းရုံးခွင့်များ ပေးအပ်ထားကြောင်း သခင်ချန်ထွန်းက ထောက်ပြဝေဖန်သည်။

ထို့အပြင် မကြာသေးမီက ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုသား ရင်ကြားစေ့ရေး တို့အတွက် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် စာကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီးပေးပို့ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးပြောဆိုသည်မှာ ပြီးခဲ့သည့် တပ်မတော်နေ့တွင် တကြိမ်၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်တကြိမ်နှင့် ယခု ကြံ့ခိုင်ဖွံဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးတွင်တကြိမ် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆို ခြင်း ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲကိုပြုလုပ်မည်မှာ သေချာသည်ဟု အဓိပ္ပာယ်ရရှိကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကဆိုသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို ဥပဒေမထုတ်သေးဘူးဆိုတာက သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုက သိပ်မသေချာသေးလို့၊ အား နည်းနေသေးလို့ သူတို့ပါတီမနိုင်နိုင်သေးလို့” ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာနည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင် နှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း၊ ထို့အပြင် လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်မရှိသည်ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိလိမ့်မည်ဟု မထင်ကြောင်း ဦးဝင်းမင်းက သုံးသပ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “စစ်အစိုးရအနေနဲ့က လာမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မယ်၊ သူတို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရပ်သား ရုပ်ပြအစိုးရတခု လုပ်ပြရမယ်၊ နောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြု ခံရဖို့ လိုမယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို NLD အား ၀င်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း၊ သို့မှသာ ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရသကဲ့သို့ ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားမည်ကို စိုးရိမ်သည့်အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်နည်းပါးစေရန် ရွေးကောက်ပွဲဥပဒေများကို အချိန်နီးကပ်မှသာ ပြဌာန်းပေးလိမ့်မည်ဟု ထင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

တခြားသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်များတွင် ရွေးကောက်ပွဲတခုကို တိုတောင်းသော အချိန်ကာလတခုသတ်မှတ် ပြဌာန်းပြီး ပြုလုပ်နိုင်သော်လည်း၊ မြန်မာနိုင်ငံကဲ့သို့ ယခုမှ စတင်ပြီးပါတီစုံရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခွင့်၊ စည်းရုံးခွင့် စသည်များကို ပြုလုပ်နိုင်ရန်အတွက် အချိန်ကာလ

အားဖြင့် အနည်းဆုံး ၁ နှစ် နှင့် ၁ နှစ်ခွဲခန့်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမည်ထင်ကြောင်း မြန်မာ့အရေးလေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ အားလုံး အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 29, 2009

တယ်လည်း မိုက်ရိုင်းထွားကျိုင်းတာ သန်းရွှေအမျိုး..

လင်နား မယားနားကပ်နေတဲ့ မိန်းမ ယောက်ျားတွေ ကို လခပေးနေရတာ ဒို့ ပြည်သူ

ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုး ပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြားဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေရဲ့သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန်ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ် လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးကပြောပါတယ်။

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ
သမီးနှစ်ဦး စလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့
ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။

တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်
ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့
မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။

သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို
နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။RFA သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - “Orphans of Burma Cyclone”Rory Peck ဆု

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - Orphans of BurmaCyclone” ကို ဒီဗွီဘီ (Democratic Voice of Burma – DVB) တီဗွီ သတင်းထောက်တီနဲ့ ဇက်တို့ မှ နအဖရဲ့ ဖိနှိပ်ချုပ်ချယ...်မှုတွေ ကြီးမားနေတဲ့အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်...ရိုက်ကူးခဲ့တာဖြစ်ပြီး၊ယခုအခါမှာ ဒီမှတ်တမ်းရုပ်ရှင်ဟာ Rory Peck ဆုပေးဖို့ လန်ဒန်ရှိဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။

နာဂစ်မုန်တိုင်းရဲ့ မိဘမဲ့ကလေးသူငယ်များ ရုပ်သံမှတ်တမ်းဟာ Rory Peck feature ရုပ်သံဆုကို ရရှိသွားပါတယ်။ ဒီရုပ်သံကို မှတ်တမ်းတင်ခဲ့တဲ့ ကင်မရာမင်းက သူရဲ့ အတွေ့အကြုံတွေကို လူငယ့်အသံကို ပြောပြသွားပါတယ်။
လူငယ့်အသံမှ
ပေးပို့ သူ ကိုမျိုး

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 25, 2009

မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးရန်ပုံငွေ တည်ငြိမ်မှုရှိစေရန်

မိမိတို့အနေဖြင့် ရန်ပုံငွေတည်ငြိမ်မှုရှိစေရန် အတွက် ‘Globalgiving’ Website တွင် ကြော်ငြာခွင့်ရရန် ကြိုးစားခဲ့ပါသည်။ အဆိုပါ Website တွင် အမြဲတမ်း ကြော်ငြာခွင့်ရရန်၊ လူဦးရေ (၅၀) မှ $ (၄၀၀၀) (ဒေါ်လာလေးထောင်) တိတိကို တစ်လအတွင်း လှူဒါန်းမှ သာလျှင်အမြဲတမ်း အဖွဲ့ဝင် ဖြစ်နိုင်မည် ဖြစ်ပါသည်။

၎င်းတို့၏ သတ်မှတ်ချက်မှာ $ ၄၀၀၀ ကို အနဲဆုံး လူဦးရေ(၅၀)မှ လှူဒါန်းရမည်ဖြစ်ပြီး၊ လူဦးရေ ပြည့်ပြီး သတ်မှတ်ငွေကြေး မပြည့်ပါက အဖွဲ့ဝင်မဖြစ်နိုင်သလို၊ သတ်မှတ်ငွေကြေး ပြည့်စုံပြီး သတ်မှတ်လူဦးရေ မပြည့်စုံပါကလည်း အမြဲတမ်းအဖွဲ့ဝင် မဖြစ်နိုင်ပါ။

၎င်းတို့၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်စေရန်အတွက် မိမိတို့အနေဖြင့် နိုဝင်ဘာ (၂၄)မှ ဒီဇင်ဘာ (၂၃)ရက်နေ့အတွင်း ကြိုးစားရမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးကို စိတ်ဝင်စားသူတိုင်း မိမိတို့ကိုယ်တိုင် ထည့်ဝင်ပေးကြပါရန်နှင့် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်းများအား လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

Dear Friends,

FED-GHRE has been accepted to participate in the Global Giving Challenge that runs from November 24th – December 23rd 2009. GHRE needs to raise $4000 through at least 50 separate donors to gain a permanent place on the Global Giving Website so we can gain further support in all our worthwhile projects! Check out our website for more information: www.ghre.org

Many donors are now pulling out of Phang Nga and Thailand as a whole as Tsunami funds all but dry up and the Global Economic Crisis persists. This has resulted in decreased funds for GHRE, putting pressure on the sustainability of our projects. However, the problem of access to education still remains for marginalized Burmese migrant children in Southern Thailand so we must find a way to continue to support their development, fulfill their Right to Education and empower them to break the cycle of poverty in the future.

Please help us by following this link and donating a minimum of $10 / to our education project in the Khuk khak area that currently supports 265 students.

http://www.globalgiving.com/projects/burmese-migrant-children-go-to-school/

On behalf of everyone at FED-GHRE and the local migrant community,
thank you for your support!

Ms Zurine Santander,
Fundraising Officer FED-GHRE

ﱢﱟﱞﱡ۩ﱡﱞﱟﱢ ပေးပို့ပေးသူ - ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
004522838096

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 24, 2009

ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနား

http://www.phyusayadaw.com/ သို့  ဆရာတော်ကြီး၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအကျဉ်းဖတ်ရန် ကြွပါ။




ပေးပို့ သူ အဘယပါ..

အပြည့်အစုံသတင်းဖတ်ရန်....

မိုးမခ အထောက်တော် အမှတ် ၀၀၄

24th NOV 2009 - MoeMaKa Daily

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်