Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Sunday, December 20, 2009

အလင်းပျိုးမယ့် လက်များ…



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက် စာနာမှု ကဗျာ ရွှတ်ပွဲ အတွက် ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစို ပြေဥယျာဉ်မှာကျင်းပသွားပါသည်။


ရွတ်ဆိုခဲ့ကြတဲ့ ကဗျာများက

၁။မင်းယွန်းသစ်( သုခကြယ်)
၂။ မောင်ဖုန်းမြင့် ( အနာဂတ်ရှိ/ ဖြစ်တယ်)
၃။ သူရဿဝါ ( အလင်းပျိုးမဲ့လက်များ)
၎။ မိုးလှိုင်ည (ဆူလွယ်နပ်လွယ် သားကောင်)
၅။ နေနှင်းစက်( လက်ကမ်းလို့ကြိုမယ်)
၆။ လူလိန် (ဖြစ်ရပ်မှန်)
ရ။ မင်းယွန်းသစ် ( မြန်နှုန်းမြင့်စိတ်နဲ့ မေ့မေ့ကိုဆက်သွယ်လိုက်ပါတယ်)
၈။ Mirror ( ငါတို့ရဲ့လက်တွေ)
၉။ ဆူးခက်မင်း ( အနာဂတ်မဲ့ လက်များရဲ့မနက်ဖန်)
၁၀။ သူရဿဝါ ( လင်းနေတဲ့အပိုင်းဆို မင်းတို့ပဲလုပ်ထားတာ
မှောင်နေတဲ့အပိုင်းတွေက ငါတို့အပြစ်လို့ရှိပါစေ)
၁၁။ မိုးလှိုင်ည ( မှောင်နေတဲ့အလင်း)
၁၂။ မင်းယွန်းသစ် ( မေ့မေ့ဆီ ရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့ ) စတဲ့ကဗျာ တွေကိုရွတ်ဆိုခဲ့ကြပြီ… ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့ ပါဖောင့်မန့်အက် ကဗျာကိုလည်း စုစည်း ရေးစပ် ခဲ့ကြပါတယ်… HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့ပါတယ်... ကဗျာများကို..

မအိန္ဒြာ ၊ မင်းယွန်းသစ် ၊ သူရဿဝါ ၊ မောင်ဖုန်းမြင့် ၊ သွယ်လင်းဆက် ၊ မိုးလှိုင်ည ၊ Mirror ၊ အမည်မဲ့ HOE ၊ သိုးထိန်း စတဲ့ ကဗျာ ဆရာများက ပါဝင်ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်...။ ကဗျာကို မြတ်နိုးကြတဲ့ လူငယ်များနဲ့ ဂျာနယ်လစ်များ.. လူမှုရေး လုပ်ငန်းများ စိတ်ပါဝင်စားသည့် လူငယ်များ ပါဝင် တက်ရောက် ခဲ့ပါသည်..။ အဖွင့် သီချင်း အနေနဲ့ တိုချစ်တဲ့ကမ္ဘာ တို့ချစ်တဲ့ကလေးတွေ
သီချင်းကို စုပေါင်း သီဆိုကြပြီး... Michale Lann- Sleeping Child .. သီချင်းနဲ့ ကဗျာရွတ်ပွဲလေးကို အဆုံးသတ် ခဲ့ကြပါတယ်..။
--
အနာဂတ် (ရှိ / ဖြစ်) တယ်

ပေးသမျှယူဆိုလို့
တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)
နုပျိုခြင်း တူညီ ၀တ်စုံတွေ ၀တ်လို့

သူတို့ ပျော်ရွှင်နေကြ …
သူတို့မှာ အဖေရှိချင်မှရှိမယ်
သူတို့မှာ အမေရှိချင်မှရှိမယ်
သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်
သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်
သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်
သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်
သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်
သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်

နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ
မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေသလား
ဘယ်လိုပဲဖြစ်ဖြစ် ယူလိုက်ကြ
ဒီမှာ ဂီတရှိတယ်
ကဗျာရှိတယ်
ဘာသာရှိတယ်
သာသနာရှိတယ်
ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်

ယူလိုက်ကြတော့
မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်
ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့
အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်
ဒါကြောင့်
မင်းတို့ဟာအနာဂတ်ဖြစ်တယ်။ ။

ကြက်သွန်


" အနာဂတ်မဲ့လက်များရဲ့မနက်ဖြန် "

မိဘမေတ္တာ တဲ့
အရောင် အနံ့အရသာ အထိအတွေ့
အာရုံ ငါးပါး ခံစားမှု ကိုငါတို့တွေ တစ်စက်လေးမှ မရခဲ့ကြဘူး
ပူလား..... အေးလား
အဖြူလား အမဲ လားဆိုတာလည်း သိခွင့်မရခဲ့ကြဘူး
ကျွန်တော်တို့ရဲ့ သက်တမ်းလေးမှာ
အဖေအမေဆိုတာသာယာနာပျော်ဖွယ်တေးသွားတစ်ခုလား
ဘီလူးဆိုင်းသံလားနတ်ဆိုင်းသံလား ညည်းချင်းတစ်ပုဒ်လား
ဘာဆိုဘာမှ သိခွင့်မရတဲ့ကျွန်တော်တို့ရဲ့ဘ၀ဟာ
အပွင့်အလင်းလွန်ခဲ့တဲ့လိင်ယဉ်ကျေးမှုတွေကြောင့်
ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ခ်ျ အိုင်ဗွီ ပိုး ကူးစက်ခံခဲ့ရတယ်
ကျွန်တော်တို့မှာ ခေါ်စရာ အဖေ မရှိခဲ့ဘူး
အဖေ.... ဘယ်မှာလဲ
ကျွန်တော်တို့ ခေါ်ခွင့် မရခဲ့ဘူး
ကျွန်တော်တို့မှာ ခေါ်စရာ အမေ မရှိခဲ့ဘူး
အမေ..... ဘယ်မှာလဲ
အမေဆိုတဲ့ အခေါ်အဝေါ်လေးတောင်
ကျွန်တော်တို့ ခေါ်ခွင့်မရခဲ့ရှာဘူး
ကံကြမ္မာရေ.....

ကျွန်တော်တို့ရဲ့ အနာဂတ်ကိုမှ ဘာကြောင့်များ မဲ့စေရတာလဲ
ကျွန်တော်တို့ကိုမှ ရွေးချယ်ပြီး ဘာကြောင့်များ ထိုးနှက် တိုက်ခိုက်ရတာလဲ
ဘာကြောင့်များ ကျွန်တော်တို့ အိပ်မက်တွေ တွန့်လိမ် ကြွေမွ ကုန်ရတာလဲ
ကျွန်တော်တို့ ဘာများ လွန်ကျူး ခဲ့မိလို့လဲ ဗျာ
ကျွန်တော်တို့ ကူးစက် ခံရတဲ့ အရာက အပေါင်းလက္ခာ ပါတဲ့ အိပ်ခ်ျအိုင်ဗွီတဲ့

အဖေရေ........... အဖေ့ကို
လူမဆန်ခဲ့ဘူး လူ့ ကျင့်ဝတ် နားမလည်ခဲ့ဘူးလို့
ကျွန်တော်တို့မှာ ပြောခွင့် မရှိခဲ့ဘူး
အမေရေ............ မေမေက
လူ့ကျင့်ဝတ် မစောင့်ထိန်း ခဲ့လို့လား
စောင့်ထိန်းရမယ့် စည်းကျော်လွန်ခဲ့တာလား
ကျွန်တော်တို့ တွေးတော ပိုင်ခွင့် မရှိခဲ့ဘူး
ကျွန်တော်တို့ သွေးတွေ ထဲမှာလေ
စီးဆင်းမြဲ စီးဆင်း နေတာက အပေါင်း ထပ်တင်ထားတဲ့ အိပ်ခ်ျ အိုင်ဗွီ ပိုးတဲ့ ။
လူ့ဘ၀ကြီးထဲကို ကျွန်တော် အလင်းမဲ့စွာ ရောက်ရှိခဲ့ပြီ
ကျွန်တော်တို့ ရှေ့ဆက် ရမယ့်လမ်းတွေက မှောင်မှောင်မဲမဲ
လူလို့ ဖြစ်မှာလာပြီးမှ
ရှင်လျှက်နဲ့ သေနေရတဲ့ ဘ၀ကို ကျွန်တော်တို့ မလိုလားစွာ ပိုင်ဆိုင် ခဲ့ရတယ်

အိပ်ခ်ျ အိုင် ဗွီ (HIV)ပိုးဆိုတဲ့ အပေါင်း ထပ်တင်ထားတဲ့ သတ္တ၀ါက
ကျွန်တော်တို့တွေ အပေါ်မှာပဲ ကွက်ကျားမိုး အဖြစ် ရွာချတာနဲ့ တူပါတယ်
ကျွန်တော်တို့တွေ လူဖြစ်ရကျိုး မနပ်ခဲ့ဘူး လူဖြစ်ရကျိုး မနပ်ကြဘူး
လူသား အချင်းချင်း စာနာထောက်ထားမှု ဆိုတာလေး တစ်ခုတည်းနဲ့
ကျွန်တော်တို့ အပြုံးတွေ ရှင်သန်ခဲ့ရတယ်
ကျွန်တော်တို့ရဲ့ ကမ္ဘာငယ်လေး အလင်းမဲ့စွာ ဖွံ့ဖြိုး ခဲ့ရတယ်
ကျွန်တော်တို့ဟာ လူက မွေးတယ် ဆိုတဲ့
အသိအမှတ် ပြုခံရတာလေးက တစ်ချက်က လွဲရင်
ကျွန်တော်တို့ရဲ့ အနာဂတ်က မပီပြင်ဘူး
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဘာလဲ
ကျွန်တော်တို့ရဲ့ မနက်ဖြန်က ဘာလဲ
နောက်ဆုံး ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆိုတာ သေခြင်း တရားလား ။
ကျွန်တော်တို့ အတွက် အလင်းပျိုးမယ့် လက်များကို မျှော်နေပါတယ် ဗျာ ။

အမည်မဲ့ ( HOE )


မှောင်နေတဲ့ အလင်း

သူငယ်ချင်းရေ...............
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့ အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့် သွေးသားထဲ
လှည့်ပတ် စီးဆင်းနေခဲ့ပြီတဲ့

ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ

သူငယ်ချင်းရေ.................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီ တခွက် အတူသောက်ခွင့် ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့် ငါ့ကိုပေးပါ
သူငယ်ချင်းရေ.............
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့် ခန္ဓာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ...............
ကျွန်တော် ဘာများ မှားခဲ့လို့ လဲ
ကျွန်တော် ဘာများ မှားခဲ့ လို့ လဲ..
ကျွန်တော် ဘာများ................................. ၊၊ ၊၊

ကေး ( D O I )


လက်ကမ်းလို့ကြိုမယ်

ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........

ကြင်နာသော စကားနဲ့
အားပေးလို့ ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ ထားမယ်..........

အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........

ဖေးမလို့ကူ
မင်းပြိုလဲရင် ငါက ထူရမှာပေါ့
လူ..... လူသားချင်း
လူသား တရားကို နားလည်ရမယ်..........

အားငယ်စရာ မရှိ
သိမ်ငယ်စရာ မရှိ
အပြစ်ကို အပြစ်မှန်း သိရင်
အဲဒီထဲမှာ စိတ်ထပ် မနှစ်ဖို့ လိုတယ်..........

လောကဓံ တရား
ဘယ်တော့မှ ရှစ်ပါးထက် မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူ ကျီစယ်လို့ ရတယ်..........

ဘဝဆုံးတိုင်း စိတ်ဓါတ် မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝက လုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်း ခတ်ခဲ့တယ်..........

မျှော်လင့်ချက်တွေ ဝေနေသူ အတွက်
အနာဂါတ် ဆိုတာ ဘယ်တော့မှ မသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ ကြိုမယ်..........

Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင် သွေးသွင်းရာမှ HIV ကူစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး ပိုစတာတွင် Poster Child အဖြစ် ရိုက်ကူး ဆောင်ရွက်ရင်း ရင်ဆိုင်မှု ပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။

သွယ်လင်းဆက် ( http://txwelynnset.blogspot.com )


ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ် နပ်လွယ်ရယ်...
ဆူလွယ် နပ်လွယ် ဖြစ်ဖို့ပဲ တွေးတော ကြံဆ နေကြရ
ဘာကြောင့်လဲ.. ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊ နှစ်ခါ ထပ်မေးကြည့် နေမိတယ်....။
ဆူလွယ် နပ်လွယ် ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ် နပ်လွယ် ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲ နေရင်းကပဲ
ဟိုဘက် နဲနဲတိုးပါဦး လို့
ကြပ်တည်း နေကြရတာ...

မြေပထ၀ီ အခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ ကိုယ်ပိုင် ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကို ချဉ်းကပ် ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန် ခဲ့တာတွေက
အလကား မဖြစ်ဘူး။
သက္ကရာဇ်ပေါင်း အခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိ မခိုင်သေးဘူး ..။
တဘုန်းဘုန်း လဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထ နေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသား လမ်းတစ်ခု ဖြစ်တယ်..
ကိုယ့်ဘာသာကိုယ် ထွင်ပြီး လျှောက်ရင်းက
အပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေ ဆိုးမွေ အရပေါ့...
အဲ့သလို အမေ ကပြောတော့
ကျမ အသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။

ဆင်းရဲ မွဲတေမှု
ခေါင်းပုံ ဖြတ်မှု၊
မသာမာမှု၊ လူသားမဆန်မှု
အာဏာ တလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်း အလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ ညာမှု... ဟိုအမှု၊ ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်း စိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်း စိတ်ဖြာဖို့ရော အခွင့်အရေး တစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ် လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက် အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလို နေနေလို့တော့ တို့သမိုင်းက တောက်ပြောင်လာမှာ မဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာ အပင်ပေါက်ချင်တဲ့ စိတ်နဲ့
ငါတို့ လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror


ငါတို့ရဲ့လက်တွေ...

ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည် သုတ်ရမယ်
ငါ့တို့ ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....

မိုးလှိုင်ည


မြန်နှုန်းမြင့် စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ် လိုက်တယ်။

ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။

မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။

မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။

မေမေရေ. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။

မေမေရေ. .
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။
ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။

မေမေရေ . .
အိမ်ပြန်လာရာလမ်းကလေးကတဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ် တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။
ဟုတ်ကဲ့ မေမေ. .
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။

ဖုန်းမြင့်

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 10, 2009

ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ့အခွင့်အရေး ဆန္ဒပြတောင်းဆိုပွဲပြုလုပ်


ဓါတ်ပုံများကို ကိုမင်းညိုဝမ်းမှ ရိုက်ကူးပေးပို့ပါသည်။

ဖြိုးဝေ-mmp | အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုခဲ့သည့်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူ့အခွင့်အရေး ဆန္ဒပြတောင်းဆိုပွဲ တစ်ခုအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှီဘူယ(Shibuya)ဘူတာအနီးရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုပွဲအား ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားများအရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသော ဂျပန်လူမျိုးများနှင့်အတူ နိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း လူအင်အား (၂၀၀)ခန့် တက်ရောက်ဆန္ဒပြတောင်းဆိုခဲ့ကြပြီး နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ကြသည်။

“ဒီဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့ နိုင်ငံမှာ လူ့အခွင့်ချိုးဖောက်မှုတွေကို တောင်းဆိုမှုအပြင် ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားကို လူအခွင့်အရေး အပြည့်အဝရရှိစေဖို့ပါ ထည့်သွင်းတောင်းဆို ဆန္ဒပြသွားမှာပါ” ဟု ဆန္ဒပြပွဲတက်ရောက်လာသူ တစ်ဦးမှာ ပြောပြပါသည်။ ဆန္ဒပြတောင်းဆိုပွဲသို့ လူ့အခွင့်အရေး အမျိုးမျိုးဆုံရှုံးနေသည့် နိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ အီရတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ကွန်ကိုနိုင်ငံ၊ ဂန်နာနိုင်ငံနှင့် အခြားနိုင်ငံများမှ နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာနိုင်ငံမှ တက်ရောက်လာသူများမှ လူအခွင့်အရေးကို ချိုးဖောက်ကာ နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံထားရစေသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကလေးစစ်သားများ စုဆောင်းအသုံးပြုမှုကို ရပ်တန့်ပေးရေး၊ အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေမှုများ ရပ်တန့်ပေးရေးနှင့် လူတိုင်းတန်းတူ အခွင့်အရေးရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။

တက်ရောက်လာသော နိုင်ငံနိုင်ငံအသီးသီးမှ လူ့အခွင့်အရေးကို ရင်ဖွင့်တောင်းဆိုစကားများ ပြောကြားသွားခဲ့ကြသည်။ “ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးနှင့် ပါတ်သတ်ပြီး နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်နေတယ်။ ဂျပန်နိုင်ငံကိုရောက်ရှိနေချိန်မှာ အီရတ်လူမျိုးတွေ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နေထိုင်ခွင့်တောင်းတဲ့ အပေါ်မှာ ဂျပန်လူဝန်မှုကြီးကြပ်ရေးအဖွဲ့ကနေ ဖမ်းဆီးထောင်ချမှုတွေပြုလုပ်တယ်။ ဒါဟာလည်း ကျနော်တို့အတွက် လူ့အခွင့်အရေး ဆုံးရှုံးမှုတစ်ရပ်ပဲ။ ဂျပန်အစိုးရဟာ ဒုက္ခသည်လျှောက်ထားမှုအပေါ် ယုံကြည်မှုနဲပါးနေပါတယ်။ ဒီကိစ္စကို သတင်းမီဒီယာတွေမှာ ဖော်ပြပေးစေချင်ပါတယ်။”ဟု အီရတ်နိုင်ငံမှ တက်ရောက်လာသူ တစ်ဦးက ပြောပြပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေဆိုင်ရာ အစည်းအဝေးပွဲကြီးမှ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ပြင်သစ်နိုင်ငံရှိ Palais de Chaillotမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကြေညာအသုံးပြုခဲ့ပြီး အတည်ပြုခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အပိုဒ် ၃၀ ပါရှိပြီး အကျယ်ဖွင့်ဆိုချက်အား ဒီနေရာတွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 19, 2009

★စည်းလုံးခြင်းသည် အင်အား★

ဒီဇိုင်း ကိုမျိုး |

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 18, 2009

ရောက်မဲ့ရက်က..အနီးလေး..

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်၏ ငြိမ်းချမ်းရေးမိခင်ကြီး..


ဒီဇိုင်း ကိုမျိုး..

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 16, 2009

တပ်မတော်၏ ဖခင်အစစ်က ဒီမှာ..တခြားကောင်က လူယုတ်မာတွေ.မယုံလေနဲ့ .

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 15, 2009

ဆန်..မရှိ..သောက်စားကြီး..ဖင်ဂေါင်းကြီးနဲ့ နအဖ..

ပေါင်မှာသေးကြောင်း..မျက်နှာမှာသနပ်ခါးကြောင်းနဲ့....နိုင်ငံတော် ဘဏ္ဍာကိုသုံး..ရုပ်ကြမ်းကြီးနဲ့  ပိုးပုဆိုးနဲ့ ..
ပြည်သူကတော့ ကျောမွဲ..ခရုခွံကျွတ်..ဒါနိုင်ငံတော်ကိုချစ်တာတဲ့လားဗျာ..

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 11, 2009

NLD အဖွဲ့ချုပ်မှ ကျင်းပခဲ့သော အမျိုးသားအောင်ပွဲနေ့မှတ်တမ်းနှင့် ကြေငြာချက်


ကြေငြာချက်အား picasa တွင် အကြီးချဲ့ဖတ်နိုင်ပါသည်။
ပေးပို့လာသူအား အထူးကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 10, 2009

တန်ဆောင်တိုင် လပြည့်နေ့ က သန်လျင်မြို့မှ လှုပ်ရှားမှု

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ဒီဓါတ်ပုံတွေက တန်ဆောင်တိုင် လပြည့်နေ့က သန်လျင် ကျိုက်ခေါက် ဘုရားမှာ ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ အင်္ဂါ အသင်းက သစ်သီးဆွမ်း အတွက် ပုံဖော်ထားတဲ့ သစ်သီးတွေပါ။ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်း ပုံကို ဖရဲသီးမှာ ထွင်းပြီး သစ်သီးစင်မှာ တင်ထားလို့ အင်္ဂါ အသင်း တာဝန်ရှိသူတွေကို သက်ဆိုင်ရာက နှစ်ရက် ခေါ်စစ် ပါတယ်။ စရဖ နဲ့ SB ခရက အဖွဲ့တွေကပါ။ 2010 ပုံကို လည်း ဆီမီးထွန်း ပါတယ်။ ဗိုလ်ချုပ်ပုံ ထွင်းထားတဲ့ သစ်သီး ကိုလည်း ချက်ချင်း စွန့်ခိုင်းပါတယ်။ ဗိုလ်ချုပ် ပုံတောင် ဒီလောက် ကြောက်နေတယ် ။ ဗိုလ်ချုပ်သာ သေရွာက ထ လာရင် ဘယ်လို နေမလည်း မသိဘူး။ မနက်ခင်း စတုဒီသာ ကျွေးတဲ့ ပုံလေးတွေပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, November 6, 2009

အိုးပင်း ဆက်ဆက်မိန်း..

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 1, 2009

ကမ္ဘာ့နိုင်ငံအသီးသီးမှ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့

ဖြိုးဝေ-mmp | နိုဝင်ဘာလ ၁ ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ဟီဘိရ(Hibiya)ပန်းခြံတွင် တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် လူအင်အား ၂၅၀၀ ကျော်ဖြင့် ဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲတွင် ဂျပန်၊ အမေရိကန်၊ ကိုရီးယား၊ ဘရာဇီး၊ တူရကီ၊ ပါကစ်စတန်၊ အာဖဂန်နစ္စတန်၊ အခြားအာဖရိက (၃) နိုင်ငံနှင့် ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့ တက်ရောက်ခဲ့ကြသည်။

ဆန္ဒပြပွဲကို မနက် ၁၀း၀၀ နာရီမှာ စတင်ပြုလုပ်ခဲပြီး၊ တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ အဖွဲ့အစည်း အသီသီးအလိုက် စစ်ပွဲများတားဆီးရေး၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေရေးအတွက် ပူပေါင်းဆောင်ရွက်သွားရန်နှင့် စစ်ပွဲများဆက်လတ်မဖြစ်ပွါးစေရေး အဓိကထား ပြောကြားသွားခဲ့ကြောင်းသိရသည်။ ကမ္ဘာစစ်ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသော ဂျပန်လူမျိုးများမှလည်း ထိုပွဲတွင် အားတက်သရောပူးပေါင်း ပါဝင်လှုပ်ရှား သွားခဲ့ပါသည်။

အာလားတူ အမေရိကန်နိုင်ငံသားများမှလည်း အမေရိကန် လက်ရှိသမ္မတအနေဖြင့် အခြားနိုင်များအား စစ်ရေးအရ ဝင်ရောက်မှုများကို ကန့်ကွက်ကြောင်း၊ စစ်ပွဲများကိုတားဆီးပေးဖို့ ဆန္ဒပြတောင်းဆို ပြောကြားသွားခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သူ ကိုစောမျိုးခိုင်ရှင်းမှ “အဓိကထား လှုပ်ရှားခဲ့တဲ့ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအပြင် ဂျပန်နိုင်ငံတွင် လက်ရှိအခက်အခဲဖြစ်နေသော အလုပ်လက်မဲ့ပြဿနာများ၊ အလုပ်တွင်ခံစားခွင့် အပြည့်အဝရရှိရေးတွေ၊ ဂျပန်လူဝန်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ အပေါ်ဖမ်းဆီးမှုတွေ အရမ်းများနေတာတွေ ပါထည့်သွင်း ဆန္ဒပြသွားခဲ့ကြတယ်”ဟု ပြောကြားသွားသည်။

ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကိုင်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ တီရှပ်များဝတ်ဆင်ခြင်း စသည်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲ ပြီးနောက် ညနေ ၃း၁၅ မိနစ်တွင် ဟီဘိရ(Hibiya)ပန်းခြံမှ တိုကျိုဘူတာအထိ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်းအချက်အလက်ပေးသူ - ကိုစောမျိုးခိုင်ရှင်းနှင့် ဓါတ်ပုံပေးပို့ပေးသူ - မအေးနန္ဒာအောင်တို့အား ကျေးဇူးတင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 31, 2009

ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, October 27, 2009

ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..


မဟုတ်တာ တွေ လိမ်ရတော့လည်း..ဒီလိုပေါ့.. ခေါင်းမွှေးတောင်မရှိတော့ဖူး..
ခုလည်းကြည့် သူများတွေ ကြား..ညာစားနေတဲ့သူ..၀န်ချီးချုပ်တဲ့ လက်တောင် ဂျိုင်းအောက်သျှိုမဆွဲတတ်ဘူး..ဒီလောက် တော်တယ်လေ.သိတယ် မဟုတ်လား.
သူက သူများထက်စာတော် လို့  နိုင်ငံဂျား အစည်းအဝေးတက်ခွင့်ရတာဗျ. .နအဖ မှာ သူ ထက်ညံ့တဲ့ သူတွေ ချည်းဘဲဘိုးတော်ကြီဆို.YES.. NO ..OK ကလွဲ..ဘာမှမသိဘူး. ခိုးတာဘဲတတ်တယ်...

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 26, 2009

အပေါင်းအပါကြီးများ..

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 23, 2009

ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူးကြီးသန်းရွှေ

PhotobucketPhotobucket

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 21, 2009

ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်


http://wanna23.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 17, 2009

ဒို့ အမေ ကိုလွှတ်

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 11, 2009

ဗကသ များ အဖွဲ့ချုပ်(ယာယီ) မှ လှုပ်ရှားမှု

အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ။

အောက်တိုဘာ ၈ ရက်နေ့ ၂၀၀၉ ခုနှစ် ဗကသ များ အဖွဲ့ချုပ်(ယာယီ) ဗဟိုစည်းရုံးရေး ကော်မတီ ရဲဘော်များမှ ဗမာပြည်သား အားလုံးနှင့် မိမိတို့၏ ဆန္ဒ အမှန်ကို ပို့စကဒ် ကမ်ပိန်း လှုပ်ရှားမှု ဖြင့် ရန်ကုန်မြို့တွင်း မှာ လုပ်ဆောင် ခဲ့ကြသည်၊

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 7, 2009

ကိုဘိုကြည် လူ့အခွင့်အရေး ခုခံ ကာကွယ်သူဆုရရှိ

ဖြိုးဝေ-mmp | ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်အား New York မြို့ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)မှ ၂၀၀၉ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူ (2009 Alison Des Forges Defender) ဆုကို ချီးမြှင့်ကြောင်း အောက်တိုဘာလ၊ ၇ ရက်နေ့ တွင် ၄င်း (HRW) website မှ ဖော်ပြသွားသည်။

ကိုဘိုကြည်နှင့်အတူ အခြားဆုရရှိသူ ၃ ဦးမှာ
* Daniel Bekele, lawyer and activist from Ethiopia;

* Elena Milashina, reporter for Novaya Gazeta, Russia's leading independent newspaper; and

* Mathilde Muhindo, women's rights activist working to stop sexual violence in Democratic Republic of Congo.
တို့ဖြစ်သည်။ ထိုဆုရရှိသူ ၄ ဦးအား လူ့အခွင့်အရေးကို လေးစားသောနိုင်ငံကြီးများမှ ဂုဏ်ပြုပွဲများ ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏ လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ် အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဆုပေးသည့် New York မြို့ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW)က ဖော်ပြခဲ့သည်။

ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသေးသည်။ ကိုဘိုကြည်သည် ယုခုဆုကို လက်ခံရရှိခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးနှင့် လူအခွင့်အရေးကိစ္စများကို ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာတော့မည်ဖြစ်သည်။

ကိုးကား
http://www.hrw.org

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 5, 2009

ကြေးမုံသတင်းစာပါ ၂၀၁၀ အတွက် လက်ရှိပူးတွဲချန်ပီယံ နှစ်ဦးသတင်း

ွှThe mirror

သတင်းဆောင်းပါး - မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ - ကရင်လေး(ဒေါနမြေ)

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်