စစ်သား၊ စစ်ကျွန်နှင့် ကျွန်ဝယ်ရာ အဆစ်ပါသူများ ...
Thursday, 10 December 2009 16:57 ကြည်ဝေ
မင်္ဂလာဒုံဈေးကို တပတ်ပတ်ပြီးချိန်မှာတော့ သူ့စိတ်ကို သေသေချာချာ ပိုင်းဖြတ်နိုင်လိုက်ပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကို (အမည်ရင်း မဟုတ်ပါ) က ပြောပြသည်။
တပ်ထဲမှ ဈေးသို့လာခဲ့ရသည့် ရည်ရွယ်ချက်မှာ သူ ငွေလိုစဉ်က ရရာဈေးဖြင့်ရောင်းခဲ့သော ကျည်ကပ်ဘူးကို ပြန်ဝယ်ဖြည့်ရန် ဖြစ်သည်။
စစ်အင်္ကျီ၊ ဘောင်းဘီကအစ ဦးထုပ်၊ ခါးပတ်၊ မတ်ခွက်၊ ရေဘူး စသည့် စစ်သားသုံးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဆိုင်များရှိ သည်။ ဆိုင်တချို့တွင် ကျည်ဆံ၊ ကျည်ကပ်ဘူး၊ သေနတ် စသည်ဖြင့် ၀ယ်ယူနိုင်သကဲ့သို့၊ ပြန်ရောင်းနိုင်သော ဆိုင်တချို့လည်းရှိသည်။
မင်္ဂလာဒုံဈေးတွင် သာမက ထောက်ကြံ့ဈေး၊ လှည်းကူးဈေး၊ မှော်ဘီဈေး စသည့် ဈေးများတွင်လည်း စစ်အသုံးအဆောင် ပစ္စည်း အရောင်းဆိုင်များရှိကာ ထိုဆိုင်အများစုတွင် စစ်သားသုံးပစ္စည်းအမျိုးမျိုးကို ၀ယ်ယူနိုင်သလို ရောင်းချင်လည်း ရောင်းလို့ ရနိုင်သည်။
တပ်ထဲရှိ ငွေလိုသူများက မတ်ခွက်၊ ရေဘူး၊ ခါးပတ်ကအစ ကျည်ဆန်၊ ကျည်ကပ်ပါမကျန် သူ့အဆက်အသွယ်နှင့်သူ ရောင်းချ လိုက်ကြ၊ ငွေလက်ထဲ ပြန်ရလာသည့်အခါ ထိုဆိုင်များတွင်ပင် ပြန်ဝယ်ဖြည့်လိုက်ကြနှင့် သံသရာ လည်နေကြသည်။
လွန်ခဲ့သော ၆ လခန့်က ငွေလိုသည့်အတွက် ကျည်ကပ်ဘူးတဘူးကို တပ်ကြပ်ကြီးအောင်ကို ထုတ်ရောင်းခဲ့သည်။ ထိုစဉ်က ကျပ် ၈ ထောင်ဈေး ရခဲ့ပြီး ယခုပြန်ဝယ်ဖြည့်မည် ဆိုသောအခါ ကျပ် ၁ သောင်းခွဲ ဈေးဖြစ်နေပြီ။ ဖောက်သည်ဆိုင် ဖြစ်သောကြောင့် ကျပ် ၁ သောင်း ၂ ထောင့် ၅ ရာ နှင့်ပြန်ရောင်းပေးမည်ဟု ဆိုင်ရှင်က ပြောသော်လည်း ပြန်ဝယ်ဖြည့်ရန် လက်တွန့်သွားခဲ့သည်။
တလလျှင် လစာငွေကျပ် ၃ သောင်းခွဲကျော်သာ ရသော သူလိုလူအနေနှင့် ကျပ် ၁ သောင်းကျော်ခန့် ပြန်သုံးရန် ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။၊ ထို့ကြောင့် ဈေးထဲ တပတ်ပတ်ရင်း စဉ်းစားခဲ့သည်။ နောက်ဆုံးတော့ ပြန်မ၀ယ်နိုင်သေး ဟုသာ အဖြေထွက်ခဲ့သည်။
ဒီကြားထဲ ကံဆိုးပြီး စစ်လျှင်တော့ သူပြစ်ဒဏ်ခံရမည်။ ထောင်ချမည်ဆိုလျှင်လည်း အချခံလိုက်တော့မည်။ ရာထူးချမည် ဆိုလျှင် လည်း ချပါစေတော့ဟု သူစိတ်ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီးအောင်ကိုက ပြောပြသည်။
“အရပ်သားတွေ ဆင်းရဲတယ်ဆိုတာ ကျနော်တို့ စစ်သားတွေကို မမီပါဘူးဗျာ၊ ကျနော်တို့ တတွေက ရှေ့တန်းမှာတင် ဆင်းရဲကြတာ မဟုတ်ဘူး၊ နောက်တန်းမှာလည်း ငတ်နေကြတာပါပဲ၊ ပိုက်ဆံဆိုတာကတော့ ကိုင်စရာကို မရှိတာပါ” ဟု သူက ညည်းညူသည်။
တပ်ကြပ်ကြီးတယောက်အနေနှင့် သူ့လစာမှာ ကျပ် ၃ သောင်း ၉ ထောင်ဖြစ်သည်။ ထို့အပြင် သက်စွန့်ဆံဖျား ကြေးအနေနှင့် တလလျှင် ကျပ် ၅ ထောင်ရရှိပြီး ရိက္ခာတချို့ကို ရောင်းရငွေလည်း အနည်းငယ်မျှ ရရှိကြောင်း သိရှိရသည်။
သို့သော်လည်း ထိုဝင်ငွေသည် ယနေ့ခေတ်တွင် မိသားစုဝင် ၄ ဦးမျှသာ ရှိသော သူတို့ကို မငတ်ရုံတမယ်ပင် မနည်း စားသောက် နေရကြောင်း၊ ထိုဝင်ငွေ အနည်းငယ်ဖြင့် သူတို့ မိသားစုသည် ဆင်းရဲပင်ပန်းမှု ဒဏ်ကို ခါးစည်းပြီး ခံလာခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကိုက ဆက်လက် ပြောပြသည်။
၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းက သူရသည့် လစာငွေနှင့် မည်သို့မှပင် မလောက်ငတော့ဘဲ လိုငွေ အမြဲပြနေခဲ့ကြောင်း၊ မိသားစုဝင်များ သည်လည်း ခြိုးခြံချွေတာရ လွန်းသောကြောင့် ကျန်းမာရေးချွတ်ယွင်းမှုများလည်း ရှိလာကြောင်း၊ ၎င်းတို့ မိသားစု ၀င်များအနေနှင့် ဈေးအပေါဆုံး သွားပွတ်တံ၊ သွားတိုက်ဆေး စသည့် အခြေခံ အသုံးအဆောင်များကိုပင် ၀ယ်ယူ မသုံးစွဲ နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေကြောင်း ပြောဆိုသည်။
သူဝတ်ထားသော စစ်ယူနီဖောင်းနှင့် ဦးထုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး သူ့မျက်လုံးများကလည်း ညှိုးငယ်နွမ်းလျနေသည်။ မျက်နှာသည်လည်း ခြောက်ကပ် ပိန်ချုံးလျှက်ရှိသဖြင့် ပါးရိုးများပင် ငေါထွက်နေကြသည်။
သူယခု စီးထားသော ရော်ဘာဖိနပ်၏ သည်းကြိုး အကြိမ်မည်မျှ လဲတပ်ထားရသည်ကိုပင် မမှတ်မိတော့ဘဲ အစေးများပင် ပေါက်ကာ စီးလိုက်တိုင်း သူ့ခြေထောက်တွင် ကပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
တပ်ကြပ်ကြီးအောင်ကိုကဲ့သို့ပင် ဒု တပ်ကြပ်ကြီးတဦးကလည်း သူ့မိသားစုမှာ ဆင်းရဲလွန်းလှသောကြောင့် ရပ်တည်ရန် ခက်ခဲလှကြောင်း ပြောပြသည်။
“ရတဲ့ လခ၊ သက်စွန့်ဆံဖျားကြေး၊ ထောက်ပံ့ကြေးအပါအ၀င် အားလုံးပေါင်းရင် တလကို ငွေ ကျပ်လေးသောင်းတောင် မပြည့်ဘူး။ အဲဒီလောက်ငွေနဲ့ ကျနော်တို့ ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူး၊ ရှိသမျှတွေ ထုတ်ရောင်းစားတာလည်း ကုန်ပြီ၊ နောက်ဆုံး ကလေးကျောင်း စရိတ်တောင် မတက်နိုင်တော့လို့ မိန်းမဘက်က အမျိုးတွေဆီပို့ပြီး ကျောင်းထားပေးဖို့ ပြောရတယ်” ဟု အဆိုပါ ဒုတပ်ကြပ်က ပြောပြသည်။
တပ်ထဲတွင် ကျောင်းသားရှိသော တပ်မိသားစုများအတွက် ကျောင်းသားတဦးလျှင် ပညာသင်ထောက်ပံ့ကြေးအဖြစ် တနှစ်လျှင် ကျပ် ၃ ထောင်နှုန်းနှင့် ပေးကြောင်း၊ သို့သော်လည်း ထိုငွေကျပ် ၃ ထောင်နှင့် ယနေ့ခေတ် ပညာသင်စရိတ်မှာ မကာမိ လှသောကြောင့် အဆင်မပြေကြောင်း သူက ဆိုသည်။
စစ်သားများအနေနှင့် ပြင်ပ စီးပွားရေး မလုပ်နိုင်သော်လည်း စစ်သားမိန်းမများ ရှာဖွေတတ်ပါက မိသားစု စီးပွားရေးမှာ အနည်းငယ် ပြေလည်နိုင်သော်လည်း ယခုအခါတွင် သူတို့၏ ဇနီးသည်များကိုပင် စစ်သမီးအဖြစ် ခိုင်းစေလျက်ရှိသောကြောင့် စီးပွားရေး လုပ်ရန် အချိန် အခက်အခဲများ ဖြစ်လာကြောင်း၊ ထို့ပြင် မိသားတစုလုံးမှာ တပ်တွင်းလုပ်ငန်းများတွင် အချိန်ပြည့် နီးပါး
ဝင်ရောက်လုပ်ကိုင်ပေးနေရကြောင်း၊ လစာနှင့်လောက်ငပါက ပြောစရာမရှိသော်လည်း တပ်တွင်း စည်ကမ်းဖြစ်သည့်အတွက် အဆင်မပြေသည့်ကြားကပင် လုပ်ကိုင်ပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်ဝယ်ရာ အဆစ်ပါတယ်ဆိုတာက တပ်မတော်သားတွေရဲ့ မိသားစု ၀င်တွေပဲ။ ကျနော်တို့ တွေသာ တာဝန် ထမ်းဆောင် နေရတာ မဟုတ်ဘူး။၊ ကျနော်တို့ မိန်းမတွေနဲ့ ကလေးတွေလည်း ဝင်ပြီး တာဝန်ထမ်းဆောင် ပေးနေရပါတယ်” ဟု သူက ပြောပြသည်။
စစ်သားအများစုမှာ ဆင်းရဲကျပ်တည်း လှသော်လည်း အဆင်ပြေသည့် မိသားစုများလည်း စစ်တပ်ထဲတွင် ရှိသည်ကို တွေ့မြင်ရသည်။
လစာငွေနှင့် မလောက်ငကြသောကြောင့် တပ်တွင်းမိသားစုဝင်များကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားကြောင်းလည်း သိရသည်။
တပ်များတွင် ကြက်မွေး၊ ၀က်မွေးသည့်လုပ်ငန်းမှာ တပ်များအတွက် အပြကောင်းသော လုပ်ငန်းတခုဖြစ်ပြီး အပြမကောင်းသော တခြားလုပ်ငန်းများလည်း ရှိသေးကြောင်း သိရသည်။
“ကျနော်တို့ တပ်ထဲမှာ နှစ်လုံးထီလည်း ထိုးလို့ရတယ်၊ ချဲလည်း ထိုးလို့ရတယ်၊ တပ်မိသားစုတွေထဲကပဲ ဒိုင်ပြန်ကိုင်တာပါ၊ ဘောလုံးပွဲလောင်းချင်ရင်တော့ တပ်ထဲကနေ အပြင်ကို လှမ်းပြီး တင်ပေးပါတယ်” ဟု မင်္ဂလာဒုံမြို့နယ် တပ်ရင်း တခုမှ ရဲဘော်တဦးက ပြောသည်။
တပ်ထဲတွင် လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်ကအစ လိုင်စင်မဲ့ အရက်ဆိုင်များပင် ရှိကြောင်း၊ တချို့ကလည်း နီးစပ်ရာ ဆိုင်ကယ်စီးခွင့်ရသော မြို့နယ်များအတွင်း ဆိုင်ကယ်တက္ကစီပြေးဆွဲကြကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အောက်ဆုံးအဆင့် တပ်သား တယောက်၏ လစမှာ ကျပ် ၁၆၀၀၀ ခန့်သာရှိပြီး ဗိုလ်ချုပ်ကြီး တဦး၏ လစာမှာ ကျပ် ၈ သိန်းခန့်သတ်မှတ်ထားသည်ဟု သိရသည်။
တပ်သားအဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ သက်စွန့်ဆံဖျားကြေး အနေနှင့် တလလျှင် ကျပ် ၅ ထောင် ထောက်ပံ့ကြေး ရရှိသည်။
“ဗိုလ်ချုပ်ကြီးတွေနဲ့ ကျနော်တို့ရဲ့ လစာက တော်တော်ကွာသလို၊ ရပိုင်ခွင့်တွေလည်း ကွာပါတယ်။ ကျနော်တို့မှာ သက်စွန့် ဆံဖျားကြေးဆိုပြီး တလ ၅ ထောင်ကျပ် ရတယ်၊ ဗိုလ်ချုပ်ကြီးတွေကတော့ နိုင်ငံတော် ကာကွယ် အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တလကို တယောက်ကို ကျပ် ၁၀ သိန်းစီ သီးသန့်ရကြတာမျိုး ရှိတယ်” ဟု မင်္ဂလာဒုံ တပ်ရင်းတခုမှ အမည်မဖော်လိုသော ဗိုလ်မှူးကြီး တဦးက ပြောသည်။
စစ်အစိုးရ အုပ်ချုပ်လျက်ရှိသော သက်တမ်းအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့ကြောင့်
အစိုးရ ၀န်ထမ်းများနှင့် တပ်မတော်သားများကို လစာ လေးကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ရသည်။
၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပထမအကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက် နေ့တွင် တတိယအကြိမ်၊ ၂၀၀၆ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် စတုတ္ထအကြိမ်အနေနှင့် ၄ ကြိမ်တိုင်တိုင် လစာတိုးမြှင့်ပေးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်နေရသော တပ်ရင်းတခုအတွက် လိုအပ်သော တပ်စရိတ်များကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ရှာဖွေရမည်ဟု တိုင်းမှူးက နှုတ်မိန့်ပေးခဲ့ရာ တပ်အခြေစိုက်ရာ ဒေသရှိ သစ်တောများကို ခုတ်ယူရောင်းစား နေကြရကြောင်း အဆိုပါတပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ တပ်တင်မကဘူး ဒီက တပ်တွေအားလုံး သစ်ခုတ်ပြီး စားကြရတာပဲ။ လစာနဲ့ ရိက္ခာတချို့ပဲ ရတော့ အဆင်မပြေ ကြဘူး။ ဒီနယ်တ၀ိုက်က သစ်တွေကုန်ရင်တော့ ဘယ်လိုလုပ်ကြမလဲ မသိဘူး” ဟု အဆိုပါ ဗိုလ်ကြီးက ဆိုသည်။
တပ်များမှ လူပျိုရဲဘော်များအပါအ၀င် လူပျိုစစ်ဗိုလ်များအား ငွေကြေး ချမ်းသာတောင့်တင်းသူများ၏ သမီးပျိုများကိုသာ ရှာဖွေ ယူရမည်ဟုလည်း နှုတ်မိန့်ထုတ်ထားကြောင်း၊ နောက်ခံငွေကြေးတောင့်တင်းမှသာ တပ်မတော်သားများကို ပံ့ပိုးပေးနိုင်မည် ဟု ဆိုကြောင်း သူက ဆက်ပြောပြသည်။
“ကျနော်တို့ စစ်ဗိုလ်တွေဆိုရင် ပညာတတ်တဲ့မိန်းမ၊ ချမ်းသာတဲ့မိန်းမကိုပဲ ယူရမယ်ဆိုတာ စည်းကမ်းတခုလိုကို ဖြစ်နေပြီ” ဟု အဆိုပါ ဗိုလ်ကြီးက ပြောသည်။
တပ်အတွင်း အောက်ခြေစစ်သားများထဲမှ ဘီပိုး၊ HIV ပိုး တွေ့ရှိသူများနှင့် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို တပ်အတွင်းမှ ထုတ်ပစ်လျက် ရှိကြောင်းလည်း သိရသည်။
[ယခုခေတ် မြန်မာစစ်သားတဦးကို တွေ့မြင်ရစဉ်]
ယခုခေတ် မြန်မာစစ်သားတဦးကို တွေ့မြင်ရစဉ်
ဘီပိုးရှိသော ရဲဘော်များနှင့် HIVပိုးကူးစက်ခံရသော ရဲဘော်များထဲမှ တချို့မှာ တပ်မှ ထုတ်ခံရပြီးနောက်ပိုင်းတွင် နေရပ်ဒေသရင်း များသို့ပင် မပြန်ကြတော့ဘဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ကြသည့် ဖြစ်ရပ်များစွာရှိလာကြောင်း တပ်တွင်း ဆေးမှူးတဦးက ပြောပြသည်။
“အရာရှိဆိုရင်တော့ အရပ်ဘက် ပြောင်းပေးတယ်။ သာမန် ရဲဘော်ဆိုရင်တော့ အဲဒီလို ရောဂါတွေ တွေ့တယ်ဆိုရင် တပ်ထဲကနေ ထုတ်လိုက်တာပဲ။ တိုက်ပွဲမှာ ထိတဲ့ရဲဘော်ကိုတော့ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံမှာ ကုသခွင့်ပေးပြီးမှ ပင်စင် ပေးတာ” ဟု အဆိုပါ ဆေးမှူးက ပြောသည်။
“လမ်းလျှောက်နိုင်သေးတဲ့ ရဲဘော်တွေက စာအုပ်လှည့်ရောင်းတယ်၊ ဈေးရောင်းတယ်ပေါ့ဗျာ၊ လမ်းမလျှောက်နိုင်တော့တဲ့ ကျနော်တို့လို ရဲဘော်တွေကတော့ ကြိမ်ထိုးပြီး စားတဲ့သူက စားတယ်၊ လက်သမား အလုပ်လုပ်စားတဲ့သူလည်း ရှိတယ်၊ တောင်းစားတဲ့သူလည်း တောင်းစားတယ်၊ အစိုးရဆီကတော့ ဘာအထောက်အပံ့မှ မရတဲ့အပြင် ကျနော်တို့ကို ရဲဘော်ဟောင်း လို့ကို မသတ်မှတ်တော့ပါဘူး၊ တပ်မတော်ရဲ့ ဂုဏ်သရေကို ထိခိုက်စေလို့တဲ့ဗျာ” ဟု ခြေတဘက် ပြတ်လျက်ရှိသော ရဲဘော်ဟောင်းတဦးက ဆိုသည်။
အင်းစိန်ပန်းခြံရှေ့တွင် ပုံမှန်တောင်းရမ်းစားသောက်နေသော ရဲဘော်ဟောင်းတဦးအား စစ်အာဏာပိုင်များက စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များနှင့် မတောင်းစားရန်၊ ရဲဘော်ဟောင်းတဦးအနေနှင့် တောင်းစားခြင်းမပြုရန်၊ သတိပေးချက်ကို မလိုက်နာပါက လက်ရှိတောင်းရမ်းနေသည့် နေရာမှ ဖယ်ရှားရန် လာရောက် အမိန့်ပေးခဲ့ကြောင်း အဆိုပါ ရဲဘော်ဟောင်းက ပြောပြသည်။
သန်လျင်အခြေစိုက် တပ်ရင်းတခုမှ ဒုတပ်ကြပ်တဦးကမူ “တပ်ကထွက်ပြီး သူတို့လို တောင်းစားတာကမှ ခုထက်ပိုပြီး စားဝတ်နေရေး ပြေလည်နိုင်ဦးမယ်၊ ပြီးတော့ ပိုက်ဆံလည်း မြင်ရမယ်” ဟု ပြောဆိုသည်။
လက်ရှိ စစ်အစိုးရပေးနေသော တပ်တွင်း လစာများ
တပ်သား တဦးလျှင် ၀င်ဝင်ခြင်း ကျပ် ၁၆၀၀၀ ဟု သတ်မှတ်ထားပြီး ၂ နှစ်လုပ်သက်ရှိလာပါက ၂၁၀၀၀၊ ဒုတပ်ကြပ်တဦးလျှင် ၂၂၀၀၀ မှ လုပ်သက်ရလာပါက ၂၇၀၀၀၊ တပ်ကြပ် တဦးလျှင် ၂၈၀၀၀ မှ လုပ်သက်ရလာပါက ၃၃၀၀၀၊ တပ်ကြပ်ကြီး တဦးလျှင် ၃၄၀၀၀ မှ ၃၉၀၀၀၊ တပ်ခွဲတပ်ကြပ်ကြီးတဦးလျှင် ၄၀၀၀၀ မှ ၄၅၀၀၀၊ ဒုအရာခံ ဗိုလ်တဦးလျှင် ၄၆၀၀၀ မှ ၅၁၀၀၀၊အရာခံဗိုလ် တဦးလျှင် ၅၂၀၀၀ မှ ၅၇၀၀၀၊ ဒုဗိုလ်တဦးလျှင် ၁ သိန်း၊ ဗိုလ်တဦးလျှင် ၁ သိန်း နှစ်သောင်း၊ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦးလျှင် ၁ သိန်း ၃ သောင်းမှ နှစ်နှစ်သက်တမ်းရှိပါက ၁ သိန်း ၄ သောင်း၊ ဗိုလ်မှူးတဦးလျှင် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်း၊ ဒုဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၇ သောင်းမှ ၁ သိန်း ၈ သောင်း၊ ဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၉ သောင်းမှ ၂ သိန်း၊ ဗိုလ်မှူးချုပ် တဦးလျှင် ၃ သိန်း၊ ဗိုလ်ချုပ် တဦးလျှင် ၄ သိန်း၊ ဒုဗိုလ်ချုပ်ကြီးတဦးလျှင် ၆ သိန်း၊ ဗိုလ်ချုပ်ကြီး တဦးလျှင် ကျပ် ၈ သိန်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး တဦးလျှင် ကျပ် ၁၀ သိန်းနှင့် ဗိုလ်ချုပ်မှူးကြီးအတွက် ကျပ် ၁၂ သိန်း သတ်မှတ်ထားသည်။ အဆိုပါ လစာများကို ၁ ရက် ဧပြီလ ၂၀၀၆ ခုနှစ်မှ စပြီး ယနေ့အထိ ခံစားစေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Friday, December 11, 2009
စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်..မောင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
No comments:
Post a Comment