Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Sunday, November 22, 2009

သန်းရွှေရဲ့ ဒံပေါက်နဲ့ ဒေါ်လာနှစ်ရာတန် ဆိုတာ

သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်းရေးက တော်တော် ကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာ သိရီလင်္ကာနိုင်ငံရောက်တယ်၊ မြန်မာစာ သင်သံဃာတော် ၃၀၀-လောက် အ၀င်အထွက်ရှိတဲ့ မကုဋာရာမ မြန်မာကျောင်းကို မလာရဲပါဘူး။ တကယ် လာခဲ့ရင်လည်း ပြဿနာတက်မှာ ကျိမ်းသေတယ်။

ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေးပြန်ရုံမကဘူး ဖင်မွေးတောင် ထောင်လာမယ်။ သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကိုသွားတယ်၊ ဗိုက်နာလို့ ဆေးရုံတင်ရတယ်။

အရှင်မဟိန္ဒပွင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့ ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးက အကြီးအကျယ်ရွာတယ်။ အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ရောက်တော့ သိရီလင်္ကာနိုင်ငံရှိ လက်ရှိအတိုက်ခံ ပါတီက (မြန်မာပြည်သား တယောက်မှမပါ) ဆန္ဒပြကြပြန်တယ်။ ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ရိက္ခာနဲ့ ကျောင်းတက်နေတဲ့ ဦးဇင်း( ၅ )ပါးကို ဆွမ်းကပ်တယ်။

ဒေါ်လာ(၂၀၀)စီ လှူသွားတယ်တော့ သတင်းရတာပဲ။ သန်းရွှေပြန်သွားတော့ အေးပြီမှတ်တာ၊ ဘယ်ဟုတ်မလဲ သံရုံးကိုစီစဉ်ခိုင်းသွားတာလေ ကြည့်ကြပါဦး---- ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးကလာပြီ ဒံပေါက်ဆွမ်းနဲ့ သင်္ကန်းတစုံ၊ ရူပီးငွေ (၂၁၀၀၀=US 200) လှူတယ်ဗျာ။ ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။

ဘုန်းပေးတဲ့ဆရာတော်တွေကိုလည်း အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့်ဗျာ မိမိတို့သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မေတ္တာပို့ခဲ့တဲ့အသံတွေ၊ ထောင်ရောက်နေတဲ့အဖော်ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ ရှောင်ပုန်းပြေးလွှာနေရတဲ့ဆရာတော်တွေ၊ ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊ လက်ရှိအပိတ်ခံထားရဆဲ သာသနာ့ပိုင် နယ်မြေတွေ၊ ပြောစရာတွေကအများကြီးပါပဲ။

အထက်ကပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ဆရာတော်တွေကိုတော့ တော်တော်လေး အံ့သြမိပါတယ်။
(မှတ်ချက်။ ။ အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ်အတွင်း၌ကံဆောင်တော်မူကြတဲ့ ဆရာတော်(၄၈)ပါးမပါပါ။ ပြီးတော့သာသနာ့ စိတ်ဓါတ်ပြင်းပြတဲ့ ဆရာတော်များမပါဝင်ပါ။) ဤသို့သတင်းရရှိပါသည်။
လင်္ကာဒီပစာသင်သားလေး

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 18, 2009

fwd လုပ်ပေးကြပါ ... ကောက်ရထားပါသည်

မခိုင်ခိုင်သင်း ၏ posb bank card နှင့် Spass card ကိုကောက်ရထားပါသည် ph no : 8350 4958 ကိုဆက်သွယ်ပါ fwd:လုပ်ပေးကြပါ thanks!!!!!

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, August 2, 2009

Never forget and never giveup

ကိုမျိုး ဒီဇိုင်းနာ မှ သရုပ်ဖေါ်လိုက်တဲ့  ၈၈၈၈ နေ့ အမှတ်တရပုံပါ။ ၈-လေးလုံးနေ့ မတိုင်မှီ ဒီထက်ပို ထူးခြားမယ့် ဒီဇိုင်ပုံ ကို ကိုမျိုးထံမှ တွေ့ မြင်ရဦးမယ်လို့ မျှော်လင့်ပါတယ်။

ထို့ အတူဘဲ ၈၈၈၈ လုံးကြောင့်  တိုက်ပွဲ ၀င်ရင်း အသက်ပေါင်းများစွာ ဗမာ့မြေပြင်ပေါ်မှာစီးခဲ့ ရတာ ရှိသလို အသက်ရှင်ကျန်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ တဲ့  ၈၈မျိုးဆက် အများအပြားရှိခဲ့ ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာနေထိုင်ခဲ့ ကြပေမယ့်လည်း ၈၈ ကို မမေ့ ကြစေဖို့ နဲ့  တတ်အားသ၍ အဖက်ဖက်မှ ဒီမိုကရေစီအမှန်တကယ်ဖေါ်ဆောင်နေသူများကို ထောက်ခံအားပေးပံ့ပိုးစေလိုပါတယ်။ ယ္ခုလောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရာရာစွန့် လွှတ်ပြီး တိုက်ပွဲဝင်နေတာ မမေ့ ဖို့  လစ်လျူမရှုထားဖို့  သတိမမေ့ ကြပါနဲ့ ။ စစ်အာဏာရှင်တည်နေသ၍ တော်လှန်နေမည်ဆိုတဲ့ စိတ်ဓါတ် အမြဲမွေးမြူကြပါ။
၈၈၈၈ စိတ်ဓါတ် အဓွန့် ရှည်ရမည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, June 10, 2009

အမေစု ရဲ့ နအဖ လုပ်ကြံစွပ်စွဲမှုမှတ်တမ်း

It

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 30, 2009

ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်


Myanmar Burma -
where the Democratic Leader Aung San Suu Khi is on trial, facing up to 5 years in prison. The Nobel Laureate has already spent six years under house arrest and was due to be released this week. But she was arrested again, after sheltering an uninvited American national at her lakeside home. There has been universal outrage at Ms SUE-CHEEs arrest some of the loudest comes from Nelson Mandelas group of Elder statesmen,
The Elders, one of whom is former UN envoy Lakhdar Brahimi who joins Sir David from Paris.
Jim Hoare
On Monday North Korea conducted a second underground nuclear test, three years after its first, followed by the launch of several short-range missiles into the Sea of Japan. The United Nations Security Council has unanimously condemned the country, but it still needs to agree on a new resolution. Meanwhile, North Korea announced that it is abandoning the treaty that ended the Korean War more than 50 years ago.
So how serious are North Koreas threats?
Sir David talks to the former British Charge dAffairs in Pyongyang Jim Hoare.

အပြည့်အစုံသတင်းဖတ်ရန်....

ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..



အော်.. အကိုကြီးက အဖ အရာတဲ့..
ညီမလေးတယောက်ထဲ အိမ်ထဲအကျဉ်းကျ..နှစ်တွေ ကြာနေတာ..သတင်းမေးဖို့ နေနေသာသာ..ဒီအိမ်စုတ်ကြီးကို အိုးခြမ်းပဲ့ခွဲချင်သလို....ခွဲချင်တဲ့သား..


အိမ်အမွေ တောင်းဖို့ အမှုရှာနေတဲ့ သား..
နိုင်ငံခြားသား..ဖြစ်ရင် မြန်မာပြည်က..မြေပိုင်ဆိုင်ခွင့်မရဖူး သိရက် နဲ့ တမင်ဖျက်မြင်းလုပ်ချင်တဲ့လူ
အဖေသာရှိခဲ့ရင်...ဒီခေါင်း ကိုယ်နဲ့ မြဲပါ့မလား..မယားထမီကြားထဲက သားမိုက်ရယ်..
လောက်ကောင်တကောင်ကြောင့်..သမိုင်းနာတယ်..

အောင်ဆန်းနာမည်တော့ ရတာတူပါတယ်..
ကျော်ကြားမှုခြင်းကျ ကွာတယ်...ရှက်စရာပါဘဲ..ဒါ..အကိုကြီးတဲ့ ...

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, May 28, 2009

ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်းဆောင်

ထောက်ပြ တင်ပြတဲ့ အချက် အလက်တွေ ကောင်းမွန်လို့  ဤနေရာ ဤဘလော့ခ်မှ ထပ်ဆင့်တင်ပြလိုက်ပါတယ်။

Thursday, May 28, 2009
ကျွန်တော်တို့၊ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က အင်္ဂလိပ်တပ်များက အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်၊ အထက် မန္တလေးရတနာပုံနေပြည်တော်မှ အိမ်ရှေမင်းသားဟာ ကိုယ့်နိုင်ငံရဲ့  အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက်နေခဲ့တယ်။ ခေတ်နောက်ကျစွာတွေးခေါ်နေကြတဲ့ အဲဒီအချိန်ကာလမျိုးမှာ အိမ်ရှေ့မင်းသားက ခေတ်မီတိုးတက်စွာ ထိုးဖောက်တွေးခဲ့ခေါ်ပြီးတော့၊ နိုင်ငံတော်ကို အင်အားရှိအောင် ပြန်လည်တည်ဆောက်နေခဲ့ချိန်လည်းဖြစ်တယ်။ ခေတ်မီလက်နက်စက်ရုံများ၊ အထည်လိပ်စက်ရုံ၊ ငွေသွန်းစက်ရုံတို့ကဲ့သို့ အခြားလက်နက်နှင့်မဆိုင်သောစက်ရုံးများ တည်ထောင်ခြင်း၊ တိုးတက်နေတဲ့ ပြင်သစ်လို အနောက်ဥရောပနိုင်ငံများကို ထက်မြက်တဲ့မြန်မာလူငယ်တွေကို ပညာတော်သင်အဖြစ်စေလွှတ်ခြင်း စသည်တို့ကိုလုပ်ဆောင်နေခဲ့ချိန်လည်းဖြစ်တယ်။ အိမ်ရှေမင်းသားရဲ့ ဇာတိမာန်ကို အနောက်နိုင်ငံသားများနှိမ်မှာကိုးစိုးရိမ်လို့ အရပ် ၆ ပေကျော်သူများသာ ပညာတော်သင်အဖြစ် စေလွတ်တာကို ကြည့်ခြင်းဖြင့် သိနိုင်တယ်။

ထိုရဲရင့်ထက်မြတ်လှတဲ့ အိမ်ရှေ့ စံကတော့ ကျွန်တော်တို့ရဲ့ ကနောင်မင်းသားကြီးပါပဲ။ နံနက်ခင်းတခုမှာ အိမ်ရှေ့ စံဟာ လွတ်တော်ထဲမှာ သူရဲ့ဝန်ကြီးများနှင့်အတူ တိုင်းရေးပြည်ရာ အစည်းအဝေးတရပ်ကို ကျင်းပနေခဲ့တယ်။ အဲဒီအချိန်မှာပဲ အိမ်ရှေ့မင်းသားနဲ့ တူဝရီးတော်တဲ့ မင်းကွန်း၊ မင်းခုန် ညီအကိုမင်းသားနှစ်ပါးက ခိုက်ရန်ဖြစ်ပွားဟန်ဆောင်ပြီးတော့ လွတ်တော်ဖက်သို့ ပြေးလာခဲ့ကြတယ်။ အိမ်ရှေ့ မင်းသားက ရန်ဖြစ်ကြတယ်ထင်ပြီး တားဆီးဖို့ လွတ်တော်ထဲကနေ ထွက်လာတဲ့အခါ၊ မင်းသားနှစ်ပါးက အိမ်ရှေ့မင်းသားကို ဓါးနှင့်ခုတ်ကာ လုပ်ကြံခဲ့တယ်။ သူတို့က ဦးရီးတော်အိမ်ရှေ့ စံရှိနေသမျှ ဘုရင်မဖြစ်နိုင်ဟု မိုက်မဲစွာ ထင်မြင်ကြတဲ့အတွက် လုပ်ကြံခဲ့ကြခြင်းဖြစ်တယ်။ (ခမည်းတော် မင်းတုန်းဘုရင်ကို ဆက်တိုက်လုပ်ကြံဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ဘူး။)

ရလဒ်ကတော့ မန္တလေးရတနာပုံနေပြည်တော်မှာ သီပေါလိုမျိုး အရည်အချင်းမပြည့်ဝတဲ့မင်းသားက ဘုရင်ဖြစ်လာတယ်၊ ပြီးတော့ မြန်မာနိုင်ငံတော်တခုလုံး အင်္ဂလိပ်လက်အောက်ကို ကျွန်နိုင်ငံအဖြစ် လွယ်လွယ်ကူကူ ရောက်သွားခဲ့ရတော့တယ်။ ကျွန်တော်တို့ဟာ ရဲရင့်ထက်မြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် နှစ်ပေါင်းများစွာ ကျွန်နိုင်ငံအဖြစ် ဆင်းဆင်းရဲရဲ၊ နှိမ့်နှိမ့်ချချ အသက်ရှင်ခဲ့ရတယ်။

အဲဒီကနေ နောင်နှစ်ပေါင်း ၇၀ လောက်အကြာမှာ မတရားသိမ်းပိုက်ထားတဲ့ အင်္ဂလိပ်လက်အောက်နေ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့တတွေဟာ ရှားမှရှားတဲ့ ခေါင်းဆောင်တယောက်ကို ထပ်မံရရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမည်နာမကို ပြောကြ၊ ကြားကြတာနဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ ရင်ထဲမှာ လေးစားခြင်း၊ ချစ်မြတ်နိုးခြင်း၊ ဂုဏ်ယူခြင်း၊ တမ်းတခြင်းတွေနဲ့ ပြည့်နေခဲ့တယ်။ မြန်မာဆိုတာ သခင်မျိုးဆိုတဲ့ စိတ်ဓာတ်နဲ့၊ မြန်မာဆိုတာ ကျွန် မဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ အင်္ဂလိပ်ကို မောင်းထုတ်ဖို့ လုပ်ခဲ့တယ်။ ၁၂နှစ်တာကာလလေးအတွင်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည် လွတ်လပ်ရေးရဖို့အတွက် အခြေအနေအလိုက် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီအချိန် ရန်သူဖြစ်နေတဲ့ အင်္ဂလိပ်တွေကိုယ်နိုက်က နှစ် ၃၀၀ လောက်မှာမှ ရှားရှားပါးပါး ပေါ်ထွန်းတက်တဲ့ ခေါင်းဆောင်လို့ ပြောဆိုခဲ့ရတယ်။ ရန်သူခေါင်းဆောင် တွေကိုယ်တိုင် လေးစားခဲ့ရတဲ့သူဖြစ်တယ်။ လူမျိုးစွဲ မရှိသလို၊ တိုင်းရင်းသားခေါင်းဆောင်းများကလည်း ယုံကြည်တာကို ခံရသော သူဖြစ်ခဲ့တယ်။ ပါတီစွဲ မရှိသလို အခြားပါတီဦးဆောင်သူများရဲ့ လေးစားတာကို ခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ မြန်မာပြည်အတွက် မရှိမဖြစ် အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့တယ်။ မြန်မာပြည်အတွက် မျော်လင့်ချက်ဖြစ်ခဲ့တယ်။

မြန်မာတိုင်းဝမ်းနည်းရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ မှာ အဲဒီ ကျွန်တော်တို့ခေါင်းဆောင်ဟာ ယုတ်မာလှတဲ့လူတစုရဲ့ လုပ်ကြံတာကိုခံရပြန်တယ်။ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရခဲ့သော်ငြားလည်း ယုံကြည်နိုင်တဲ့၊ စုစည်းနိုင်တဲ့ ခေါင်းဆောင်မရှိတော့တာကြောင့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်၊ တိုင်းပြည်အင်အားနည်းလာတော့ ကျူးကျော်လာတဲ့ ပြည်ပဒဏ်၊ အရည်အချင်း နည်းပါးသူတွေ အုပ်ချုပ်ခဲ့ကြသည့်အတွက် ဆင်းရဲခြင်းဒဏ်၊ အာဏာရှင်များ၏ အုပ်ချုပ်မှုဒဏ်၊ ဖိနှိပ်မှုဒဏ် စသည်ဖြင့် ခါးစည်းခံစားခဲ့ရတယ်။

အဆုံးရလဒ်အနေနဲ့ကတော့ မြန်မာပြည်ဟာ အင်္ဂလိပ်အောက်လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း အလွန်ဆင်းရဲသော နိုင်ငံအဖြစ် ရောက်ရှိသွားခြင်းပဲ။ မြန်မာလူမျိုးတွေဟာ သနားစရာကောင်းတဲ့လူမျိုးတွေအဖြစ် ဆက်ဆံခံလာရတော့တာပဲ။ ချစ်စရာကောင်းလွန်းတဲ့ ဓလေ့စရိုက်တွေ၊ မြန်မာဟေးလို့ ထွန်းလင်းခဲ့တဲ့ သမိုင်းကြောင်းတွေ၊ ရဲရင့်ထက်မြတ်မှုတွေဟာ ဆင်းရဲ့မွဲတေမှု၊ အကျင့်ဖျက်ခံရမှု၊ ဖိနှိပ်ခံရမှုတွေကြားမှာ တိမ်မြုတ်ပျောက်ကွယ်လာတယ်။ ဒါအပြင် ယနေ့အခါမှာ မြန်မာဆိုတာ ဂုဏ်ယူစရာ မရှိသလောက် နိုင်ငံတကာမှာ မျက်နှာငယ်နေရတဲ့အဖြစ်ပါပဲ။ မြန်မာနိုင်ငံဆိုတာ ဆင်းရဲလွန်းတဲ့ နိုင်ငံ၊ ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်တဲ့နိုင်ငံ၊ သောက်သုံးမကျသူတွေ အုပ်ချုပ်တဲ့နိုင်ငံ (သောက်သုံးမကျသူတွေ အုပ်ချုပ်မှတော့ သောက်သုံးမကျတဲ့လူမျိုးလို့ပဲ ထင်ခံရမှာပဲ။) မြန်မာလူမျိုးဆိုတာ တုံးအတဲ့လူမျိုး၊ ဘယ်သူမှ အထင်မကြီးတဲ့လူမျိုး။ အဲဒီလို အောက်ကျနောက်ကျ နိုင်ငံဖြစ်လာပါတယ်။

ကျွန်တော်တို့တတွေ မြန်မာ့သမိုင်းကိုလေ့လာမိကြတဲ့အခါ၊ ဆွေးနွေးမိကြတဲ့အခါတိုင်းမှာ မကြာခဏ 'အကယ်၍' ဆိုတဲ့ စကားလုံးကို ပြောဖြစ်ခဲ့ကြတယ်။ အကယ်၍ ကနောင်မင်းသားသာ လုပ်ကြုံခံရပြီး အသက်မဆုံးရှုံးခဲ့ဘူးဆိုရင်၊ အင်္ဂလိပ်တွေဟာ ငါတို့နိုင်ငံကို သိမ်ပိုက်ချင်မှ သိမ်းပိုက်နိုင်မယ်။ ခေါင်းဆောင်ဟာ အခရာပါပဲ။ ခေါင်းဆောင်ပြောင်းသွားတာနဲ့ အရာအားလုံးဟာ ပြောင်းလည်းသွားတော့တာပဲ။ သိမ်းပိုက်နိုင်မည်ထားဦးတော့ ဒီမင်းသားလက်ထက်မှာ ဖြစ်ချင်မှဖြစ်မယ်။ ဒီလောက် မြန်ဆန်ချင်မှ မြန်ဆန်ခဲ့မယ်။ ဒီလောက် လွယ်ကူချင်မှ လွယ်ကူခဲ့မယ်။ (ဘာလိုလဲလည်းဆိုတော့ ဧရာဝတီမြစ်ကြောင်းတလျှောက်က အင်းဝ၊ သပြေတန်း စတဲ့ ဗမာသီပေါဘုရင်ရဲ့  ခံတပ်တွေဟာ မခုခံလိုက်ရပဲ လက်နက်ချခဲ့ရပါတယ်။)

ဒီလိုပါပဲ။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရဘူးဆိုရင် မြန်မာနိုင်ငံတော်ရဲ့  ပြည်တွင်းစစ်မီးဟာ ဒီလောက် ကြီးမားကျယ်ပြန့်ချင်မှ ကျယ်ပြန့်မယ်။ တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲမှု၊ စည်းလုံးမှုပြိုကွဲမှုတွေဟာ ဖြစ်ပေါ်လာမယ် မဟုတ်ဘူး။ နေ၀င်းလည်း အာဏာ သိမ်းဖို့ အကြောင်းဖန်တီးလာနိုင်မှမဟုတ်ဘူး။ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုနောက်မှာ တိုင်းသူပြည်သားတွေရှိနေတဲ့အတွက် တိုင်းပြည်ဟာ တိုးတက်စည်ပင်နေမှာပဲ။ အနှိမ်ဆုံးအဆင့်အနေနဲ့ အာရှမှတော့ မြန်မာဆိုရင် လေးစားခံရတဲ့အနိုင်ငံဖြစ်မှာပဲ။ ဒီလို အောက်ကျနောက်ကျ နိုင်ငံဖြစ်လာမှာ မဟုတ်ဘူး။ တခြားနိုင်ငံသားတွေရဲ့  အထင်သေးခြင်းလည်း ခံရမှာမဟုတ်ဘူး။ ပြည်သူပြည်သားတွေလည်း ဆင်းရဲ့ တွင်းနက်နေမှာ မဟုတ်ဘူး။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့ရင်...။

အဲဒီလို ကျွန်တော်တို့တတွေဟာ အကယ်၍ ဆိုပြီးတော့ ၀မ်းနည်းစွာ၊ တမ်းတစွာ၊ အားမလို အားမရဖြစ်စွာ ရွှေပြည်တော်ကို စိတ်ကူးနဲ့ အကောင်အထည်ဖော်ပြီး ပြောခဲ့ကြရတယ်။ မျော်လင့်ခဲ့ကြတယ်။ အဲဒီခေါင်းဆောင်တွေသာ ရှိခဲ့ရင် ကျွန်တော်တို့မျှော်လင့်တဲ့ ရွှေပြည်ဟာလည်း အမှန်တကယ်ဖြစ်လာမယ်ဆိုတာ ယုံမှားစရာမရှိဘူး။ ဒါပေမယ့် လက်တွေမှာတော့ တိုင်းပြည်ဟာ ရစရာမရှိအောင်ပျက်စီးနေခဲ့တယ်။ ဖျက်ဆီးခံနေရတယ်။

ဒါဟာ ဘာကိုပြတာလဲဆိုတော့ ကျွန်တော်တို့တတွေဟာ အရေးအကြီးဆုံး အချိန်တွေမှာ အရေးအကြီးဆုံး ခေါင်းဆောင်ကောင်းတွေကို လက်လွတ်ရခြင်းရဲ့ ကြီးမားတဲ့ ဆုံးရှုံးမုတန်ဖိုးကို ပြတာပါပဲ။ ဒီအဆုံးအရှုံးဟာ လက်ရှိပြသာနာတွေရဲ့ အဓိကကျတဲ့ အချက်တချက်ပဲဖြစ်ပါတယ်။

ဒီနေ့ဒီအချိန်အခါမှာ မြန်မာပြည်သူတွေဟာ ဒီလိုမျိုးပြောရမဲ့အဖြစ်ကို နောက်ထပ်တကြိမ်ရောက်ရှိရင်ဆိုင် နေရတယ်ဆိုတာကို သတိထားမိကြပါ။ ကျွန်တော်တို့လူထုတရပ်လုံးက လေးစားတဲ့၊ ချစ်မြတ်နိုးတဲ့၊ ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်၊ ကမ္ဘာတ၀န်းလုံးက ယုံကြည်လေးစားအားထားရတဲ့ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ထိန်းသိမ်းခံရပါတော့မယ်။ သူအထိန်းအသိမ်းခံရခြင်းဟာ မြန်မာပြည်အတွက် အလွန်နှစ်နာစေပါတယ်။ လက်ရှိအချိန်အထိ ဒီခေါင်းဆောင်သာလျှင် တိုင်ပြည်တိုးတက်ရေးအတွက် မရှိမဖြစ်တဲ့ ပြည်သူအားလုံးရဲ့ ၊ တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးမှုကို ရအောင်လုပ်ပေးနိုင်တဲ့ တဦးတည်းသောသူ ဖြစ်တယ်။ အကြောင်းကောင်းလို့ မြန်မာနိုင်ငံဟာ အာဏာရှင်အောက်က လွတ်မြှောက်သွားသည်ထားဦးတော့၊ လက်ရှိအနေအထားအထိ သူမရှိရင် ကျန်သူတွေ မဖြေရှင်းနိုင်တဲ့ ပြသာနာတွေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ရမှာပဲ။ အဲဒီ ပြသာနာတွေဟာ မြန်မာပြည်ကို ဒုက္ခတွင်းထဲ ပြန်ခေါ်မယ့်ပြသာနာတွေကြည့်ပါပဲ။ ဒါကြောင့် ဒီခေါင်းဆောင်ကို ထောင်ထဲမှာ နောင် ၅ နှစ်လောက် ထိန်းသိမ်းခံရမယ်ဆိုရင်၊ အဲဒီလိုထိန်းသိမ်းခံရရင်းနဲ့ အဲဒီကာလအတွင်းမှာ ကွယ်လွန်သွားခဲ့ရင် အလွန့်အလွန်ကိုကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ကို မြန်မာတွေရရှိခြင်းပဲဖြစ်မယ်။ ဒီလိုခေါင်းဆောင်ကောင်းတယောက်ထပ်ရဖို့ နောက်ထပ်နှစ်ဘယ်လောက်စောင့်ရဦးမယ်ဆိုတာ မပြောနိုင်ဘူး။

ထိုသို့သာ ဖြစ်ခဲ့မယ်ဆိုရင် နောင်းခေတ် ကျွန်တော်တို့မျိုးဆက်တွေဟာ ကျွန်တော်တို့လိုပဲ ‘အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ…’ ဆိုပြီးတော့ ဆက်လက်ပြောဆိုနေရပါတော့မယ်။ ဒါဆိုရင်တော့ ‘ပြည်သူလူထုဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရတရပ်ကို ရရှိတယ်’ ဆိုတဲ့ စကားတိုင်း ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ဒီစစ်အာဏာရှင်တစုရဲ့ အုပ်ချုပ်ခြင်းကို ခံရတော့မှာပဲဖြစ်တယ်။ ကျွန်တော်တို့မှာ စုစုစည်းစည်းနဲ့ တားဆီးနိုင်ဖို့ အခွင့်အရေးရှိခဲ့လျှက်နဲ့ အကျိုးရှိစွာ အသုံးမချနိုင်ခဲ့တဲ့၊ အသုံးမကျတဲ့ လူမျိုးအဖြစ် သတ်မှတ်ခံရတော့မှာပဲဖြစ်တယ်။ ရဲရင့်ရမယ့်အချိန်မှာ မရဲရင့်တဲ့လူမျိုး။ စည်းလုံးရမယ်အချိန်မှာ မစည်းလုံးတဲ့လူမျိုး။ အကြောက်တရားတွေ ကြီးစိုးနေတဲ့လူမျိုး။ လွတ်လပ်ခြင်းနဲ့ မထိုက်တန်တဲ့လူမျိုး။ကိုယ်ကျိုးကြည့်တဲ့လူမျိုး။ မြန်မာဆိုတာ အဲဒီလို သောက်သုံးမကျတဲ့လူမျိုးအဖြစ် သတ်မှတ်ခံရမယ်။

ဒေါ်အောင်ဆန်းစုကြည်သာ ထောင်ချခံရပြီး၊ ပြည်သူအများစုသာ လက်ပိုက်ထိုင်ကြည်နေမယ်၊ နှုတ်ကနေ စုတ်တသပ်သပ်ဖြစ်နေမယ်ဆိုရင်တော့ အသုံးမကျတဲ့လူမျိုးဆိုတာ ငြင်းစရာမရှိ လက်ခံရတော့မှာပဲ။

အဲဒီလိုတွေ မသတ်မှတ်ခံရဖို့ ဒီဖြစ်ရပ်တွေကို တားဆီးရမယ်အချိန်ဖြစ်တယ်။ ဇာတိမာန်ဆိုတာကို မြန်မာတွေ ပြန်လည်ဆုပ်ကိုင်ရတော့မယ်အချိန်ဖြစ်တယ်။ မြန်မာတွေဟာ ကျွန်စိတ်နဲ့ နေထိုင်တာမဟုတ်ဘူး။ သခင်စိတ်နဲ့နေထိုင်တဲ့လူမျိုးဆိုတာကို ပြန်လည်ပြသရတော့မယ်အချိန်ဖြစ်တယ်။ မြန်မာဆိုတာ မဟုတ်မမှန်တရားကို ခေါင်းငုံ့ခံတက်တဲ့လူမျိုး မဟုတ်ဘူးဆိုတာကို သိရှိစေရမယ်။ စည်းလုံးတဲ့လူမျိုးဆိုတာကို မျက်မြင်ကိုယ်တွေ့ဖြစ်စေရမယ်။ လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကိုတည်ဆောက်ဖို့ သဘောထားကြီးခြင်း၊ အသိညဏ်ရှိခြင်း၊ ရဲရင့်ခြင်း၊ စည်းလုံးခြင်းတွေကို မြန်မာပြည်သူတွေ ပြသရမယ်အချိန်ကောင်းပဲဖြစ်တယ်။

===================================================================
Posted by (တေးမွန်) at 3:12 PM 0 comments Links to this post
Labels: ဖော်ပြချက်, မြန်မာနိုင်ငံ

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, May 27, 2009

အမေစု၏ ချေပချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အမှတ်-၉၇၊ခ အနောက်ရွှေတဂုံလမ်း
ဗဟန်းမြို့ နယ် ၊ ရန်ကုန်မြို့ 
၂၀၀၉ ခုနှစ် မေလ (၂၇)ရက်
၁၃၇၁ ခုနှစ် နယုန်လဆန်း (၄)ရက်

ကြေငြာချက်အမှတ် - ၁၄၊ ၀၅၊ ၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ ချု ပ်၏ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု နှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြီးအပြည့် စုံမှာ အအောက်ပါအတိုင်းဖြစ်သည်။

(စ) ၁။ အထက်အမည်ပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောက်ရှောက်သည့် ဥပဒေပုဒ်မ- ၂၂ ဖြင့် လည်းကောင်း ထိုသို့ ဖေါက်ဖျက် ကျူးလွန်းခြင်းကို အားပေးကူညီခဲ့ သော ဒေါ်ခင်ခင်ဝင်း (ဘ) ဦးတင်အုန်း၊ မ၀င်းမမ (ဘ) ဦးဥာဏ်လင်းနှင့် Mr. John William Yettaw တို့ (၃)ဦးတို့ အား ယင်းဥပဒေပုဒ်မ-၂၂ ပြစ်မှုတိုင်ရာဥပဒေပုဒ်မ- ၁၀၉ အရလည်းကောင်း အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့ မှ ဒုရဲမှူးကြီးဇော်မင်းအောင်က ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းသို့ ( ၁၁-၀၅-၂၀၀၉) တွင်တိုင်ကြားခဲ့ သော အမှု ဖြစ်ပါသည်။
၂။ Mr. John William Yettaw သည် ကျွန်မ၏နေအိမ် ခြံဝင်းအတွင်းသို့  ရောက်ရှိခဲ့ သောကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော (၃၀-၁၁-၂၀၀၈) ရက်နေ့  ရောက်ရှိခဲ့ ခြင်းကို ကျွန်မနှင့်အတူနေသူ ဒေါ်ခင်ခင်ဝင်ထံမှ တဆင့်ကြားသိရပါသည်။ (၄-၁၂-၂၀၀၈) ရက်နေ့ တွင် ဆေးစစ်ရန်ရောက်ရှိလာသူ ဒေါက်တာတင်မျိုးဝင်းမှတဆင့်  ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပေးပို့ ခဲ့ ပါသည်။ အာဏာပိုင်များက အဆိုပ်ကိစ္စအတွက် ကျွန်မတို့ ထံသို့  စုံစမ်းမေးမြန်းခြင်း မလုပ်ခဲ့ ကြပါ။ အရေးယူဆောင်ရွက်သည်ဟုလည်း ကြားသိရခြင်း မရှိပါ။ ဤကဲ့ သို့ ခြဲဝင်းအတွင်း လူဝင်ရောက်ခဲ့ သည့် ကိစ္စများတွင် အာဏာပိုင်များထံသို့  ချက်ချင်းသတင်းပို့ ရမည်ဟု သတိပေးဖူးခြင်းလည်းမရှိပါ။
ဒုတိယအကြိမ် Mr. John William Yettaw ရောက်ရှိခဲ့ ခြင်းကို (၀၄-၀၅-၂၀၀၉)ရက်နေ့  နံနက်ပိုင်းတွင်မှ တွေ့ ရှိရပါသည်။ ကျွန်မက ပြန်ထွက်သွားရန်ပြောကြားခဲ့ ပါသည်။ ၄င်းက မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျင်ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်လျင် ပြန်ပါမည်ဟု ပြောပါသည်။ သို့ သော်ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ တညအိပ်ခွင့် ပေးရန်မေတ္တာရပ်ခံခဲ့ ပါသည်။
၃။ ယခုအချိန်တွင် များစွာသော ကျွန်မ၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဘက်များသည် ဥပဒေ၏ကာကွယ်မှူနှင့် သက်ညှာမှူတို့ ကို မခံစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ ကြောင့်ကျွန်မအနေဖြင့်  မည်သူ့ ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်မခံစေရန် တွန်းမပို့ နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလုံခွင့် တောင်းသည်ကို ခတ္တခိုလုံခွင့်  ပေးခဲ့ ခြင်း ဖြစ်ပါသည်။
၎။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည် ၄င်း၏ရည်ရွယ်ချက်မှာ မည်သို့ မည်ပုံဖြစ်သည်မှာ ကျွန်မအတွက် အရေးမပါ ပါ။ ကျွန်မ၏ နိုင်ငံရေးခံယူချက်အရသာဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်မှူကိစ္စနှင့်စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့ တွင် ဒေါက်တာတင်မျိုးဝင်းလာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ ပါသည်။ သို့ သော် (၇-၅-၂၀၀၉) နေ့ တွင် ရဲတပ်ဖွဲ့ ဝင်များသာရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့် မရခဲ့ ပါ။
၅။ ကျွန်မသည်နိုဝင်ဘာလ (၃၀)ရက်နေ့ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ ရာတွင် ကြီးသည့် အမှူငယ်စေရန်နှင့် ငယ်သည့် အမှူပပျောက်စေရန် ခြံအတွင်းသို့  ၀င်ရောက်ခဲ့ သူအားလည်းကောင်း၊ ခြံလုံခြုံရေး ယူထားရသော တပ်သားများအားလည်းကောင်း၊ မလိုအပ်ဘဲ မထိခိုက်စေလိုသောဆန္ဒဖြင့် ပြုလုပ်ခဲ့ ပါသည်။ ဤလုပ်ဆောင်ချက်နှင့်ပါတ်၍ သက်ဆိုင်ရာက ကန့် ကွက်ခြင်းဝေဖန်ခြင်း တစုံတရာမပြုလုပ်ခဲ့ သောကြောင့် ၎င်းတို့ သည် ကျွန်မလုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။
တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျွန်မ၏နေအိမ်ခြံဝင်းလုံခြုံရေးအတွက် အာဏာပိုင်နှင့်  ကျွန်မတို့ ပူးတွဲတာဝန်ရှိသည်ဟု ထွက်ဆိုခဲ့ ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝမမှန်ကန်ပါ။
၆။ ကျွန်မအပေါ် စွဲဆိုထားသည့်  နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်  ဥပဒေပုဒ်မ-၂၂ အရ တားဆီးမိန့် ၊ ကန့် သတ်မိန့် များကို ချိုးဖေါက်သည်ဟုစွပ်စွဲ ထားပါသည်။

(က) ယခုရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ သက်သေခံ ဆက်လက်တားဆီးမိန့် များအရ စည်းကမ်းချက်များကို ကျွန်မက ဖေါက်ဖျက်ခြင်းမရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

(ခ) ကန့် သတ်မိန့် မှာ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့ စည်းပုံဥပဒေပါ မူလအခွင့်အရေးကို ကန့် သတ်မှူ(သို့ )ရုပ်သိမ်းမှူဖြစ်ကြောင်း တရားလိုဘက်ကထွက်ဆိုခဲ့ ကြပါသည်။ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့် နေ့ မှစ၍ အာဏာတည်ခြင်းမရှိ၊ပြိုကျပျက်စီးသွားပြီဖြစ်ပါသည်။ အာဏာတည်ခြင်းမရှိသည့် ဥပဒေ၏ပုဒ်မများအရ ကန့် သတ်မိန့် မှာလည်း တရားဝင်မှူ မရှိပါ။

(၇) ယခုအမှူဖြစ်ပွားရသည့်  အရင်းခံအကြောင်းအရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့ မဟုတ် လုံခြုံရေးဖေါက်ဖျက်မှု ဖြစ်သော်လည်း၊ ယခုချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျွန်မကို သာအရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(၈) ကျွန်မသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ကျွန်မ၏ တင်ပြချက်ကို တင်သွင်းပါသည်။ (ဆုံး)


၂၆-၅-၀၉ နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှာဆောင်အဖွဲ့ နှင့်
ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ တို့ ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ရန်ကုန်မြို


Rest of your post


Aung San Suu Kyi the first respond on her new trail 27 may 09 in Burmese language

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 26, 2009

MoeMaKa Daily e Newspaper - 25th May 2009

MoeMaKa Daily e Newspaper - 25th May 2009 MoeMaKa Daily e Newspaper - 25th May 2009 moemaka MoeMaKa Daily e Newspaper - 25th May 2009 - News Updates on Burma and Burmese Community

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 23, 2009

အမေကောင်းသမီး မို့  ပန်းကောင်းပန်တယ်...


မွေးဖွားရာဒေသ။ ။မြောင်းမြမြို့၊ ဧရာဝတီတိုင်း
နေထိုင်ရာဒေသ။ ။ ရန်ကုန်
ရာထူးအလုပ်အကိုင် ။ ။၁၉၄၇ မှ ၁၉၅၂ လွှတ်တော်အမတ်
၁၉၅၀ မြန်မာအမျိုးသမီးများအသင်းဥက္ကဌ ၁၉၆၀ အိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
လူသိများခြင်းမှာ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီးဖြစ်သည်
ကိုးကွယ်သည့် ဘာသာ။ ။ ဗုဒ္ဓဘာသာ

မြန်မာနိုင်ငံရဲ့ စံပြအမျိုးကောင်းသမီး အမေကြည် ခေါ် ဒေါ်ခင်ကြည်
မေစန္ဒာစိုးညွန့် ၊ ၂၀၀၈ ဒီဇင်ဘာ ၂၇ ရက်

ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တစ်ဦးရဲ့  ပါရမီဖြည့်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ဦး ကို မွေးထုတ်ပေးခဲ့တဲ့ အမေကြည် ခေါ် ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံ အတွက် ကျေးဇူးရှင်တစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်ကို ချစ်မြတ်နိုးပြီး မြန်မာပြည်သူပြည်သားများအတွက် အဆုံးစွန် စွန့် လွှတ်အနစ်နာ ခံခဲ့တဲ့၊ ခံနေဆဲဖြစ်တဲ့၊ အမျိုးသားခေါင်းဆောင် နှစ်ဦးမှာ တစ်ဦးက ခင်ပွန်း၊ တစ်ဦးက သမီးဖြစ်နေခြင်းများဟာ ဒေါ်ခင်ကြည်ရဲ့  အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်းတစ်ဦး ဖြစ်ကြောင်းတန်ဖိုးများကို ဖေါ်ပြနေပါတယ်။

ရင်းနှီးချစ်ခင်သူများက လေးစားချစ်ခင်စွာဖြင့် အမြတ်တနိုး “အမေကြည်” လို့  ခေါ်ခံရတဲ့ ဒေါ်ခင်ကြည်ဟာ သူနာပြုဆရာမ တစ်ဦးဖြစ်သည့် အားလျော်စွာ စိတ်နေသဘောထား ပြည့်ဝမှု၊ ကြင်နာမှု၊ စိတ်ရှည်သည်းညည်းခံမှုများဖြင့် အလွန်ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်နှင့် ပြည်သူလူထုရဲ့  အကျိုးကို သယ်ပိုးရာမှာလည်း အများကြီး ကူညီမှုပေးခဲ့တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်ပါတယ်။ တိုင်းပြည်ရဲ့  စံပြ အတုယူစရာ ကောင်းတဲ့ အမျိုးကောင်းသမီး တစ်ဦးဖြစ်ပြီး မာန်မာနကင်းစင်သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်လုပ်ကြံခံရပြီး ကျဆုံးသွားတဲ့နောက် သားကြီး အောင်ဆန်းဦး၊ သမီးငယ် အောင်ဆန်းစုကြည် တို့ နဲ့ အတူ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အထူးသဖြင့် ဗိုလ်နေ၀င်းရဲ့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက်တွေရဲ့ ကူညီစောင့်ရှောက်မှုများ ကြောင့်သာ ဒေါ်ခင်ကြည့် ဘ၀မှာ ဆိုးရွားတဲ့ အဖြစ်များ မကြုံတွေ့ ခဲ့ရခြင်ျးြဖစ်ပါတယ်။ ဗိုလ်နေ၀င်း လက်ထက်မှာ ဒေါ်ခင်ကြည် ပြည်တွင်းမှ ထွက်ခွာခဲ့ရပြီး အိန္ဒိယနိုင်ငံတွင် အိန္ဒိယနှင့် နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်းစုကြည်ကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါ်ခင်ကြည် မြန်မာပြည် ပြန်ရောက်ပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်မှာ သစ်ပင်ပန်းမာန်များ စိုက်ပျိုးခြင်း၊ ရဟန်းသံဃာများကို အပတ်စဉ် စွမ်းလောင်းခြင်းများဖြင့် ဘ၀ကို အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပါတယ်။ မနက်တိုင်း ဘုရားရှိခိုးခြင်း ကျေးငှက်များကို အစာ ကျွေးခြင်းများကိုလည်း မပျက်မကွက် လုပ်ဆောင်လေ့ရှိပြီး ဒေါ်ခင်ကြည် ကွယ်လွန် သွားပြီးနောက် ဒီအမွေကို ဆက်ခံထားသူကတော့ အဲဒီအိမ်တွင်ပဲ ယခုအကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ပါတယ်။

မဆလ လက်ထက်မှာ အထီးကျန်ဖြစ်အောင် လုပ်ထားခြင်းများနှင့် သားသမီးနှစ်ယောက် စလုံးက ပြည်ပတိုင်းပြည်များသို့  သွားရောက် ပညာသင်ကြားနေခြင်း များက ဒေါ်ခင်ကြည်ရဲ့  အနှစ်နှစ်ဆယ်နီးပါး ဘ၀ကို တစ်ဦးတည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံ လူတန်းစား အသီးသီးရဲ့  ခံစားရမှုများကို ကိုယ်ချင်းစာ နိုင်သူလည်း ဖြစ်တယ်။ သမီးဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စရပ်များနဲ့  ပတ်သက်ပြီး အမြဲရင်ဖွင့် ပြောပြခဲ့တယ်။ ၁၉၆၈-၇၀ မြန်မာပြည် ခရီးစဉ်များမှာ မြန်မာလူမျိုးများရဲ့  ဆင်းရဲဒုက္ခကြုံတွေ့ နေရမှုများကို သမီးဖြစ်သူက စစ်တမ်းကောက် မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှာ တင်ပြနိုင်ဖို့  ဒေါ်ခင်ကြည်က အမြဲကြိုးပမ်းပေးခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မတ်လမှာ ဒေါ်ခင်ကြည်ရဲ့  ကျန်းမာရေး အထူးဆိုးဝါးလာတာကြောင့် ရန်ကုန်မြို့  ဂျပန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုယူခဲ့ရပါတယ်။ ၁၉၈၈ လူထုတော်လှန်ရေး တိုက်ပွဲကြီး ဖြစ်ပေါ်နေစဉ်ကာလမှာဘဲ မြန်မာပြည်ရဲ့  အမျိုးသားခေါင်းဆောင်သစ်ကို မွေးထုတ်ပေးခဲ့တဲ့ စံပြ အမျိုးသမီးကောင်း ဒေါ်ခင်ကြည်ဟာ သူချစ်တဲ့ မြန်မာပြည်နဲ့  မြန်မာ နိုင်ငံသားများကို စွန့် ခွာသွားခဲ့ပါတယ်။

ဒေါ်ခင်ကြည်ကွယ်လွန်ပြီး အသုဘအခမ်းအနား ကျင်းပတဲ့ကာလကတော့ ရန်ကုန်မြို့ တခွင် ၅ယောက်ထက်ပိုပြီး လူစုလူဝေးမလုပ်ရဘူးဆိုပြီး စစ်တပ်က မာရှယ်လောထုတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒေါ်ခင်ကြည်ကို ချစ်ခင်လေးစားကြတဲ့ ပြည်သူ ၁ သိန်းကျော်က အသုဘအခမ်းအနားသို့  တက်ရောက်ခဲ့ကြတဲ့အတွက် မြန်မာ့တော်လှန်ရေးသမိုင်းမှာ အမှတ်တရ ပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဘ၀မှာ စစ်အာဏာရှင်များရဲ့  ထိုးနှက်တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ်ခံစားခဲ့ရပြီး ကွယ်လွန်သွားသည့် တိုင်အောင်လည်း ဒေါ်ခင်ကြည်ရဲ့  အုတ်ဂူမှာ ပန်းသွားလဲတဲ့ ဆွေမျိုးသားချင်းများကို ဆက်လက်ဖမ်းဆီးထောင်ချခဲ့ရာမှာ ယနေ့ တိုင် ၇ ယောက်ရှိခဲ့ပါပြီ။

ဒေါ်ခင်ကြည်ရဲ့  တန်ဖိုးကို နားလည်ပြီး၊ ချစ်ခင်မြတ်နိုးသူများကတော့ နှစ်ပေါင်းဘယ်လောက်ပဲ ကြာပါစေ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲကို သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲတိုက်ပွဲဝင်ရင်း၊ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ရောက်တိုင်း သူအလွန်နှစ်သက်တဲ့ အုန်းနို့ ခေါက်ဆွဲဖြင့် အမှတ်တရ ဆွမ်းသွတ် ပွဲကို နှစ်စဉ် သတိတရ ကျင်းပကြပါတယ်။ ဒေါ်ခင်ကြည် ကောင်းရာသုဂတိလားပြီး ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေ။

မျိုးဆက်သမီး ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်ဘ၀က အမြန်ဆုံးလွတ်မြောက်ပြီး ကွယ်လွန်သူ မိခင် ဒေါ်ခင်ကြည်နဲ့  ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲ့  ဆန္ဒများအတိုင်း မြန်မာပြည်သူများရဲ့  မျှော်လင့်ချက်များကို အမြန်ဆုံးဖေါ်ဆောင်နိုင်ပါစေလို့  ကျမတို့ အနေနဲ့  ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့်နေ့ မှာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မှတ်ချက်။ ။ Burma Point အဖွဲ့ ဝင် ကိုအောင် ထံမှ အမေးအဖြေ ပြုလုပ်၍ တင်ပြသည်။
http://www.burmapoint.com/index.php?option=com_content&view=article&id=24:daw-khin-kyi-biography&catid=13:statements-and-press-release&Itemid=11 မှဖော်ပြပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 22, 2009

ပြည်သူမေတ္တာခံယူတဲ့ သားကလေးပါခင်ည

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 19, 2009

အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများ ထောင်ရှေ့တွင် ပိုများလာ

တင်ကျော်ကျော်စိုး | အင်းစိန်ထောင်တွင်း တရားစွဲဆို ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အဖွဲ့ကြီးက လွှတ်ပေးရန် တောင်းဆို မှုကြောင့် ပြည်သူများမှာ အားတက်လာပြီး ယနေ့ အင်းစိန်ထောင်ရှေ့တွင် ပိုမို စုမိလာ နိုင်ခဲ့သည်။


ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု သတင်း
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း ကိစ္စတိုင်းတွင် တုံဏှိဘာဝေ နေလေ့ ရှိသည့် အာဆီယံက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ရန်ကုန်မြို့ ခံများမှာ အထူးအားတက်မိကြသည် ဟု သိရသည်။

အင်းစိန်ထောင်ရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ တစ်ဦးကမူ “ကျွန်တော် တို့က မနေ့က မရောက်ဘူး ဒီနေ့မနက် အဆီယံကပါ လွှတ်ပေးဖို့ တောင်းဆိုနေပြီ ပြောတာနဲ့ လာကြတာ ဒီကိုရောက်ဖို့ တစ်နာရီလောက် လမ်းလျှောက်လာ ရတယ်” ဟု Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သူ့ကို တရားစွဲဆို ထားသူများနှင့် ရုံးတင် စစ်ဆေးနေသည့် သတင်းကို ယမန်နေ့က မြန်မာ့အသံ နှင့် မြန်မာ့ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီး ယနေ့ ထုတ် သတင်းစာများတွင် ဖေါ်ပြထားသဖြင့် ပြည်သူများက ပို၍ ထောက်ခံမှုရှိ နိုင်ကြောင်း သတင်းသမား တစ်ဦးက ပြောသည်။

ယနေ့ မနက် အစောပိုင်း ကတည်းက အင်းစိန်ထောင် ရှေ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားပြီး ဦးဝင်းတင် အနီးကပ် စောင့်ကြည့် နေသည် ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတ ဆာကိုဇီ၏ ဇနီးဖြစ်သူကလည်း တောင်းဆို ထားသည်။

source by : Freedom News Group

အပြည့်အစုံသတင်းဖတ်ရန်....

Monday, May 18, 2009

ကြပ်ပြေးကသားသတ်သမားတွေ ခုံရုံးပို့ရအောင်

WINC-362-2009

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 16, 2009

တော်လှန်ရေး ကိုခေါ်ခြင်း..

ပြည်တွင်း ပြည်ပ လက် တွဲ ချိတ်ဆက် ကြဖို့  နည်း မျိုးစုံ ဖြင့် တော်လှန် ကြဖို့ လို ပါပြီ

လမ်းပျောက်သူများသို့ 

ဘာလဲ ဘယ်လဲ
ရဲ ရဲလျှောက်
ပျောက်သောလမ်း
စမ်းတ၀ါးဝါးနဲ့ 
လမ်းအမှားမှားနဲ့ 
လမ်းသလားသူလဲ ရှိရဲ့ 
ဘုမသိ ဘမသိပေမဲ့ 
ယခုရှိတဲ့ စိတ်ဓါတ်
မြင့်မြတ်တဲ့ တော်လှန်ရေးပဲ
ရဲ ရဲ လျှောက်
သူနောက် ငါ့ နောက်နဲ့ 
ဂရောက်ဂရက်တွေတက်
မပြောက်ပျက်လေနဲ့ 
ရောက်တဲ့ နေရာ မှာ
ဒါ .... တော်လှန်ရေးပဲ...
ရဲ ရဲ လျှောက်....။ ။

(၁၉၉၃ - ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစုမှ)

( သင်၏တော်လှန်ရေးစိတ်ဓါတ်ကြံ့ခိုင်နေသ၍ သင်ရောက်ရှိနေရာနေရာတိုင်းသည် သင်၏တော်လှန်ရေးနယ်မြေသာဖြစ်၏ ။ )

တော်လှန်ရေးတစ်ရပ်တွင် အဓိက M ခြောက် လုံး လိုအပ်သည်။

( ၁ ) Money ငွေကြေးအင်အား
( ၂ ) Material ရုပ်ဝထ္ထုပစ္စည်းများ
( ၃ ) Men power လူအင်အား
( ၄ ) Managements စီမံခန့် ခွဲ မှူ
( ၅ ) Movement လုပ်ရှးမှူ
( ၆ ) Mind Power စိတ်ဓါတ်အင်အား
လက်ရှိ အချို့ ကမ္ဘာ့ နိုင်ငံများ၏ လှုပ်ရှားမှူများတွင်
( ၇ ) Mine ဖေါက်ခွဲရေး ( အချို့ နိုင်ငံများတွင် တွေ့ ရသည်၊ ရွေးချယ်စရာလမ်းမရှိတော့ သောအခါ )

အချို့ နိုင်ငံတော်လှန်ရေးများတွင် Mine ( ဖေါက်ခွဲရေး ) များကိုပါတွေ့ ရှိရပါသည် ။ ။

ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ ကမ္ဘာကိုအကဲစမ်းလိုက်စိန်ခေါ်လိုက်တာပဲ ၊ ရင်ကြားစေ့ ရေး ဆွေးနွေးရေး ငြိမ်းချမ်း ရေးလမ်းစဉ်တွေကို ကျောခိုင်းကြောင်း ပိုမိုထင်ရှားစွာပြသလိုက်တာပဲ။ အာဏာအားကိုးနဲ့ အနိင်ကျင့် စော်ကားလိုက်တာပဲ ၊ ရွေးချယ်စရာ လမ်းမရှိတော့ ဘူးဆိုတာကျိန်းသေရင် ဒို့ ဘာဆက် လုပ်ကြမလဲ အသင့် ပြင်ထားကြပါ ယုံကြည်ချက်တွေက အရှုံးပေးမှာတော့ မဟုတ်ဘူး ....
အခြင်းခြင်း အပြန်အလှန် နားလည်မှူ ၊ တန်းတူ လေးစားအသိအမှတ်ပြုမှူ ၊ လက်တွဲခေါ်ဆောင်အားပေးမှူ တပ်နိုင်သလောက် လက်တွဲလုပ်ဆောင်မှူတွေ ပိုမိုလိုအပ်လာပါပြီ ၊ ကျွဲပါး စောင်းတီး တော်လှန်ရေး လမ်း စဉ်တွေ ၊ လှေနံ ဒါးထစ် အတွေးခေါ်တွေ ၊ ပြောင်းလွဲ ပြင်ဆင်ပြီး နည်းစပ်ရာ ကို ချဉ်းကပ် ပါ...
မိမိရောက်ရှိရာ နေရာ ဒေသတိုင်းသည် မိမိ၏ တော်လှန်ရေးနယ်မြေသာဖြစ်သည် မြန်မာနိုင်ငံအရေးကို မြန်မာ တိုင်းရင်းသားလူမျိုး တွေပဲ အဓိက အနစ်နာခံရမှာ ပေးဆပ်ကြရမှာ ဖြစ်တယ်..

မိမိသန်ရာ နည်းစပ် ရာ အလျှင်းသင့် သလို အောက်ပါ နည်းများကို အ သုံး ပြုကြပါ

မတရားမှူကို တွန်းလှန် ခုခံ ခြင်းတွင် လုပ်ရပ် အားလုံး တရားပါ သည် ...

မိမိရောက်ရှိရာ နေရာ ဒေသ နိုင်ငံ ပတ်ဝန်းကျင်မှာ ရှိတဲ့ အနည်း စပ်ဆုံး မြန်မာ စစ်အစိုးရ ရဲ့  ယန္တယား တွေကိုနည်းမျိုးစုံ ဖြင့်  နှောက်ယှက် တိုက်ခိုက် ဖျက်စီး ပိတ်ဆို့ ကြ ပါစို့ …


http://canadamyanmar.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာကလေးတွေ နဲ့ အနာဂတ်..ဘာတွေဆက်ဖြစ်မလဲ..ဖြစ်ရပ်မှန်သတင်း


ဒီလိုပညာမဲ့တဲ့ ကလေးတွေ နဲ့  မြန်မာတွေ ရဲ့ရှေ့ ရေး..ဘာဖြစ်မယ်ထင်ပါတယ် ထင်ပါသလည်း

အပြည့်အစုံသတင်းဖတ်ရန်....

လူထုအင်အား ပြကြဖို့ လိုပြီ

၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက် အင်းစိန် အကျဉ်းထောင်ရှေ့ တွင် မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန် အထူးကဗျာ

*ရေးသူ-အောင်ဝေး* (မိုးမခ-သတင်းဌာန)

ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂

အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂

သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂

နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂

အောင်ဝေး
မေ ၁၅-၂၀၀၉

အပြည့်အစုံသတင်းဖတ်ရန်....

ဒါလေးကူးပြီးအဲဒီကိုပို့ကြပါ။ ။

Saturday, May 16, 2009

Secretary-General of ASEAN
Dr. Surin Pitsuwan
The ASEAN Secretariat
70A, Jalan Sisingamangaraja
Jakarta 12110
Indonesia
Fax: (6221) 7398234, 7243504
Email: termsak@aseansec.org
Salutation: Dear Secretary-General

အထက်ပါလိပ်စာ(သို့)ဖက်စ်(အီးမေးလ်)ဖြင့်အောက်ပါအတိုင်းပို့ပါ

Dear Secretary-General,

I urgently call on you to immediately intervene to secure pro-Democracy leader Daw Aung San Suu Kyi’s release from Insein Prison, Yangon.
As you are likely to be aware she is currently detained in the maximum-security jail and is, along with other prisoners of conscience and political prisoners there, at risk of torture and ill treatment.

I am deeply concerned for Ms Suu Kyi’s safety and health - she suffers from low blood pressure and dehydration. Conditions in Myanmar prisons are appalling and will further jeopardise her health. Her regular doctor Tin Myo Win was denied access to her on 7 May. Following that attempted visit he was taken away by security officers and has not been seen since.
Ms Suu Kyi faces trial on Monday 18 May on what appears to be trumped up charges coinciding with the expiry of her home-detention at the end of this month. She has been detained for 13 of the past 19 years, mostly under house arrest, during which period the Myanmar government has continued to act in utter disregard for the human rights of most of its people.
A unified voice is needed to stop the Myanmar government from acting with impunity and to prevent this desperate situation from deteriorating further.
Please urgently raise the above concerns with the authorities in Myanmar and demand that on her release Ms Suu Kyi is not returned to house arrest. Additionally, I ask you to call on the UN Security Council to make the same demand.

Yours sincerely,
(Your name)

နိဗ္ဗ့ာန်ဆော်က ကိုရဲရင့်ပါဗျ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 15, 2009

ဇာနည်သွေးဆိုတာ..အရောင်မပြယ်ဖူး

ပြောရရင်.......
ဗိုလ်ချုပ်ရဲ့သားသမီးသုံးယောက်မှာ
ဒေါ်အောင်ဆန်းစုကြည်က နာမည်မှာကို နိမိတ်က ပါတယ်
အောင်ဆန်းပါတယ်
အဘွားဖြစ်သူ ဒေါ်စု ရဲ့ နာမည်ပါတယ် အမေဖြစ်သူ ဒေါ်ခင်ကြည်ရဲ့နာမည်လည်းပါတယ်

အဘွားဖြစ်သူဒေါ်စုဟာ အင်မတန် စိတ်ဓါတ်မာကျောတယ်လို့ သိရတယ် ( ဦးအောင်သန်းရေး သော အောင်ဆန်းမိသားစုစာအုပ်မှ ) အဘိုးဖြစ်သူ ဦးဖာက လူအေးမို့လို့ တစ်မိသားစုလုံးကိုတောင် ဈေးရောင်းဈေးဝယ်လုပ်ကျွေးခဲ့တယ်လို့ သိရတယ်
အဘွားစုဟာ မဟုတ်မခံ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘ၀င်း သားနှစ်ယောက်ကျဆုံးတာတောင် မျက်ရည်မကျခဲ့ ၊ မမှန်တာလာပြောသူကို
ခုံဖိနပ်နဲ့ပါးချ သူလို့ ဖတ်ရဖူးတယ် ။
အခု ကျွန်တော်တို့ အမေစုမှာလည်း ဒီစိတ်ဓါတ်အပြည့်အ၀ရှိမယ်လို့ယုံကြည်တယ် ။ အဘွားစုရဲ့စိတ်ဓါတ်နဲ့ အဖေ အောင်ဆန်းရဲ့ စိတ်ဓါတ်တွေပေါင်းပြီး ကျွန်တော်တို့ အမေစု ကြံ့ကြံ့ခံ ထိုးဖောက်လာလိမ့်မယ်ဆိုတာကို
...........တင်ပြလိုက်ပါတယ်

ဒေါ်အောင်ဆန်းစုကြည် စိတ်ဓါတ်က ခွပ်ဒေါင်အလံလို အမြင့်မားဆုံးမှာရှိနေတယ်။
8888peoplepower group မှ

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, May 10, 2009

VOICE OF BURMA (MAY 10)

VOB709

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 9, 2009

ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများမှ စုပေါင်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများမှ စုပေါင်း၍ သဘော တူညီ ကြကြောင်း ထောက်ခံကြေညာမှုအား အင်အားစုပေါင်း (၆၀) ခန့် မှ မေလ (၈) ရက်နေ့  နေ့ စွဲဖြင့် ထုတ်ပြန် ကြေညာ ပါသည်။

ယခုကဲ့သို့  ပြည်တွင်း ပြည်ပ အင်အားစုများ၏ နိုင်ငံတကာ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် စုပေါင်း ကြေညာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင် ကြေညာချက်အား ထောက်ခံရန် သဘောတူညီကြသော နိုင်ငံရေး အင်အားစုများ အားလုံးအား ဆက်လက် ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါအဖွဲ့ အစည်းများ၏ အမည်များနှင့် ဆက်သွယ်ရန် လိပ်စာတို့အား ထပ်မံ၍ ဖြည့်စွက် ဖေါ်ပြ ပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်လိုသော အဖွဲ့ အစည်းများအနေဖြင့် Global Action for Burma (GAB) http://gab-burma.weebly.com/ သို့ လည်းကောင်း (သို့ မဟုတ်) -

စိုင်းမျိုးဝင်း (ပြည်ထောင်စု လူ့အခွင့်အရေး ကောင်စီ) ida0072@gmail.com

နန်းသီတာအေး (ဓနုအမျိုးသမီးအဖွဲ့ ) ntda.dwg@gmail.com

သို့ လည်းကောင်း ဆက်သွယ်ရန် လေးစားစွာ အကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင် ကြေညာချက်အား သဘော တူညီကြောင်း ကြေညာချက်နှင့် နိုင်ငံရေး အင်အားစုများ၏ အမည်စာရင်းအား အသေးစိတ် ကြည့်ရှူနိုင်ပါသည်။



သဘောတူ လက်မှတ်ရေးထိုး ကြသည့် အဖွဲ့အစည်းများမှာ -

Overseas Burmese Patriots (OBP)

All Burma Students League (ABSL)

Burma Political Prisoners’ Union (BPPU)

Arakan League for Democracy (Exile-Japan) ALD (Exile- Japan)

Burma Democratic Action Group (BDA Group)

Chin National Community (CNC)

Democratic Federation of Burma (DFB)

Federation of Workers Union of the Burmese Citizen in Japan (FWUBC)

Kachin National Organization, Japan (KNO-JP)

Kachin State National Congress Party for Democracy (Liberated Area-Japan Branch)

Karen National League (KNL)

League for Democracy in Burma (LDB)

Naga National Society (NNS)

National Democratic Front (Burma) (NDF-B), Representative for Japan

Palaung National Society (PNS)

Punnyagari Mon National Society (PMNS)

Shan Nationalities for Democracy (Japan) SND (Japan)

Shan State Nationalities for democracy (Japan) SSND (Japan)

Confederation of National Youth for Burma (CNUB)

Burma Democratic Concern (BDC)

Union of Human Right Council (UHRC)

Danu National Council

Akha Public Army (APA)

Maingtha Youth Group(MYG)

Lahu Human Right Group (L.H.R.G)

Kokant Human Right Group (K.H.R.G)

Khamti Women Action Group(KWA)

The Best Manure

Kokant Youth Affairs Committee – KYAC

Maw Shan Public Army (M.S.P.A)

Khamti Public Army- KPA

Kokant Women Action Group

Palaung Human Rights Group

Intha Youth Affairs Committee

Palaung Women Action Group

Danu Youth Affairs Committee (D.Y.A.C)

Akha Liberty Army

Danu Women Group

Akha Human Right Action Group

Akha Youth Affairs Committee

Danu Public Army – D.P.A

Maingtha Public Army

Khamti Youth Affairs Committee

Akha Women Action Group

Palaung Youth Society – PYS

Pa-oh Human Right Action Group

Danu Youth Affairs Committee

Maw Shan Youth Society

Pa-Oh Youth Society

Pa-oh Public Army

International Burmese Monks Organization (Canada Branch)

Lahu Youth Society – Thailand

NLD(LA) CANADA

Burmese Students' Democratic Organization

Burmese Muslim Association (Canada)

Patriotism, Liberation, Dignity

Patriotic Karen Association

New Blood Comrades (Union of Burma)

Karen Canadian Community (KCC)

F R E E BU RMA F ED E R A T ION ( F B F )

ကိုနစ်နေမန်း

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်