စစ်ဖန်းတီးရှင် စက်ဆုပ်ဖွယ် စစ်ဗိုလ်ချုပ်များနဲ့
တန်ဖိုးမဲ့ ငွေစက္ကူတွေ အပြိုင်အဆိုင် ဖောင်းပွတဲ့ခေတ်မှာ
မှိုတက်ဆဲ အလေးခိုး အကျင့်ပျက်တွေနဲ့
မျိုးဆက်သစ်များ ဘေးထိုး
စနစ်ဟောင်းကို ဆေးဆိုးပြီး
တရေးနိုး အတ္တအား ရွှေချချင်ကြတယ် ။
ကမ္ဘာနဲ့အတွေးအခေါ်များ
မိုးနဲ့မြေလို ကွာဟ
နိုင်ငံတကာက စိမ်းလန်းငြိမ်းချမ်းရေးနဲ့ အာကာသမှာ သုတေသနလုပ်တယ် ၊
ဖိနှိပ်ဆဲ မြန်မာ့ စစ်အုပ်စုက မြေအောက်လှိုဏ်ခေါင်း တူးကောင်းနေတယ် ။
လူယဉ်ကျေး ကမ္ဘာမှာ
ရန်သူ ၊မိတ်ဆွေ မခွဲခြားပဲ
အတူတကွ ယှဉ်တွဲနေထိုင်ရေး မူဝါဒတွေချမှတ်
စစ်မီးကို ငြိမ်းသတ်ခဲ့ ကြတယ် ။
ဘိန်းတွေကို မီးရှို့ပြယုံနဲ့
တိုင်းပြည်က ငြိမ်းချမ်းလာမှာတော့ မဟုတ်ဘူး ၊
မာဖီးယားမှာ ငြိမ်းချမ်းရေး စကား မရှိဘူးဆိုတာ
တိုင်းပြည်ကို သိပ်ချစ်လို့ ပြည်ပြေးကြီးဖြစ်နေသူများ ၊
အတိတ် စိတ်သောကများနဲ့ အိပ်မောကျမရသူတွေ ကောင်းကောင်းသိပေမဲ့
ခါးလည်က ဖြတ်ရိုက်ခံရပါမှ
ကမ္ဘာကြီးက နားလည်စ ပြုလာလိမ့်မယ် ။
နာကျင်ခြင်း ဝေဒနာတွေက
ရုံးတက် ရုံးဆင်းလို အချိန်မှန်လာနေတယ် ၊
ကြော်ငြာမလိုပဲ ဒုက္ခတွေ ရောင်းအားကောင်းနေဆဲ
မွန်းကြပ်မှုများက စည်သွပ်ဗူးထဲမှ ငါးလို
ဟန်ဆောင်ကောင်းတဲ့ လတ်ဆတ်မှုများက ရေခဲရိုက်ထားတဲ့ အသားလို
ပြာပုံကို ကြည့်ပြီး
တကယ်လောင်မြှိုက်ခဲ့တာ ဟုတ် မဟုတ် ပညာရှိများ အငြင်းပွားနေကြတယ်။
တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိသူများက
လ မပြည့်ပဲ မွေးဖွားလာမဲ့
ငြိမ်းချမ်းရေး သန္ဓေသားကို
မဟောသဓာဇာတ်ထဲက မိခင်အရင်းလို
ကြင်နာမှုအပြည့်နဲ့ နာကျင်မှာ စိုးရိမ်နေကြတယ် ။
အောင်ခိုင်မြင့်
Monday, November 2, 2009
ကြင်နာမှုအပြည့်နဲ့ နာကျင်နေကြတယ်
မောင်ကိုကိုဝင်းရဲ့  ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာ
စက်တင်ဘာအရေးတော်ပုံအတွင်း စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့  ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာဖြစ်ပါသည်။
ပုံကိုနိုပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။
ချီးသင့်မယ်..ကြည့်ရှောင်
အင်တာနက် ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေမှု မှားယွင်းသည်း လမ်းစဖြစ် သည်ဟု ဆို
Posted on 28 October 2009.
အင်တာနက် ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေမှု မှားယွင်းသည်း လမ်းစဖြစ် သည်ဟု ဆို
အင်တာနက် ဆိုင်ပိုင်ရှင် တစ် ဦးမှ “လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီးငယ်များ ပြည်ပအလုပ် အကိုင်အတွက် ၀က်ဘ်ဆိုက်နှင့် (online) အွန်လိုင်းများမှ အလုပ် ရှာဖွေ နေကြခြင်းသည် မှားယွင်း သည့်လမ်းစ ဖြစ်သည်”ဟု ဖွင့်ဆိုလာ သလို “တစ်ဖက် နိုင်ငံအချို့မှလည်း ချက်တင် (chatting) ဆက်သွယ်မှု ဖြင့် အလုပ်အကိုင် အခွင့်အလမ်း၊ ခံ စား ရရှိမည့် အခွင့်အရေးများဖြင့် မက်လုံးပေး မြှူဆွယ်ခြင်းများကို နား ယောင်လာကြခြင်းမှာ မကောင်း သည့်လက္ခဏာ” တစ်ရပ်ဖြစ်သည်။
အဆိုပါ ဆိုင်ပိုင်ရှင်မှ အင် တာနက်ဖြစ်စဉ် တစ်ခုအား ဖွင့်ဆို ရာတွင် ၄င်းဆိုင်၌ ၀န်ထမ်းအဖြစ် ခန့်အပ်ထားသည့် မိန်းမပျိုငယ်တစ် ဦးမှာ စင်ကာပူတွင်နေထိုင်သည်ဟု ဆိုသော အသက် ၄၀ ခန့်ရှိ အမျိုး သမီးကြီးတစ်ဦးနှင့် အင်တာနက် ချက်တင်မှဆက်သွယ်မိပြီး တစ်ဖက် မှ “နေစရာနဲ့လစာကောင်းကောင်း ပေးမယ်။ စိတ်ဝင်စားရင် အမြန်လာ ခဲ့ပါ။ လေဆိပ်မှာလာကြိုနေမယ်” ဟု မက်လုံးများဖြင့် ဆက်သွယ်လာ သဖြင့် ၀န်ထမ်းမိန်းမပျိုမှာ လက်ရှိ အလုပ်မှထွက်ရန် စာတင်လာသည်။
အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ အလုပ်ထွက်မည့်မိန်းမပျို၏ အခြေအနေကို ၀န်ထမ်းများထံမှ စုံ စမ်းသိရှိသွားသော ဆိုင်ရှင်က နည်း ပညာနှင့်လူကုန်ကူးသည့်အဖြစ်မှန် တစ်ခုအား ရှင်းလင်းပြောဆိုတား မြစ်ခဲ့သည်။ ထိုဖြစ်ရပ်မှာ “မြန်မာအ မျိုးသမီးတစ်ဦးနှင့် ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦး အင်တာနက်ပေါ် တွင် တွေ့ဆုံမိပြီး မက်လုံးမျိုးစုံနှင့် အလားတူမြှူဆွယ်လာသဖြင့် အမျိုး သမီးက နားယောင်ကာ ရန်ကုန်မှ ဘန်ကောက်သို့လေယာဉ်ဖြင့် လိုက် ပါသွားခဲ့သည်။ ရောက်သည့်အခါ အသင့်စောင့်နေသော ထိုင်းအမျိုး သားက ထိုင်းဘာသာစာနှင့်ရေး ထားသည့် စာချုပ်တွင်အလုပ်နှင့် ပတ်သက်သည့်စာချုပ်ဟုဆိုလာသ ဖြင့် ဘုမသိ ဘမသိလက်မှတ်ရေး ထိုးပေးလိုက်သည်။ လက်မှတ်ရေး ထိုးပြီးသည့်အခါ “နင်နဲ့ငါ လင်မယား ဖြစ်သွားပြီ” ဟုဆိုကာ ဟိုတယ်တစ် ခုသို့ အဓမ္မအကျပ်ကိုင်ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း အမျိုး သမီးမှာ အရဲစွန့်လျက် ထိုင်းအမျိုး သား၏ အလစ်အငိုက်တွင် ထွက် ပြေးခဲ့ရာ မြန်မာသံရုံးနှင့် ဆက်သွယ် မိပြီး သံမှူး၏အကူအညီဖြင့် ထို နေ့ညနေတွင်ပင် လေယာဉ်ဖြင့် ပြန် လည်လိုက်လာနိုင်ခဲ့သည်။
ထိုဖြစ်ရပ်မှန်အား မိန်းမပျို ငယ်သို့ ပြောပြသော်လည်း “ကျွန်မ အခုတွေ့တာ အမျိုးသမီးကြီးပါ။ အန္တရာယ်မရှိနိုင်ပါဘူး”ဟုဆိုကာ အလုပ်မှထွက်သွားတော့သည်။ သို့ သော်လည်း ဆိုင်ရှင်မှာ လက်မ လျှော့သေးဘဲ မိန်းမပျိုငယ်အလုပ် ၀င်စဉ်က ကိုယ်ရေးလျှောက်လွှာ အကျဉ်းတွင်ပါရှိသည့် ဖုန်းနံပါတ် ဖြင့် အုပ်ထိန်းသူများကို ဆက်သွယ် ခေါ်ယူကာ အကျိုးအကြောင်းပြော ပြသည့်အခါ စင်္ကာပူသို့ အကြွေး စနစ်ဖြင့်ပို့ဆောင်မည့်အေဂျင်စီတစ်ခု ၏ ကိုယ်စားလှယ်ဖြင့်သွားရောက် မည်ဆိုသည့်အကြောင်း သိခဲ့ရသလို အဆိုပါအမျိုးသမီးမှာလည်းစင်ကာပူ သို့မသွားဖြစ်တော့ဟု ဆိုသည်။
ပြည်ပအလုပ်အကိုင် ကဏ္ဍ များတွင် ပြည်တွင်းမှတရားဝင် လိုင်စင်ရအေဂျင်စီများဖြင့် ဆက် သွယ်သွားရောက်သူများပင် ပြည်ပ နိုင်ငံ၌ အလုပ်အကိုင်အဆင်မပြေ ခြင်းများနှင့်ရင်ဆိုင်ခဲ့ရသလို ပြည် တွင်းဆက်သွယ်မှုဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံမှ (အောက်လမ်း) မှတစ် ဆင့် ကူးသန်း၍လည်းကောင်း မလေးရှားနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်သူများမှာ ဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်နေကြရသည့်အပြင် ထိန်းသိမ်းရေးစခန်းများတွင်ပါ ဖမ်း ဆီးထိန်းသိမ်းခံရပြီး နှစ်နိုင်ငံညှိနှိုင်း မှုဖြင့် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၅ ရက်အထိ အလုပ်သမားဦးရေ ၄၄၇ ဦး ပြန်လည်ပို့ဆောင်ခြင်း ခံရသည်။
ထိုသို့သော အခြေအနေများ ကြောင့် လိုင်စင်ရ အေဂျင်စီများကို Job Offer များရယူလျက် လုပ် ငန်းရှင်နှင့် အလုပ်သမားအလုပ်ခန့် ထား မှု သဘောတူစာချုပ်ချုပ်ဆို ရေး၊ အလုပ်သမားရပိုင်ခွင့် အ ခွင့်အရေးများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှင့် ဆက် သွယ်၍ရပိုင်ခွင့်အခွင့်အရေး များပြည့်ဝစွာရရှိရေးတို့ကို အေဂျင် စီမှတာဝန်ယူဆောင်ရွက်ပေးရန် အတွက် အလုပ်သမားဝန်ကြီး ဌာန မှ ကြပ်မတ်ဆောင်ရွက်လျက် ရှိနေ ချိန်တွင် ရေရာမှုမရှိသည့် အင်တာ နက်ဝက်ဘ်ဆိုက်များဖြင့် အလုပ်ရှာ ခြင်း၊ ချက်တင် ဆက်သွယ် မှု များကိုနား ယောင်နေကြသည့် ဖြစ်ရပ်များမှာ သတင်းဂျာနယ်တို့ကို ဖတ်အားနည်း သည့်လူငယ်၊လူရွယ်များသာဖြစ်သည် ဟု အဆိုပါ အင်တာနက်ဆိုင်ပိုင်ရှင်မှ သုံးသပ်ပြောဆိုသည်။
ဇွဲဝဏ္ဏ
http://www.themyanmarpost.com/2009/10/%E1%80%A1%E1%80%84%E1%80%B9%E1%80%90%E1%80%AC%E1%80%94%E1%80%80%E1%80%B9-%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%95-%E1%80%A1%E1%80%9C%E1%80%AF/
Sunday, November 1, 2009
ကမ္ဘာ့နိုင်ငံအသီးသီးမှ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့
ဆန္ဒပြပွဲကို မနက် ၁၀း၀၀ နာရီမှာ စတင်ပြုလုပ်ခဲပြီး၊ တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ အဖွဲ့အစည်း အသီသီးအလိုက် စစ်ပွဲများတားဆီးရေး၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေရေးအတွက် ပူပေါင်းဆောင်ရွက်သွားရန်နှင့် စစ်ပွဲများဆက်လတ်မဖြစ်ပွါးစေရေး အဓိကထား ပြောကြားသွားခဲ့ကြောင်းသိရသည်။ ကမ္ဘာစစ်ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသော ဂျပန်လူမျိုးများမှလည်း ထိုပွဲတွင် အားတက်သရောပူးပေါင်း ပါဝင်လှုပ်ရှား သွားခဲ့ပါသည်။
အဆိုပါဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သူ ကိုစောမျိုးခိုင်ရှင်းမှ “အဓိကထား လှုပ်ရှားခဲ့တဲ့ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအပြင် ဂျပန်နိုင်ငံတွင် လက်ရှိအခက်အခဲဖြစ်နေသော အလုပ်လက်မဲ့ပြဿနာများ၊ အလုပ်တွင်ခံစားခွင့် အပြည့်အဝရရှိရေးတွေ၊ ဂျပန်လူဝန်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ အပေါ်ဖမ်းဆီးမှုတွေ အရမ်းများနေတာတွေ ပါထည့်သွင်း ဆန္ဒပြသွားခဲ့ကြတယ်”ဟု ပြောကြားသွားသည်။
ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကိုင်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ တီရှပ်များဝတ်ဆင်ခြင်း စသည်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲနှင့် စစ်ငြိမ်းချမ်းရေး ဟောပြောပွဲ ပြီးနောက် ညနေ ၃း၁၅ မိနစ်တွင် ဟီဘိရ(Hibiya)ပန်းခြံမှ တိုကျိုဘူတာအထိ တစ်ကမ္ဘာလုံးစစ်ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။
သတင်းအချက်အလက်ပေးသူ - ကိုစောမျိုးခိုင်ရှင်းနှင့် ဓါတ်ပုံပေးပို့ပေးသူ - မအေးနန္ဒာအောင်တို့အား ကျေးဇူးတင်ပါသည်။
သမိုင်းထဲက ခေါင်းရှောင်ကြီး..
By Andrew Marshall
19th Oct, 09 (TIMES)
ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့လျက် ရှိသော မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို နှစ်သက်အားပေးသူ ပရိသတ် သန်း ၃၀၀ ကျော် ခန့်ကြားထဲတွင် မြန်မာ ၂ ဦးပါဝင်ပြီး အဆိုပါ ဘောလုံးချစ်သူ ၂ ဦးမှာ မျိုးဆက်ကွာဟမှု ရှိနေသည်ကို တွေ့ရပါသည်။ တစ်ဦးမှာ တင်းမာသော အမြင်၊ ကျဉ်းမြောင်းသော ကွမ်းသီးဝါးလေ့ရှိသော အသက် ၇၀ နှင့် ၇၉ နှစ်ကြား အဘိုးကြီးတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးမှာ ၎င်း၏ ချစ်လှစွာသော ဆယ်ကျော်သက် မြေးလေးပင် ဖြစ်သည်။ များစွာသော မြန်မာနိုင်ငံသား ဘောရူးများကဲ့သို့ပင် သူတို့ နှစ်ဦးသည် မြန်မာနိုင်ငံ အပူပိုင်းဇုံ၏ ညများတွင် ညဥ့်နက်သည်အထိ စောင့်၍ အင်္ဂလန်ဘောလုံးပွဲများကို အားပေးလေ့ ရှိပါသည်။ ဤအထိ ပြဿနာမရှိပါ။ သို့သော် အထက်ဖော်ပြပါ အဖိုးဖြစ်သူမှာ နိုင်ငံခြားသားများကို ရွံ့မုန်းသော မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပြီး လုပ်သမျှအားလုံး မှားယွင်းလေ့ရှိသူ ဖြစ်သည်။ အနောက်နိုင်ငံများကို ရူးသွပ်စွာ ဆန့်ကျင်သူ၊ ဝိန်းရူနီကို နှစ်သက်ထောက်ခံသူ၊ မုန်းစရာကောင်းသူ အာဏာရှင်မှာ ၎င်းပုဂ္ဂိုလ်ပင် ဖြစ်သည်။
အင်္ဂလိပ်ဘောလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အံ့ဩဖွယ်စွဲလမ်းနှစ်ခြိုက်မှုတစ်ခု ဖြစ်နေသည်မှာ မဆန်းသော်လည်း လေးနက်သော
မေးစရာများ ရှိနေပါသည်။ အမေရိကန်၏ အနှစ် ၂၀ ကြာပြစ်တင်မှု၊ အရေးယူမှုများအပြီးတွင် "ဝါရှင်တန်" က တပ်မတော် အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမည်ဟု ဆိုခဲ့ပြီး မြန်မာအစိုးရနှင့် ပတ်သက်၍ မိမိတို့ မည်မျှ နားလည်ထားပါသနည်းဟု စက်တင်ဘာ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောကြားခဲ့သည်။
ဂျပန်
အိုကီနာဝါ Meio University မှ မြန်မာ့အရေး ကျွမ်းကျင်သူ Donald M.Seekins က "အရာအားလုံးအပေါ်တွင် ကောင်းစွာနားမလည်ပါ။ နားလည်ရန်လည်း မလွယ်ကူလှပါ" ဟု ဆိုသည်။ မြန်မာအစိုးရ၏ နိုင်ငံတကာအပေါ် ရှုမြင်မှုကို အပြည့်အဝနားလည်ရန် ကြိုးစား ခြင်းသည် ၎င်းတို့၏လူ့အခွင့်အရေးချိုးဖောက်မှုများကို ခွင့်လွှတ်ပေးခြင်း မဟုတ်ပါ။
မြန်မာ့တပ်မတော်က ဆက်လက်ပြုလုပ်နေသော ကြမ်းကြုတ်ရက်စက်မှုများတွင်စစ်ရာဇဝတ်မှုများလည်း ပါဝင်သည်ဟု အများက ယုံကြည်နေပါသည်။ တပ်ချုပ်ကြီးနှင့် သူ့တပည့်များကို မှားယွင်းစွာ နားလည်ခြင်းပေါ်တွင် အခြေခံထားသော မူဝါဒများသည် ထိရောက်မှုမရှိခြင်း (သို့)ဆန့်ကျင်ဘက်ရလဒ်ကိုသာ ရရှိပါလိမ့်မည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူများကသတိပေး ထားပါသည်။ သို့ဖြစ်၍ မြန်မာဗိုလ်ချုပ်ကြီးများအကြောင်းကိုသိရှိနားလည်ရန် အချိန်ရောက်လာပြီ ဖြစ်၍ သူ၏ တပည့်များက "အဘကြီး" ဟုခေါ်သော
တပ်ချုပ်ကြီး၏ အကြောင်း စတင် ဆွေးနွေးကြပါစို့။
သစ္စာရှိခြင်းနှင့် သိက္ခာမဲ့ခြင်း
၁၉၉၂ ခုနှစ်ကပင် တပ်မတော်အစိုးရ အကြီးအကဲဖြစ်လာသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လျှို့ဝှက်သိပ်သည်း၍ အငြင်းပွားဖွယ် မရှိသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်ပါသည်။ ၎င်းသည် များသောအားဖြင့် တစ်ချက်လွှတ် အာဏာကို အသုံးပြုလေ့ရှိ သည်ဟု "Seekins" က ဆိုသည်။ ၎င်းအား စိန်ခေါ်ရဲမည့်သူရှိဖို့ဝေးစွ၊ အနည်းဆုံး ပွင့်ပွင့်လင်းလင်း ပြောရဲသူပင်မရှိပါ။ သူ၏ ဘဝအစမှာ နိမ့်ကျခဲ့သည်ဟု ဆိုရပါမည်။
မန္တလေးမြို့နှင့်မဝေးလှသော ကျောက်ဆည်မြို့အနီးမှ ရွာတစ်ရွာတွင် သူ့အား မွေးဖွားခဲ့ပါသည်။ အထက်တန်းကျောင်းကို ပြီးအောင် မတက်နိုင်ခဲ့ဘဲ စာတိုက်ဝန်ထမ်း လုပ်ခဲ့ပြီး ထိုမှတဆင့် ဗိုလ်သင်တန်းကျောင်း တက်၍ တပ်မတော်တွင် ရာထူးအဆင့်ဆင့် တိုးကာ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲ ကျွမ်းကျင်သူဟု ဆိုပါသည်။ မေးစရာ မလိုတဲ့ သစ္စာစောင့်သိခြင်းသည် သူ၏ အောင်မြင်မှု သော့ချက်ပင် ဖြစ်ကြောင်း " Than Shwe: Unmasking Burma's Tyrant" စာအုပ်ကို ပူးတွဲရေးသားသူ Benedict Rogers က ပြောပါသည်။ သူသည်
အထက်အမိန့်ကို အမြဲနာခံတတ်ပြီး အန္တရာယ်ပေးနိုင်သူ (အဆိပ်ရှိသူ) ဟုလည်း မထင်ရပါ။ ထိုအချက်ကြောင့်ပင် ရာထူးများ တိုးခဲ့ခြင်း ဖြစ်၍ သူ၏ ပင်ကို ဗီဇစွမ်းရည်နှင့် အရည်အချင်းများကို ပြသနိုင်ခဲ့ခြင်း မရှိပါ။
၎င်းထိပ်ဆုံးသို့ ရောက်ရှိချိန်မှ စ၍ "အာဏာကို တင်းကြပ်စွာ ချုပ်ကိုင်နိုင်သော စွမ်းရည်" ကို ပြသသည်ဟု Seekins က ဆက်လက် ပြောကြားသည်။
သူ၏ ပြိုင်ဘက်များကို ကရုဏာကင်းစွာ ဖယ်ရှားသော လုပ်ရပ်တစ်ခုမှာ ရည်မှန်းချက် ကြီးမားသော ထောက်လှမ်းရေးအကြီးအကဲ
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၂၀၀၄ ခုနှစ်တွင် ရာထူးချ၍နေအိမ်အကျယ်ချုပ်ဖြင့် ချထားခြင်း ဖြစ်သည်။ သစ္စာခံဗိုလ်ချုပ်များမှာမူ ကား အကျင့်ပျက်မှု၊ အလွဲသုံးစားမှုများဖြင့် ချမ်းသာကြွယ်ဝအောင် လုပ်ကိုင်နိုင်သော အခွင့်အရေးများကို ဆုအဖြစ်ချီးမြှင့်ခံရ သည်ဟု မြန်မာ့အရေးစောင့်ကြည့်သူ လေ့လာသူများက ပြောပါသည်။
အနောက်နိုင်ငံများက ၎င်းအား "နောက်ပြန်သွားသူ" အဖြစ် သတ်မှတ်ထားပြီး အသက် ၇၆နှစ်ရှိ တပ်ချုပ်ကြီးကမူ သူ့ကိုယ်သူ ချွတ်ခြုံ ကျနေသော နိုင်ငံအတွင်းသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် တံခါးဖွင့်ပေးသူ၊ လမ်း၊ တံတားများသာမက ကြီးကျယ်ခမ်းနား သော နေပြည်တော်မြို့သစ်ကြီး တည်ဆောက်သူ၊ရဲရင့်သော ပြုပြင်တည်ဆောက်ရေးသမား တစ်ယောက်အဖြစ် ထင်မြင်နေပုံရပါသည်။
လက်တွေ့ အမှန်တရားမှာ ဤသို့မဟုတ်ပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံကို အကျိုးမပြုဘဲ တပ်မတော်ခေါင်းဆောင်များကိုသာ ကြွယ်ဝစေခဲ့ပါသည်။ ရတနာသဘာဝ
ဓာတ်ငွေ့စီမံကိန်း တစ်ခုတည်းကပင်လျှင် ၄.၈၃ ဘီလျံ ရရှိခဲ့ကြောင်းဝါရှင်တန်အခြေစိုက် Earth Right International ၏ အစီရင်ခံစာအရသိရှိရပါသည်။ မြန်မာပြည်သူ အများစုမှာ စိတ်ညစ်ညူးဖွယ် ဆင်းရဲတွင်း၌ ရှင်သန်နေထိုင်ရဆဲ ဖြစ်ပြီး နေပြည်တော် တည်ဆောက်မှုသည် အလွန်တန်ဖိုးကြီးမားသော ငွေကြေးဖြုန်းတီးမှုပင် ဖြစ်ပါသည်။ ယခုအချိန်အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ မှားယွင်းစွာ လိမ်ညာလှည့်ဖြားတတ်သော ခေါင်းဆောင်အဖြစ် ရေးသားနေမှုများမှာ
မမှန်ကန်ပါ။ မြန်မာအစိုးရသည် အနှစ်နှစ်ဆယ်အတွင်း အာရှ၏ လျှင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလာမှုကို သတိကြီးစွာထား၍ လက်ခံပြောင်းလဲနေခြင်း ဖြစ်သည်။
ဒေသတွင်း အင်အားကြီး စီးပွားရေး ဘီလူးကြီး (တရုတ်) မပေါ်ထွက်လာခင်အထိအိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲယူနေခဲ့သည်။ ၁၉၈၈ ခုနှစ်ခန့်က တရုတ်နိုင်ငံသည် စီးပွားရေးအရ ဤမျှ ကြီးထွားလာမည်ဟု စစ်ခေါင်း ဆောင်များ မထင်ခဲ့ကြပါ။ သို့ရာတွင်တရုတ်နိုင်ငံ အင်အားကြီးလာသောအခါ အခွင့်အလမ်း အားသာချက်အဖြစ် အသုံးချ၍
တရုတ်နှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံရန် ကြိုးစားခဲ့ကြသည်။ ၁၉၉၇ တွင်အာဆီယံအဖွဲ့သို့ ဝင်ရောက်ခြင်းအားဖြင့် မိတ်ဆွေများ ထပ်မံရရှိကာအနောက်နိုင်ငံများ၏ ဆန့်ကျင်မှုကို အံတုနိုင်ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးများလည်း ပိုမိုရရှိလာပါသည်။ (ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်အများစုကို မြန်မာနိုင်ငံမှ ရရှိပါသည်)
အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးလည်း တိုးတက်လာခဲ့သည်။ သီးသန့်နိမိတ်ပုံဆောင်သော နေပြည်တော်တွင် တစ်နှစ်လျှင် ခရီးသည် ၁၀
သန်းခန့် ဝန်ဆောင်မှု ပေးနိုင်မည့် နိုင်ငံတကာလေဆိပ်သစ်ကြီးတစ်ခု ဆောက်ရန် အစိုးရက စီစဉ်လျက် ရှိပါသည်။ ၎င်းတို့သည် မိမိတို့ ထင်သလောက် အထီးကျန် ဝါဒီဆန်သူများ မဟုတ်ဘဲ မိတ်ဆွေများကို သေချာရွေးချယ်လေ့ ရှိသည်ဟု မျက်ကန်းတစ္ဆေမကြောက် နိုင်ငံများ ဖြစ်သည်ဟု ဆိုပါသည်။
တပ်မတော်အစိုးရ၏ နိုင်ငံခြားသားများကို ကြောက်ရွံ့သော အဆိုးမြင်အယူအဆသည် အထီးကျန် ဧကစာဝါဒထက်စာလျှင် ကျူးကျော်မှုကို ကြောက်ရွံ့သော အရိုးစွဲနေသည့်ဝါဒကြောင့် အမြစ်တွယ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ရာစုနှစ်နီးပါးမျှ ပြည်ပအင်အားကြီးနိုင်ငံ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး၁၉၄၈ တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရသောအခါတွင်လည်း လူမျိုးစု
တိုင်းရင်းသားများ၏ တော်လှန်မှုကြောင့် တစ်စစီပြိုကွဲလုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် နိုင်ငံအား ပြည်တွင်း ပြည်ပ အန္တရာယ်များ
ရန်သူများလက်မှ ကာကွယ်စောင့်ရှောက်နိုင်ခဲ့သော သမိုင်းဆိုင်ရာနေရာတစ်ခုကို မြန်မာ့တပ်မတော်က ရရှိခဲ့ခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်များသည် ၎င်းတို့အား ဖိအားပေးမှုကို နိုင်ငံအားခြိမ်းခြောက်ခံရမှုအဖြစ် နားလည်သတ်မှတ်လေ့ရှိပြီး ယင်းအချက်မှာ
မှားယွင်းသော လမ်းပြခေါင်းဆောင်မှုနှင့် မှားယွင်းသော အယူအဆဖြစ်သည်ဟု Australia's Griffith University မှ သုတေသီ Andrew Selth က သုံးသပ်ပါသည်။
သို့ရာတွင် စစ်ဗိုလ်ချုပ်များ၏ ကြောက်ရွံ့မှုသည် မှန်ကန်နေပြီး အနောက်နိုင်ငံများ၏ အရေးယူမှုများ၊ ပြစ်တင်ဝေဖန်နေမှုများက
အဆက်မပြတ်မီးထိုးပေးနေသကဲ့သို့ ဖြစ်စေပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲ ကာလအတောအတွင်း မြန်မာ့ကမ်းရိုးတန်းတွင် အမေရိကန်ပြည်ထောင်စု၏ ရေတပ်သဘောအုပ်စု စေလွှတ်နေရာယူခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံကို အီရန်၊ မြောက်ကိုရီးယား တို့နှင့်အတူ အထီးကျန် အာဏာရှင်နိုင်ငံများ အုပ်စုသို့ သွတ်သွင်းလိုက်ပါသည်။
အနောက်နိုင်ငံများ၏ ရှောင်ဖယ်စိမ်းကားမှုသည် မြန်မာနိုင်ငံကို အာရှ၏ စစ်အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ခြင်းနှင့်
လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ဖြစ်သော တရုတ်နိုင်ငံ၊ ရုရှားတို့နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးလမ်းကြောင်း ရရှိသွားခြင်းဟူသော
စွဲမြဲခိုင်မာနေသည့် လှုပ်ရှားမှု ၂ ခုဆီသို့ တွန်းပို့နေသကဲ့သို့ ဖြစ်သွားခဲ့ပါပြီ။
ရိုင်းပြသူများ ပြခန်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံတွင် အားလုံးထက် အရေးပါ အရာရောက်သော အုပ်ချုပ်သူ ဖြစ်သော်လည်း ထိပ်ဆုံးတွင် တစ်ဦးတည်းရပ်တည်နေသူ မဟုတ်ပါ။ သူ အလွန်သဘောကျ၍ ဆက်ခံသူအဖြစ် ရွေးချယ်ထားသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အစိုးရ၏ ရေရှည် ရည်မှန်းချက် ဖြစ်သည့် နျူကလီယာနည်းပညာရရှိရေး အစီအစဉ်၏ မာလိန်မှူး၊ အမေရိကန်ဆိုင်ရာ
သံအမတ်ဟောင်း ဦးသောင်းတို့သည် တပ်ချုပ်ကြီး၏ အမာခံ သစ္စာရှိ ဘက်တော်သားများ ဖြစ်ပါသည်။ ထို့အပြင် တပ်ချုပ်ကြီးနှင့် ဆက်နွယ်နေသော လက်တစ်ဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်များ အုပ်စုသည်လည်း အမာခံ ဘက်တော်သားများဖြစ်ပြီး ၎င်းတို့အနက် အများစုမှာ ဗိုလ်ချုပ်များကဲ့သို့ပင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ချမှတ်ထားသော အရေးယူပိတ်ဆို့မှု၏
ပစ်မှတ်အကြောင်းအရာ ဖြစ်နေပါသည်။ တပ်ချုပ်ကြီး၏ စီးပွားရေးဆိုင်ရာ ရောင်းရင်းများအုပ်စုသည် ဩဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်သော (စေ့စပ်ဆွေးနွေးရေးကို ထောက်ခံသူ) ဆီနိတ်တာ Jim Webb ကို နွေးထွေးစွာ ကြိုဆို၍ "အဘကြီး" ၏ စည်းရုံးရေးအစီအစဉ်ကို ပါဝင်ဆောင်ရွက်ခဲ့သည်။
အမေရိကန် မရင်းတပ်ဖွဲ့ဝင်ဟောင်း ဆီနိတ်တာကို ပြုံးပြုံးကြီး လက်ဆွဲနှုတ်ဆက်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပုံကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပြီး အစိုးရအာဘော် New Light of Myanmar သတင်းစာကလည်း "ဩဇာကြီးသော အမေရိကန် လွှတ်တော်အမတ်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးအရေးယူမှုများကို ဆန့်ကျင်ကြောင်း" ဖော်ပြ၍ ၎င်း၏ စာဖတ် ပရိသတ်ကို ဆော်ဩခဲ့ပါသည်။
ဆယ်စုနှစ် ၂ စုမျှ တင်းကြပ်စွာ ပိတ်ပင်အရေးယူခံရသော်လည်း တပ်မတော်အစိုးရသည် ချမ်းသာကြွယ်ဝမှုနှင့်တကွ ရှင်သန်နိုင်ခဲ့သည်။ သို့သော် အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းပေးစေလိုသော ၎င်းတို့၏ ဆန္ဒမှာမူ လျော့ပါးမသွားခဲ့ပါ။ ကမ္ဘာက ဘယ်လိုထင်ထင် သန်းရွှေက ဂရုမစိုက်ပါဟု ပြည်သူအများစုက ပြောဆိုပါသည်။ သို့ရာတွင် နိုင်ငံတကာမှ ဝိုင်းပယ်ထားသော အနေအထားကို ဖယ်ရှားလိုသော ဆန္ဒ ၎င်းတွင် ရှိပါသည်ဟု Rogers က ပြောကြားခဲ့ပြီး ဥပဒေအရ တရားဝင်သော အစိုးရဖြစ်လေဟန် ဖုံးကွယ်လှည့်စားလိုသော ဆန္ဒလည်း ရှိကာ ကြိုတင်အကွက်ချထားသော ၂၀၁၀ ရွေးကောက်ပွဲက ၎င်းကို အထောက်အကူပြုလိမ့်မည်ဟု
ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် "စည်းကမ်းရှိ၍ စနစ်ကျသော ဒီမိုကရေစီစနစ်" ကို အကောင်အထည်ဖော် ဖန်တီးရန် သန္နိဋ္ဌာန် ချထားပြီး အဆိုပါစနစ်သည် စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်ခိုင်မာစေသည်သာ မကဘဲ ၎င်း၏ အာဏာ ဆက်လက် ချုပ်ကိုင်လိုမှုနှင့် ပုဂ္ဂိုလ်ရေးရာ ကဏ္ဍကိုပါ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။ ၂၀၀၂ ခုနှစ်က ၎င်းထံမှ အာဏာသိမ်းရန် ကြံစည်မှုဖြင့်
ဦးနေဝင်း(သူ့အား မြေတောင်မြှောက်၍ အာဏာပလ္လင်ပေါ် တင်ပေးခဲ့သူ) နှင့် သမီး ခင်စန္ဒာဝင်းတို့ကို နေအိမ်တွင် အကျယ်ချုပ်ထားပြီး ဦးနေဝင်း၏ မြေးများအား ထောင်ဒဏ်ချမှတ်ခဲ့သည်။ ဦးနေဝင်းသည် လျစ်လျူရှုခံဘဝဖြင့် ဂုဏ်သိက္ခာမဲ့စွာ ကွယ်လွန်သွားခဲ့သည်ဟု စာရေးဆရာ Christina Flink (Living Silence: Burma under Military Rule စာအုပ်ကို ရေးသားသူ) က ပြောကြားခဲ့သည်။ ထို့အတွက်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ထပ်တူထပ်မျှ နာကျင်စွာ ဖြစ်ပျက်ခံစားရပါလိမ့်မည်။ တပ်မတော် အကြီးအကဲ၏ နောက်ထပ်
အားနည်းချက်တစ်ခုမှာ သူ၏ မိသားစုနှင့် ပတ်သက်နေပြီး "စည်းမဲ့ကမ်းမဲ့ ထင်တိုင်းကြဲ" နိုင်ရန် ခွင့်ပြုအလိုလိုက်ခဲ့သည်ဟု Rogers က ပြောပါသည်။ ၎င်း၏ သားသမီး ၈ ဦးအနက်မှ တစ်ဦးဖြစ်သူ စိန်ထည် လက်ဝတ်ရတနာများ ညွတ်နေအောင် ဆင်မြန်းထားသည့် သန္တာရွှေနှင့် ဗိုလ်မှူးတစ်ယောက်တို့၏ ကြီးကျယ်သော လက်ထပ်ပွဲကြီးကို ၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့ရာ ဆင်းရဲတွင်းနက်နေသော
ပြည်သူများ၏ အမျက်ထွက်ခြင်းကို ခံခဲ့ရပါသည်။
တစ်ကိုယ်တော်လေလွင့်ခြင်း
များစွာသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း၌ "စစ်ဗိုလ်ချုပ်များနှင့် စတင်ဆက် ဆံခြင်း" ကို လိုက်လျောမှုတစ်ခုအနေဖြင့် ရှုမြင်ကြပြီး ဗိုလ်ချုပ်မှူးကြီး၏ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ကဏ္ဍအနေဖြင့်မူ လက်တွင် သွေးစွန်းနေပြီဟု ဆိုပါသည်။
၂၀၀၅ ခုနှစ်က အမေရိကန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေးအရာရှိဟောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ဟောင်း
ဗိုလ်မှူးအောင်လင်းထွဋ် (ငြိမ်း) ၏ အခိုင်အမာပြောဆိုချက်အရ အဘကြီးသည် ၁၉၉၈ ခုနှစ်က မြိတ်ကျွန်းစုရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ကလေး၊ လူကြီးအပါအဝင် လူ ၈၁ ဦးကို သတ်ဖြတ်ရန် ရက်စက်စွာ အမိန့်ပေးခဲ့သည်ဟု ဆိုပါသည်။ နောက် ၅ နှစ်အကြာတွင် အဘကြီး၏ လက်မရွံ့လူမိုက်အဖွဲ့သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဒီပဲယင်းမြို့အနီး၌ လျှက်တပြက် ခြုံခို တိုက်ခိုက်ခဲ့ရာ သူမ၏ ပါတီကေဒါများ အပါအဝင် ထောက်ခံသူများ ဒါဇင်နှင့်ချီ၍ ထိခိုက်ကျဆုံးခဲ့ပါသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီး၏ အကြီးမားဆုံး နိုင်ငံရေးပြိုင်ဘက်အဖြစ် ဆက်လက် ရပ်တည်နေပြီး အဘကြီး၏ ပုဂ္ဂိုလ်ရေးအရ သူမအား နှစ်သက်မှုမရှိဟု သိရပါသည်။ ဤသည်မှာ နိုင်ငံရေးအရ တွက်ချက်ခန့်မှန်းမှု သက်သက်မဟုတ်ပါ။ ၎င်းက သူမသည် အယူအဆတစ်ရပ်အပေါ်တွင် ခိုင်မာလွန်းသူ၊ အနောက်တိုင်းဆန်သူ၊ ပွင့်လင်းစွာ ပြောလွန်းသူအ မျိုးသမီးတစ်ဦး အဖြစ် သတ်မှတ်ယူဆထားပုံ ရပါသည်။ ပြီးခဲ့သော ဩဂုတ်လကမူသူမ၏ ခြံဝင်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည့် အမေရိကန်ရေကူးသမား၏ ကိစ္စ (ထူးဆန်းအံ့ဩဖွယ် ဖြစ်ရပ်ဟု အများက သတ်မှတ်) ကြောင့် နေအိမ်အကျယ်ချုပ် သက်တမ်းအတွင်း ဥပဒေချိုးဖောက်သည်ဟု အပြစ်ရှိကြောင်း သတ်မှတ်ကာ ပြစ်ဒဏ်ချမှတ်ခံရပါသည်။ မူလက ချမှတ်ထားသော အလုပ်နှင့် ထောင်ဒဏ်
၃ နှစ်ကို နေအိမ်တွင် ၁၈ လ အကျယ်ချုပ် အဖြစ် လျှော့ပေါ့ပေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သက်ညှာပေးလိုသော ဆန္ဒအရဟု တရားရုံးတွင် ကျယ်လောင်စွာ ဖတ်ကြားခဲ့သည်ဟု ဆိုပါသည်။
ဗိုလ်မှူးအောင်လင်းထွဋ်(ငြိမ်း)ကမူ လက်ခံယုံကြည်ခြင်း မရှိပါ။
ဗိုလ်ချုပ်မှူးကြီးသည် အနောက်တိုင်းအရေးယူ ပိတ်ဆို့မှုများကို ကာလရှည်ကြာ ထောက်ခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာချရန် မည်သည့်ကိစ္စကိုမဆို ပြုလုပ်လိမ့်မည်ဟု ဆိုပါသည်။ တပ်ချုပ်ကြီးသည် Jim Webb နှင့် တွေ့ဆုံရာတွင် နိုဘယ်ဆုရှင်ကို ရှုတ်ချ ဖော်ကျူး ရန် ရည်ရွယ်လုပ်ဆောင်မှုအဖြစ် "သူမသည် အရေးယူမှုများ ရုတ်သိမ်းရေးကိစ္စတွင် ခေါင်းမာလွန်းသူ၊ မြန်မာပြည်သူများ၏ ရန်သူဖြစ်သည်" ဟု ၎င်းက ပြောဆိုခဲ့သည်။
သို့သော် သူမသည် အရေးယူမှုများကို ထောက်ခံသည့် သဘောထားအား ဆက်လက်ကိုင်စွဲထားမည် မဟုတ်ပါ၊ အမေရိကန်၏ တွေ့ဆုံဆွေးနွေးမှုသည် ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူမှ တဆင့် မကြာမီက ဝန်ခံပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မည်သူက အပြစ်တင်နိုင်မလဲ ဆိုသည့်အချက်နှင့် ပတ်သက်၍ သတိကြီးစွာ ထားနေပုံရပါသည်။ နိုင်ငံရေး ပြန်လည်တည်ဆောက်ရန် အခြေအနေပေါ်ထွက်လာမှု အပါအဝင် အတိုက်အခံများနှင့် ဆွေးနွေးညှိနှိုင်းရန်
ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်ချုပ်ကြီးသည် လောလောဆယ်တွင် တုန့်ပြန်ပြောင်းလဲဦးမည် မဟုတ်ပါ။ အကြောင်းရင်းမှာ အာဏာကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်းကို ဆက်လက် ထိန်းသိမ်းရန်အတွက် လိုအပ်သော အရာအားလုံးကို ၎င်းက ဆန္ဒရှိနေခြင်းပင် ဖြစ်သည်ဟု Seekins က ပြောသည်။ သို့ဖြစ်၍ သံတမန်ရေး ဆိုင်ရာ တိုက်ခိုက်မှု အသစ်များ ဖြစ်လာနိုင်သလား ဟု
မေးစရာရှိပါသည်။ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ကိုယ်တွယ်ချဉ်းကပ်မှု ပုံစံအသစ်သည် ထိပ်တိုက်ရင်ဆိုင် တွေ့ခြင်းထက်သံတမန်ရေးဆွေးနွေးမှုများကို ဦးစားပေးမည့် အိမ်ဖြူတော်၏ မူဝါဒမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ နည်းဗျူဟာများကို ပြောင်းလဲခြင်းဖြစ်ပြီး မဟာဗျူဟာအရ ပြောင်းလဲမှုသိပ်မရှိပါဟု Fink က ဆိုပါသည်။ မြန်မာနိုင်ငံတွင်
တရုတ်၏ လွှမ်းမိုးလာမှုနှင့် ပတ်သက်သော ဝါရှင်တန်၏ ပူပန်မှု၊ ဗိုလ်ချုပ်မှူးကြီး၏ နျူကလီယားရည်ရွယ်ချက်များ ပေါ်ထွက်လာမှုတို့ပင်
ဖြစ်ပါသည်။ မြန်မာအစိုးရ၏ ပွင့်လင်းစွာ ဖွင့်ဟရန် ဆန္ဒရှိမှုကို ဝါရှင်တန်က ပိုမိုတွက်ချက်၍ စွန့်စားလိုက်ခြင်းလည်း ဖြစ်သည်။ ယခု အမေရိကန်အစိုးရ၏ အနေအထားမှာ ၁၉၉၀ ခုနှစ်များက ဂျပန်အစိုးရ ကြုံတွေ့ခဲ့ရသော အနေအထားနှင့် ထပ်တူ ဖြစ်နေသည်ဟု ဆိုပါသည်။ ထိုစဉ်က "တိုကျို"သည် စီးပွားရေးအထောက်အပံ့ပေးခြင်းဖြင့် မြန်မာအစိုးရ၏ လမ်းကြောင်းကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တပ်မတော်အစိုးရသည် နေရာတိုင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ယခင်လက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ပြီးခဲ့သော ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်အဖြစ် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းက ကုလကိုယ်စားလှယ်များအား အရေးယူပိတ်ပင်မှုများသည် တရားမျှတမှု မရှိကြောင်း နယူးယောက်မြို့တွင်
ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ဆီနိတ်တာ Jim Webb နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell တို့ နှစ်ဦးစလုံးနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်နှင့် အရေးယူပိတ်ပင်မှုများ ရုတ်သိမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါသည်။
ယခုအချိန်တွင် ဘာမှ ဖြစ်မလာနိုင်သေးပါ။ Campbell က "မှားယွင်းစွာ အချက်ပြမှု ဖြစ်သွားနိုင်သည်" ဟု သတိပေးခဲ့ပြီး သူ၏ အထက်အရာရှိကလည်း သဘောတူပါသည်။ အရေးယူမှုများသည် မိမိတို့ မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်ထားရှိဦးမည်ဟု Hilary Clinton က ဆက်လက်ပြောကြားပါသည်။
အဆိုပါအကြောင်းအရာကို ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းများကို "လက်နက် ကိရိယာ" အဖြစ် အသုံးပြု၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ
ဖြစ်ပေါ်ရေး ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားသွားဦးမည်ဟု ဆိုပါသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် လုပ်ဆောင်ဖူးခြင်း မရှိသည့် တပ်ချုပ်ကြီး၏ သမိုင်းကြောင်းကို တွေးဆ၍ ယခု စေ့စပ် ညှိနှိုင်းမှုမှ အကျိုးသက်ရောက်မှုများသည် နဂို ရှိရင်းစွဲ အမှန်တရားလောက် အရေးမကြီးဟု ယူဆပါက အမေရိကန်အာဏာပိုင်များ မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။
သဘောထားတင်းမာသော ၎င်းကိုယ်တိုင်မှတပါး မည်သူမျှ မတတ်နိုင်သည့် အမှန်တကယ် အလျှော့ပေးညှိနှိုင်းမှုများသည်သာလျှင် လာမည့်နှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်းမပြုနိုင်အောင် တားမြစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရေး အစီအစဉ်ကို စတင်နိုင်မည် ဖြစ်ပြီး ဒီမိုကရေစီရရှိရေးမှာမူ အလှမ်းဝေးသော ပန်းကလေးအဖြစ် တည်ရှိနေပါဦးမည်။
လူတိုင်း လူတိုင်းက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တိုက်တွန်းနေကြသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် ၎င်းကိစ္စကို အရေးတကြီး ပြုလုပ်မည်ဟု မထင်ပါကြောင်း Seekins က ပြောကြားပါသည်။ ၎င်း၏ ရှေ့တွင် ဖြစ်ရပ်များ အခြေအနေများ တစ်ခုပြီး တစ်ခု ကူးပြောင်းသွားသည့်တိုင်အောင် များစွာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။ တစ်ယောက်သောသူက မြန်မာနိုင်ငံတွင် ဖြစ်ပျက် သမျှ အရာအားလုံးကို ထိန်းချုပ်ထားပါသည်။
--
မြန်မာ့ဒီမိုကရေစီကျောင်းသားများ
Democracy Students of Myanmar
2010.
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)