New Year Countdown
တဆယ်..ကိုး
တကယ်ဆိုးတဲ့
ရှစ်..ခွန်
စစ်နွံထဲက
ခြောက်..ငါး
အကြောက်တရားတွေကို
လေး..သုံး
အဝေးဆုံးသို့ 
နှစ်..တစ်
နှစ်သစ်မှာ လွှင့်ပစ်ကြပါစို့ ။
(ကောင်းကင်ကို)
http://kaungkinko.myanmarbloggers.org/
Sunday, December 27, 2009
New Year Countdown
Monday, December 7, 2009
နို့ ရည်ခန်းနေတဲ့ မိခင် (ကောင်းကင်ကို)
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။
ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။
အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ…
သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။
ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်
မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။
ကောင်းကင်ကို
Tuesday, December 1, 2009
အမှောင်နယ်ထဲက စိတ်ဓာတ်တွေ (ကဗျာ)

ပြည်သူမွေးတဲ့ ချစ်မ၀သားကောင်းတွေကို
မလည်မ၀ယ် နှစ်ဆယ်အရွယ်မှာ
ရာထူးကိုအယောင်ပြ
စိတ်ဓာတ်ကို အမှောင်ချလို့
သပိတ်ကိုထောင်ချခိုင်းတယ်....
ဒေ၀ဒတ်ကို အဖေမှတ်ပြီး
အမိန့်ကိုနာခံ
ဘုရားကိုအာခံ
အမေ့ကို ကာပြန်ကာ
အမိမြေရင်းကို ခြေနင်းပြီး
သံဃာကို သေမင်းဆီပို့ခဲ့ ........
အသားထဲကလောက်ထွက်
ဘုရားသွေး သောက်ရက်တဲ့
လူယုတ်မာလက်ထဲမှာ
အတိတ်ကို မစူးစိုက်
အရိပ်ကို ရူးမိုက်ပြီး
သင်္ကန်းကို သွေးလွှမ်းအောင်လုပ်
သန်းရွှေကိုယ်စား ငရဲသွားမလို့လား
သားရယ်...................
လူယုတ်မာတစ်ယောက်ရဲ့
နှုတ်ကထွက်တဲ့ စကားလောက်နဲ့
သံဃာတွေ အလျားမှောက်ခဲ့ရတာ
သူ့တစ်ယောက်ကြောင့်
ဧရာဝတီမြစ်တွင်း သွေးတွေဆင်းပြီး
ကြားလူက၀င် မျက်နှာချိုသွေး
အပြစ်မဲ့ တိုင်းပြည်ကိုပေးပြီး
သူ့ကျွန်ဘ၀ ပြန်ပြေးမလို့လား
သားရယ်.......................
အတွေးနဲ့ အတွေ့ကို
မရေမရာ ရောလို့
သေမှာမနှမြောပဲ
ဒေ၀ဒတ်ကောင်းစားရေးအတွက်
သေနတ်ပြောင်းကို အမေတို့ဘက်လှည့်
သွေးသားရင်းတွေ ပစ်သတ်
မင်းလုပ်ရပ်တွေမှန်ရဲ့လား
သားရယ်.....................
အမေ အသက်ပေးမွေးခဲ့တဲ့
အဖေ့သွေးက
ဦးနှောက်နဲ့မတွေးဘဲ
တိုင်းပြည်ကို ခွေးဖြစ်အောင်လုပ်နေတာ
အမေ့ ရင်တွေဘယ်လိုဆွေးမလဲ
တစ်ခါတစ်လေ တွေးပါလား
အစ်ကိုစစ်သွေးတို့ရယ်..................
ု့
သားအောင်ဆန်း
ပြန်လည်မျှဝေပေးသူ ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်။
Monday, November 2, 2009
ကြင်နာမှုအပြည့်နဲ့ နာကျင်နေကြတယ်
စစ်ဖန်းတီးရှင် စက်ဆုပ်ဖွယ် စစ်ဗိုလ်ချုပ်များနဲ့
တန်ဖိုးမဲ့ ငွေစက္ကူတွေ အပြိုင်အဆိုင် ဖောင်းပွတဲ့ခေတ်မှာ
မှိုတက်ဆဲ အလေးခိုး အကျင့်ပျက်တွေနဲ့
မျိုးဆက်သစ်များ ဘေးထိုး
စနစ်ဟောင်းကို ဆေးဆိုးပြီး
တရေးနိုး အတ္တအား ရွှေချချင်ကြတယ် ။
ကမ္ဘာနဲ့အတွေးအခေါ်များ
မိုးနဲ့မြေလို ကွာဟ
နိုင်ငံတကာက စိမ်းလန်းငြိမ်းချမ်းရေးနဲ့ အာကာသမှာ သုတေသနလုပ်တယ် ၊
ဖိနှိပ်ဆဲ မြန်မာ့ စစ်အုပ်စုက မြေအောက်လှိုဏ်ခေါင်း တူးကောင်းနေတယ် ။
လူယဉ်ကျေး ကမ္ဘာမှာ
ရန်သူ ၊မိတ်ဆွေ မခွဲခြားပဲ
အတူတကွ ယှဉ်တွဲနေထိုင်ရေး မူဝါဒတွေချမှတ်
စစ်မီးကို ငြိမ်းသတ်ခဲ့ ကြတယ် ။
ဘိန်းတွေကို မီးရှို့ပြယုံနဲ့
တိုင်းပြည်က ငြိမ်းချမ်းလာမှာတော့ မဟုတ်ဘူး ၊
မာဖီးယားမှာ ငြိမ်းချမ်းရေး စကား မရှိဘူးဆိုတာ
တိုင်းပြည်ကို သိပ်ချစ်လို့ ပြည်ပြေးကြီးဖြစ်နေသူများ ၊
အတိတ် စိတ်သောကများနဲ့ အိပ်မောကျမရသူတွေ ကောင်းကောင်းသိပေမဲ့
ခါးလည်က ဖြတ်ရိုက်ခံရပါမှ
ကမ္ဘာကြီးက နားလည်စ ပြုလာလိမ့်မယ် ။
နာကျင်ခြင်း ဝေဒနာတွေက
ရုံးတက် ရုံးဆင်းလို အချိန်မှန်လာနေတယ် ၊
ကြော်ငြာမလိုပဲ ဒုက္ခတွေ ရောင်းအားကောင်းနေဆဲ
မွန်းကြပ်မှုများက စည်သွပ်ဗူးထဲမှ ငါးလို
ဟန်ဆောင်ကောင်းတဲ့ လတ်ဆတ်မှုများက ရေခဲရိုက်ထားတဲ့ အသားလို
ပြာပုံကို ကြည့်ပြီး
တကယ်လောင်မြှိုက်ခဲ့တာ ဟုတ် မဟုတ် ပညာရှိများ အငြင်းပွားနေကြတယ်။
တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိသူများက
လ မပြည့်ပဲ မွေးဖွားလာမဲ့
ငြိမ်းချမ်းရေး သန္ဓေသားကို
မဟောသဓာဇာတ်ထဲက မိခင်အရင်းလို
ကြင်နာမှုအပြည့်နဲ့ နာကျင်မှာ စိုးရိမ်နေကြတယ် ။
အောင်ခိုင်မြင့်
Friday, October 23, 2009
ခက်တယ်
စာဖတ်သူများအတွက် ကိုကောင်းကင်ကိုရဲ့ ကဗျာတပုဒ်ကို မျှဝေပေးလိုက်ပါသည်။
ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို
Sunday, October 18, 2009
ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
ငြိမ်းချမ်းရေး ၊ တော်လှန်ရေး မဟုတ်မခံ ခံယူချက်များနဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းပြီး
ပြင်းထန်တဲ့ မျိုးချစ်စိတ်တွေ လောဘကြီးခဲ့လို့
အမေ့ရဲ့ရင်သွေးများ ၊ပြည်နှင်ဒဏ် ထိထားချိန်
အမှန်တရား က ဥပဒေမဲ့ ထောင်နန်းစံနေတယ် ။
လာဘ်စားတဲ့ လောကဓံ တရားသူကြီးကြောင့်
အမိမြေက မိုးပေါ်ထောင်မပစ်တဲ့ မီးကျိုးမောင်းပျက်သေနတ် တစ်လက်လို
အကျင့် စာရိတ္တများ မြေအောက်ထိကျ သံချေးတက်
ရေကာတာလို မတရားမှုတွေ သိုလှောင်
အဖတ်ဆယ် မရအောင်ပျက်စီးနေတယ် ။
တိုင်းပြည်ရဲ့ မျက်နှာဖုံး ဆိုပြီး
ခါးကုန်းတဲ့အထိ မြိုးမြိုးမြက်မြက် ဖောက်ပြန် စားနေကြ
မြင်ပြင်းကတ်လောက်အောင် မြေနိမ့်ရာ လှံရော ဘက်နက်ဓားရော စိုက်
ရတက်မအေးဖွယ် အမှိုက်သရိုက်များနဲ့
စိတ်ညစ်ပတ် ဘ၀မွဲတေတဲ့ မြို့ပြမြင်ကွင်းကျယ် ။
စကားနာထိုးတတ်တဲ့ မုသာဝါဒ စစ်စနစ်ဆိုးက
လေတစ်လုံး မိုးတစ်လုံး မှောင်မဲသည်းထန်ဆဲ ထစ်ချုန်းမိုးလို
မီးခိုးကြွက်လျှောက် အရာရာကို တိုက်စားပျက်စီး
လူစဉ်မမီတဲ့ ဘ၀များ ပိုးလိုးပက်လက်
ခေတ်ပျက်က ပိုးစိုးပက်စက် ဖြစ်နေတယ် ။
ကမ္ဘာ့ခေါင်းဆောင်များ စီးပွားပျက်ကပ်ကို ကျော်လွှားဖို့
နိုင်ငံရေး သုခမိန်များ ၊ စီးပွားရေး ပညာရှင်များနဲ့
ခေါင်းချင်းဆိုင်တွေ့ဆုံ ဆွေးနွေး အဖြေရှာနေချိန်
ဗိုလ်ရှုပ်ကို ဗိုလ်လုပ်တဲ့ လူဆိုးလူမိုက် ဗိုလ်ချုပ်တသိုက်ကတော့
ခွေးရူးနဲ့ အမဲလိုက် သလို ဗေဒင်ဆရာတွေနဲ့ အချိန်ဖြုန်းနေတယ် ။
အာဏာအဆိပ်တက် နေတဲ့
အတိတ်ရက်တွေ အိပ်စက်မရအောင် ၀ိုင်းဝန်းနှိပ်စက်လို့
တိုင်းပြည်က ရင်ဘတ်စည်တီး သွေးပျက်ဖွယ် ငိုငြီးနေတယ် ၊
ကုန်စင်အောင်ထုတ်ရောင်းလို့
မီးခံသေတ္တာ အခွံသာရှိပြီး အတွင်းပစ္စည်း ဟာလာဟင်းလင်းနဲ့
အမိမြေက ရင်သွေးတွေရဲ့ အနာဂတ်ကို ရင်လေး
ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ဘ၀ပျက်က ရှေ့မှာ လက်ယပ်ခေါ်နေတယ် ။
မင်းရဲကျော်စွာ
http://8888newgenerations.blogspot.com/
Saturday, October 10, 2009
Saturday, October 3, 2009
ရာဇဝင်ရိုင်း ဖွတ်သမိုင်း | ကိုစိုး(နာဂါစကီ)
မြတ်မိခင်ကို
ငါလျှင်လွန်စွာ
တွေ့ချင်ပါလျှက်
တွေ့ရန်ခက်ခဲ့။
ဇနီမယား
သမီးသားကို
ငါကားလွန်စွာ
တွေ့ချင်ပါလျှက်
တွေ့ရန်ခက်ခဲ့။
တအူထုံဆင်း
တူကြီးပြင်းသည့်
မောင်ရင်းနှမ
လွန်ချစ်လှစွာ
တွေ့ချင်ပါလည်း
တွေ့ရန်ခက်ခဲ့။
ငါ့တိုင်းရွာကို
လွန်စွာချစ်ခင်
ငါပြန်ချင်လျှက်
အပြန်ခက်ခဲ့
ဘယ်အတွက်နည်း။
ဖွတ်မိကျောင်းဖြစ်
အနှီမြစ်မှာ
ဘယ်သောခါမှ
ချမ်းသာမရှိ
ပုံထင်သိကြ
အမိပြည်ရွာ
မြန်တိုင်းဋ္ဌာတွင်
အာဏာရှင်စက်
လွန်ရက်စက်စွာ
ကိုယ်ကျိုးရှာသည့်
ရာဇဝင်ရိုင်း
ဖွတ်သမိုင်းကြောင့်
ငါ့တိုင်းပြည်ရွာ
ပြန်ချင်ပါလျှက်
အပြန်ခက်ခဲ့။....။
ကိုစိုး(နာဂါစကီ)
Wednesday, September 30, 2009
ဝန်မင်းတို့ ၏ ဇာတ်သိမ်း..
ညကြီးသန်းခေါင်..နယူးယောက်
East Gate ဟိုတယ် အပေါ်က အခန်းတခန်း
တီးတိုးသံနဲ့  ဒီပုံပြင်က စတယ်။
“ညီလေးဥာဏ်ဝင်းရေ…ထ..ထ..
ရှူးတိုးတိုး..အသံမထွက်စေနဲ့ .
အပြင်ဘက်မှာ.အဘ လူယုံတွေရှိတယ်..
အကိုကြီးပြောစရာရှိတယ်.”
“အင်..အကိုကြီး..ညကြီးသန်းခေါင်..
ဘာကိစ္စ..အထိတ်တလန့် ရှိလှပါ့ ကိုကြီးစိန်”
“အကိုကြီး အိပ်မရ..
ငါတို့  ဘယ်လို လုပ်ရပါ့..
တိုင်ပင်ချင်လို့ပါ..ကွာ..
အမေရိကန် visa ဖွင့်..အစည်းဝေးတက်ခွင့်ရကတည်းက..
လှုပ်လှတဲ့မျက်ခုံး..အိပ်မက်ထဲတောင်.အမြင့်ကပြုတ်ကျ..
နိမိတ်မကောင်းရတဲ့အထဲ..
မနက်လင်း ကျီးမနိုးခင်.အရောက်
ဟိုတယ်ရှေ့ လာလာ အော်နေတဲ့ လူတွေ..
ငါတို့  အပြင်ထွက်တိုင်း
လမ်းသွားလမ်းလာတွေ ကကြည့်
အတင်းပြောကြတာ..စစ်အစိုးရ အရှက်မရှိတဲ့..
ငါတော့ စိတ်ကုန်လာပြီ..
သွားလေသူ..၀န်ကြီးချုပ်စိုးဝင်းရေ
သေရွာက ထပြီးသာ ပြန်အုပ်ပါစေတော့
ငါ..၀န်ကြီးချုပ်လည်း မလုပ်ချင်တော့ဖူး..
ရှေးက ဗန္ဓုလဘ၀က မှ ရွှေထီးမိုးပေးမဲ့သူရှိသေးတယ်..
ငါ့နာမည်သာ ၀န်ကြီးချူပ်..
တွေ့ တယ်မဟုတ်လား ဓါတ်ပုံထဲ
ထီးမိုးမဲ့သူမရှိလို့ 
ငါ့ထိပ်ပြောင်သထက်ပြောင်နေဘီ။
မင်းအဘ ကတော့.အဖြစ်မရှိ..
ဘင်ကီမွန်းလာရင် ဘန်ကာထဲပုန်းနေ
ငါတို့ ကတော့ နိုင်ငံတကာလှည့်ဖိနပ်စာတွေ
အပြင်က လူအုပ်က..ငါ့အမေ ငါနှမ..
ဆဲဆိုကြတာ..ရစရာမရှိဖူး..
သူတောင်းစားလုပ်တာကမှ မေတ္တာရဦးမယ်.
နအဖ ၀န်ကြီးချုပ်..တော်တော်မျက်နှာငယ်တယ်.”
" အော် မငိုပါနဲ့ ကိုကြီးစိန်..
ကျနော်လည်း မျက်နှာပူတာဘဲ..
နီးရာသေနတ် ကြောက်လို့ သာ
နိင်ငံခြား အစည်းအဝေး လာတက်ရ..
ဘာမှ လည်း မြက်မြက်မရပါဖူး..
နိုင်ငံခြားရေးဝန်ကြီး ဘယ်က မှ လာဘ်မရဘူး.
မောင်သောင်း အောင်သောင်း..
မောင်အေး ရွှေမန်း..
ဒင်းတို့  အပြင်မထွက်ဘဲ ဒီထက်ပိုရတယ်..
မတရားပါဘူးဗျာ..
ကျနော်တို့ သာ အမြဲ ထိုးကြွေးခံရတယ်…
အဘထက်စာ ကျနော် အင်္ဂလိပ်စာ သာတယ်ဆိုပေတဲ့..
ငပိသံဝဲ၀ဲမို့ ..အင်တာဗျူးတိုင်းသောက်ရှက်ကွဲ..
မိန့် ခွန်းရေးသူကို လာဘ်ပေး..
တိုတိုတုတ်တုတ်ရေးခိုင်းရတယ်။
ရှည်ရင်..ကျနော်မဖတ်နိုင်ဘူး..
ဒူးတုန် ဖင်တုန်..မိန့် ခွန်းဖတ်တိုင်း နှလုံးရောဂါဖြစ်။
အိမ်က ဂန်းမ က ၀န်ကြီးကတော် ဖြစ်ဂုဏ်ယူနေ..
ကျနော်ကတော့ ကြာကြာနေ သေမှာဘဲ.
ဒီရာထူးလည်း ကျနော် မလိုချင်တော့ဘူး..
ဘယ်လိုလုပ်မလည်း အကိုကြီးရယ် ကြံစည်စမ်းပါဦး”
“အေးကွာ ညီလေး..အဘက..ငါတို့ ဖိနပ်ထိတာ
မင်္ဂလာမရှိဘူးတဲ့..နာမ်နှိမ်ခံရတဲ့သူ..
နအဖမှာ ကျက်သရေတုန်းသတဲ့..
ပြန်ရင် ဖမ်းဘဲဖမ်းမလား..
ထောင်ဘဲကျ
ကိုကြီးခင်ညွန့် လိုဘဲ..ဇာတ်သိမ်းမလား..
အဘတို့  မိသားစုက ဘိုးတော်ကြောင်
ငါတို့  အပြန်သိက္ခာတင်ဖို့ ..
ပန်ထွာမင်းသမီးရူးနေတဲ့ ကြိုင်ကြိုင်ထမီနဲ့ အုပ်မတဲ့ 
ငါ့တို့  ရှိသမျှ ဘုန်းတွေတော့ ပြုတ်ရချည်ရဲ့…
မပြေလည်..ရွာပြန်မလာနဲ့တဲ့ အဘကမှာတယ်
အမေရိကန်ရဲ့အခြေအနေ မမှန်ရင်
ငါတို့ အပြန်..ဇက်ပြုတ်ရချည်ရဲ့..
ညီလေးရေ..ထွက်ပြေးမလား..
အမေရိကမှာ.တရားမ၀င်နေသူတွေ ရှိပါတယ်.
မင်းနဲ့  ငါ ရှိတဲ့ ဒေါ်လာတွေ..အတွင်းခံဘောင်းဘီထဲထည့်..
ရုပ်ဖျက်ပြေးမလား..ငါကြံထားတယ်။”
“ ဖြစ်ပါ့မလားအကိုကြီး..
ကျနော်က ဘိုလို သိပ်မမှုတ်တတ်ဖူး..
ဝန်ကြီးသာလုပ်..ဘာမှအဖြစ်ရှိတာမဟုတ်ဘူး..
အမေရိက..ဘာလုပ်စားမလဲဗျ…
နှမ်းဖြူးတာဘဲ ကျနော်တတ်တယ်..
ဘတ်တာဘဲ ကျနော်တတ်တယ်..
လက်ကျောမတင်း..
ကျနော် အပျင်းကလည်းကြီးသေးတယ်”
“ ဖြစ်ပါတယ်ကွာ..NY ပလက်ဖောင်းတလျှောက်
ဖာဆွယ် လုပ်လူရှာပေး..၀မ်းရေးတော့ ရမှာပါ
ယုတ်စွ အဆုံး ပုလင်းခွံကောက်
ပြန်သွင်းရင် ၅ ဆင့်တော့ ရသေးတယ်။။
ကြောက်ပါနဲ့ကွာ..
သေတာထက်စာ ရှင်နေတာက ကောင်းသေးတယ်..
မင်းအရွယ် ရှိသေးတာ..လုပ်စားစမ်းပါရဲရဲ
ဖြစ်ပါတယ်.. ယောက်ျား ချွတ်ကတဲ့ ပွဲ..
ငါသာ အဖိုးကြီး..
သူများနို်င်ငံ ဘာလုပ်စားရမလည်း
သေဘေးကြောက်လို့ သာ ထွက်ပြေးရမယ်..
မျက်ခုန်းတော့ လှုပ်လှုပ်ရယ်.
ဝဋ္ဋ်တော့ တကယ်လည်ပြီထင်တယ်.”
“ ကောင်းပြီ..အပြင်က အဘကောင်တွေ မသိစေနဲ့ ..
ကျနော်နဲ့  အကိုထွက်ပြေးကြရအောင်.”
ဒီလိုနဲ့ ဘဲနောက်တစ်ရက်..
UN အစည်းအဝေး ဆက်မတက်..
ဟိုတယ်က ၀န်ကြီး ၂ပါး ပျောက်သွားတယ်။
အမေရိကန် ရဲတွေ ရှာ..ဘယ်မှာမှ မတွေ့ ဘူး။
နောင် နှစ်များမကြာ..
မှောင်ရိပ်ခို ပြည်တန်ဆာမှုနဲ့ ထောင်ကျ..
ထောင်သား အမည်မသိ.
DNA စစ်ကြည့်မှ..မြန်မာပြည်က ၀န်ပြေး ၀လုံး.၂လုံး..
အမေရိကန် ထောင်ထဲမှာ အမဲတွေ နဲ့  တွေ့ သွားတယ်။
“ အော်နေရတယ်…အမေ..အဘရယ် ကယ်..”
မသဒ္ဓါ ( ၉။၃၀။၂၀၀၉)
မသဒ္ဓါ..ဟိုတယ်ရှေ့ မှာ..လာမအော်ရဲတာ သတ္တိမရှိတာ..၀န်ခံပါတယ်။ သို့ ပေမဲ့ အများအတွက် ဟာသ ပုံပြင်လေးတစ်ခုတော့ ပြောပြနိုင်ပါတယ်။ အမေ နှမ အဆဲခံရတဲ့ လူတယောက်ရဲ့ သိမ်ငယ်မှူနဲ့ ထွက်ပေါက် အရေး တွေးမိတာပါ။ သူတို့  ၀န်ကြီး လုပ်နေရတာ့ စိတ်ထဲ ပျော်မယ်ထင်ပါသလား။ စားတော့ တပြုံလုံးစားပြီး..ခံရတော့ သူတို့ ချည်းဘဲ။ ဘယ်တရားမလည်းတွေးမိရင်း.ဒီပုံပြင်ကိုရေးပါတယ်။
ဖတ်သူ နည်းနည်း လေးဘဲ ပြုံးရင် ဖြစ်ဖြစ်..ရေးရကျိုးနပ်ပါတယ်။ :)
Tuesday, September 29, 2009
ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ

အဘရေ..
ကြားပြီးရောပေါ့ ဖိနပ်သတင်း။
ဒေါသတွေ သိပ်မပြင်းပါနဲ့ 
စိတ်တော့ အားတင်းပါ အဘ..
တော်ကြာ နတ်ရွာစံ မာလက သွားဦးမယ်။
အော်...အဘရယ်
ဒီလမ်းကို လာကတည်းက..
ကျနော်တို့  လက်မရွံ့ အသေခံသမားတွေပါ..
မိုးသီးဇွန် မှာသာ..အ၀ှါ ရှိ…
ကျနော်တို့ မယားတွေ မုဆိုးမဖြစ်နေပြီပေါ့အဘရယ်..
တော်သေးတယ်..
မကျည်းသား ခုံဖိနပ်မဟုတ်တဲ့
ပစ်ခံရတဲ့ အီတလီ မိတ် ရှူးဖိနပ်တဖက်..
ပြောင်ပြောင်လက်လက် အရောင်ထွက်
နူဖတ်နေတဲ့ သားရေအစစ်
ဝန်ကြီးသာဖြစ် ကျနော် မစီးဖူးပါဖူး
တစ်ဖက်ထဲမို့ သာ ကောက်မလာဖြစ်တာ.
၂ ဖက်သာဆို အတော်ဘဲ
နောက်တခါ UN အစည်းအဝေးတက် ၀တ်လို့ ရတယ်။
အလကား ဖိနပ်အကောင်းစားရ နည်းလား..
မှန်ပစေဗျာ..မနာပါဖူး.
ကျနော့ မျက်နှာထူပြီးသား
နအဖ ဆိုတာ အလကားရမှာ အကုန်ဝါး..
Sturburg ကော်ဖီတခွက်..
Mr Creater ပက်တာတဲ့
ကျနော့ အသဲစွဲ ကော်ဖီပေါ့
အမလေး ..ပြောရင်း
ခုထိ တောင် ကော်ဖီနံ့ လေးရသေးတယ်..
လက်ခုံပေါ်က လာစင်တဲ့ အစအနကလေးကို ရက်
ကောင်းလိုက်တဲ့ ကော်ဖီအရသာ…
နအဖ ငတ်ကြီး ဒီလောက်ကျတာ သိမှပေါ့
နှမြောစရာ… ကျနော့ တိုက်လိုက်ရင်ပြီးရောဗျာ..
ကားက မှန်လုံပိတ်..
ဖိနပ်ကြီးလာတာ ကြောက်ရွံ့ မျက်စိမှိတ်..
ကျနော် အသဲထိတ်တယ်..
ဘုရား..ဘုရား..
TV သမား ရှေ့တည့်တည့်
မဲနေတဲ့ ကျူပ်မျက်နှာ မရိုက်မိပါစေနဲ့ 
နအဖ စစ်သား.ဆိုတာ
ဘုရင်နောင်စစ်သားလို အပ်ရိုက်မသွင်းရဲဖူး
ပုရွက်ဆိတ်ကိုက်တောင်.အားလားလား.အော်
သူများအသက်သာ..သတ်လို့ ကောင်းတာနော်
ကြည့်ပါလား အဘဆို..စစ်မတိုက်
ထိုင်ဖုံပေါ်မှာ..မိန့် မိန့် 
ဖင်အရသာခံနေတာတစိမ့်စိမ့်။
ကိုကြီးသိန်းစိန်ကားကတော့ လမ်းဗြောင်းပြန်မောင်းပြေး
ကြည့်ကောင်းတယ် သဲထိတ်ရင်ဖိုပေါ့
ဂျိမ်းစ်ဘွန်း action လောက်တော့ အပျော့ပေါ့..
ပြောင်ကြီးကတော့ ကားထဲ မြော့မြော့ရယ်
ဟော်တယ်ကျခါမှ..ကတိုးနှာဆေးနဲ့ နှာနှပ်..
အမွှေးမရှိတဲ့ ငယ်ထိပ်ကို ယပ်ခတ်
မီးမကင်ဆေး တိုက်လိုက်မှ အတက်ကျတယ်..
အခုတော့ ကောင်းသွားပါပြီ..အဘရယ်
ကျနော်လား..အော် ဘယ်ရမလည်း အဘရာ..
ဥာဏ်ဝင်းပါဗျ..
ဘုရှ်ထက်အရှောင်ကောင်းတာပေါ့
ကြက်ဥပုပ် ညာဘက်လာ ဘယ်ဘက်ရှောင်
ခရမ်းချဉ်သီးပုပ် မထိအောင် အသက်အောင့်ရှောင်
အဘနဲ့ပေါင်းကထဲက..
ဒီအပုပ်တွေ လာမှ သိပြီးသာ အသေအချာ
ငုံ့ ရှောင် ခုန်ဆွ..ကုန်းကွ ထိုင်ချ
ဘယ်တိမ်းညာယိမ်း..
ရီဟာဇယ် အကြိမ်တစ်သိန်းကျင့်ထားတယ်။။
နအဖ မှာ လူရာဝင်ချင်..
ရှောင်နည်း..လိမ်နည်း ပုပ်နည်း တတ်မှရတယ်။
အဘရေ..
ဘယ်သူ မယုံယုံ..ပီအောင်သာ လိမ်ယုံဘဲ..
ဆန်ရှင် ပြန်ဖွင့်..ကျုပ်တို့ ကောင်းစားခွင့်ချည်းဘဲ..
ရရ မရရ..အဆုံးမှ မရှိ
နအဖ ကောင်းကျိုးသာရှိ..
ကျနော်..ခဲဘဲ ထိထိ..
ချီးပေဖိနပ်စာဘဲ မိမိ..
ရှေ့ တန်းတိုက်စစ်မှူး ကျနော်နဲ့ ပြောင်ကြီးရှိတယ်..
ဟီး..သိပ်တော့ ကြောက်ပါဖူး..
သွေးတက်တာလေးနည်းနည်း..
၁၆၀ ကျော်ရုံလေးဘဲ ဖြစ်တာပါ။..
အဘ ဖို့ ဆို..
ကျနော်တို့  သေချင်သေပါစေဗျာ..
အိုဘာမားစီးတဲ့ သံချပ်ကာကားမျိုးဘဲ
အဘ ၀ယ်ပေးပါ
မိုးသီးဇွန်လောက်ကျ ရယ်တာပေါ့။
ဘင်လာဒင်ဗုံးလောက်တောင် အပျော့
အဘရေ..စိတ်ပူမနေနဲ့ 
တံတွေးထွေးတာ ကျည်ဆန်လို အသက်မထွက်ပါဘူး..
ဘဲဥပုပ်စော်နံ့  ရန်ကုန်အမှိုက်ပုံလောက်အနံ့ မဆိုးသေးပါဘူး။
ဖိနပ်နဲ့ပေါက်တာ..ကျနော်တို့ ရာဇအိနြေ္ဒမပျက်သေးပါဘူး..
ကျနော်တို့  ပြန်မရောက်ခင်..
ဖိနပ်သတင်းအပြင်မထွက်..
မြန်မာသတင်းစာကို နှုတ်ပိတ်ထားပေးပါ။
ကျနော်တို့ ရဲ့ ပြုံးနေတဲ့ ဓါတ်ပုံပြ..
ပြည်သူကိုသာ လိမ်ထားနှင့်..
ကျနော် ဂျင်ဝက်ကို ကျောက်ပြ လာဘ်ထိုးနှင့်မယ်။
အောင်ပွဲခံရ..ကျေးဇူးမမေ့ကြေးနော် အဘ..
နေရွှေသွေးအောင် အကျ..မော်ဒယ်မ..
အနှိပ်ခံရရင်..တော်ပါပြီ..
အဘ အသိဘဲနော်..
ဥာဏ်ဝင်း ဘာကြိုက်တတ်သည်။
မသဒ္ဓါ (၉။၂၉။၂၀၀၉)
အ၀ှါ ဆိုသည်မှာ..လက်နက်ခဲယမ်း ကို ဆိုလိုပါသည်။
Monday, September 28, 2009
ဥဒါန်း ဘယ်ခါ ကြေအံ့နည်း
စစ်လက်နက်ဖြင့်
အကြမ်းဖက်လှ
(စစ်) အစိုးရကြောင့်
ဘဝမုန်တိုင်း
ဒုက္ခဝိုင်းခဲ့
တို့တိုင်းဋ္ဌာနီ
မြန်မာပြည်။
ရွေးကောက်ပွဲတင်ကာ
ပြည်သူ့အကျိုး
လွန်သယ်ပိုးမှ
အစိုးရတည်း။
လက်နက်ပြကာ
ကိုယ်ကျိုးရှာ၍
ယုတ်မာအုပ်ချုပ်
မင်ဆိုးယုတ်မှာ
ဓါးပြသာတည်း။
သူခိုးဓားပြ
ဇာတိပြကာ
လွန်အာဏာမက်
ဆိုးသွမ်းချက်ဖြင့်
သတ်ရက်သံဃာ
လွန်ယုတ်မာခဲ့။
ဆယ်ကမ္ဘာကြေ
ဆယ်ခါသေလည်း
ငါတို့ရင်ထဲ
အစဉ်စွဲကာ
ဥဒါန်းဘယ်ခါကြေအံ့နည်။...။
ကိုစိုး(နာဂါစကီ)
၂နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ။
Saturday, September 26, 2009
ဒကာနှင့် သာသနာ = ရေနဲ့ ကြာ

သံဃာတော်တွေ
အမျိုး၊ ဘာသာ၊ သာသနာ အတွက်
ရွှေဝါရောင်တော်လှန်ရေး ဆင်နွဲချိန်
အာဏာရှင်တွေ
အကျိုး အဖြာဖြာ အာဏာအတွက်
လက်ရှိနေရာပေါ်တည်မြဲရေး နှိမ်နင်းခဲ့တယ် ။
ပြည်သူတွေ
အသက်ပေးတယ် ဒီမိုကရေစီအတွက်
ဝိုင်းဝန်းကူညီနေချိန်
လက်ပါးစေတွေ
အရှက်ဘေးဖယ် ဝမ်းရေးအတွက်
ကောက်ရိုးပုံရှေ့က ဟောင်သံတွေပေးခဲ့တယ် ။
သံဃာတို့ရဲ့ 'ယခု' တတိယအကြိမ်
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ဝယ်
ပြည်သူနှင့်အတူ ဒီမိုကရေစီ အင်အားစုတွေစုစည်း
တော်လှန်ကြတော့မည် ။
အာဏာရှင်တွေ မျက်ခုံးတွေလှုပ်
အမှုမဲ့ဖမ်းဆီးမှုတွေ ပြုလုပ်
ပျက်စီးအောင် ဖန်တီးနေသည် ။
ဒကာနှင့် သာသနာ
ရေနဲ့ ကြာလို
အတူရှိဖို့တော့ လိုအပ်နေပြီ....။
ဖြိုးဝေ-mmp
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဗီဒီယို မှတ်တမ်း
Friday, September 25, 2009
အလိုရှိသည်
အဓိပ္ပါယ်မဲ့နေတာတွေ
တိတ်ဆိတ်မှုတွေနဲ့  နံရံတွေကြားထဲ
နုတ်စကားတွေ တိတ်တိတ်လေးပြောချင်တာ
အပြုံးတွေဟာ မပြုံးချင်ပဲပြုံးခဲ့ရ
အလုပ်တွေက..မလုပ်ချင်ပဲလုပ်ခဲ့ရတာ
အကုန်လုံး..ဟန်ဆောင်အတုတွေနဲ့ ပါ။
လွတ်လပ်ခြင်း..အတု
အစိုးရ..အတု
ရွေးကောက်ပွဲ..အတု..
ဒီမိုကရေစီ..အတု..
ပြည်သူ့ လွှတ်တော်...အတု..
အို..အားလုံးအတုတွေပဲ..ဒါပေမဲ့..စစ်ဆိုတဲ့စစ်သား
ခွေးသူတောင်းစားတွေရဲ့ ..အမိန့် နဲ့ 
ရက်စက်မှုတွေကတော့..ရေမရောဘူးလေ..
..ပေတစ်ရာမှာသွေး(အစစ်)နံတွေ..ပိုင်ရှင်မဲ့ဖိနပ်(အစစ်)တွေ
ကျန်နေသေးတယ်။
သားပျောက်တဲ့ မိခင်..သ္မီးပျောက်တဲ့ဖခင်..
အပူသောကမျက်ရည်တွေ..မောင်းတီပြီးပြောစရာမလိုဘူး
ချောင်းစီးနေပြီ..။
လွတ်မြောက်ချင်သူတွေရဲ့ 
အရိုးတွန်သံ..ဟိုးကောင်ကင်ထက်မှာ
အော်မြည်နေပြီ..ဒေါင်းအလံလွှင့်တင်ပြီး..
သူတို့ ကို အမျှပေးပါ..အမျှပေးပါ
ကြားလား..သူငယ်ချင်း။
ဒါဟာ..ဓမ္မနဲ့ အဓမ္မအားပြိုင်ပွဲမဟုတ်ဘူး
သူသေကိုယ်သေအလှဲထိုးပွဲ..ရွှေပြည်တော်ကြီးအလံလုမှာ
လာပါ..သူငယ်ချင်း..တစ်ယောက်ကျရင် တစ်ယောက်တက်မယ်
အကြောက်တရားတွေမောင်းထုတ်..ဒါပေမဲ့ ..
မင်းရဲ့ ရင်ထဲမှာ..နှလုံးသားအစစ်တော့လိုတယ်။
Saturday, September 19, 2009
သံဃာ့မေတ္တာ
အာဏာမက်ခါ
ကိုယ်ကျိုးရှာ၍
လွန်စွာရက်စက်
ဆိုးသွမ်းချက်ကြောင့်
တိုင်းပျက်ပြည်ကြွေ
အခက်ပွေသည်
ရွှေမြေမြန်တိုင်း
ကြမ္မာရိုင်းကာ
မုန်းတိုင်းကြီးလည်း ကျခဲ့ပြီ။
တိုင်းပြည်ဆင်းရဲ
ဒကာမွဲသည့်
ကြပ်တည်းဘဝ
လွတ်မြောက်ရအောင်
ရွှေဝါရောင်ဟု
ကံဆောင်ဆန္ဒ
ထုတ်ဖော်ပြသည်
သံဃာမေတ္တာ
ဂရုဏာကို
ရင်မှာလေးစား
ဦးထိပ်ထားလော့
ကိုစိုး(နာဂါစကီ)
Monday, September 14, 2009
ဇာတ်နာ
နောက်တလှမ်းဆုတ်လိုက်ကာမှ
ဘဝက ထောင်ချောက်ထဲကို တည့်တည့်ကျတယ်။
လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။
အထီးကျန် ဝမ်းနည်းစရာကောင်းလိုက်ပုံကလည်း
အပြီးအပိုင်လမ်းခွဲကာပြောင်းရမှာကိုတောင်
လာနှုတ်ဆက်ကြမယ့်သူလည်း တယောက်မှမရှိ။
သွားနှုတ်ဆက်ရမယ့်သူလည်း တယောက်မှမရှိ။
သြော်…နောက်ဆုံးတော့
တံလျှပ်တွေလို
ဘဝကိုပိုမှောင်စေတဲ့ အလင်းတွေအတွက်
ဘာကိုမှ မစစ်မဆေး
ကိုယ့်ကိုယ်ကိုပဲ အပြစ်ပေးလိုက်တော့တယ်။
ကောင်းကင်ကို
Saturday, September 12, 2009
ဆုတောင်း
ဖြစ်လေရာ.. လူဖြစ်တဲ့ ဘဝတိုင်း.. မြန်မာ မဖြစ်ရ ပါလို၏။ ဦးအောင်ဇေယျရေ!!!... ခင်ဗျား သိမ်းခဲ့တဲ့ ယိုးဒယားမှာတော့ ကျုပ်တို့ မြန်မာတွေ ကျွန် ခံနေကြရပြီ.. ဒီ လေ.... ဒီမိုး ဒီ အစိုးရနဲ့ .... ဒီ အတိုက်အခံ အကုန်လုံးက.. လိုက်လည်း လိုက်ကြ ပါပေတယ်။ ဘုန်းကြီးရူးနဲ့ လှေလူး ကြောင်ကတွင်းပျက်နဲ့ ဇရက် တောင်ပံကျိုးတွေ သလိုဘဲ မင်းသားကြီး ကနေတဲ့ သူကလည်း က လို့ကို မပြီးနိုင်၊ ပတ်မကြီး ဖောက်နေတဲ့ သူကလည်း ဖောက်လို့ကို မပြီးနိုင်နဲ့၊ ကျလည်း ကျပါ ပေတယ်။ ဒီ နိုင်ငံရေး ဝဲဂယက်ထဲမှာ စီးနေတဲ့ သွေးတွေ ဘယ်လောက် များခဲ့ပြီလည်း ပျက်သွားခဲ့တဲ့ ဘဝတွေ ဘယ်လောက် များခဲ့ပြီလည်း မဆုံးနိုင်ခဲ့တဲ့ ငိုရှိုက် သံတွေက ဘယ်တော့မှ ဆုံးအုံးမှာလည်း မင်းတို့တွေ အဲ့ဒါကိုတောင် နဲနဲမှမတွေးဘူး အဲ့ဒီ လူတွေက.. မြန်မာ လူမျိုးတွေပါ။ ပြောတော့... မြန်မာ ........ မြန်မာ ဗုဒ္ဓဘာသာ...... ဘာသာနဲ့ သနား ကြင်နာမှု မရှိ တရား လက်လွက်နဲ့ အတ္တကို ရှေ့တန်း တင်ပြီး မင်းတို့ လုပ်နေတာတွေ ကြည့်ပြီး ငါရင်နာတယ်။ ငါ့ကိုယ်ငါ မြန်မာလို့ ငါဘယ်သော အခါမှ မပြောဘူး မြန်မာ ဖြစ်ရတာကို ငါ ရှက်လွန်လွန်းလို့ ..။ ရဲရင့်နီ(၁.၉.၂၀၀၈) |
Wednesday, September 9, 2009
ငြိမ်းချမ်းရေးတရား သွေးစွန်းရက်များ
မွဲတေ ဆင်းရဲခြင်း ခြုံစောင်နွမ်းပါးပါးလေးကို ခြုံရင်း
ချိန်ကိုက်ဗုံးကို ခေါင်းအုံး အိပ်တဲ့တိုင်းပြည်
နှလုံးသားတိုင်းမှာ ဒိုင်းနမိုက်တွေ အပြည့်နဲ့
စစ်မီးတောက်က ၀ါးမြိုလို့
တိုးတက် ငြိမ်းချမ်းရေးတွေ ပြာကျနေတယ်။
အမိမြေကို ချစ်တဲ့အသိတရား
သံယောဇဉ် သံမဏိ အပ်ချည်မျှင်များနဲ့
မျိုးချစ်စိတ်ကို စွန်တစ်ကောင်လို
အမြင့်မားဆုံး ကောင်းကင်ယံသို့ လွှင့်တင်ထားချိန်
စစ် လေနီကြမ်းက ဗရမ်းဗတာ တိုက်ခိုက်နေတယ်။
လိပ်လို နှေးကွေးတဲ့ အင်တာနက်လိုင်း
ခြစားနေဆဲ စီးပွားရေး ယန္တယား
ဓမ္မတာလို ဖြစ်နေတဲ့ ရေမလာ မီးမလာ ရက်စွဲများကြောင့်
ခေါင်းပုံဖြတ် ဖြတ်စား လာဘ်စားက လွဲလို့
ဘယ်သူကမှ ရင်းနှီးမြုပ်နှံမှု မလုပ်လို
ဘယ်တိုးရစ် ( စ်)မှ လာမလည်ချင်ဘူး ၊
အဓမ္မ၀ါဒီ တွေရဲ့အရှက်နည်း ရမ်းကားပြီး
လူတကာကို လိမ်ညာစွပ်စွဲချက်များ ရပ်တန့်ကရပ်တော့ ။
မွဲပြာရောင် အနာဂတ်က မတောက်ပ
မျှော်လင့်ချက်မဲ့ အရာရာဟာ ပျောက်ရှ
ကမ္ဘာ့အလယ်မှာ အောက်ကျ နောက်ကျ
ကိုယ့်ကိုကိုယ် ပြန်ကောက်ရ ဖို့ ကြိုးစားနေရ
စစ်စနစ် အမှောင်က သူ့ရဲ့သွားများနဲ့ ဘ၀များကို ၀ါးစားနေတယ် ။
လူ့အခွင့်အရေး ချိုးဖောက်မှုများကို
အိုလံပစ် စံချိန် နှစ်စဉ်ချိုးနေကြ
စစ်မျက်ကန်း မျိုးမချစ်များက
တရုတ် ရုရှား မြောက်ကိုးရီးယားကို ခြေသလုံးဖက်ပြီး
ပြည်ပအားကိုး ပုဆိန်ရိုးလို့
သူတို့ကိုယ် သူတို့ မှန်ထဲကြည့်ပြီး ကြွေးကြော်နေကြတယ် ။
အစာ ရေစာ မ၀တ၀ ၊
စားနပ်ရိက္ခာ ငတ်တလှည့် ၊ ပြတ်တလှည့်
မီးဖိုချောင်ထဲ ရင်ကွဲပက်လက်
စနစ်ရိုင်းအောက်က ခြောက်ကပ်ကပ် နေ့စဉ်ထမင်းဝိုင်း
ညှိုးနွမ်းနေတဲ့ ဘုရားပန်းများ ၊
ရိုးသားတဲ့ ဒကာ ဒကာမ ၊တိုင်းသူပြည်သားများရဲ့ ဘ၀ခံစားချက်
နေ့စဉ် ဆွမ်းခံထွက်တဲ့ ကိုရင် ဦးပဉ္ဖင်းများ အသိဆုံးမို့
ဒီလို စက်တင်ဘာရက်တွေမှာ
ရဲရဲ ရင့်ရင့် လမ်းမတွေပေါ်တက် ခဲ့ ၊ ကြွေးကြော်သံတွေပေါ်ထွက်ခဲ့
ငြိမ်းချမ်းရေးတရားတွေ ဖြန်းပက်ခဲ့ပေ မဲ့
လူမဆန်သူများက သွေးစွန်းရက်များအဖြစ် အသွင်ပြောင်းခဲ့ကြတယ် ။
အောင်ခိုင်မြင့်
( ရွှေဝါရောင် တော်လှန်ရေး ( ၂ ) နှစ်ပြည့် )
Tuesday, September 8, 2009
လိုင်စင်ရ သူခိုးကြီးများ
အသိတရားမရှိတဲ့
လူသားတွေလက်ညိုးထိုးပြပါဆိုရင်
ခင်များတို့ အုပ်စုက အရင်ဘဲ။
အမှန်ပြောသူဆိုထောင်ဒဏ်
အမှားပြောတတ်တဲ့ သူတွေကိုမှ လက်ခံတဲ့ အဖြစ်
စနစ်ဟောင်းကြီးတခုလုံးကိုက
အရင်အတိုင်းလည်ပါတ်ခဲ့ တာ စိတ်မပါလည်းဆရာခေါ်ရ
ဘာဆရာရယ်တော့မသိ
အဖားကောင်းမှ အစားကောင်းစားရမယ်ဆိုရင်
ကျွန်တော်ဆိုတဲ့ ကောင် အရင်သေမှာ။
လူမှာကတိ မင်းမှာသစ္စာဆိုတဲ့စကား
ဗမာပြည်မှာတကယ်မှားတယ်။
ပါးစပ်ကဘုရားဘုရား
လက်က ခါးကြားက ဗြောက်တိုသာ တရားမှတ်တဲ့
လူ့ မိစ္ဆာ ငနွားတွေ ...
မှားပြီးရင်မှား ငရဲတခါးတွေ ကြိုးစားဖွင့်နေကြလေရဲ့ ။
လင်သေမုဆိုးမ အိမ်တလုံးလို
တရုတ် ရုရှား ကုလားတွေက
အခွင့် ကောင်းတံခါးရှာရင်း
ဝင်ဖြဲဖို့ ကြိုးစားကြသူတွေကို မှ ဘုရားမှတ်
ခွေးလောက်အသိစိတ်ဓါတ် မရှိသူတွေ
ပြည်သူ့ ဘဏ္ဌာတွေ သူခိုးဈေးနဲ့ ရောင်းစားနေကြတယ်။
လာပြန်ပြီ အရှက်မရှိတဲ့ လက်မဲမဲတွေနဲ့ 
စစ်မှန်တဲ့  ၂၀၁၀ ရွေးကောက်ပွဲပါတဲ့ 
နောက်တခေါက် ကောက်ကျစ်ခဲ့ သူတွေက
ဦးဆောင်ကျင်းပမယ့် 
မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ။
ဆုပ်လည်းစူး စားလည်းရူး
ကိုယ့်သေတွင်းကိုယ်တူးရမယ့်စနစ်
ခေတ်တခုနဲ့ ကျန်ရစ်မယ့်
သမိုင်းစာမျက်နှာတခုမှာ
စစ်အာဏာရှင်တွေ ထိပ်ကပါတဲ့ အထဲ
ခင်ဗျားတို့ စာရင်းဟာလည်း ကန့် ကွက်မဲ မရှိ
နေရယူထားပါတယ်။
ဒေါင်းTM
Sunday, August 23, 2009
ဖြစ်ပျက်နေသော ဖြစ်စဉ်များ
သူခိုးပြေးပြီဆိုကာမှ
ထိုးကွင်းတွေကိုထမနေနဲ့ တော့
မာန်ရေးတကြွကြွ ဟန်ရေးပြ
ပြည့်အရေးမလှတာ ကြာခဲ့ပါပြီ၊
ကျောချသွားပြီဆိုကာမှ
ဓမြ ဓမြ ဟစ်ကာ မနေပါနဲ့ တော့
ရေတွက်လို့ မရ ခံခဲ့ရ
အံကြိတ်ရတာ များခဲ့ပါပြီ၊
စစ်ပွဲပြီးမှ ဗျူဟာချ
ဖြူပြာကျမှ ပလူပျံထ
ပြောကြ ဆိုကြ ဝေဖန်ကြ
မိုးလွန်ထွန်ချ ဖြစ်ခဲ့ပါပြီ၊
ဒဏ်ရာများလို့  ထုံနေသလား
ကြံရာမရလို့ ဟုန်နေသလား
နောက်ကျသွားတဲ့ သမိုင်းကြောင်းကြားမှာ
တိုင်းပြည်ကတော့ နုံချာသွားပြီ ။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
