Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Thursday, December 10, 2009

တိုက်တွန်း နိုးဆော်လွှာ

တိုက်တွန်းနိုးဆော်လွှာ


ပြည်သူ လူထုကြီးခင်ဗျား-

ကျွန်ုပ်တို့ အားလုံးသည် စစ်အစိုးရ အုပ်ချုပ် နေသည့် ကာလ တလျှောက်လုံး ဒုက္ခအဖုံဖုံ ၊ ဆင်းရဲမှု ပေါင်းများစွာမှ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး စစ်တပ်က ပေးလာနိုးနှင့် စောင့်မျှော်နေလို့ မရနိုင်တော့ပါ။

ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာ လုပ်နေသော ကြံ့ဖွံ့ စွမ်းအားရှင် အပါအဝင် မျိုးမစစ်တဲ့ စစ်သားများ၊ ပြည်သူကို ပြန်မကြည့်သော လုံထိန်းများ၊ ရဲများ နှင့် အရိုးအရင်း ကိုက်စားပြီး စစ်တပ် လုပ်သမျှ နောက်က လိုက်လုပ်နေသော နိုင်ငံရေးသမား များ ရှိနေသမျှ စစ်မှန်သည့် ပြောင်းလဲမှု့ ကျွန်ုပ်တို့ အားလုံး ရရှိခံစား နိုင်မည် မဟုတ်ပါ။

ထို့သို့ စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်ပေါ်လာဖို့ အတွက် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံးနှင့် ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများဟာ အဓိက အရေးပါသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

ကျွန်ုပ်တို့ နိုင်ငံ ပြောင်းလဲဖို့နှင့် ရပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနိုင်ကြဖို့ ကျွန်ုပ်တို့ ပြည်သူလူထု တရပ်လုံးမှ တောင်းယူလို့ မရနိုင်တော့ပါ။ စောင့်ယူလို့ မရနိုင်တော့ပါ။

တိုက်ယူမှ ရပေလိမ့်မည်။ ရကို ရရ မည်။

ထို့ကြောင့် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံး ပါဝင်သော လူထုလှုပ်ရှားမှုများအား တိကျခိုင်မာပြတ်သားပြီး ဝါရင့်၊ သမ္ဘာရင့် နိုင်ငံရေး သမားကြီးများ ပါဝင်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင် ဆင်နွဲသွားကြရန်အတွက် ကျွန်ုပ်တို့ အဖွဲ့မှ အထူးအလေးထား တိုက်တွန်း နိုးဆော် လိုက်ရပါသည်။

“မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ”

ဆက်သွယ်ရန်။       ။ www.thebestmanure.org
                           tbmmanure@gmail.com
                           tbmwaipl@gmail.com

အပြည့်အစုံသတင်းဖတ်ရန်....

Friday, November 6, 2009

AAPP သတင်းထုတ်ပြန်ချက်

aapp ထုတ်ပြန်ကြေငြာချက်
မျှဝေပေးသူ ဦးအောင်မျိုးသိန်း အားကျေးဇူးတင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 25, 2009

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့

jac table for demo

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 23, 2009

NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်

NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 17, 2009

AASYC မှ NLD ကြေငြာချက်အတိုင်း လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု ကြေငြာ

AASYC+Welcome+to+21st+ALD+Birthday+Announcement

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 11, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာတွင်ပါရှိသောအချက် ၅ ကိုလည်း ခွင့်ပြုရန်လို

DPNS Commentary 11 2009

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 8, 2009

ဂျပန်နိုင်ငံက မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ ဂျေအေစီ

ဂျေအေစီဟာ ကော်မတီ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် အင်္ဂလိပ်စကား Joint Action Committee (JAC) ပါ။ မြန်မာလိုဆိုရင် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဖြစ်ပါတယ်။ အဖွဲ့တွေက စုပေါင်းတိုင်ပင် ဆွေးနွေးကြတဲ့ ကော်မတီတခုပါ။

ကော်မတီ ဖြစ်နေလို့လည်း အသင်းအဖွဲ့လို့ ယူဆရင် မမှန်ပါဘူး။ အသင်းအဖွဲ့တွေကို စုစည်းပြီး လုပ်ငန်းစဉ်တရပ်ကို စုပေါင်းလုပ်ဆောင်ကြတဲ့ တပ်ဦး-မဟာမိတ်လည်း မဟုတ်ပါဘူး။

ပိုမိုအားကောင်းးပြီး ထိရောက်မယ့် လုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာစေချင်ရင် တဦး-တဖွဲ့တည်း လုပ်ဆောင်တာထက် အများနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ ဒီအခါမှာ ရည်မှန်းချက် တူညီကြတဲ့ အသင်းအဖွဲ့တွေ စုဝေးမိကြပါတယ်။ တိုင်ပင်ညှိနှိုင်းကြပါတယ်။ ပြီးတော့ အသင်းအဖွဲ့တွေ အားလုံးက တာဝန်ခံတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပါတယ်။ ဂျေအေစီဟာ ဒီသဘောနဲ့ ဖွဲ့စည်းထားတာဘဲ ဖြစ်ပါတယ်။

ကော်မတီ ဖြစ်တဲ့အတိုင်း အဓိကအားဖြင့် အစည်းအဝေးတွေ ကျင်းပပါတယ်။ အစည်းအဝေး တက်ရောက်ပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်မယ့်သူတွေကို ရွေးချယ်ထားရပါတယ်။ နောက်ထပ် အဓိက ကျတဲ့အချက်ကတော့ ဆွေးနွေးမယ့် အကြောင်းအရာ (Agenda) တွေကို ကြိုတင် သတ်မှတ်ထားရ တာပါဘဲ။ Agenda တွေဟာ ကော်မတီအနေနဲ့ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေဘဲ ဖြစ်ရပါတယ်။

အစည်းအဝေး တက်ရောက်သူတွေမှာ အဓိကအကျဆုံးသူက သဘာပတိ ဖြစ်ပါတယ်။ အစည်းအဝေး တက်လာသူ ကော်မတီဝင်အားလုံးကို သိနေရပြီး ဆွေးနွေးပွဲကို အဆင်ပြေအောင် ထိန်းညှိပေးရ ပါတယ်။ အစည်းအဝေး ဖြစ်မြောက်အောင် စီစဉ်ပေးရသူတွေလည်း ထားရှိရပါတယ်။ အစည်းအဝေး ကျင်းပမယ့် အချိန်၊ နေရက်နဲ့ နေရာကို ကြိုတင်အကြောင်းကြားထားရပါတယ်။ အစည်းအဝေး တခုလုံးနဲ့ ပတ်သက်ပြီးတော့လည်း မှတ်တမ်းတင်ရပါတယ်။

အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကော်မတီဝင်တွေဟာ လုပ်ဖို့လိုအပ်နေတဲ့ ကိစ္စတွေ အပေါ်မှာ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေလုပ်မလဲ၊ ဘယ်အချိန် လုပ်မလဲ အစရှိသဖြင့် ညှိနှိုင်း တိုင်ပင်တဲ့ အစီအစဉ်တွေအပေါ်မှာ ဆုံးဖြတ်ပေးရပါတယ်။

ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တာကတော့ ရွေးချယ်ခံထားရတဲ့ ကော်မတီဝင်တွေက ဖြစ်ပါတယ်။ ဒါကြောင့် ကော်မတီဟာ ဆုံးဖြတ်ချက်တွေအတွက် တာဝန်ရှိပြီး ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာတွေအတွက် သက်ဆိုင်သူ ကော်မတီဝင်တွေမှာသာ တာဝန်ရှိပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှာ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ လှုပ်ရှား နေကြတဲ့ အဖွဲ့အတော်များများ ရှိပါတယ်။ အချို့အဖွဲ့တွေဆိုရင် အဖွဲ့ဝင် ရာဂဏန်းတောင် ရှိကြ ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် တူညီပြီး လှုပ်ရှားပုံ အကြမ်းအားဖြင့် တူညီတဲ့ အဖွဲ့တွေဟာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်လာတဲ့အခါမှာ ဂျေအေစီမှာ ကော်မတီဝင်အဖြစ်နဲ့ ပါဝင်ကြပါတယ်။ အဖွဲ့တွေ ကနေ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး အစည်းအဝေးကို စေလွှတ်ပါတယ်။ ကော်မတီဝင် အချင်းချင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆုံးဖြတ်ပြီးမှ လုပ်ငန်းစဉ်ကို သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် အဖွဲ့တွေက မိမိတာဝန်ယူထားတဲ့အတိုင်း ပူးပေါင်းလှုပ်ရှားကြတာပါ။

ဥပမာတခုအနေနဲ့ဆိုရရင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူတချို့နဲ့ ဖွဲ့စည်းထားတဲ့ ဂျေအေစီက ပြီးခဲ့တဲ့ ၂၇-၉-၂ဝဝ၉ နေ့မှာ ရွှေဝါရောင် လှုပ်ရှားမှု ဒုတိယ နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ကို ကော်မတီဝင်တွေနဲ့ အနည်းဆုံး (၂) ကြိမ် တရားဝင် ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေး တွေမှာ အသေးစိတ် အစီအစဉ်တွေကို ဆုံးဖြတ်ပါတယ်။ အစီအစဉ် အကောင်အထည်ဖော်တာတွေကို ကော်မတီဝင် အဖွဲ့တွေက တာဝန်ယူရပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းမှာရှိကြတဲ့ နိုင်ငံရေး အသင်းအဖွဲ့တွေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းသူတွေက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကူညီပံ့ပိုးပေးနိုင်ရပါမယ်။

နိုင်ငံရေးမှာ တဦးတယောက်ကောင်း၊ တဖွဲ့ကောင်း လုပ်နေကြတာမျိုး မဟုတ်ပဲ အများသူငါ စုပေါင်း လုပ်ဆောင်ကြရင် ပိုပြီး အောင်မြင်နိုင်မှာဖြစ်တယ် ဆိုတဲ့အချက်ကို ဂျေအေစီက အလေးအနက် ယုံကြည်ထားပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း အမြဲတမ်း တလေးတစားနဲ့ အားထားယုံကြည်လျက် ရှိပါတယ်။

ဒီမိုကရေစီအရေး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့လူနေမှု အသိုင်းအဝိုင်းထဲက ဘယ်လိုအသင်းအဖွဲ့ကိုမဆို ပူးပေါင်းတိုင်ပင် ဆွေးနွေး လှုပ်ရှားကြဖို့ အမြဲတမ်း ကြိုဆိုလျက်ရှိကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။



JAC- information

Joint Action Committee of Burmese Community in Japan

在日ビルマー人共同行動実行委員会 (JAC) 参加団体

၉-၁ဝ-၂ဝဝ၉

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 5, 2009

တွေ့ ရင် သတင်းပေးကြပါ


-
.ရှမ်းပြည်နယ်က ကျောင်းသူလေး
********************************


ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး+ဒေါ်အေးခမ်း
အမှတ် (၁၉/365 )၊ အဝေရာလမ်း
ဖုန်း-082-23367

လားရှိုးမြို့။ ။

တောင်ကြီးမြို့ မှ နန်းယမင်း ဆိုတဲ့ကောင်မလေး ပျောက်နေလို့ ပါခင်ဗျာ..
ပျောက်သွားတာ ၄ ရက်မြောက်ရှိသွားပြီလို့ သိရပါတယ်
အဆောင်မှာ ဖျားလို့ တယောက်တည်း ကျန်နေရင်းကပျောက်သွားတယ်လို့ လဲသိရပါတယ် ..။
သူငယ်ချင်းတို့အနေနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရင်တောင်
နီးစပ်ရာသူငယ်ချင်းတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။

**တစ်ယောက်အားဖြင့် မစွမ်းသော်လည်း ၊ စုပေါင်းအားဖြင့်
အောင်မြင်နိုင်မည်**ဟုမျှော်လင့်မိပါတယ် ။။
-- ကိုငယ်--

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 4, 2009

နအဖခေါင်းဆောင်အား မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ကြောင်းကြေငြာချက်

ABMA 5.10.09
ဖြန့်ဝေသူ - မင်းသုည (ကွမ်းခြံကုန်း)

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 3, 2009

ဗကသ(ယာယီ)၏ ပြည်သူလူထုသို့ပန်ကြားချက် ၅ ချက်

bakatha 5

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 1, 2009

ဗန်းမော်မြို့ မြို့နယ်သံဃာနာယက အဖွဲ့ မှ သံဃာတော်များအား ပ၀ါရဏာပွဲမလုပ်ရဟုတားမြစ်ခြင်းသည် မြတ်စွာ ဘုရားရှင် ချမှတ်ထားသော ၀ိနည်းဥပဒေကို ချိုးဖေါက်

သံဃာတော်များအား ပ၀ါရဏာပွဲမလုပ်ရဟုတားမြစ်ခြင်း
ကိုခမိခဆဲမှမျှဝေသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 30, 2009

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်

၁။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ
(ယာယီလိပ်စာ) အမှတ် - ၈ - ရှင်စောပုဘုရားလမ်း၊ စမ်းချောင်း၊ရန်ကုန်မြို့။
၂။ အန်အယ်ဒီ ဗဟို အပါအဝင် မြို့နယ်၊တိုင်း ရုံးခွဲများ
၃။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီး များ
၎။ တပ်ရင်း တပ်ဖွဲ့များ/တိုင်း စစ်ဌာနချုပ်များ
၅။ ဝန်ကြီး ဌာနများ

ဦးဝင်းနိုင်၊ ဦးသုဝေ၊ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဦးဥာဏ်ဝင်း၊ သခင်ချန်ထွန်း တို့ပါ မကျန် စာအိပ်ပေါင်း(၇၅) အိပ် တိတိကို စာတိုက်မှ တဆင့် ဝေငှ ဖြန့်ဖြူး ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 27, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် ကြေငြာချက်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် ကြေငြာချက်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 25, 2009

စစ်အစိုး၏ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မည့် ၄၃ဦးစာရင်း

To: shwenanda




1. ဦးကိုကို 064-50410 / 09-2165036
2. ဦးကိုကိုနိုင် 01-580480
3. ဦးကျော်စိုးလင်း 01-244924
4. ဦးခင်မောင်ထွေး တဆင့် 064-24751
5. ဦးစိုးကြွယ် တဆင့် 01-629463
6. ဦးညိုမင်းလွင် 01-578503
7. ဦးညွန့်မောင် 01-244924
8. ဦးဌေးဝင်း တဆင့် 01-710553
9. ဦးတင်မောင်အေး 01-243633 / 09-5073452
10. ဦးတင်လှ တဆင့် 01-593259
11. ဦးတင်ဟန် တဆင့် 064-24751
12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109

13. ဦးနေမျိုးဝေ 09-8610719
14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083
15. ဦးမြင့်အောင် 01-645001
16. ဦးရဲမင်း တဆင့် 02-57618 / 02-57109
17. ဦးလှမြင့် 068-21398
18. ဦးဝင်းဇော် 064-24259 / 09-2201141
19. ဦးသန်းမင်းစိုး တဆင့် 01-291375
20. ဦးသန်းအေး တဆင့် 09-8590990
21. ဦးသိန်းတင်အောင် 01-682581
22. ဦးအုန်းလွင် 01-296693 / 09-5197648
23. ဦးအောင်ဘွား 01-296693 / 09-5197648
24. ဦးအောင်မျိုးဥိး 01-500610
25. ဦးအောင်သန်းတင့် တဆင့် 063-50642
26. ဦးကျော်မြင့် 09-5333193
27. ဦးသုဝေ 09-5084963
28. ဦးကြည်ဝင်း 01-637076
29. ဦးရဲထွန်း ( အငယ် ) 01-556554
30. ဦးသိန်းကြည် 063-50641
31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307
32. ဦးလှသိန်း 01-504882
33. ဦးငြိမ်းမောင် 01-504882
34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669
35. ဦးတင်ထွန်းမောင် 01-540987
36. ဦးဌေး 09-8534539
37. ဦးရွှေအုံး 01-510541 /01-510764
38. ဦးတင်အုံး တဆင့် 01-662461
39. ဦးတင်ဝင်း 045-48321
40. ဦးဘိုမောင်း တဆင့် 01-553869
41. ဦးမျိုးသန့် တဆင့် 09-6570445
42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173
43. ဦးတင်စိုး 01-504882


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, September 24, 2009

NLD အထူးကြေငြာချက်အမှတ် - ၅ / ၀၉ / ၀၉

NLD 23.9.2009
ကိုရွှေနန္ဒမှ ပေးပို့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, September 10, 2009

မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန် ကြေငြာချက်များ



အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, September 8, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန် ကြေငြာချက်

အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 4, 2009

တိုက်တွန်းနှိုးဆော်ခြင်း

တိုက်တွန်းနှိုးဆော်ခြင်း

၀၄။၀၉။၂၀၀၉

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

န အ ဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆို ထားသော ……………

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့ သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်း မရှိသေးပါ။

ထို့အပြင် သံဃာတော် များအား ဆက်လက် ထပ်မံ ဖမ်းဆီး နေခြင်း မှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များ ဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော…… မတရား ဖမ်းဆီးထားသော သံဃာတော် များအား ချက်ချင်း လွတ်ပေးရန်၊ သံဃာတော်များ အပေါ် နှိပ်စက် သတ်ဖြတ် စော်ကား မှူများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ် လပြည့် (မဟာ ပ၀ါရဏနေ့) တွင် န ဖ အ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည် ဖြစ်ပါသောကြောင့် ရဟန်းရှင် လူ ကျောင်းသားပြည်သူများက ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

မြတ်ဗုဒ္ဓ၏ ဓမ္မ အောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သပိတ် ကော်မတီ အဖွဲ့

အပြည့်အစုံသတင်းဖတ်ရန်....

Friday, August 28, 2009

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်ပူးပေါင်း ဆောင်ရွက်လိုက်ပြီ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, August 25, 2009

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ
သြဂုတ်၂၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ စံပြ ၊ ဖဆပလ ၊ ကန်တော်ကလေး ၊ ဒဂုံ ၊ မြောက်ဥက္ကလာပ နှင့် ဗဟန်း မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွှတ်ပေးရန် ဆေးမှုတ်၍ တောင်းဆိုသည့် လှုပ်ရှားမှုများ ပြုလုပ် ခဲ့ပါသည်။

ပြည်သူများနှင့် လူငယ်ထု မှလည်း နအဖစစ် အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား မတရား ထောင်ချရန် လုပ်ကြံ ဇာတ်ခင်း၍ ကြိုးစားနေခြင်းကို တတ်နိုင်သည့် နည်းလမ်းများဖြင့် ကန့်ကွက် ရှုတ်ချသွားကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

=========================================================================================================

On AUG 25th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi. Actions happened at key crowded places in Yangon, Burma: PhaSaPaLa, San Pya, Dagon, Bahan & North Oakkalarpa Townships. We also want to encourage people and especially youth of Burma to do all they can to take actions for the release of Daw Aung San Suu Kyi

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်