Tuesday, August 11, 2009
Wednesday, May 27, 2009
အမေစု၏ ချေပချက်
အမှတ်-၉၇၊ခ အနောက်ရွှေတဂုံလမ်း
ဗဟန်းမြို့ နယ် ၊ ရန်ကုန်မြို့ 
၁၃၇၁ ခုနှစ် နယုန်လဆန်း (၄)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချု ပ်၏ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု နှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြီးအပြည့် စုံမှာ အအောက်ပါအတိုင်းဖြစ်သည်။
(စ) ၁။ အထက်အမည်ပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောက်ရှောက်သည့် ဥပဒေပုဒ်မ- ၂၂ ဖြင့် လည်းကောင်း ထိုသို့ ဖေါက်ဖျက် ကျူးလွန်းခြင်းကို အားပေးကူညီခဲ့ သော ဒေါ်ခင်ခင်ဝင်း (ဘ) ဦးတင်အုန်း၊ မ၀င်းမမ (ဘ) ဦးဥာဏ်လင်းနှင့် Mr. John William Yettaw တို့ (၃)ဦးတို့ အား ယင်းဥပဒေပုဒ်မ-၂၂ ပြစ်မှုတိုင်ရာဥပဒေပုဒ်မ- ၁၀၉ အရလည်းကောင်း အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့ မှ ဒုရဲမှူးကြီးဇော်မင်းအောင်က ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းသို့ ( ၁၁-၀၅-၂၀၀၉) တွင်တိုင်ကြားခဲ့ သော အမှု ဖြစ်ပါသည်။
၂။ Mr. John William Yettaw သည် ကျွန်မ၏နေအိမ် ခြံဝင်းအတွင်းသို့  ရောက်ရှိခဲ့ သောကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော (၃၀-၁၁-၂၀၀၈) ရက်နေ့  ရောက်ရှိခဲ့ ခြင်းကို ကျွန်မနှင့်အတူနေသူ ဒေါ်ခင်ခင်ဝင်ထံမှ တဆင့်ကြားသိရပါသည်။ (၄-၁၂-၂၀၀၈) ရက်နေ့ တွင် ဆေးစစ်ရန်ရောက်ရှိလာသူ ဒေါက်တာတင်မျိုးဝင်းမှတဆင့်  ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပေးပို့ ခဲ့ ပါသည်။ အာဏာပိုင်များက အဆိုပ်ကိစ္စအတွက် ကျွန်မတို့ ထံသို့  စုံစမ်းမေးမြန်းခြင်း မလုပ်ခဲ့ ကြပါ။ အရေးယူဆောင်ရွက်သည်ဟုလည်း ကြားသိရခြင်း မရှိပါ။ ဤကဲ့ သို့ ခြဲဝင်းအတွင်း လူဝင်ရောက်ခဲ့ သည့် ကိစ္စများတွင် အာဏာပိုင်များထံသို့  ချက်ချင်းသတင်းပို့ ရမည်ဟု သတိပေးဖူးခြင်းလည်းမရှိပါ။
ဒုတိယအကြိမ် Mr. John William Yettaw ရောက်ရှိခဲ့ ခြင်းကို (၀၄-၀၅-၂၀၀၉)ရက်နေ့  နံနက်ပိုင်းတွင်မှ တွေ့ ရှိရပါသည်။ ကျွန်မက ပြန်ထွက်သွားရန်ပြောကြားခဲ့ ပါသည်။ ၄င်းက မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျင်ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်လျင် ပြန်ပါမည်ဟု ပြောပါသည်။ သို့ သော်ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ တညအိပ်ခွင့် ပေးရန်မေတ္တာရပ်ခံခဲ့ ပါသည်။
၃။ ယခုအချိန်တွင် များစွာသော ကျွန်မ၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဘက်များသည် ဥပဒေ၏ကာကွယ်မှူနှင့် သက်ညှာမှူတို့ ကို မခံစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ ကြောင့်ကျွန်မအနေဖြင့်  မည်သူ့ ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်မခံစေရန် တွန်းမပို့ နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလုံခွင့် တောင်းသည်ကို ခတ္တခိုလုံခွင့်  ပေးခဲ့ ခြင်း ဖြစ်ပါသည်။
၎။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည် ၄င်း၏ရည်ရွယ်ချက်မှာ မည်သို့ မည်ပုံဖြစ်သည်မှာ ကျွန်မအတွက် အရေးမပါ ပါ။ ကျွန်မ၏ နိုင်ငံရေးခံယူချက်အရသာဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်မှူကိစ္စနှင့်စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့ တွင် ဒေါက်တာတင်မျိုးဝင်းလာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ ပါသည်။ သို့ သော် (၇-၅-၂၀၀၉) နေ့ တွင် ရဲတပ်ဖွဲ့ ဝင်များသာရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့် မရခဲ့ ပါ။
၅။ ကျွန်မသည်နိုဝင်ဘာလ (၃၀)ရက်နေ့ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ ရာတွင် ကြီးသည့် အမှူငယ်စေရန်နှင့် ငယ်သည့် အမှူပပျောက်စေရန် ခြံအတွင်းသို့  ၀င်ရောက်ခဲ့ သူအားလည်းကောင်း၊ ခြံလုံခြုံရေး ယူထားရသော တပ်သားများအားလည်းကောင်း၊ မလိုအပ်ဘဲ မထိခိုက်စေလိုသောဆန္ဒဖြင့် ပြုလုပ်ခဲ့ ပါသည်။ ဤလုပ်ဆောင်ချက်နှင့်ပါတ်၍ သက်ဆိုင်ရာက ကန့် ကွက်ခြင်းဝေဖန်ခြင်း တစုံတရာမပြုလုပ်ခဲ့ သောကြောင့် ၎င်းတို့ သည် ကျွန်မလုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။
တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျွန်မ၏နေအိမ်ခြံဝင်းလုံခြုံရေးအတွက် အာဏာပိုင်နှင့်  ကျွန်မတို့ ပူးတွဲတာဝန်ရှိသည်ဟု ထွက်ဆိုခဲ့ ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝမမှန်ကန်ပါ။
၆။ ကျွန်မအပေါ် စွဲဆိုထားသည့်  နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်  ဥပဒေပုဒ်မ-၂၂ အရ တားဆီးမိန့် ၊ ကန့် သတ်မိန့် များကို ချိုးဖေါက်သည်ဟုစွပ်စွဲ ထားပါသည်။
(က) ယခုရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ သက်သေခံ ဆက်လက်တားဆီးမိန့် များအရ စည်းကမ်းချက်များကို ကျွန်မက ဖေါက်ဖျက်ခြင်းမရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။
(ခ) ကန့် သတ်မိန့် မှာ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့ စည်းပုံဥပဒေပါ မူလအခွင့်အရေးကို ကန့် သတ်မှူ(သို့ )ရုပ်သိမ်းမှူဖြစ်ကြောင်း တရားလိုဘက်ကထွက်ဆိုခဲ့ ကြပါသည်။ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့် နေ့ မှစ၍ အာဏာတည်ခြင်းမရှိ၊ပြိုကျပျက်စီးသွားပြီဖြစ်ပါသည်။ အာဏာတည်ခြင်းမရှိသည့် ဥပဒေ၏ပုဒ်မများအရ ကန့် သတ်မိန့် မှာလည်း တရားဝင်မှူ မရှိပါ။
(၇) ယခုအမှူဖြစ်ပွားရသည့်  အရင်းခံအကြောင်းအရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့ မဟုတ် လုံခြုံရေးဖေါက်ဖျက်မှု ဖြစ်သော်လည်း၊ ယခုချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျွန်မကို သာအရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(၈) ကျွန်မသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ကျွန်မ၏ တင်ပြချက်ကို တင်သွင်းပါသည်။ (ဆုံး)
ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ တို့ ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရန်ကုန်မြို
Rest of your post
Aung San Suu Kyi the first respond on her new trail 27 may 09 in Burmese language
Monday, March 9, 2009
ရေမီးလှုပ်ရှားမှု
တော်လှန်ရေးမောင်နှမများခင်ဗျား
မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ လက်ရှိကြုံတွေ့ခံစားနေရသော ရေမီး မရရှိသည့်ဒုက္ခမှာ အခြေခံကျောင်းသားများ စာမေးပွဲ ရက် အတွင်းပိုမို ဆိုးဝါးလာပါသည်။
ရေမီး ပုံမှန်မရရှိမှုကြောင့် မိဘပြည်သူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ပိုမိုကျပ်တည်းပြီး ဆုံးရှုံးနစ်နာကြရပါသည်။
ထို့အပြင် လာလိုက်ပျက်လိုက် အမျိုးမျိုးပြောင်းလဲနေသော အင်မတန်ဆိုးဝါးသည့် မီးပေးစနစ်ကြောင့် ၀ါယာရှော့ခ်များ မကြာခဏ ဖြစ်ကာ မီးလောင်မှုများလည်းဆက်တိုက်ဆိုသလို ပေါ်ပေါက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယခုကဲ့သို့ အခြေခံစားဝတ်နေရေးကိစ္စဖြစ်သော ရေမီးကိုပင်ပြေလည်အောင် ဖြေရှင်းမပေးနိုင်သော အာဏာရှင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ငုံ့ခံ မနေပဲ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဆင်နွှဲကြရန်အ သင့်ပြင်ထားဖို့ လိုအပ်ပြီဖြစ် ကြောင်း ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ ပိုစတာလှုပ်ရှားမှု၊ နံရံဆေးမှုတ်လှုပ်ရှားမှုများကို မတ် လ ၇ရက် ၂၀၀၉ တွင် ရန်ကုန်မြို့တွင်းတွင်ပြုလုပ်ခဲ့ကြောင်း အသိပေးအပ်ပါသည်။
--
regards
moethway
Generation Wave
http://www.generation-wave.co.cc/
Water and Electric Final A4
Water and Electric Final
Tuesday, March 3, 2009
Sunday, March 1, 2009
Saturday, February 28, 2009
Friday, February 27, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
"အမိမြန်မာပြည်ကိုချစ်မြတ်နိုးကြသော ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားများခင်ဗျား "
- အမိမြန်မာပြည်တွင် စစ်အာဏာရှင်များ လက်တွင်းမှာ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်း ခံထား ရသော ။ သံဃာတော် အရှင်သူမြတ်များ ။ ဦးတင်ဦး ။ ဒေါ်အောင်ဆန်းစုကြည် ။ ဦးခွန်ထွန်းဦး ။ ကိုမင်း ကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ။ လက်မှတ်ရေးထိုး တောင်းဆို မူကို ယနေ့ မှစတင်၍ မေလ နောက်ဆုံးပတ် တိုင်ထိအောင် ။ ကမ္ဘာ့ နိုင်ငံအသီးသီ့း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။ မိမိတို့ သဘောအစစ်အမှန်ကို ဖော်ထုတ်ပြသ ရေးထိုး ထား သည့် လက်မှတ်များအားစုစည်း၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ ခေါင်းဆောင် များ ထံ ပေးပို့ ကာ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းရပ်တည် ဆောင်ရွက် ပေးကြရန် ။ မေတ္တာရပ်ခံ တင်ပြသွားမည်ဖြစ်ပါသည် ။ သို့ ဖြစ်ပါ၍ ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် ဒီမိုကရေစီ ချစ်မြတ်နိုးသူတိုင်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လေးစားစွာဖြင့်အသိပေးနိုးဆော်လိုက်ပါသည် ။။
“အမေရိကားရောက်မြန်မာဒီမိုကရေစီအင်အားစုများ”
http:// www.ipetitions.com/petition/assk
( THIS IS ON LINE SIGNATURE)


Thursday, February 26, 2009
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၂၇.၂.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
Tuesday, February 24, 2009
ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဒေါက်တာမောင်မောင်လတ် (ခေါ်) ဒေါက်တာလှိုင်နီ ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်းထုတ်ပြန်ချက်
နေ့စွဲ၊ ၂၄-၂-၀၉
ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်အောင်နှင့် ဒေါ်လှိုင်လှိုင်တို့၏သား၊ ရန်ကုန်တိုင်း၊ သာကေတ မဲဆန္ဒနယ်မြေ အမှတ် ၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှိုင်နီ (ခေါ်) ဒေါက်တာ မောင်မောင်လတ် သည် ၂၃ ဖေဖော်ဝါရီ ၂ဝဝ၉ မနေ့က ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ထုတ်ပြန်အပ် ပါသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှိုင်နီ သည် ၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူလူထုက လေးစား-ချစ်ကြည်-အားကိုးစွာ ရွေးချယ်ပေးခြင်းခံခဲရပြီး၊ လူထုအကျိုး၊ အဖွဲ့ချုပ်ဝင် များ၏အကျိုးကို သတ္တိရှိရှိ၊ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သူ တဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
ဒေါက်တာလှိုင်နီ ကောင်းရာသုဂတိလားပါစေ။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ။
Friday, February 20, 2009
Thursday, February 19, 2009
Tuesday, February 17, 2009
စာမကပ်ခင်...ခွေးတွေ ရှိမရှိ အရင်ကြည့်
● 2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊ မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊ စာဖြန့် ခြင်း၊ စာကပ်ခြင်းများ၊ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊ အရံမီးသတ်များ၊ ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင် ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊ ညွှန်ကြားချက်တွင်
၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊ ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊
၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။
၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊
၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊
၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊
၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံ ရမည်ဖြစ် ကြောင်းသိရှိရပါသည်၊
● မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များ သုံးပြီး၊ ၀ါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊
● မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊
တော်လှန်ရေးမောင်နှမများခင်ဗျား
အောက်ပါသတင်းကို ကျေးဇူးပြုပြီးလက်ဆင့်ကမ်းဖြန့်ဝေပေးစေချင်ပါတယ်။
regards
moethway
Generation Wave
http://www.generation-wave.blogspot.com/
Thursday, February 12, 2009
သခင်အောင်ဆန်း၏မွေးနေ့ မှာ လုပ်စရာရှိတယ်


တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ
ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည် သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။
ယခုလှုပ်ရှားမှုကို ၂၀၀၈ နိုဝင်ဘာလမှစတင်ပြီးတိတ်တဆိတ်လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။
မြန်မာပြည်တွင်းနေ့စဉ်အသုံးပြုနေသော ငွေစက္ကူများပေါ်တွင် သခင်အောင်ဆန်းပုံများကို ရိုက်နှိပ်ပြီး လက်လှမ်းမီသမျှဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။
--
Monday, February 9, 2009
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဂျပန်အစိုးရအား တောင်းဆိုဆန္ဒပြပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး
အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ
ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင်တောင်းဆိုဆန္ဒပြကြမည်ဖြစ်ပါသောကြောင့်အောက်
ပါအတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊
နေ့စွဲ ----- ၁၂ - ၂ - ၂၀၀၉ ( ကြာသာပတေးနေ့ - (၆၂နှစ်မြောက်ပြည်ထောင်စုနေ့ )
အချိန် ----- ညနေ ၃း ၀၀နာရီ မှ ၄း ၀၀ နာရီအထိ
နေရာ ------KASUMIKASEKI EKI (A-4 , A-8)ထွက်ပေါက်အနီးရှိ
ဂျပန်နိုင်ငံခြားရေးရုံးရှေ့
လမ်းညွှန် --- MARUNOUCHI LINE , HIBIYA LINE , CHIYODA LINE
ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။
၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၈၀-၂၀၁၆-၄၇၇၈ ။ ၀၉၀-၃၉၁၇-၆၃၅၄ ။ ၀၈၀- ၆၅၀၇-၃၈၀၇
သတင်း ဆန်နီ
Thursday, February 5, 2009
Sunday, February 1, 2009
ဖြေရှင်းချက်..ကျေညာချက်များ..
စာဖတ်သူတွေ ကိုယ့်ဖာသာစဉ်းစားပေါ့ဗျာ. ဘယ်သူုမှန် ဘယ်သူမှား..
၃၁-၁-၀၉
အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေး-ငြင်ခုံမှုများ ရှိခဲ့ သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူ-ဆက်ဆံ-ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂ္ဂနေရာစိန်ခေါ်ရေး (Credential Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credential Challenge) ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှ အမှန်ပင်ဖြစ်သည်။
ထို့နောက် လျှို့ဝှက်မဲဖြင့် ရွေးခံရသည့်ဝန်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာဖြစ်ခြင်းကြောင့် (Credential Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှုဖြစ်စရာအကြောင်းလုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျားအများစုဆန္ဒ္ဒမဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ရှေ့မှောက်တွင်ပင် ကတိသစ္စ္စာ ဆိုခဲ့ကြသည်လည်းဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဖြည့်စွက်ချက်။
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် မဲ (၂၂)မဲရရှိပြီး Credential challenge လုပ်လိုသည့်ဘက်မှ ဝန်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀)မဲ ရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂)မဲဖြစ်၍ ဝန်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။
--
NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
Ph: (+66)(0)55-532847
Fax: (+66)(0)55-532847
www.ncgub.net
Wednesday, January 21, 2009
ခေတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ်
ပြည်တွင်းက လူငယ်ရဲ့ အသံ
အမှန်ပြောရင် အဲ့လိုကန်ကြလား
ပြောရပြီ။ ဖြစ်ရပ်တခုအပေါ် အနက်ကောက်ယူမှုတွေ အမျိုးမျိုးထွက်လာကြတယ်။
ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground ထွက်တဲ့သီချင်းကိစ္စပဲ။
လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ ပါတဲ့ hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။
ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊ အောက်တန်းကျတဲ့သီချင်းတွေ၊ စာရိတ္တပျက်စီးစေတဲ့ သီချင်းတွေ၊ မိန်းကလေးတွေ နားမထောင်သင့်တဲ့သီချင်းတွေလို့ ပိုးစိုးပက်စက်ဝေဖန်ကြတယ်။ ကျွန်တော်ပြောချင်တာတွေတချက်ချင်းထောက်ပြချင်ပါတယ်။
၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။
ဒီသီချင်းတွေမှာပါတဲ့စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား
သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့စကားလုံးတွေပဲ
မဟုတ်ဘူးလား။
လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက စကားလုံးတွေပဲမဟုတ်ဘူးလား
ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။
၂ အောက်တန်းကျတဲ့သီချင်းတွေ
လူငယ်တွေနေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို အမှန်အတိုင်းပြောရင်အောက်တန်းကျသလား။ အမှန်ကိုမျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး
အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား
၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ
သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် လက်တွေ့ကြုံ
ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ သီချင်းကစာရိတ္တကိုဖျက်တာလား။
စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။
၎ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ
မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲပတ်သက်ကြတော့
မိန်းကလေးတွေရဲ့အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ စောက်ရေးမပါတာလို့ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။
မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ
အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာတကယ်မရှိနေတာတွေလား။
နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက်ပြောနေကြတာမဟုတ်ဘူးလား။
အဓိကအကြောင်းရင်ကိုရှာကြမယ်ဗျာ။အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ
ခဏချထား မြေကြီးအကြောင်းအရင်စဉ်းစားစို့။
လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။
သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။
သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကိုပျက်စီးစေနေတာလား။
မိန်းကလေးပြည့်တန်ဆာတွေဘာလို့ပေါလာတာလဲ။
ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။
ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။
ကလပ်တွေ၊အနှိပ်ခန်းတွေ၊ပြည့်တန်ဆာရုံတွေကို ဘယ်သူတွေအဓိကဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။
ဂျောက်ဂျက်ကိုလေးစားတယ်။မြင့်မြတ်လို့မဟုတ်ဘူး။သူရဲကောင်းတယောက်လို့လည်း
မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။
ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။
တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့်
မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့
ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။
“လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ”
လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း မသိဟန်ဆောင်ထားကြတုန်းပဲ
ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး
ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့ မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။
တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ ခင်ဗျားတို့ ကျုပ်တို့တွေမဟုတ်ဘူးလား။
လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ…..
သူတော်စင်စကားတွေသိပ်မပြောကြနဲ့…....
ပြည်တွင်းက ပြန်လာတဲ့ ပြည်ပရောက် လူငယ်ရဲ့ အသံ
ဟစ်ဟော့ ဆောင်းပါးနဲ့ ပါတ်သက်လို့ ပြည်ပမှာလွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြတာတွေ့ ရတဲ့ အတွက်ဝမ်းသာပါတယ်.....
တကယ်တော့ မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ မျက်စိ၊ နား၊ ဒွါရခြောက်ပေါက်အပိတ်ခံထားရတာပါ။ ကျွန်တော်မြန်မာပြည်ထဲမှာ ၂လနီးပါးခရီးသွားခဲ့တာပါ။ မြန်မာပြည်ထဲက လူငယ်တော်တော်များများက ကျား၊မ မရွေး နှစ်နှစ်ခြိုက်ခြိုက် နားဆင် နေကြတာ တွေ့ ရပါတယ်။ သူတို့ တွေရဲ့ ဘ၀တွေကို အစိတ်အပိုင်းတော်တော်များများ ရောင်ပြန်ဟပ်လို့ ပါပဲ။
ကျွန်တော်ဆိုလိုတာကတော့ မလွတ်လပ်တဲ့ဘ၀တွေမှာ သူတို့ တွေကို အနုပညာကိုတစ်ခုတည်းသောထွက်ပေါက်အနေနဲ့ လွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပါ။ ပြည်ပကလူတွေအနေနဲ့ သူတို့ ကပို့ ပေးတဲ့ message အဖြစ် နားထောင်ပေးပါ၊ သူတို့ ဘ၀တွေကိုလေ့လာပါ။ ဒီနည်းနဲ့ ပြည်ပကကျွန်တော်တို့ တွေ အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းကောင်းတွေရှာဖွေနိုင်ပါလိမ့်မယ်။
စာကြွင်း။ ။ သူတို့ ဟာ ဟစ်ဟော့ဦးဆောာင် အက်ဆစ်၊ ဒုတိယမျိုးဆက် ရသ နဲ့ ဂျေမီတို့ ကိုလည်း ပြစ်ပယ်မထားပါဘူး။
ကျွန်တော်တည့် ပဲပြောမယ်နော်.... စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ ဟဲလေးလို ကောင်မျိုးတွေကို စာရင်းထဲတောင် ထည့်မထား ပါဘူး။ ဒါတွေကိုပြည်တွင်းကလူငယ်တွေပဲ အသိဆုံးပါ။ မြန်မာနိုင်ငံ နယ်စပ်မဟုတ်တဲ့ မြို ပြတွေမှာပိတ်မိနေတဲ့ ကျွန်တော်တို့လူငယ်တွေ ကို ပါးစပ်တွေဝိုင်းပိတ်နေကြမယ့် အစား ပြည်ပကလူတွေနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းပါရစေ။
လေးစားစွာဖြင့်
သူရိန်
Saturday, January 10, 2009
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
- မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၁ နှစ် ပြည့်...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- 2010 Calendar
- သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်...
- မဆူပါနဲ့အဖေ..တားတား ရင်တုန်တတ်လို့ ပါ
- မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak ...
- နိုင်ငံခြားသားတောင် လေးစားခံရသော မြန်မာပြည်၏ မိခင...
- နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်
- Silence and Fear
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှ...
- ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့
- သခင် အားရ ကျွန်ပါးဝ..
- မလေးရှား ထိန်းသိမ်းရေး စခန်း အတွင်း သေဆုံးမှုများ ဆ...
- အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျေ...
- စစ်သားလုပ်စားချင်သလား..သူတောင်းစားကတောင် သနားတယ်.....
- ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..
- မင်းတို့  အသက်တွေ ဖက်နဲ့ထုတ်ထားဖို့ သာပြင်။။
- အဆိပ်လည်း အစာ..
- တိုက်တွန်း နိုးဆော်လွှာ
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
- ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် လူ...
- သူကြောက်နေတာက ဒါ..
- ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ...
- ဘိန်းချက်နေတဲ့အစိုးရ..ဘော်ချက်နေတဲ့ နအဖ..ဆန်မှုန် ...
- အောင်ကြည်ရေ..သူ့ ကိုငါကြောက်တယ် မင်းဘဲ ရှေ့ ထွက်မင...
- ပူးတွဲကျေညာချက် အမှတ် ၈ (၂၀၀၉)
- အရှောင်အတိမ်း..ဂျက်ဆီသိန်းစိန်..
- မောတော့ မောတာပေါ့..ပြောင်က လည်း ပြောင်နေပြီ..
-
▼
December
(180)
