Sunday, February 1, 2009

ဖြေရှင်းချက်..ကျေညာချက်များ..

ကျနော်တော့ ညီလာခံမတက်ရလို့  ဘယ်သူခေါင်းကွဲ ဘယ်သူထိပ်ပြဲလည်းသိဖူးဗျ..နအဖ ကြိးကတော့ ကျနော်ထဲ့တဲ့ မဲ ကို ဖြူလိုက်တာကပေါ်တင်ကြီးဘဲ..
စာဖတ်သူတွေ ကိုယ့်ဖာသာစဉ်းစားပေါ့ဗျာ. ဘယ်သူုမှန် ဘယ်သူမှား..
တရားခံရော..တရားလိုပါ ရုံးတော်မှာ သူ့ အမှားပါ။ ကိုယ်မမှားဖူး ပြောကြတာထုံးစံပေါ့။ အခုတော့ မြန်မာပြည်မှာက မလုပ်လည်း အမြင်ကပ်ပုဒ်မ နဲ့ထောင်ချ နေတာ ဆိုတော့ ဘယ်ဘက် ယုံရမှန်း မသိဖူးဗျ ။
ဘယ်သူတက်တက် .ဒီဝန်ကြီးချုပ် ဒီတခါအလုပ်လုပ်ရင်ပြီးရောပေါ့။ အလုပ်မလုပ်လို့ ကတော့ နောက် အနှစ် ၂၀ သေသည်အထိ သူရာထူးက ပြည်မဲ့ ၀န်ကြီးချုပ်ဘဲ ဖြစ်နေမှာပါ။ မှားတယ် မှန်တယ် ပြဿနာထဲ..ကျနော်တော့ မပါပါရစေနဲ့ .. ချင့်သာယုံကြပေါ့

၃၁-၁-၀၉

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေး-ငြင်ခုံမှုများ ရှိခဲ့ သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူ-ဆက်ဆံ-ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂ္ဂနေရာစိန်ခေါ်ရေး (Credential Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credential Challenge) ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှ အမှန်ပင်ဖြစ်သည်။

ထို့နောက် လျှို့ဝှက်မဲဖြင့် ရွေးခံရသည့်ဝန်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာဖြစ်ခြင်းကြောင့် (Credential Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှုဖြစ်စရာအကြောင်းလုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျားအများစုဆန္ဒ္ဒမဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ရှေ့မှောက်တွင်ပင် ကတိသစ္စ္စာ ဆိုခဲ့ကြသည်လည်းဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

ဖြည့်စွက်ချက်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် မဲ (၂၂)မဲရရှိပြီး Credential challenge လုပ်လိုသည့်ဘက်မှ ဝန်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀)မဲ ရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂)မဲဖြစ်၍ ဝန်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။
--
NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
Ph: (+66)(0)55-532847
Fax: (+66)(0)55-532847
www.ncgub.net

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်