Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Wednesday, November 25, 2009

ဦးခွန်မြင့်ထွန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအကြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်

(ညာအစွန်) ဦးခွန်မြင့်ထွန်း ဂျပန်နိုင်ငံ ရွှေဂုံတိုင်စာတမ်း နှီးနှောဖလှယ်ပွဲ တက်ရောက်လာစဉ်
သို့ 
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ (၂၉) ရက် နေ့  တွင် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွှန့် ပေါင်းအစိုးရ (NCGUB) အလုပ်သမားဝန်ကြီးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား တွေ့ဆုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ ရက် - ၂၉-၁၁-၂ဝဝ၉ (တနင်္ဂနွေနေ့ )
အချိန် - နံနက်-၀၉ နာရီမှ ၁၁ နာရီခွဲအထိ
နေရာ - တာကာဒါနိုဘာဘာ ဘူတာအနီး- RECYCLE CENTER ၏နောက်တိုက်

ဆက်သွယ်ရန် -
Ko Than Swe – ၀၉၀-၄၉၆၄၉၇၁၈, Ko Mai Kyaw Oo –၀၉၀-၉၈၃၁၇၁၉၂, Ko Hla Aye Maung –၀၉၀-၂၅၂၅၁၉၆၆, Ko Ko Aung –၀၉၀-၁၅၀၆၂၈၉၃, Ko Lwin Aung Soe – ၀၉၀-၆၅၀၅၆၈၅၈, Ko Phone Hlaing - ၀၉၀-၅၃၁၈၅၀၅၄

လေးစားစွာဖြင့်
ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ဂျပန်)
ဂျေအေစီ
JAC- Information

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 23, 2009

ခက်တယ်

စာဖတ်သူများအတွက် ကိုကောင်းကင်ကိုရဲ့ ကဗျာတပုဒ်ကို မျှဝေပေးလိုက်ပါသည်။

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

ကောင်းကင်ကို

အပြည့်အစုံသတင်းဖတ်ရန်....

Friday, August 28, 2009

ABSFU

Statement2ofabfsu 09 Bur


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်တွေက တဖုံ ကျောင်းသားတွေကို ဥပါဒ်ပေး

သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 18 နာရီ 01 မိနစ် မဇ္ဈိမ သတင်း

ပိုက်ဆံမပေးရင် စာမေးပွဲ ပေးမဖြေဘူးရှင့်
သို့

အယ်ဒီတာရှင့်

ပဲခူးမြို့ အမှတ် ၂ အထက ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားရွှေက ဒီလကစပြီး ကျောင်းသားတွေဆီမှာ ကျောင်းအိမ်သာ ပြင်ဖို့ဆိုပြီး ပိုက်ဆံကို မတော်မတရား ကောက်ခံနေပါတယ်။

အိမ်သာပြင်ဖို့က သိန်း ၂၀ ကျော် ကုန်ကျမယ်လို့ဆိုပြီးတော့ ၉-၁၀ တန်း ကျောင်းသားတယောက်ကို ကျပ် ၄၀၀၀ကောက်ပါတယ်။ ၈ တန်းကနေ အငယ်တန်းတွေအထိ တယောက်ကို ကျပ် ၃၀၀၀ စီပါ။ မပေးနိုင်တဲ့ ကျောင်းသားတွေကို စာမေးပွဲ ပေးမဖြေဘူးလို့လည်း ဆိုပါတယ်ရှင့်။

အတန်းပိုင်ဆရာမ တယောက် ပြောပြတာက အထက်ကနေ အိမ်သာပြင်ဖို့အတွက် ၂၂ သိန်း ချပေးတယ်တဲ့။ ဒါကို တခြား ကျောင်းသားမိဘတွေလည်း သိပါတယ်။ သူတောင်းတဲ့ပိုက်ဆံ မပေးနိုင်တဲ့ ကျောင်းသားမိဘတွေကို ရုံးခန်းမှာ ခေါ်ဆူတာလည်း ရှိပါတယ်။

မပေးနိုင်တဲ့ ကျောင်းသားတွေကတော့ အတန်းထဲမှာ မျက်နှာငယ်ပြီး၊ တနေ့တနေ့ ဆရာတွေကတဆင့် အပြောခံနေရလို့ စိတ်မချမ်းသာကြရပါဘူး။

မခံမရပ်နိုင်ဖြစ်နေတဲ့

မိခင်တဦး

ပဲခူးမြို့

အပြည့်အစုံသတင်းဖတ်ရန်....

Monday, August 24, 2009

သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စနစ် အောက်မှ ကလေးငယ်များ

စောကျော်ခွီ နားခိုရာ ဘလော့ခ်မှ တဆင့် ဖြန့် ဝေပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, August 22, 2009

တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊

မိတ်ဆွေတို့...

တိုက်ပွဲဝင်ဖို့နိုင်ငံသားတွေနှိုးထလော့၊ကျွန်စိတ်ဖျောက်၍သခင်စိတ်နဲရပ်တည်ကြ၊ဒါမှငါတို့အနာဂတ်ငါတို့ 
လက်ဝယ်ရှိမယ်၊ရွေးချယ်စရာမရှိ စစ်အာဏာရှင်ကို အဆုံးသတ်ဖို့ လူထုအားနဲတိုက်ပွဲဖော်ရမယ်

အပိတ်မတွေးစေနဲအဖွင့်တွေးကြကြောက်အောင်ခြိမ်းခြောက်ပြီး (နအဖ)စစ်ကျွန်ပြုဖို့ကြိုးစားပေမယ့်
လူငယ်-ကျောင်းသား-အလုပ်သမား-လယ်သမား-အစိုးရ၀န်ထမ်း-တပ်မတော်သားတွေနဲပြည်သူတွေပေါင်းပြီး သံဃာ့သပိတ်ကိုဝန်းရံကြမယ်သံဃာထုတိုက်ပွဲနှင့်အတူ ကျောင်းသား-လူငယ်-လယ်သမား-အလုပ်သမား-အစိုးရ၀န်ထမ်း-တပ်မတော်သား-ပြည်သူလူထုတိုက်ပွဲအမျိုးမျိုးဖြင့်စစ်အာဏာရှင်စနစ်ကို
မြန်မာ့မြေပေါ်မှမောင်းထုတ်ကြစို့...

သစ္စာဖြင့်

ညိမ်းမောင်

Abma (RGN) Re Founding Announcemant 2009 August

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, August 4, 2009

အမွေ

ကျနော်ကတော့ အမွေဆိုတဲ့စကားလုံးနဲ့ ကျနော့်ရဲ့အယူအဆကို ဖွင့်ဟချင်ပါတယ်။ သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို ခံယူရစမြဲပါ။ ဒီလိုပါပဲ လူ့အဖွဲ့အစည်းတခုမှာလည်း မျိုးဆက် တဆက်ပြီးတဆက်၊ ကောင်းမွေ၊ ဆိုးမွေတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်နေကြ တာပါပဲ။ ကျနော်တို့ နိုင်ငံတော် သီချင်းမှာကိုက "… ဒို့ဘိုးဘွား အမွေစစ်မို့ ... ချစ်မြတ်နိုးပေ.." လို့ ပါရှိနေတာပါပဲ။ အမွေကို လူတိုင်း နှစ်သက်လိုလားကြပါတယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ စရိုက်၊ အစဉ်အလာတွေကို ကောင်းမြတ် တဲ့ အမွေ တခု အဖြစ် ကျနော်တို့ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြတာပါပဲ။
ဒီလိုပါပဲ။ ကိုယ့်မိဘရဲ့ လက်ငုတ်လက်ရင်း၊ အတတ်ပညာ၊ ဂုဏ်ပုဒ် စသည်ဖြင့် မိမွေ၊ ဘမွေကို သားသမီးတွေက မြတ်မြတ်နိုးနိုးနဲ့ ဆက်ခံတတ်ကြပါတယ်။ ဒီလမ်းကြောင်းကနေ ချော်ထွက် သွားတာလည်း ရှိကြတာပေါ့။ ကျနော်ပြောချင်တာက အမွေဆိုတဲ့နေရာမှာ ကောာင်းတဲ့၊ သင့်တော်တဲ့ အမွေမျိုးရှိသလို ဆိုးတဲ့၊ မခံယူသင့်တဲ့အမွေလည်း ရှိတာပါပဲ။ ဥပမာအနေနဲ့ အရက်သမား လူရမ်းကားတယောက်ရဲ့သားဟာ သူ့ဖအေ အရက်သမား လူရမ်းကားလိုပဲ အမွေဆက်ခံပြီး အရက်သမား လုပ်ရမှာလား။ ဘယ်သူမဆို ဒီလိုအဖြစ်မျိုးကို လက်မခံဖို့ဘဲ ပြောကြမှာပါ။ လက်သင့် မခံရ မယ့် အမွေမျိုးလည်း ဖြစ်ပါတယ်။

ကျနော်တို့လူ့အဖွဲ့အစည်းမှာလည်း မျိုးဆက်သစ်များအနေနဲ့ လက်မခံရမယ့်အမွေတွေ အများကြီး ရှိနေပါတယ်။ ကျနော်တို့ အဘိုးအဘွားတွေဟာ သူ့ ကျွန်ဘ၀ကနေ လွတ်မြောက်အောင်၊ ကျနော် တို့လို မျိုးဆက်သစ်တွေအနေနဲ့ လွတ်လပ်တဲ့လူမျိုး၊ လွတ်လပ်တဲ့နိုင်ငံသားတွေဖြစ်အောင် သူတို့ ပခုံး နဲ့ ထမ်းပြီး တင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ကြီးမြတ်တဲ့စိတ်ဓာတ်တွေ၊ လေးစားအတုယူအားကျဖွယ် စိတ်ဓာတ်တွေ၊ စွန့်လွှတ်အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေနဲ့ အသက်၊ သွေး၊ ချွေးများစွာရင်းပြီး ငါတို့ နောင်လာနောက်သား မျိုးဆက်သစ်တွေ လွတ်လွတ်လပ်လပ် နေရပါစေတော့ဆိုတဲ့ စေတနာ အရင်းခံနဲ့ တွန်းတင် ပေး ခဲ့ပါတယ်။ သူတို့ခေတ်၊ သူတို့ကာလအနေနဲ့ သူတို့နိုင်တဲ့ဝန်ထက် အဆပေါင်းများစွာ မနိုင်ဝန်ထမ်းပြီး ကြိုးပမ်းခဲ့ကြတာပါ၊ ပေးဆပ်သွားကြတာပါ။ ဒါပေမယ့် သူတို့ကိုဆက်ခံတဲ့ သားသမီးတွေကတော့ တာဝန်မကျေခဲ့ပါဘူး။

လူငယ်ဟာ လူကြီးရဲ့ပခုံးပေါ်ကိုတက်ပြီး ကြည့်ရမယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးပါတယ်။ ဒါမှလည်း မျိုးဆက် တဆက်ပြီးတဆက် တိုးတက်တော့မှာပါ။ မိဘ ဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ ကောင်းမြတ်တဲ့ အမွေကို နောက်မျိုးဆက်တွေက ဆတက်ထမ်ပိုးတိုးအောင် ကြံဆောင်ကြိုးပမ်းမှုမရှိဘဲ အစိတ်စိတ် အမြွှာမြွှာ ခွဲပြီး သူများတယ်၊ ငါများတယ်နဲ့ အမွေလုနေရင်းနဲ့ပဲ တစတစ လုံးပါးပါးပြီး နောက်ဆုံး ဆင်းရဲမွဲတေရတဲ့အဖြစ်ကို ရောက်ခဲ့ရတာလို့ မြင်မိပါတယ်။ ညီအစ်ကို မောင်နှမတွေကြား မထား သင့်တဲ့၊ မလိုလားအပ်တဲ့ လောဘ၊ ဒေါသ၊ အာဃာတတွေ၊ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတွေ ကြောင့် စိတ်ဝမ်း ကွဲပြီး မဖြစ်သင့်တာတွေ ဖြစ်လာရတာပါ။ တဦးတယောက်၊ တဖွဲ့တသင်းက အာဏာကို လက်ဝါးကြီးအုပ် ဗိုလ်မကျဘဲနဲ့ အားလုံး ညှိညှိနှိုင်းနှိုင်း ၀ိုင်းဝန်း တိုင်ပင် လို့ ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်နိုင်ခဲ့ရင် အခုလောက်ဆိုရင် ကျနော်တို့ဘိုးဘွားတွေရဲ့အမွေဟာ အတိုင်းထက်အလွန်တိုးပွားလို့ ပေးဆပ် သွား ခဲ့ရတဲ့ သူတွေလည်း ရောက်ရာဘ၀ကနေ သာဓုခေါ် နေကြမှာပါ။

အခုတော့ မိဘဘိုးဘွားတွေထားခဲ့တဲ့ ကျေးဇူးကိုလည်း ဆပ်ရာမရောက်၊ နောင်လာနောက်သား မျိုးဆက်တွေအတွက်လည်း ဘာတခုမှ အမွေခံ ကောင်းတွေ ချန်မထားရစ်ဘဲ မကောင်းတဲ့အကျင့် ဆိုးတွေ၊ စိတ်ဓာတ်တွေ၊ အယူဆိုးတွေ၊ စနစ်ဆိုးတွေပဲထားခဲ့လို့ အခုလက်ရှိ ကျနော်တို့မျိုးဆက် တွေလည်း ဒီအမွေဆိုးတွေရဲ့ဆိုးကျိုးကို ခံစားနေကြရပါပြီ။ ကြွေးဟောင်းလည်းမကြေ၊ ကြွေးသစ် လည်းမချနိုင်နဲ့ ရှိရင်းစွဲအမွေလေးပါ ချွတ်ခြုံကျနေရတဲ့ အဖြစ် ကို ရောက်နေရပါပြီ။ လွတ်လပ်တဲ့ နိုင်ငံသား၊ လွတ်လပ်တဲ့လူမျိုးအဖြစ်နဲ့ အများ အလယ်မှာ တောင် မော်မကြွားဝံ့ပါဘူး၊ ဂုဏ်ယူ စရာလည်း တချက် မှမရှိပါဘူး။ ဟိုးရှေးရှေးတုန်းက ဘိုးဘွားဘီဘင်တွေ လုပ်ထားခဲ့တဲ့ ကောင်းမှု လေးတွေ၊ အမွေကောင်းလေးတွေကြောင့်သာ နည်းနည်းခံသာနေရတာပါ။

မွေးချင်း တယောက်ရဲ့ အကျင့်ဆိုးကို ကျန်တဲ့ မွေးချင်းညီအစ်ကိုများက ၀ိုင်းဝန်းပြုပြင်မပေးနိုင်ခဲ့ ပါဘူး။ လမ်းမှား ရောက်နေလည်း ပြန်မဆွဲခေါ်နိုင်ခဲ့ပါဘူး။ အဲဒီလို လုပ်နိုင်တဲ့အင်အားလည်းမရှိဘဲ ကျန်သူများလည်း အချင်းချင်း ဝေစုမတည့်ဖြစ်နေပြီး အချိန်ကုန်ခဲ့ တာပါ။ ဒီလိုဖြစ်နေစရာလား။ ဘာလို့ အဲဒီလို ဖြစ် နေခဲ့ တာလဲ။ အမွေကိုကောင်းအောင်၊ ကြီးကျယ်ပွားစီးအောင်လို့ လုပ်ချင်စိတ် မရှိခဲ့လို့လား။ နောက်မျိုးဆက်တွေအတွက်ရော မစဉ်းစားခဲ့ဘူးလား။ ဟန်ပြဖုံးကွယ်မှုတွေ၊ သကာ ရည်လောင်းထားတဲ့ အနှစ်မရှိတဲ့ မက်လုံးတွေ၊ မစားရ၀ခမန်း လုပ်ကြံထားတဲ့ စိတ်ကူးယဉ်မှုတွေကို ခင်းကျင်းပြီး ဟုတ်လိမ့်နိုးနိုးနဲ့သာ ရွှေပြည်တော်မျှော်တိုင်းဝေးစေခဲ့ ပါတယ်။

တိုင်းပြည်အတွက်၊ လူမျိုးအတွက်ဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး တကယ်တမ်းကျတော့ ငါ့ဘို့ဆိုတဲ့ ဘို့တဘို့တည်း ကြည့်သွား ခဲ့ကြတာပါ။ တကယ်တမ်းကောင်းအောင်၊ တိုးတက်အောင် လုပ်ချင်တဲ့စိတ် မရှိခဲ့ကြပါဘူး။ ရှိခဲ့ရင်လည်း အဲဒီစိတ်က တပြား၊ နှစ်ပြားဖိုး ထက် မပိုပါဘူး။ "ရနိုင် သမျှ ချကြ"၊ မင်းအလှည့်ရောက်ရင် မင်းလုပ်၊ ငါတို့တုန်းက ဘယ်လို၊ ဘယ်လို စွန့်လွှတ်ခဲ့တာ၊ ဘယ်လို တိုက်ယူခဲ့ရတာဆိုပြီး နောက်လူတွေအတွက် မကြည့်ခဲ့ကြပါဘူး။

ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ် မရှိခဲ့ကြပါဘူး။ လူဆန်တဲ့နှလုံးသားတောင် မရှိခဲ့ကြပါဘူး။ အဲလို လူတွေက နောက်လူတွေကို ပေးသွား တဲ့ အမွေက ဒါပဲဖြစ်ပါတယ်။ အဲဒီနောက် မျိုးဆက်တွေကလည်း ဒီလို အယူဆိုး၊ အကျင့်ဆိုးတွေ၊ အမွေဆိုးတွေကို အလျားသင့်ပဲ ဆက်ခံကြပါတယ်။ ကောင်းအောင် လုပ်ဖို့၊ တိုးတက်အောင်လုပ်ဖို့၊ ပျက်စီးနေတာကိုပြင်ဖို့၊ မဖြစ်သင့်တာတွေကို ထိန်းသိမ်းဖို့ဆိုတာ ဝေလာဝေး၊ သူ့ထက်ကဲ၊ ရွှေပြည်စိုးဆိုတဲ့ ပုဂ္ဂိုလ် တွေပဲဖြစ် တာကြောင့် ဘိုးဘွားအမွေအနှစ်ကို ဆေးသကြားနဲ့ ထပ်မံအုပ်ခဲ့ပါတယ်။

ကိုယ့်နောက်မှ လူဖြစ်လာကြတဲ့သူတွေ (နောက်မှ လွတ်လပ်ရေးရကြတဲ့သူတွေ) က ကိုယ့်ကို ထိပ်ပုတ်သွားတာ ခံနေရပြီ။ အိမ် ထောင် ဦးစီးတယောက်က လူရမ်းကားဖြစ်နေလို့ သူ့သားသမီး တွေက လူရမ်းကားသားသမီးတွေလို့ ပတ်ဝန်းကျင်ကပြောတာ ခံနေရပါပြီ။ လူဘုံအလယ်မှာ အရှက်ရနေပါပြီ။ လူမလေး ခွေးမခန့် ဖြစ်နေပါပြီ။ တကယ်ဆို ကျနော်တို့မျိုးဆက်တွေအနေနဲ့ အဲလို အပြောခံ သင့်သလား။ ကျနော်တို့မှာ ဘာအပြစ်ရှိလို့လဲ။ ဒီပြဿနာတွေက ကျနော်တို့ လုပ်ခဲ့တာဟုတ်လို့လား။ ကျနော်တို့ နောက်မျိုးဆက်တွေနဲ့ ဘာဆိုင်လို့လဲ။ ကျနော်တို့မမွေးခင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ အကျိုးဆက်တွေကို ကျနော်တို့က ဆက်ခံရမှာလား။ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို လက်ခံရတယ်ဆိုပေမယ့် ဒါမျိုးကို လက်သင့်ခံသင့်သလား။ ဆိုးမွေကို ဘာလို့ယူမှာလဲ။ ကျနော်တို့မလုပ်ခဲ့တဲ့ ပြဿနာတွေ၊ အမွေဆိုးတွေကို ဆက်ခံပြီး ဒီလိုပဲ သူ့ဘက်၊ ကိုယ့်ဘက် ဆက်ချနေကြမလား။ အမွေလုနေကြဦးမှာလား။

ဟိုတုန်းက ၀တ္ထုတအုပ်ထဲမှာ ဖတ်ဖူးတယ်။ အခု စာရေးဆရာကော၊ စာအုပ်နာမယ်ကော စဉ်းစားလို့မရတော့ဘူး။ ဘာလဲဆိုတော့ "တို့ခေတ်တုန်းက လူငယ်တွေက တိုင်းပြည်အတွက် ဘာပေးရမလဲဆိုတာပဲ စဉ်းစားကြတယ်တဲ့၊ အခုလူငယ်တွေက တိုင်းပြည်က ကိုယ့်ကို ဘာပြန် လုပ်ပေးမလဲဆိုတာပဲ စဉ်းစားကြတယ်" လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ ဒီစာကြောင်းလေး တကြောင်းပဲ ပြန်အမှတ်ရပါတယ်။ ကြိုက်လွန်းလို့ပါ။ ဒီစာလိုပဲ ကျနော်တို့လူငယ်တွေ ဖြစ်နေပြီ လား။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့လိုချင်တာက အမွေခံကောင်း လေးတွေပါ။ သားသမီးကတော့ မိဘဆီက ဆင်းရဲရဲ၊ ချမ်းသာသာ အမှတ်တရပဲဖြစ်ဖြစ် အမွေ ပစ္စည်းလေးတော့ လိုချင်တာပါပဲ။ မတတ်နိုင်မှန်းသိရက်နဲ့တော့ ဇွတ်မတောင်းပါဘူး။ အမွေဆိုတာ ကိုယ်နဲ့ထိုက်မှ ကိုယ်ရတာပါ။ မဖြစ်နိုင်တဲ့ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး၊ မတောင်းပါဘူး။

ကျနော်တို့လူငယ်တွေမှာ ကြိုးစားချင်စိတ်၊ စွန့်လွှတ်ချင်စိတ်၊ အနစ်နာခံချင်စိတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ တက်ကြွတဲ့စိတ်၊ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ပေးဆပ်ချင်တဲ့စိတ်တွေ အပြည့် ရှိပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းက လူငယ်တွေရဲ့ စိတ်ထားပါပဲ။ လူကြီး တွေလည်း တချိန်တုန်းက ဒါမျိုးရှိခဲ့တာပဲ။ အခု အဲဒါတွေကို သတိမရတော့ဘူးလား။ အမှန်တရား မြတ်နိုးပြီး လောကကောင်းကျိုးကို လူ့ဘ၀ရတုန်းမှာ သယ်ပိုး သွားမယ်လို့ စိတ်မရှိကြတော့ဘူးလား။ ကျနော်တို့လူငယ်တွေဟာ မိမိတို့ရဲ့အနာဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းချင်ပါတယ်။ ကျနော် တို့ရဲ့ ယုံကြည်ချက်တွေ ရှင်သန်ပေါက်ဖွားဖို့ ရေခံမြေခံ၊ အမွေခံကောင်းဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်မလဲလို့ မျှော်လင့်ရတာပါ။ ပန်းလေးတွေဟာ လူ့လောကကို အရောင်၊ အနံ့တို့နဲ့ အကျိုးပြုဖို့ ပွင့်ဖူးမလာခင်မှာ ရှင်သန်ကြီးထွားလာဖို့အတွက် မြေတို့ ရေတို့ လိုပါတယ်။ အခု အနာဂတ်ပန်းတွေ ရှင်သန်ဖို့အတွက် ရှေးဘိုးဘွားအမွေအနှစ် မြေဆီ ရှိနေပါပြီ။ ဆက်လက်ပွင့်လန်းဖို့အတွက် ရေနဲ့တူတဲ့ အခု တိုင်းပြည်ကပံ့ပိုးပေးမယ့် အမွေ လိုပါတယ်။ ဒါ ငါတို့ရတဲ့အမွေကွဆိုပြီး လူဘုံအလယ်မှာ မျက်နှာ ပန်းလှချင်ပါတယ်။ တိုင်းပြည် အတွက် ဂုဏ်ယူချင်ပါတယ်။ တိုင်းပြည်အကျိုးကိုလည်း ဆတက်ထမ်ပိုးတိုးပြီး ထမ်းဆောင်ချင် ပါတယ်။ ကျနော်တို့က ဖြစ်လာမယ့် မျိုးဆက်တွေ ကိုလည်း အမွေခံကောင်းတွေ၊ အခြေခံကောင်း တွေသာ ပေးထားရစ်ခဲ့ချင်ပါတယ်။

အစွမ်း ကုန်ဖူးပွင့်ချင်ပေမယ့် မြေခံ၊ ရေခံ၊ အမွေခံမကောင်းရင်တော့ မည်သည့်အနာဂတ်ပန်းမျှ လှပ လာမည် မဟုတ်ပါ။ ဒီလိုဆိုရင် နောက် နောင်မျိုးဆက် တွေ မှာ ပို၍ဆိုးရွားဖွယ်သာ ရှိပါတော့တယ်။ မျိုးစေ့မမှန်လို့ ပင်မသန်ရတာမဟုတ်ဘဲ အထိန်းအသိမ်းမတတ်လို့ ပျက်စီးရခြင်းသာဖြစ် ပါကြောင်း။ ။

အဝေးရောက်မြန်မာတဦး

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, July 15, 2009

သန်းရွှေခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဖုံးကွယ်ထားပေမယ့် 


Summary

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, June 3, 2009

“သင် လေးလေးနက်နက် စဉ်းစားနိုင်ဖို့”

“သင် လေးလေးနက်နက် စဉ်းစားနိုင်ဖို့” “သင် လေးလေးနက်နက် စဉ်းစားနိုင်ဖို့” fightforfreedom

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 1, 2009

သင့်လွတ်မြောက်ရေး

သင့်လွတ်မြောက်ရေး သင့်လွတ်မြောက်ရေး fightforfreedom

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 29, 2009

တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး hair bands များ အကြောင်း။

ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့  ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။

ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။

ငွေကြေးအမြတ်အကျိုးစီးပွားကိုသာ ကြည့်ပြီး ဘယ်သူတေတ ငတေမာရင်ပြီးရောဆိုတဲ့ ထုတ်လုပ် ရောင်းချ ကြတဲ့ ၀ိသမလောဘ သားများကြောင့်ရော၊ မိမိကိုယ်ကျိုးစီးပွားရေး တိုးတက်ဖို့ သာ ကြည့်ပြီး ဖြန့်ချီ ရောင်းချ ကြတဲ့ အတ္တသမား စီးပွားရေး ရှင်ကြီး များကြောင့်ရော၊ လာဘ်လာဘ ယူပြီး ပေါ့ပေါ့ဆဆနဲ့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ခွင့်ပြုပေးကြတဲ့ မသမာသူများကြောင့်ရော ပထမဦးဆုံး ခံကြရတဲ့ သူတွေကတော့ ၀ယ်ယူ စားသောက် သုံးစွဲကြတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။

ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့ မို့  ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြု မိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။ အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရအောင် -
တွေ့တဲ့ အတိုင်းဘဲ - ဒီဆံပင် ခေါင်းစည်း ကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့ ပတ်ထားတာကို ဖြေကြည့်လိုက်တဲ့ အခါ-- အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ့ ရပါတယ်။

ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။ ဒီ ဆံပင်စည်းကြိုးထဲမှာ သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့ သိရပါတယ်။ သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို့  ရောဂါပိုးတွေ ကပ်တွယ် နေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်း ဆိုင်ရာ ရောဂါတွေ ကူးစက်နိုင်ပါတယ်။

တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်းနေတုန်း လက်နှစ်ဘက် မအားတဲ့ အခါမှာ ဒီဆံပင် စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏ ကိုက်ထားကြတာမျိုး လုပ်လေ့ ရှိပါတယ်။ ဈေးပေါပေါနဲ့  ရတဲ့ ပစ္စည်း တစ်ခုကြောင့် အင်မတန်တန်ဖိုးကြီးလှတဲ့ မိမိဘ၀အသက် ထိခိုက်မှာကို တွေးမိရင်တော့ဗျာ။

ကျွန်တော်တို့  မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက် များများ ရောက်နေလို့  သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဖူး။ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေနဲ့  ထုတ်ကုန် ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများကို စေ့စပ်သေချာစွာ စစ်ဆေးလေ့မရှိကြတဲ့ ရောင်းချ ခွင့်ပြုကြတဲ့ သက်ဆိုင်ရာများကိုသာ ပထမဦးဆုံး တာဝန်ရှိသူများလို့  ပြောကြား ရပါလိမ့်မယ်။ ရောဂါကူးစက် သေကြေ ပျက်စီးကြမှသာ ကမန်းကတန်းနဲ့ စစ်ဆေးမှုတွေလုပ်ပြ၊ ပိတ်ပင်တားဆီးမှုတွေ လုပ်ပြနဲ့ အမြင် ကောင်းအောင် အကြားကောင်းအောင် လုပ်ပြနေတတ်တဲ့ နအဖ ကျန်းမာရေးဝန်ကြီးတို့ လို တာဝန်မဲ့ သူတွေ ကိုတော့ လိမ်ညာ နေတဲ့ သတင်းစာ တွေထဲမှာ တွေ့ ရလို့  အော့နှလုံး နာမိပါတယ်။ သတင်းအမှန် မထုတ် တတ်တဲ့ နအဖ ပြန်ကြားရေး ၀န်ကြီးလည်း လိမ်ညာ တတ်လွန်းလို့  နောင်ဘ၀မှာ ပါးစပ် မပါသော သတ္တ၀ါဖြစ်မှာ မြင်ယောင် ပါသေးတယ်။

(နစ်နေမန်း) ။

ဒီ ဆံပင် ခေါင်းစည်းကြိုး အကြောင်း ရေးသား ထုတ်ပြန်ထားတဲ့ သတင်း မူရင်းမှာ ဒီလို ရေးသား ဖေါ်ပြ ထားပါတယ်။

BEIJING (AFP) - Used condoms are being recycled into hair bands in southern China threatening to spread sexually-transmittable diseases they were originally meant to prevent, state media reported Tuesday

In the latest example of potentially harmful Chinese-made products, rubber hair bands have been found in local markets and beauty salons in Dongguan and Guangzhou cities in southern Guangdong province, China Daily newspaper said.

'These cheap and colorful rubber bands and hair ties sell well ..... threatening the health of local people,' it said..

Despite being recycled, the hair bands could still contain bacteria and viruses, it said.

'People could be infected with AIDS, (genital) warts or other diseases if they hold the rubber bands or strings in their mouths while waving their hair into plaits or buns,' the paper quoted a local dermatologist who gave only his surname, Dong, as saying. A bag of ten of the recycled bands sells for just 25 sen (three cents), much cheaper than others on the market, accounting for their popularity, the paper said.

A government official was quoted as saying recycling condoms was illegal. China 's manufacturing industry has been repeatedly tarnished this year by a string of scandals involving shoddy or dangerous goods made for both domestic and foreign markets.

In response, it launched a public relations blitz this summer aimed at playing up efforts to strengthen monitoring systems.

source by : ကိုနစ်နေမန်း

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, May 17, 2009

ဒေါ်အောင်ဆန်းစုကြည်ကို အခုချက်ခြင်းလွှတ်

    
နယ်လ်ဆင်မင်ဒဲလားကို ထောင်ထဲပို့တော့ သူ့မိန်းမနဲ့ သူ့အမေကအစ ထောင်အပြင်ဘက်မှာ သွားဆန္ဒပြတယ် သူတို့အစိုးရက အဲဒီတုန်းက ဆန္ဒပြတဲ့သူတွေကိုရိုက်တော့ သူ့အမေက ပထမဆုံး ခေါင်းထိုးပေးပြီး တယောက်တည်း သွားအရိုက်ခံတဲ့အခါမှာ ပြည်သူတွေက တယောက်တလှည့်စီ ခေါင်းထိုးပေးပြီး အရိုက်ခံကြတယ်။နောက်ဆုံး ရိုက်တဲ့သူကပါ အရိုက်ပဲခံတော့မယ် မရိုက်ချင်တော့ဘူး ဖြစ်သွားတယ် ပြည်သူတွေအောင်နိုင်သွားခဲ့တယ်။
          အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖစစ်ခွေးတွေရဲ့ လူမဆန်တဲ့ ယုတ်မာမူတွေနဲ့ အခုဆိုရင် ထောင်သွင်း အကျဉ်းချဖို့အထိ
ကြံစည်နေကြပြီ၊ လူမဆန်တဲ့ တရားဥပဒေမဆန်တဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ကို ကြော်ငြာချက်လေးတစ်ခုထုတ်ပြီး၊ ကျေနပ်နေကြတော့မလား၊ သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်မှာ
ကျောင်းသားတွေရဲ့ သွေးတွေနဲ့ရေးခဲ့တဲ့သမိုင်းကို ငါတို့ခေတ်မှာလည်း မပြီးသေးတဲ့ တော်လှန်ရေး ကို သွေးနဲ့ရေးကြဦးစို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကာကွယ်ကြစို့.....
            အာဏာရှင်စနစ် ဆန့်ကျင်တဲ့ တော်လှန်ရေးတွေကို မျိုးဆက်ဟောင်းကျောင်းသားတွေ၊ မျိုးဆက်သစ်ကျောင်းသားတွေ နဲ့ မြန်မာပြည်တွင်းက သန်းပေါင်း(၆၀)ကျော်သော ပြည်သူလူထုအားလုံးနဲ့ ပူးပေါင်းလို့မတရားတဲ့အစိုးကို တော်လှန်၇င်း ငါတို့ရဲ့ ဦးခေါင်းတွေ သွေးချင်းချင်းနီပါစေ ပေးဆပ်ရဲသူတွေအားလုံးကို ပေးဆပ်ကြဖို့ တိုက်တွန်းတပ်လှန့်ရင်း တော်လှန်ေ၇းအရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်ဆိုတာ အာဏာရှင်စစ်အစိုးရကို အသိပေးကြော်ငြာလိုက်တယ်။

နဂါးနီ(လူငယ်)


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 15, 2009

ပွဲသိမ်း တိုက်ပွဲ..တိုက်ရဲသလား..သန်းရွှေ..

သန်းရွှေ နောက်ဆုံးကြိုက်ရာလမ်းရွေး
ခင်ဗျားရွေးတဲ့လမ်းအတိုင်း ခင်ဗျားမိသားစုတွေ တွေ့မယ်။ ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိပ်သိမ်း..အရှုံးနဲ့  ပွဲသိမ်းတော့ မဲ့ပွဲ.ကြည့်ကြသေးတာပေါ့။

ဦးသန်းရွှေမှာ ရည်မှန်းချက် ၂ခုရှိပါတယ်။
၁။ က ဟိုကြက်ကို အိုးမဲသုတ်ပေး ဒီကြက်ဖင်ကို လေမှုတ်ပေးနဲ့ သူကဘေးမှာအသာရှိုနေပြီး ဟိုလိုလိုဒီလိုလို သေတဲ့အထိဒီပုံစံနဲ့ နေသွားနိုင်ရေးပဲဖြစ်ပါတယ်။ မသေခင်သူ့အတွက်။

၂။ က သူသေရင် သူ့ရဲ့ သားသမီးတွေ ပြည်တွင်း၊ ဒါမှမဟုတ် ပြည်ပမှာ သူကြွယ်မျိုးဆက်အနေနဲ့ ကျန်ရစ်ခဲ့ဖို့ ပဲဖြစ်ပါတယ်။ သေပြီးရင်ကျန်ရစ်ခဲ့မယ့် မိသားစုအမွေအတွက်။

သူ့သားသမီးတွေကို သူပေးခဲ့မယ့်အမွေဆိုတာ တခြားဥစ္စာပစ္စည်းတွေကိုထားပါအုန်း၊ လစာမှာတင် အသက် ၆၀ကျော် ဥပဒေအရအနားမယူပဲ ဦးစီးချုပ်ရာထူးကို ဆက်လုပြီးယူထားတဲ့ငွေမဲတွေ။

ဒီစိန်တွေဟာ ကျွန်တော်ကျွန်မတို့ ဒါးပြတိုက်ထားတာ မဟုတ်ဘူး၊ အဖေတိုက်ပြီးအမွေပေးသွားတာလို့ လုပ်လို့ မရပါဘူး။ ဥပဒေမှာ ခိုးရာပါ တိုက်ရာပါ ပစ္စည်းလက်ခံထားလို့ မရပါဘူး၊ ခိုးနေ တိုက်နေတာသိရင်တောင် တိုင်ကြားရပါတယ်၊ ထိန်ချန်ထားလို့မရပါဘူး၊

ဦးသန်ရွှေအနေနဲ့ ပထမတစ်ချက်ကို လုပ်နိုင်ကောင်းလုပ်နိုင်ပေမယ့်၊ သူ့မိသားစုကို သေပြီးတဲ့အထိ သံကွန်ခြာ အုပ်ပြီး လိုက်စောင့်ရှောက်နေနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ပြည်ပမှာမြန်မာ ၄သန်းလောက် ကမ္ဘာအနှံ့ ရောက်နေပါတယ်။ တစ်ယောက်ကို ဘီယာ တစ်ဘူး ဖိုး အကုန်ခံလို့ ဒေါ်လာ ၂သန်း ၃သန်းရှိရင် ဂျူးတွေ နာဇီကို လိုက်သလို တစ်ကမ္ဘာလုံး မြေလှန်ရှာ လို့ရပါတယ်။

မုဒိန်းကျင့်ခံရတဲ့ မိန်းမတစ်ယောက်ဟာ တရားစွဲဆို တိုင်ကြားနိုင်တာ သူ့အခွင့်အရေးဖြစ်သလို၊ ရရာပစ္စည်း ကပ် ကျေးရှိ ကပ်ကျေးနဲ့ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ပိုင်ခွင့်ကိုလဲ တရားဝင် ဥပဒေကပေးထားပါတယ်။

ဦးသန်းရွှေအနေတဲ့ သူ့လမ်းကို သူဆုံးဖြတ်ပြီးရွေးနိုင်ပါတယ်။ သူသေရင်ကျန်ရစ်ခဲ့မယ့် မိသားစုကို ရင်းမယ် ဆိုရင်လဲ ရင်းနိုင်ပါတယ်။ တန်တယ် မတန်ဘူးဆိုတာတော့ သူဆုံးဖြတ်ပေါ့။

မဆလခေတ်မှာ လူမွှေးလူယောင်မပြောင် တင်ပါး သားရေချပ်ပြားဖြစ်အောင်ဒေါ်ကြိုင်ကြိုင်တို့ စက်ချုပ်စား နေရတဲ့ ဘဝကနေ၊ မမြင်ဘူးတာမြင်ရ၊ မဝတ်ဘူးတာဝတ်ရ၊ မစားဘူးတာစားရနဲ့ အခုလိုဘဝတွေဖြစ်လာရတာ ဟာ မဆလစနစ်ကိုတော်လှန်ဖြုတ်ချခဲ့ကြတဲ့ ဒေါ်စု၊ ၈၈၈၈ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ ကျေးဇူးကြောင့် ဆိုတာ သူတို့ မသိစရာအကြောင်းမရှိပါဘူး။

သူလဲ သူလမ်းသူရွေး၊ ကျွန်တော် တို့လည်း ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကို ဖြစ်အောင် ဝိုင်းဝန်း တောင်းဆို အကောင်အထည် ဖေါ်ကြရမှာပေါ့။ ကိုယ်ဘာတတ်နိုင်သလဲဆိုတာ တွက်ချက်ပြီး လူရောစိတ်ရော ပြင်ထား ရကြရမှာပေါ့။

ဦးသန်းရွှေ လည်း အလုံးစုံ ပျက်သုံးရေး ဆိုတာကို တော်တော်ကြိုက်ပုံရတယ်။
စိမ်ခေါ်ရင်လေ..ကြာသလားလို့ ...အလှည့်ကျ မနွဲ့ ကျစတမ်းပေါ့

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 12, 2009

နအဖသတင်းထုတ်ပြန်ချက် မေ ၂၀၀၉

Spdc News May 2009 Spdc News May 2009 fightforfreedom

အပြည့်အစုံသတင်းဖတ်ရန်....

ဂွမ်ဂျူးမြို့ သူမြို့ သားများစိတ်ဝင်စားနေကြသည့်မင်းကိုနိုင်တီရှပ်

Ko Min Ko Naing T-Shirt _Made in Korea

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, May 10, 2009

အံမယ် သူက ဘာအမျိုးမို့ တုန်း..သန်းရွှေ

Dssk's Roome Mate

အပြည့်အစုံသတင်းဖတ်ရန်....

SWINE FLU (၀က်တုပ်ကွေးရောဂါ) ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်



SWINE FLU (၀က်တုပ်ကွေးရောဂါ) ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်
(လွတ်မြောက်နယ်မြေတွင် ဖြန့်ဝေသည်)

(မြန်မာပြည်သူပြည်သားများထံ လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်)

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 2, 2009

"နာဂစ်ဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အတွေ့အကြုံများ"

Saturday, 02 May 2009 14:34

“သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဆိုပြီး အမိန့်ထုတ်လာပါတယ်။ အဲဒီလို “သူတောင်းစား နှိမ်နင်းရေး စီမံချက်’’ ထွက်လာတယ်ဆိုပြီး သေနတ်တွေ ကျည်တွေပေးပါတယ်။ ကျနော်တို့ကို ဘာပြောလဲဆိုတော့ နိုင်ငံခြားသားတွေလာလို့ရှိရင် ဒီလို တောင်းရမ်း စားသောက်နေတာ မတွေ့စေချင်ဘူးလို့ ပြောပါတယ်။ သိက္ခာကျတယ်လို့ ပြောပါတယ်။ ပြီးတော့ ည(၇)နာရီ (ဂ)နာရီလောက်မှာ ပါ။ သူတို့တွေလည်း ပင်ပန်းလို့ အိပ်ချင်တဲ့အချိန်ပေါ့ဗျာ။ တဲတွင်းမှာ အိပ်နေတဲ့လူတွေ အပြင်ထွက်။ ညတွင်းချင်း ဖျက်ခိုင်းရတယ်။ မဖျက်ရင် ဓါးတွေနဲ့ ခုတ်ထစ်၊ ခြေထောက်တွေနဲ့ ကန်ဖြို သူတို့တွေငိုကြတယ်။ မပြောင်းမနေရ ကျနော်တို့တွေ မောင်းထုတ်လိုက်တော့ ညတွင်းချင်း အဲဒီလူတွေဟာ သချိုင်းကုန်းတွေ၊ လယ်တွေကြားက ကုန်းကလေးတွေကို ပြောင်းသွားရတယ်ဗျာ....”

အမည်။ ။ရဲတပ်သား အောင်မျိုးသူ

ကိုယ်ပိုင်အမှတ်။ ။လ/၂၁၁၄၀၅

အသက်။ ။ ၂၃နှစ်

နေရပ်။ ။ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ဟင်္သာတခရိုင်၊ ညောင်ပင်ကျေးရပ်ကွက် သံလွင်ကွင်းကျေးရွာ

လုပ်သက်။ ။(၃)နှစ်ခွဲ

နာဂစ်ဒေသ။ ။ဖျာပုံ- ဒေးဒရဲအပိုင်တွင် (၂)လတိုင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့။

ကျနော် ၂၀၀၅ခုနှစ်မှာ ဆယ်တန်းအောင်မြင်ပြီး ပဲခူးတိုင်းပြည်မြို့နယ်၊ ၀က်ထီးကန် ရဲလေ့ကျင့်ရေး အမှတ်(၂) သင်တန်းကျောင်းမှာ သင်တန်းငါးလကျော် ခြောက်လတက်ခဲ့ပြီးတော့ ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ရဲ(၁)လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ စာရင်းတွေ ကိုလုပ်ရပါတယ်။ ပြီးတော့ ဆက်သွယ်ရေးတာဝန်ကို ယူရပါတယ်။ ၀န်ထမ်းလစာ တစ်လကိုကျပ်ငွေ တစ်သောင်းခွဲပဲ ရပါတယ်။ စားမလောက်တာတွေရယ် ပြီးတော့ သင်တန်းမှာ သင်ရတာနဲ့ အပြင်မှာ လုပ်ရတာနဲ့က တခြားစီးဖြစ်နေတာတွေကြောင့် ကျနော်လုံးဝလုပ်လို့ မပျော်တော့တာကြောင့် ၂၀၀၈ ခု စက်တင်ဘာမှာ ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့ပါတယ်။ ခုကျနော် ပန်းရံအလုပ် ၀င်လုပ်နေပါတယ်။

၂၀၀၈ခုနှစ် မေလဆန်းမှာ နာဂစ်မုန်းတိုင်းတိုက်တော့ ကျနော်တို့ကို လုံခြုံရေးအတွက်ဆိုပြီး မေလ(၁၂)ရက်နေ့မှာ ဒေးဒရဲမြို့ကို စပြီးရောက်ခဲ့ပါတယ်။ ရယကရုံးကို ကျနော်တို့အဖွဲ့အရာရှိတွေအပါ အ၀င်ပေါ့ အားလုံးပေါ့ (၂၂)ယောက်။ (၁၅)ပေလောက်ရှိတဲ့ အခန်းတစ်ခန်းမှာ တည်းရပါတယ်။ တံတားရဲ့ ခြေရင်းက တိုက်ခန်းကလေးပါ။ စားသောက်စရာတွေတော့ တိုင်းကပေးလိုက်ပါတယ်။ တပ်ဖွဲ့ဆိုတော့ ချက်တာ ပြုတ်တာ စားသောက်တာတွေဟာ ဘုန်းဘောလအောပဲ။ စည်းမရှိ ကမ်းမရှိနဲ့၊ ပြုတ်ပြီး အခွံခွါထားတဲ့ ဘဲဥမှာ အပြင်က အဖြူရောင်တွေက ယင်ကောင်တွေစားလို့ ကုန်တဲ့အထိကို ထားချင်သလိုထားတာပါ။ ကျနော်ဆိုရင် သွေးဝမ်းတွေသွားလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်ကြီးက ကျနော်တို့ အရာရှိကိုခေါ်ပြီး သန့်သန့်ရှင်းရှင်းနေထိုင်၊ စားသောက်ဖို့ သတိပေးခဲ့ရပါတယ်။

မုန်တိုင်းတိုက်နယ်မြေကို ကျနော်တို့ရောက်သွားတဲ့အခါ လူသေအလောင်းတချို့နဲ့ ၀က်သေကောင်၊ နွားအသေးကောင်၊ ကျွဲသေကောင် အပုပ်တွေရှိသေးတယ်။လေကောင်းလေသန့်ကို မရှုရဘူး။ အပုပ်နံ့တွေ တချက်တချက်လာတာ လူကို အော့ချင်လောက်အောင်ပါပဲ။ ကျနော်တို့က ပျက်နေတဲ့အိမ်တွေ တဲတွေကို စစ်သားတွေနဲ့ရောပြီး ပြန်ကူဆောက်ပေးရပါတယ်။ အချို့ဘာမှမသိတဲ့ (၁၃)နှစ် (၁၄)နှစ် ကလေးစစ်သားတွေတောင် ပါပါတယ်။ မလေးရှားတို့၊ တရုတ်တို့၊ နိုင်ငံခြားက လာအကူအညီပေးတဲ့ ရွက်ဖျင်တဲတွေကို ကျနော်တို့ ဆောက်ပေးရပါတယ်။ ဒေးဒရဲတံတားအနားမှာ အလုံး(၂၀)လောက် ကျနော်တို့ ဆောက်ရပါတယ်။ ဒေးဒရဲအားကစားရုံကြီး ပြိုသွားတာကို ကျနော်တို့ကိုယ်တိုင် ရှင်းလင်းပြီးတော့ အဲဒီမှာလည်း တဲတွေ ဆောက်ရပါတယ်။

ကျနော်ဟာ မုန်းတိုင်းဒေသကို သွားရမယ်ဆိုတော့ ဒုက္ခရောက်တဲ့လူတွေကို ကူညီရတော့မယ်ဆိုပြီး တော်တော်လေး ပျော်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော်တို့က သူတို့ခိုင်းတာကိုပဲ လုပ်ခွင့်ရပါတယ်။ ကျနော်တို့က လမ်းကြောင်း စောင့်ရပါတယ်။ ဒေးဒရဲ ဖျာပုံလမ်းပေါ့ဗျာ။ ပြည်ထဲရေးဝန်းကြီး လမ်းကြောင်းတို့၊ ၀န်ကြီးချုပ် လမ်းကြောင်းတို့၊ နိုင်ငံခြား ဧည့်သယ်လမ်းကြောင်းတို့ရှိရင် လမ်းကြောင်းရှင်းပေးရပါတယ်။

လေဘေးသင့် ဒုက္ခသယ်တွေက တိုင်းနဲ့ ပြည်နယ်အသီးသီးက၊ မြို့အသီးသီက လာလှူကြတာတွေကို လမ်းပေါ်တက်ပြီး ယူကြတယ်ပေါ့ဗျာ။ သားသမီးများရင်များသလို အလုအယက်ယူ ကြပါတယ်။ ဒါကို ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ အဲဒီလိုယူနေကြတော့ ၀န်ကြီးလမ်းကြောင်း ပိတ်သွားပါတယ်။ ကျနော်တို့ကို အထက်က အမိန့်ပေးတယ်ခင်ဗျ။ လူတွေကို ရိုက်နှက်၊ ဆဲဆို ကန်ကျောက်ပြီး ရှင်းခိုင်းတယ်ခင်ဗျ၊ ဖယ်ပေး၊ ဖယ်မပေးရင် ပစ်မယ်ခတ်မယ်ပေါ့ဗျာ။ အော်ငေါက်ရတယ်။ ပြည်သူတွေက လမ်းပေါ်က ဆင်းသွားရတာပေါ့ဗျာ။ သူတို့ခိုင်းတဲ့အတိုင်း ကျနော်တို့လုပ်ခဲ့ရပါတယ်။ ကျနော်တို့ကို အမိန့်ပေး အုပ်ချုပ်တာက ပြည်မြို့အင်းမက တပ်မ(၆၆) စစ်တပ်ကဗျူဟာမှူးနဲ့ တပ်မမှူးတွေပါ။ သူတို့တွေလာရင်လည်း ကျနော်တို့က လုံခြုံရေး ယူရတယ်ခင်ဗျ။

ညဖက်ကျတော့ အစည်းအဝေးခေါ်တယ်ခင်ဗျ။ ဧရာဝတီတိုင်းရုံးက ညွှန်ကြားချက်လို့ ပြောပါတယ်။ “သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဆိုပြီး အမိန့်ထုတ်လာပါတယ်။ အဲဒီလို “သူတောင်းစား နှိမ်နင်းရေး စီမံချက်’’ ထွက်လာတယ်ဆိုပြီး သေနတ်တွေ ကျည်တွေပေးပါတယ်။ ကျနော်တို့ကို ဘာပြောလဲဆိုတော့ နိုင်ငံခြားသားတွေလာလို့ရှိရင် ဒီလို တောင်းရမ်း စားသောက်နေတာ မတွေ့စေချင်ဘူးလို့ ပြောပါတယ်။ သိက္ခာကျတယ်လို့ ပြောပါတယ်။ ကျနော့်အမြင်ကတော့ မရှိလို့တောင်းစားတာ ရှက်စရာမဟုတ်ပါဘူး။ ခိုးစားတာမှ မဟုတ်တာ။ သူတို့တွေလို မဟုတ်တာ လုပ်နေတာ၊ လိမ်နေတာကမှ ရှက်စရာလို့မြင်ပါတယ်။

“သူတောင်းစား နှိမ်နင်းရေးစီမံချက်’’မှာ ဘာလုပ်ရလဲဆိုတော့ ညဘက်မှာ ဖျာပုံမြို့ပေါ်က ချောဆွဲထားတဲ့ ဟိုင်းလတ်ကားတွေနဲ့ ကျနော်တို့ သွားရတယ်။ စခန်းမှူးကိုယ်တိုင်ပါတယ်ခင်ဗျ။ စစ်တပ်က အမုန်းမခံတော့ဘူး ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကတည်းက အမုန်းမခံတော့ဘူးခင်ဗျ။ ကျနော်တို့ကို အမုန်းခံခိုင်းတယ်လေ။ စစ်တပ်ကလူ အမုန်းမခံတော့ဘူးဆိုတာ လုံးဝသေချာသွားပြီလေ။

လူတွေဟာ လယ်ကွက်တွေမှာ ရေတွေပုပ်နေလို့ မနေနိုင်ဘူး။ ကစင်းရိုး၊ တာရိုးတွေပေါ်က အကွက်ကလေးတွေမှာ ဖျင်စုတ် အစအနတွေ အုန်းလက်တွေနဲ့ တဲလေးတွေ ဆောက်နေကြတယ်။ အချို့ တဲတွေမှာ တစ်ယောက် နှစ်ယောက် အချို့တဲတွေမှာ အသက်ကြီးနေတဲ့ လူတွေ၊ ဗိုက်ကြီးသယ်တွေ၊ အချို့ဆိုရင် ကလေးငယ်လေးတွေနဲ့ပါ။ အဲဒါတွေက ဖျာပုံနဲ့ ဒေးဒရဲလမ်းမကြီးပေါ်မှာပါ။

ည(၇)နာရီ (ဂ)နာရီလောက်မှာပါ။ ကျနော်တို့လည်း အိပ်ချင်တဲ့အချိန်၊ သူတို့တွေလည်း ပင်ပန်းလို့ အိပ်ချင်တဲ့အချိန်ပေါ့ဗျာ။ တဲတွင်းမှာ အိပ်နေတဲ့လူတွေ အပြင်ထွက်။ ညတွင်းချင်း ဖျက်ခိုင်းရတယ်။ မဖျက်ရင် ဓါးတွေနဲ့ ခုတ်ထစ်၊ ခြေထောက်တွေနဲ့ ကန်ဖြို သူတို့တွေငိုကြတယ်။ မပြောင်းမနေရ ကျနော်တို့တွေ မောင်းထုတ်လိုက်တော့ ညတွင်းချင်း အဲဒီလူတွေဟာ သချိုင်းကုန်းတွေ၊ လယ်တွေကြားက ကုန်းကလေးတွေကို ပြောင်းသွားရတယ်ဗျာ။

ကျနော် မျက်ရည်ကျမိတယ်ခင်ဗျ။ အဲဒီနေ့ကစပြီး ကျနော်လုပ်နေတဲ့ ပြည်သူ့ရဲဝန်ထမ်းဘ၀ကို လုံးဝမုန်းသွားတယ်။ လုံးဝ စိတ်ဓါတ်ကို အလုံးအရင်းနဲ့ ကျသွားတယ်။ အဲဒီကတည်းက လုံးဝကို ကျနော်မလုပ်ချင်တော့တာပါ။ သူတို့လုပ်တာက နိုင်ငံ့ဝန်ထမ်းကိုသာ ရှင်းပြပြီး ပြည်သူတွေမသိအောင် လုပ်တာ။ လုံးဝတရား မျှတမှုမရှိဘူး။ ကျနော်တို့ကိုရှင်းပြတယ်။ ဒီလိုတောင်းစားနေရတာတွေက နိုင်ငံခြားသားတွေ မြင်ရင် လုံးဝမသင့်တော်ဘူး။ ဒါကြောင့်လို့ ပြောတယ်။ ဒါပေမယ့် ပြည်သူဘက်က ကြည်မယ်ဆိုရင် ဒါလုံးဝ တရားနည်းလမ်း မကျဘူးလို့ ကျနော်ထင်တယ်။

“သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဘာညာ ‘‘သူတောင်းစား ’’ဆိုပြီး ကိုယ့်လူမျိုးတွေအပေါ်မှာ မသုံးသင့်ပါဘူး။ နိုင်ငံခြားသားတွေအပေါ်မှာ ဒါတွေမရှိဘူးဆိုပြီး အထင်ကြီးစေချင်တယ်ပေါ့။ ဒုက္ခရောက်နေတာတောင်မှ ဒါတွေမလုပ်ဘူးပေါ့။ အဲဒီလိုသဘောပါ။ ဘာဖြစ်လိုလဲဆိုတော့ သတင်းထောက်တွေလာမယ်။ ဂျာနယ်သမားတွေလာမယ်။ ဓါတ်ပုံတွေရိုက်မယ်။ ဒါတွေကိုသူတို့မလိုလားဘူးလေ။

သူတို့(အစိုးရ) ကိုယ်တိုင်းလည်း ထောက်ပံ့နိုင်တာမဟုတ်ပဲနဲ့ နိုင်ငံခြားအကူအညီတွေ ပေးတာကိုလည်း လက်မခံရဘူးဆိုတာတော့ ရက်စက်ရာ ကျလွန်းပါတယ်။

ကျနော် လမ်းမှာတာဝန်ကျရင် လူတွေကို တောင်းပန်ပါတယ်။ လူကြီးတွေလာရင် ခဏလောက်လမ်း ပေါ်ကဆင်းပေးပါ။ ပြီးရင် ပြန်တက်ကြပေါ့နော်။ ကျနော့်ကို သူတို့နားလည်းကြပါတယ်။ ခင်လည်းခင်ကြပါတယ်။

ကျနော် သူတို့ကို မေးကြည့်ပါတယ်။ နိုင်ငံခြားက အကူအညီပစ္စည်းတွေကို ဘာမှမရဖူးဘူး။ အစိုးရပေးတာလည်း ဘာမှမရဖူးဘူး။ ဟိုက ဒီက ပြည်သူတွေ အချင်းချင်း လာလှူတာတွေကိုပဲ စားသောက်ရတယ်လို့ ပြောပါတယ်။ ကျနော့်အမြင်ကတော့ ရောက်တာတော့ရှိတယ်။ ရွက်ဖျင်း ဆယ်ပေလောက် ပေးရမယ့်နေရာမှာ ငါးပေလောက်သာ ပေးပါတယ်။ နိုင်ငံခြားက လှူတဲ့ပစ္စည်းတွေဟူသ မျှဂိုဒေါင်ထဲမှာ ထည့်ထားတယ်ခင်ဗျ။ အဲဒါတွေက လူကြီးတွေလာရင် ဒါတွေရှိတယ်ဆိုပြီး ပြဖို့ထားတယ်။ ပြီးတော့ ဒီပစ္စည်းတွေက တစ်ခါတည်း ဝေရမယ့်ဟာတွေလေ။ လူကြီးလာမှ ဝေတယ်ဆိုတော့ လူတွေက မိုးထဲလေထဲမှာ စောင့်နေရတော့တာပေါ့။

ဒေးဒရဲတံတားမှာ လုံခြုံရေး တွဲဘက်လုံခြုံရေး စောင့်ရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဘာလုပ်ရလဲဆိုတော့ နိုင်ငံခြား သတင်းထောက်တွေလာတယ်။ အမေရိကန် ဘယ်နှစ်ယောက်လာတယ်။ နော်ဝေးက ဘယ်နှစ်ယောက်၊ သြစတြေးလျက ဘယ်နှစ်ယောက် လာတယ်။ အကုန်မေးရတယ်။ မှတ်ရတယ်။ ပြီးတော့ ခရိုင်ရုံးကို စါရင်းပို့ရတယ်ခင်ဗျ။ ကုန်ကုန်ပြောမယ်ဗျာ။ ရုပ်ရှင်မင်းသား ကိုကျော်သူတို့လာလှူရင်တောင် အက်စ်ဘီတို့ ထောက်လှမ်းရေးတို့ စရဖတို့ အကုန်လိုက်ရတယ်ခင်ဗျ၊ သူတို့ဘာလုပ်လဲ။ ဘာပြောလဲ အကုန်လုံးကို ကျနော်တို့က တင်ပြရတယ်ခင်ဗျ။ ကယ်မရာဆိုရင် လုံးဝရိုက်ပိုင်ခွင့် မပြုဘူး။ ရိုက်တာမြင်လို့ရှိရင် အော်ရမယ်၊ ဆဲရမယ်ဆိုပြီး ကျနော်တို့ကို အမိန့်ပေးထားတယ်ခင်ဗျ။

ဒေးဒရဲမြို့ပေါ်မှာ လေဘေးဒုက္ခသယ်စခန်း (၂)ခု ဖွင့်ထားတယ်ခင်ဗျ။ မြို့ပေါ်တံတားခြေရင်းမှာ တဲအလုံး(၂၀)ခင်ဗျ။ ကျုံဒါးမှာ အလုံး(၃၀)ခင်ဗျ။ တကယ့်တကယ် ဖြစ်နေတဲ့ ရွာတွေအများ ကြီးရှိတယ်။ ဒေးဒရဲမြို့နယ်ထဲက ရွာပျက်သွားတဲ့လူတွေ၊ ရေလွှမ်းသွားတဲ့လူတွေ၊ စက်လှေတွေနဲ့ မြို့ကိုတက်လာကြတယ်ခင်ဗျ။ ကျနော်လှေဆိပ်မှာ ကွမ်းယာစားရင်း မေးကြည့်တယ်ခင်ဗျ။ သူတို့ရွာတွေဘက်ကို ဘယ်ကအကူအညီမှ မရောက်ဘူးလို့ ပြောတယ်ခင်ဗျ။

နိုင်ငံခြားသားတွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလားတယ်။ အဲဒီအခါမှာ ကျုံဒါးရယ်၊ ဒေးဒရဲရယ်၊ အဲဒီနှစ်နေရာပဲ လိုက်ပြတယ်ခင်ဗျ။ ကျန်တဲ့ ဖျာပုံတို့ အခြားနေရာတို့ကို ကျနော်သိသလောက်ဆိုရင် သွားခွင့်မပြုဘူးခင်ဗျ။ လုပ်ထားတဲ့နေရာကိုပဲ လိုက်ပြတယ်။ တကယ်ဖြစ်နေတဲ့ နေရာကျတော့ သူတို့ လိုက်မပြဘူး။ ကျနော်တို့ အစိုးရဟာ ပြည်သူတွေအပါအ၀င် ဘယ်သူ့ကို ဘယ်လို လိမ်ရမလဲဆိုတာကိုပဲ ကြံစည် စဉ်းစားနေတယ်နဲ့ တူတယ်ဗျ။

ကျနော် ဒုတိယအကြိမ်(၇)ပိုင်း တာဝန်ပြန်ကျတဲ့အခါ ဒေးဒရဲမြို့ကိုပဲ တာဝန်ပြန်ကျတယ်ခင်ဗျ။ ဒေးဒရဲနဲ့ ဖျာပုံဆက်ထားတဲ့ လမ်းဘေးမှာ သာသနာ့ဗိမာန် ရှိတယ်ခင်ဗျ။ အဲဒီထဲမှာ နိုင်ငံခြားက လှူတဲ့ဆန်၊ မြန်မာနိုင်ငံက လူတွေလှူတဲ့ဆန်တွေရှိပါတယ်။ ကန်ထရိုက်ယူပြီး မိုးထားတဲ့လူတွေဟာ လူကြီး မြင်သာတဲ့ဖက်ကို မိုးထားပြီး ဖြစ်သလိုလုပ်ထားတော့ မိုးရွာတာနဲ့ မိုးတွေယိုတော့ ဆန်တွေ အစားအစာတွေ အကုန်ပုပ်ပွ ပျက်စီကုန်တယ်ခင်ဗျ။ အဲဒါတွေကို လူကြီးလာရင်ပြဖို့အတွက် ကျနော်တို့ကို စောင့်ခိုင်းထားတယ်ခင်ဗျ။

နောက်တစ်ခုက ဒေးဒရဲ မယကနဲ့ အလက မျက်နှာချင်းဆိုင်မှာ လမ်းကြားလေးရှိတယ်။ ပြည်ရွှေဆံတော်၊ ဆယ်ထပ်ကြီးဘုရားပုံစံမျိုး ဘုရားပရ၀ုဏ်ထဲမှာ ဂိုဒေါင်ကြီးရှိတယ်။ အဲဒီအထဲမှာ စားသောက်စရာတွေ အစုံ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူး၊ အထည်ဘေထုတ်တွေ၊ ကျနော်တို့ မမြင်ဖူးတဲ့ နိုင်ငံခြားပစ္စည်းတွေ အစုံလှောင်ထားတယ်။ အများကြီးပဲခင်ဗျ။ အ၀တ်အထည် အစားအစာ လိုချင်လို့လာတောင်းတဲ့လူတွေ လာပြီးအလှူခံလို့ရှိရင် ကျေးရွာက ထောက်ခံစာ ယူလာရတယ်။ အဲဒီရယကရုံးမှာ တပ်မ(၆၆)ဗျူဟာမှူး ကိုင်တယ်။ တပ်မမှူးတွေအပြင် ဗိုလ်တွေလည်းရှိတယ်။ ဆောက်လုပ်ရေးဝန်ကြီးလားမသိဘူး ရုံးလာထိုင်တယ်။ ဒီလူတွေ အပြောအရ ထောက်ခံစာတစ်စောင်ရဖို့ တန်းစီစောင်းရတယ်လို့ ပြောပါတယ်။ မယကရုံးထဲမှာလည်း လျှပ်စစ်ပစ္စည်း (ခြင်ရိုက်ဘက်တံ)တို့ မုန့်အခြောက်တို့ ရှိတယ်။ ဒါ့အပြင်ကို သင်္ကန်းတွေ၊ သပိတ်တွေလည်းရှိပါတယ်။

အလှူပစ္စည်းတွေကို လိုချင်လို့ဘုန်းကြီးတွေ သီလရှင် ဆရာလေးတွေ လာရင်လည်း သာသနာမှတ်ပုံတင်ပြရမယ်။ လူတွေလာရင်လည်း မှတ်ပုံတင်၊ မိသားစု သန်းခေါင်စါရင်းကို ပြရမယ်ဆိုတော့ မုန်းတိုင်းတိုက်တဲ့အထဲ ပါသွားတာ အဲဒီအထောက်အထားတွေ ဘယ်မှာ ရနိုင်တော့မလဲ။ တကယ့်တကယ်ကျတော့ တော်တော်ကြာ ဗိုလ်မှူးစားဖို့၊ တော်ကြာ ဗိုလ်ချုပ်စားဖို့ ဆိုင်ကယ်နဲ့ လာလာယူတာ။ ကျနော်က လုံခြုံရေး စောင့်နေခဲ့တာ မျက်မြင်ကိုယ်တွေ့ပဲ။ ကျနော်တို့ရှေ့မှာ အကောင်းဆုံးတွေကို စားတယ်။ သောက်တယ်။ ဗူးခွံတွေ ရှုပ်ပွနေတာပဲ။ တပ်ရင်းကို ပြန်မယ့်ကားရှိရင် အရာရှိ မိသားစုတွေအတွက်ဆိုပြီး နိုင်ငံခြားပစ္စည်းတွေကို ကားနဲ့လာယူတာ မမြင်ချင်အဆုံးပဲဗျ။

စားကုန်တွေ အကုန်လုံး ဒေးဒရဲမြို့ထဲမှာ ပြန်သွင်းကြတယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် ယိုးဒယားကလာတဲ့ ဆားထုတ်တွေ၊ တရုတ်ကလာတဲ့ ဆားထုတ်တွေ၊ အကုန်လုံး ကျနော်တို့နေတဲ့မြို့အထိ ပျံ့နှံ့နေတော့ သူတို့ အကျင့်စရိုက်တွေကို ဈေးကွက်ကို ကြည့်ရင်သိနိုင်ပါတယ်။ ဂိုဒေါင်ထဲမှာ ကြက်ဥတွေ၊ ဘဲဥတွေ၊ ကြသွန်တွေပုပ်၊ အာလူးတွေ အပင်ပေါက်၊ ကျနော်မေးချင်တယ်၊ ဒါတွေကို ပြည်သူတွေကိုမဝေပဲ၊ လူကြီးတွေလာရင် ပြဖို့ပဲထားတာလား၊ ဒါပေမယ့် ကျနော်က ၀န်ထမ်းတစ်ယောက်ဆိုတော့ မေးပိုင်ခွင့်မရှိဘူး။ ဒီဘက်ကိုရောက်မှ ပြောရတော့တယ်။

မြို့ပေါ် ရပ်ကွက်တွေမှာတောင်မှ လူကြီးသွားမယ့် လမ်းကြောင်းမှာပဲ သွပ်တွေဝေတယ်။ ဒါတောင် လမ်းကကြည့်ရင် သွပ်တစ်ခြမ်းပဲမြင်ပြီး နောက်မှာတော့ တာလာပတ်မိုးထားတယ်။

ဘယ်လောက်သေလည်းဆိုတော့ ဒေသကလူတွေအပြောကိုထောက်ရင် တကယ်သိန်းချီ သေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဒေသက စီးပွားဖြစ်ထွန်းတဲ့ဒေသ လူနေ ထူထပ်တယ်ဆိုတော့ လူတွေအများကြီး လုပ်ကိုင်စားသောက်လို့ ရတယ်။ ရွာလုံးကျွတ် ပျောက်သွားတာတွေရှိတယ်။

ကျနော်တို့ကို ရေဒီယို နားထောင်ခွင့်ပေးပါတယ်။ ဘီဘီင်္စီတို့ ဘာတို့ပေါ့နော်။ ဒါပေမယ့် မင်းတို့မယုံနဲ့နော် သူတို့ မဟုတ်တာတွေ ပြောနေတာတဲ့။ မြန်မာ့အသံက ထုတ်လွှင့်တာတွေကို ကျနော်တို့ ရီချင်တာပေါ့ဗျာ။ ပြနေတာကတမျိုး၊ ဒီမှာဖြစ်နေတာနဲ့ တလွဲစီပဲ။ ကျနော်ဆိုရင်၊ နော်ဝေကလွှင့်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို အမြဲနားထောင်းပါတယ်။

နာဂစ်ဒေသမှာ ထူးထူးခြားကိုပြောပါဆိုရင် ဂျူလိုင်လမှာပေါ့ဗျာ ဒေးဒရဲမြို့ထဲက ကလေးတစ်ယောက်ကို စစ်တပ်ထဲကို သွင်းမယ်ဆိုပြီး ပြည်အင်းမ(၆၆)တပ်ကို ခေါ်သွားပါတယ်။ ကလေးက (၁၃)နှစ် (၁၄)နှစ်ပဲ ရှိသေးတော့ သူ့အမေက လိုက်သွားတယ်။ ငိုပြီးတောင်းပန်တယ်ပေါ့။ စစ်တပ်က လူကြီးတွေက စစ်သားဖြစ်သွားပြီ ပြန်မပေးနိုင်ဘူးလို့ ပြောတော့ အဲဒီအဒေါ်က တိုင်မယ် တောမယ် လုပ်တော့မှ ပြန်ပေးလိုက်တာခင်ဗျ။ အဲဒါ ကျနော့်ကိုယ်တွေ့ပါ။ နောက်တစ်ခုက လှေတွေ လှူတယ်။ အိမ်တွေ လှူတယ်။ တီဗွီတွေမှာ လွှင့်တယ်။ မှတ်မှတ်ရရ ပြောချင်တယ်။

ကျနော် ဒေးဒရဲလမ်းမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် လာတယ်ခင်ဗျ။ အဲဒီအချိန်မှာ ခရီးသွားပြည်သူတွေ ကားတွေကို ရပ်ပေးရတယ်ခင်ဗျ။ အဲဒီမှာကားပေါ်က ပိုက်လှေသူကြီးတစ်ယောက် ပြောပြပါတယ်။ လှေတစ်စီးကို (၃)သိန်းနဲ့ ၀ယ်ရမယ်။ အိမ်ဆိုလည်း (၃)သုံးသိန်းပေးရမယ်၊ (၆)သိန်းပေးရမယ်ဆိုပြီး စစ်ဗိုလ်တွေ လာပြောတယ်လို့ ဆိုပါတယ်။ ကျနော်က ပြောတယ် လှူတာမဟုတ်ဘူးလား၊ တီင်္ဗွီထဲမှာ လှူနေတာပဲလေဆိုတော့။ အလကားပါကွာ မင်းတို့ အစိုးရတွေ၊ မင်းတို့လည်း အတူတူပဲတဲ့။ ကျနော်တော်တော် စိတ်မကောင်းဖြစ်သွားပါတယ်။

နောက်တစ်ခုက ဒေးဒရဲမြို့နယ်က ရွာတစ်ရွာမှာ ချင်းလူမျိုး ဘုန်းကြီးတစ်ပါး။ ဘုန်းတော်ကြီး ကျောင်းပညာရေးကပါ။ စာသင်ပြပေးတဲ့ ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းရော၊ အကုန် ပျက်စီနေပါတယ်ခင်ဗျ။ အဲဒါ ကျောင်းပြန်ဆောက်ချင်လို့ မြို့ကိုတက်လာပြီး တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေနဲ့ ပြန်ဆောက်ဖို့အတွက် အကူအညီပေးဖို့ စကားပြောပါတယ်။ သူတို့တွေက ဘာပြန်ပြောလဲဆိုတော့ အရှင်ဘုရား ရှေ့စီနီယာတွေ များကြီးရှိပါတယ်။ အဲလိုပြောတယ်လို့ ကျနော်တို့ကို ပြန်ပြောပြပါတယ်။ အဲဒီဘုန်းကြီး နာမည်ဘွဲ့တော်က ဦးပညာသာမိပါ။ စစ်တပ်ဆီက ဘာမှ အကူအညီမရတဲ့အဆုံး ရွာကလူတွေနဲ့ သစ်တွေ ၀ါးတွေ ခုတ်ပြီး ယာယီကျောင်းလေး ဆောက်ပြီး စာသင်နေရပါတယ်။

ကျနော်ကူညီချင်ပေမယ့် ကျနော်လုပ်ရတဲ့အလုပ်က အော်ရတယ်၊ ငေါက်ရတယ်၊ မောင်းထုတ်ရတယ်၊ မလာနဲ့၊ မကပ်နဲ့၊ ပြည်သူမုန်းအောင် လုပ်ရတဲ့ လူရမ်းကားအလုပ်ပါခင်ဗျ။

နောက်ကျနော်တစ်ခု ကြုံခဲ့တာ ရှိပါသေးတယ်။ နာဂစ်ဒေသအစုံကိုတော့ ကျနော်မရောက်ခဲ့ဘူးပေါ့နော်။ ဖျာပုံ ဒေးဒရဲနဲ့ ဒလလမ်းကြောင်းတစ်လျှောက်မှာ တာဝန်ကျခဲ့တာပါ။ ဒလဟိုဘက်ကမ်း ဒီဘက်ကမ်းတံတားပါ။ အဲဒီတံတားခြေရင်းမှာ တာဝန်ကျတော့ အမျိုးသမီးကြီး တစ်ယောက်က သားလေး ထမင်းစားပြီးပြီလားလို့ မေးပါတယ်။ လာစားဖို့ခေါ်ပါတယ်။ ကျနော်တို့ ရဲသင်တန်းမှာ စားခဲ့ရတာထက် ဆိုးတာပေါ့။ ထမင်းဆို ၀ါထိန်နေပါတယ်။ ကျနော်က အကြီး ဆန်အလှူတွေ မရဘူးလားဆိုတော့ မရဘူးတဲ့ ရေမြုပ်သွားတဲ့ ဆန်တွေကို နေလှန်းပြီး ဒီလိုပဲ နေ့တိုင်းစားနေရတာပဲတဲ့။ ဆီဆိုတာလည်း မဖြစ်စလောက်ပဲတဲ့၊ ဒါလေးနဲ့ မင်းမျှတပြီး စားသွားပေါ့တဲ့။ ကျနော်စားခဲ့ရပါတယ်။

ဒေးဒရဲတံတားပေါ်မှာ ဘာကြုံခဲ့လဲဆိုတော့ ကျနော်ခွဲခြားပြောတာတော့ မဟုတ်ဘူး။ ညဘက်ဆိုရင် မကောင်းတာလုပ်စားတဲ့ မိန်းမပျက်တွေ တံတားပေါ်ကို တက်လာတယ်။ စစ်သားတွေနဲ့ အိပ်ကြတယ်။ တံတားအောက်မှာဆိုလည်း ဒီအတိုင်းပဲဗျ။

ဒုက္ခသယ်တွေထဲက အဲလိုပုံစံမျိုး ဖြစ်သွားတယ်လို့တော့ ကျနော် မကြားမိခဲ့ဘူး။ နဂိုရှိပြီးသားတွေပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ စစ်သားပြိုင်ပြီးတော့ လူထုနဲ့ ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ ကျနော်တို့လောက် သူတို့မယဉ်ကျေးဘူးခင်ဗျ။

ဒေးဒရဲ တံတားရဲ့ဘေး၊ မယကရုံးရဲ့ အနောက်မှာ အစိုးရက အိမ်တွေဆောက်ပေးပါတယ်။ အဲဒီအိမ်တွေမှာ ပိုက်ဆံပေးနိုင်တဲ့လူတွေပဲ နေရပါတယ်။ ငွေမတတ်နိုင်တဲ့ လူတွေကတော့ ကျနော်ပြန်လာတဲ့အထိ တဲအိမ်လေးဆောက်ပြီး ဖြစ်သလို နေကြရတယ်ခင်ဗျ။

ကျနော်တို့ ဒေးဒရဲတံတားမှာ စောင်ရတဲ့အခါ အလှူပစ္စည်းတွေ လာပို့တဲ့လူတွေ အကုန်လုံးကို ကျနော်တို့က မေးမြန်းစစ်ဆေးရပါတယ်ခင်ဗျ။ စစ်သားတွေနဲ့ အတူပေါ့လေ။ ဘယ်ကိုသွားမလဲ၊ ဘာတွေလှူမလဲ၊ ဘယ်ကလာသလဲ၊ မှတ်ရပါတယ်။ အဲနောက်ကျတော့ အဲလိုမဟုတ်တော့ဘူးခင်ဗျ။ ကိုယ်တိုင် ကိုယ်ကျ သွားလှူခွင့် မပြုတော့ဘူး။ လှူမယ့်ပစ္စည်းကို မယကရုံးမှာထားခဲ့ရတယ်ခင်ဗျ။ လူတွေက ကြုံတွေ့ရတာတွေကို မီဒီယာတွေကို ပြောပြမယ်။ လူတွေကို ပြောပြမယ်ဆိုတော့ သူတို့မဟုတ်တာ လုပ်နေတာတွေ ဗူးပေါ်သလို ပေါ်မှာစိုးတယ်လို့ ကျနော်ယူဆတယ်ခင်ဗျ။

အလှူရှင်တွေဟာ အစပိုင်းကာလတွေကဆိုရင် ကျနော်တို့ကို ပါဝင်ပြီးတော့ ၀င်လှူဖို့ အကူအညီတောင်းကြပါတယ်။ မြန်မြန်ပြီးအောင်ပေါ့နော်၊ ပြီးတော့ မြန်မာတွေဆိုတာ မိမိရဲ့ အလှူပစ္စည်းတွေကို ကိုယ်တိုင်းကိုယ်ကျ လှူမှ စိတ်ကြည်နူးတတ်ကြတာလေ။ နောက်ပိုင်းမှာ ကိုယ်တိုင် လှူခွင့်မရတော့ပဲ မယကရုံးမှာပဲ၊ ပါသမျှ အလှူပစ္စည်းတွေကို ထားပစ်ခဲ့ရတယ်ဆိုတော့ ဘယ်လှူချင်တော့မလဲ။ ဘာသာရေးအရပဲကြည့်ကြည့်၊ လူမျိုးရေးအရပဲကြည့်ကြည့် အလှူရှင်တွေဟာ လုံးဝမကျေနပ်ကြတော့ဘူးခင်ဗျ။

နောက်ဆုံးအနေနဲ့တော့ဗျာ စစ်သားတွေက ကျနော်တို့ကိုခေါ်ပြီး လူမုန်းခံခိုင်းတာပါပဲ။ ကျနော်တို့က ငိုနေတဲ့လူတွေကို အငိုတိတ်အောင်၊ ငတ်နေသူကို ၀အောင် သွားကျွေး၊ နေစရာမရှိသူကို ရှိအောင် ၀ိုင်းဝန်း ကူညီပေးရတာမဟုတ်ပဲ၊ ဟိုလိုမလုပ်နဲ့ ဖယ်ပေး၊ ဆင်းပေး၊ ပြန်၊ နင်ပဲငဆ အော်၊ ဆဲ၊ ငေါက် တကယ်တော့ လူမိုက် သွားလုပ်ရသလိုပါဗျာ။ နိုင်ငံတကာက ပေးပို့ လှူဒါန်းကြတာတွေကို ရောင်းပြီး စီးပွား ဖြစ်းသွားကြတာက တပ်မ(၆၆) အင်းမက အရာရှိတွေနဲ့ ကျနော်တို့မြို့နယ်က အရာရှိကြီးတွေ ဇိမ်ခံ ပစ္စည်းကောင်းကောင်း သုံးလိုက်ကြရတာပဲ။ ပြည်တွင်းမှာ အမှန်အကန် ဖြစ်နေတာတွေကို ပြည်ပက ရေဒီယိုတွေ အကုန်မသိကြဘူးဗျ။ ။

(ရဲတပ်ဖွဲ့၏ အကျင့်ပျက် လာဘ်စားခြစားမှုများကို ကြုံကြိုက်ပါက ဆက်လက်ပြီး ရေးသားတင်ပြ သွားပါမည်။)

ကျော်သောင်း

အပြည့်အစုံသတင်းဖတ်ရန်....

Friday, May 1, 2009

EAT & AAPP - Nargis Anniversary Press Release and Report

EAT & AAPP - Nargis Anniversary Press Release and Report EAT & AAPP - Nargis Anniversary Press Release and Report ko latt

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, April 30, 2009

ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမင်းကိုနိုင်

2009 Gwangju HR Prize[1]


http://flyingpeacock.blogspot.com/2009/04/blog-post_2164.html

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်