Monday, January 19, 2009

ဆော်သြခြင်း

အနောက်ကနေထွက်ပေမယ့်
အနေမပျက်သေးတဲ့ တို့တိုင်းပြည်။
(လူထု၏ စိတ်နေစိတ်ထားကို ဆိုလိုပါသည်။)

လူယုတ်မာတို့ ပုတ်ခွာချပေမယ့်
စုတ်ကာမကျ တဲ့ တို့သာသနာ။

တကိုယ်ကောင်းဖို့ ရောင်းချင်ရာ ရောင်းနေကြပေမယ့်
ကောင်းချင်သလို ကောင်းနေသေးတဲ့ ဗမာပြည်။
(ဘ၀ကို ရောင့်ရဲတတ်သော ဗမာ့လူထုကို ဆိုလိုပါသည်။)

အစိုးမရတဲ့ အစိုးရမှအပ
ဖိုးမြတ်တဲ့ အလှ
လူတိုင်းမှာ ခ..နေဆဲပါ။

အိမ်တဆောင်၊ မီးတပြောင်မှာ
အနှစ်တစ်ထောင် နေရဖို့
ငြိမ်းတဘောင် စည်းနှောင်ကာ
အချူပ်အနှောင် တွေကျလို့
အဟုတ်တကယ်စောင့်နေရသူ တွေကလည်း မနည်းပေဖူးဗျို့ ။

သြော်..ဒါပေမယ့်
ခွေးမြီးကောက်ကို ကျည်တောက် စွပ်တာမဟုတ်
ကျည်တောက်ကိုပဲ ခွေးမြီးကောက်က အတင်းစွပ်သလိုလိုတွေပြော
အဖျင်း..အဟွတ် အဟွတ်တွေ နှောလို့
ဒင်း….တို့ အဖြစ်မရှိသမျှ
သင်းအလှ ဗမာပြည်ဟာ
ထမင်းမ၀ ကမ္ဘာပဲ ဆိုက်ဆိုက်နေရပြန်ပြီတကယ်ဆို

ကျူပ်တို့ လူမျိုးက
အာရှကတောင် အတုခိုး ခံရဖူးပါတယ်ဗျ

ငြိမ်းချမ်းရေးဆိုတာဝေးစွ
ခွေးရသလို လူ့ဘ၀မှာ
အနုအလှ နဲ့
မငြိမ်းချမ်းချင်ဘူး

အိမ်း…. အကြမ်းဘ၀နဲ့
ကိန်းဂဏန်းချကာ
ယိမ်းနပန်း၊ အတိမ်းအခမ်းတွေနဲ့
ဇိမ်းဇမ်းဇမ်း ဇာတ်ကြမ်းကကာ

အို……………ကွာ
လူထုအားနဲ့ တိုက်ကြစို့…… လာဟေ့။

ဒီအယုတ်တမာတွေကို
အဟုတ်ဒီတခါ လုံးလို့ဖြင့်
အပြုတ်သာ ကျူံးလိုက်ပါစို့

ကိုယ့်ပြေရွာ သာစေဖို့။
တကယ်ကွာ..ညီလှ
မင်း..မျှဖို့ တွေးကွ..။

တကယ်ပါ နှမ
ညည်းဝဖို့ လည်း တွေးဟ..။

အရီးမြတို့ ပါမကျန်
ဇန်လှနဲ့ ကိုရင်သြရေ
လိုရင်တော့ ပြောရတော့မယ်။

ဒီပုံဆို ကျူပ်တို့ ကျွန်တကယ် ဖြစ်တော့မှာမို့
အနှီ ဟိုလို အုပ်ဖို့..အင်.. ပရိယာယ် ရှုပ်တွေနဲ့
အထုပ်လုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ
အတွေးခေါက်လို့ အပြေးတောက်ရအောင်

ဒီချူပ်၊ခွပ်ဒေါင်း ဇွတ်ပေါင်းလို့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အဆင်းကောင်းမှန်တဲ့ အို..စစ်သားတွေပါ
အစစ်တရားတွေနဲ့
အချစ်ပွားကာ လူထုအတွက်
အူနုကနေ အုံကြွလို့
ဘုံချလိုက်ရအောင် တရားမရနိုင်တဲ့
နအဖ ငအိုငတွ တွေကို။


© အဖြူရောင်လူ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်