Friday, January 23, 2009

ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇန်နဝါရီလ 24 2009

ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပေါက်ကံစက်မှုဇုန်တွင် သောကြာနေ့ည ၁၀ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ စက်ရုံနှစ်ခု လောင်ကျွမ်းသွားခဲ့သည်။

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားလမ်းနှင့် ဗိုလ်တေဇလမ်းကြားရှိ အမှတ်(၃၃၂) ကနောင်မင်းသားလမ်း မြန်မာပြည်သား မြန်မာ့အစားအစာ စက်ရုံ၊ အမှတ်(၃၆၉) ဗိုလ်တေဇလမ်း "ရွှေ"ငါးမုန့်စက်ရုံနှင့်

အဆောက်အဦးတခု ကို မီလောင်ကျွမ်းသွားခြင်းဖြစ်ကာ ၁၁ နာရီခန့်တွင် မီးညွန့်မှာ ငြိမ်သက်သွားခဲ့သည်။

"မီးသတ်ကားတွေကတော့ နိုင်ပါတယ်။ အားလုံး စုံပြီးရောက်လာခဲ့တာ။ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်" ဟု အနီးတွင် နေထိုင်သူ အမျိုးသမီးကြီးတဦးက ဆိုသည်။ အနီးဆုံးဖြစ်သော မြောက်ဥက္ကလာ မီးသတ်ကားများမှာ မီးလောင်နေစဉ် မိနစ်နှစ်ဆယ်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း မီး စတင်လောင်ချိန်တွင် ရှိနေသူ အမျိုးသားတဦးက ပြောသည်။ မရမ်းကုန်းမီးသတ်ကဟုဆိုသော မီးသတ်ကားလေးစီးမှာ ရေမပါသောကြောင့် လမ်းထိပ်တွင်သာ ရပ်နေခဲ့ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မြန်မာပြည်သား မြန်မာ့အစားအစာ လုပ်ငန်းရုံမှာ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ရွှေ ငါးမုန့်သည်လည်း အများအပြား ပျက်စီးလောင်ကျွမ်းသွားခဲ့သည်။

ရန်ကုန်တွင် မကြာခဏမီးလောင်မှုဖြစ်ပွားခဲ့ပြီး မကြာသေးခင်က ယုဇနပလာဇာ တွင် လျှပ်စစ်ဝါယာရှော့မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်