Monday, January 19, 2009

ရွှေတိဂုံ ဘုရားက ပတ္တမြားမျက်ရှင်ဆုတောင်းပြည့် ဆင်းတု ကို သန်းရွှေ ခိုးသွားပြီ။

မိစ္ဆာဒိဋ္ဌိတွေကို ကိုးကွယ်နေတဲသန်းရွှေ နဲ့ မိသားစုဟာ အခုဆို ရွှေတိဂုံစေတီတော် အထက်ပစ္စယံက ပတ္တမြားမျက်ရှင်ဘုရားတောင်မှမချန်တော့ပါဘူး။ မကြံကောင်း မစီရာ တွေကို ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့ အတိုင်း ပတ္တမြားမျက်ရှင်ဘုရားကို ပုံစံတူအရုပ်နဲ့ လဲလှယ်ပြီးတစ်နေရာကို သယ်ဆောင်သွားခဲ့ပါပြီ။ သေပြည်တော်မှာတည်နေတဲ့ ရွှေတိဂုံစေတီတော် စင်ပြိုင်ပုံတူမှာ ထားနိုင်တယ်လို့ ယူဆရပါတယ်။ ကျွန်တော်ကိုယ်တိုင်လေ့လာပြီး မှတ်တမ်းယူခဲ့ပါတယ်။ Attach a file ထဲမှာကြည့်ပါ။

မှတ်ချက်။ ရွှေတိဂုံစေတီတော် စင်ပြိုင် မဟာဝိဇယ စေတီတည်ခဲ့တဲ့ ဦနေ၀င်းဟာ ဖျာလိပ်ပတ်ပြီး သေခြင်းဆိုးနဲ့ သေခဲ့ရပြီးပါပြီ အာဏာပြုတ်မှာကြောက်လို့  ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့အတိုင်း ပတ္တမြားမျက်ရှင်ဘုရားကိုပုလင်ပေါ်ကချလို့  မတန်မရာတက်ထိုင်ပြီး စော်ကားခဲ့တဲ့ငခင်ညွန့် လည်း ရက်ပိုင်းအတွင်းရာထူးပြုတ်ပြီး သူတင်မက မိသားစုပါ ဒုက္ခရောက်ခဲ့ ကြရပါပြီ......အတုပုံကသင်္ကန်းရုံထားရပါတယ်၊ နောက်တစ်ပုံကတော့ အရင်ကပုံတော်ကို ကူးလာခဲ့တာပါ။ နှိုင်းယှဉ်ကြည့်နိင်ပါတယ်။
မူလ ပတ္တမြား မျက်ရှင်ဘုရားအစစ် (အောက်မှပုံ)

လက်ရှိပတ္တမြားမျက်ရှင်ဘုရားအတု (အောက်မှပုံ)
သေချာစွာကြည့်ပါ . မျက်နှာတော် အနေအထားမတူပါခင်ဗျား
ပေးပို့ တာ ကျေးဇူးပါ ကိုနေမင်းသူရ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်