Monday, January 19, 2009

မပျက်သောဇွဲလုံလ တို့ ဖြင့်

အမျိုးဘာသာ သာသနာ
ခြေမှုန်း ဖျက်ဆီးနေတဲ့
အာဏာရူး စစ်ဘီလူးတို့
ယနေတိုင်ရှင်သန်နေဆဲ။
ဒင်းတို့..ဒင်းတို့
လူသားစိတ်ကင်း နိုင်ထက်စီးနင်း
တရားမဲ့စွာ သတ်ဖြတ်ညှင်းဆဲ
ဖိနှိပ် ချုပ်ချုယ် ဖမ်းဆီး ချုပ်နှောင်
မည်သို့ပင်ချိမ်းခြောက်
မကြောက်တရားလက်ကိုင်ထား
ဒို့ပြည်သူလွတ်မြောက်ဘို့
ယုံကြည်ချက် တိုက်ပွဲအတွက်
အသက်နှင့် ဘ၀ပေးအပ်ကြတဲ့
အာဇာနည် အပေါင်း
အမှန်တရားအတွက် အကျဉ်းချခံရသူ
သူရဲကောင်း အပေါင်းတို့အား
သစွာထား အဓိဌာန်ပွားမည်။

မဟာဇနက ထုံးနှလုံးမူ ၍
စိတ်ရှည် သီးခံဇွဲသန်စွာဖြင့်
ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲ ပမာ
အနည်းအများ အင်အား ဂရုမထားဘဲ
ဒို့မိခင်သွေး ကိုယ်၌မွေး ကာ
နောင်တော်များရဲ့ ကြွေးကြော်သံ
ပြည့်မြောက်စေရန် ရည်သန်လျှက်
တပ်ဦးမှာ သာသနာ့ အလံ တံခွန်ထူ
အဖွဲ့ချုပ် အလံ ကိုယ်မှာ ခြုံကာ
ကျောင်းနံရံ ဒေါင်းအလံပြန်စိုက်
ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်း
လွတ်လပ်ရေးကို အောင်လံထူဘို့
ငါ့တို့ ကျန်ရှိနေသေးတယ်။

ဒင်းတို့ပြောတဲ့
နှစ်ထောင့်တစ်ဆယ်
လူထုတိုက်ပွဲနဲ့ချေဖျက်ပစ်မယ်
မကြာတော့တဲ့ကာလ
အောင်ပွဲ ရရှိရမယ်.....ဟေ့

အိုးဝေ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်