Date: 2009/8/22
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်းတာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံး နှစ်ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ခဲ့တာပါ။
ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်းခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။
"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"
ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမယ့် ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့်ရှိတယ်လို့ ပါရှိပေမယ့် ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။
"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"
သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။
"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝန်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိကလက်သည်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ်ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။
Saturday, August 22, 2009
Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပ...
- ၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ
- Webb: New push to secure Suu Kyi's release
- 17th August 2009 - MoeMaKa Online Newsletter
- ညီညွတ်ကြဖို့  အချိန်တန်ပြီ
- Secretary-General's Response to Aung San Suu Kyi's...
- ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်...
- ရှယ်ဗရွန် Out Out..
- တွေဝေရမဲ့အချိန် မဟုတ်..အလုပ်သက်သေပြသင့်ပြီ
- မိသားစုပါငတ်သွားချင်လားတဲ့
- American Leaves Myanmar After Prison Release
- U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တ...
- ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ...
- ယက်တော ဘန်ကောက်ရောက်ပြီ
- American leaves Myanmar after release from jail
- ရမ်ဘို ကတော့ ရက်တောကို ကယ်သွားပြီ
- ပြီးတော့ လည်း သူဘဲ ခြေဖက်ရတာဘဲ
- ဦးဝင်းတင် ဆေးရုံတင်ထားရပါတယ်တဲ့
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတ...
- သြဂုတ် လ ၁၅ ရက် ၂၀၀၉ သတင်း
- ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက...
- US senator meets Myanmar's democracy leader
- အမြဲမှားတော့ အမှားမြဲ
- Security Council Statement on Myanmarမြန်မာ့ဒီမို...
- သိပ်ကြောက်မနေပါနဲ့ နအဖရယ်..
- အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး...
- MoeMaKa Online e Newspaper - 13th August 2009
-
▼
August
(236)
No comments:
Post a Comment