၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ တဖက်သတ် ပြင်ဆင်
22 August 2009
စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် စည်းမျဉ်း ဥပဒေတွေ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ တချို့ဒေသတွေမှာ သူတို့ဖက်ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ကရင် ပြည်နယ် ကော့ကရိတ်ဒေသဘက်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေတောင် ကြိုတင် သတ်မှတ် နေ ကြပြီ လို့ မကြာခင်က အဲဒီဒေသကို သွားရောက်ခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဗွီအိုအေကို ပြောပြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်ကို သွားရောက်ခဲ့တဲ့ NLD လွှတ်တော်အမတ်ကတော့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်မြေ အမှတ် (၁) ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပါတယ်။ သူ ကော့ကရိတ် မြို့ ကို ရောက်တဲ့အခါမှာ ဒေသခံတွေက သူ့ကို ပြောပြခဲ့တာတွေနဲ့ပတ်သက်လို့ သူက အခုလို ပြောပြပါတယ်။
“ဘယ် မဲဆန္ဒနယ်မှာ ဘယ်သူ့ကို ကြိုလျာထားတယ်၊ ဘယ်သူ့ကို ဘယ်လို ဆိုတာတွေ သူတို့လူထုတွေက နံမည်တွေနဲ့ကို ကျနော့်ကို ပြောကြပါတယ်။ ကျနော်ကတော့ တလုံးပဲ အံအားသင့်ပြီး ပြန်ပြောတာရှိတယ်။ ဘယ်မှာလဲ ရွေးကောက်ပွဲ ဥပဒေ၊ အဲဒါတွေ မထွက်ဘဲနဲ့ ကြိုတင် လျာတယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားတယ်ဆိုတာ သဘာဝလည်း မကျဘူး။ ဒါမျိုးက တရားမျှတမှု ကင်းမဲ့ရေးကို ဦးတည်သွားနိုင်တယ်လို့ ကျနော် သူတို့ကိုတော့ ရှင်းလင်းပြခဲ့ပါတယ်။ သူတို့ ပြောတဲ့အရ ဆိုရင်တော့ အဲဒီဒေသမှာ တကြိမ်တခါက တာဝန်ပေးအုပ်စိုးသွားတဲ့ အရာရှိဟောင်းကြီးတွေပေါ့၊ ဥပမာ - ကော့ကရိတ်ကို ဘယ်သူ၊ ဖားအံကို ဘယ်သူ၊ လှိုင်းဘွဲ့ကို ဘယ်သူ၊ ကြာအင်းဆိတ်ကြီးကို ဘယ်သူပေါ့ဗျာ။ သူတို့ နံမည်တွေ နဲ့ ပြောပါတယ်။ အရာရှိဟောင်းတွေပေါ့ဗျာ။”
ဒါပေမယ့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံအရ အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်တပ်က အာဏာလွဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးကိစ္စမှာ ဒေသခံအများစုက ကန့်ကွက်မဲ ပေးခဲ့ကြ ပေမဲ့ အာဏာပိုင်တွေဘက်က ထောက်ခံမဲ အများစုရခဲ့တဲ့အကြောင်း အဓမ္မ ကြေညာခဲ့တာတွေကြောင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အလားတူ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမှာ လူထုအနေနဲ့ စိုးရိမ် ပူပန်နေတဲ့အကြောင်း ပြောပြပါတယ်။
“ကျနော်တို့အဖွဲ့ဝင်တွေရော၊ ဒေသခံပြည်သူတွေရောက သူတို့စိုးရိမ်ချက်တခု ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ပူပူနွေးနွေး ပြန်ပြောရင် ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲလို သူတို့ဆုံတွေ့ရမယ့်ဟာမျိုး အခြေအနေမျိုးကို မလိုလားဘူး။ ဥပမာ သူတို့ ပြောင်ပဲ ပြောတယ်ဗျာ။ သူတို့မဲပေးတဲ့အချိန်တုန်းက ကန့်ကွက်မဲ ၇၅ % ကျော် ပေးခဲ့တယ်။ အဲဒီ ကန့်ကွက်မဲတွေကို ဒါနဲ့ ပတ်သက် ပြီးတော့ တကယ်ထွက်ပေါ်လာတဲ့ ရလဒ်ကျတော့ သူတို့ အံ့အားသင့်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်ခဲ့ရတယ်။ အဲဒါမျိုးတွေကို နောက်လာမယ့်ရွေးကောက်ပွဲတွေမှာ သူတို့ မဖြစ်စေချင်ဘူး။ ၁၉၉၀ ခုနှစ် ရွေးကာက်ပွဲတုန်းကလည်း သူတို့ တောင်ပေါ် ကနေ ဆင်းပြီးတော့ မဲရုံရှိရာကို လာတယ်။ အပင်ပမ်းခံပြီး ရွာစင်ဖြတ်လာကြတယ်။ အမျိုးမျိုးသော အကျပ်အတည်းတွေ ကြားထဲက သူတို့ မဲရုံရောက်အောင်လာတယ်။ ဒါပေမယ့် သူတို့ ပေးလိုက်တဲ့ မဲတွေက အခု အနှစ် ၂၀ ကာလအထိ အချည်းနှီး ဖြစ်နတဲ့ အဖြစ်မျိုးကိုတော့ နောက်ထပ် သူတို့ ဒီအပေါ်မှာ သံသယ၀င်နေတာရှိတယ်။ အဲဒီတော့ သူတို့ ဒေသခံ လူထုအနေနဲ့ ဒီတိုင်းပြည်မှာ ကြုံနေတဲ့ နိုင်ငံရေးပြဿနာကိုတော့ ငြိမ်းငြိမ်းချမ်းချမ်း တရားဥပဒေဘောင်အတွင်းက ဖြေရှင်းတဲ့ဟာကိုတော့ ဒေသခံလူထုက အင်မတန် လိုလားပါတယ်။”
အရင်ကတော့ ဒီဒေသမှာ ပေါ်တာဆွဲ၊ လုပ်အားပေးတွေ အရမ်းများခဲ့ပေမယ့် အခုတော့ နိုင်ငံတကာက သတင်းမီဒီယာ တွေက ဒီကိစ္စတွေကို ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ဆောင်လာတာ၊ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကို တိုင်ကြားခွင့် ရလာတွေ ကြောင့် ပေါ်တာဆွဲ လုပ်အားပေးခိုင်းစေတာတွေ ဒီဒေသမှာ သိသိသာသာ နည်းလာတယ်လို့ ဆိုပါတယ်။
“ခုကျတော့ သတင်းမီဒီယာတွေရဲ့ သတင်းလွှင့်မှုတွေ၊ အိုင်အယ်လ်အိုရဲ့ ဆောင်ရွက်မှုတွေကြောင့် အခု ကျနော်တို့ဘက်မှာ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာတွေ မရှိသလောက် ဖြစ်သွားပြီ။ မရှိတော့ဘူးလို့တောင် ဆိုနိုင်တဲ့အဆင့် ရှိတယ်လို့ မြို့ခံတွေက ပြောကြတယ်။”
ဒီလို ပေါ်တာဆွဲတာတွေ လုပ်အားပေး ခိုင်းစေတာတွေ နည်းလာတာဟာ တနည်းအားဖြင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မှာ လူထုက စစ်တပ်ကို ထောက်ခံလာအောင် တမင်စည်းရုံးရေး လုပ်ဆောင်တာလား ဆိုတာတော့ အတိအကျ မသိနိုင်ပါ ဘူး။ ဒါပေမယ့် ဒီအပေါ်မှာ ဒေသခံလူထုကတော့ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
စစ်အစိုးရက သူတို့ရဲ့ လမ်းပြမြေပုံအစီအစဉ်အရ လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့အကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပေမဲ့ ခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး။
Rest of your post
Saturday, August 22, 2009
သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လူတို့ 
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပ...
- ၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ
- Webb: New push to secure Suu Kyi's release
- 17th August 2009 - MoeMaKa Online Newsletter
- ညီညွတ်ကြဖို့  အချိန်တန်ပြီ
- Secretary-General's Response to Aung San Suu Kyi's...
- ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်...
- ရှယ်ဗရွန် Out Out..
- တွေဝေရမဲ့အချိန် မဟုတ်..အလုပ်သက်သေပြသင့်ပြီ
- မိသားစုပါငတ်သွားချင်လားတဲ့
- American Leaves Myanmar After Prison Release
- U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တ...
- ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ...
- ယက်တော ဘန်ကောက်ရောက်ပြီ
- American leaves Myanmar after release from jail
- ရမ်ဘို ကတော့ ရက်တောကို ကယ်သွားပြီ
- ပြီးတော့ လည်း သူဘဲ ခြေဖက်ရတာဘဲ
- ဦးဝင်းတင် ဆေးရုံတင်ထားရပါတယ်တဲ့
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတ...
- သြဂုတ် လ ၁၅ ရက် ၂၀၀၉ သတင်း
- ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက...
- US senator meets Myanmar's democracy leader
- အမြဲမှားတော့ အမှားမြဲ
- Security Council Statement on Myanmarမြန်မာ့ဒီမို...
- သိပ်ကြောက်မနေပါနဲ့ နအဖရယ်..
- အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး...
- MoeMaKa Online e Newspaper - 13th August 2009
-
▼
August
(236)
No comments:
Post a Comment