Showing posts with label သတင်း၊. Show all posts
Showing posts with label သတင်း၊. Show all posts

Monday, November 23, 2009

မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

Shwegondai News

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပး၊၊ ၊၊

(シュエゴンダイ宣言)シンポジウム



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော
ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း
နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ၂၃-၁၁-၂၀၀၉ ရက်နေ့တွင် Rengo အဆောက်အဦး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ အဓိကတာဝန်ယူ၍
အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ရာ ယ္ခုအချိန်အထိလူပေါင်း
၂၈၀ကျော်တက်ရောက်ခဲ့ပါသည်။သတင်းအသေးစိတ်ကိုဆက်လက်ဖော်ပြပါမည်။
ဓါတ်ပုံ.. ဗီဒီယို..kopour
သတင်း...NLD(LA)JB Youth

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 17, 2009

ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ် ညှိနှိုင်းရေး

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 11, 2009

နာရေးကူညီမှုအသင်း အမှု ပြေလည်ပြီ

ကျော်ခ | ချင်းမိုင် (မဇ္ဈိမ) ။ ။

သရုပ်ဆောင် ဦးကျော်သူ ဦးစီးသော နာရေးကူညီမှု အသင်းအပေါ် ကျူးကျော် နေထိုင်မှုဖြင့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက စွဲဆိုထားသော အမှုသည် ယခုအခါ ပြေလည်သွားပြီ ဖြစ်သည်။

ဒဏ်ကြေးငွေ ပေးဆောင် ပြီးနောက် နေထိုင်ခွင့်ပါမစ် ကျလာပြီ ဖြစ်သဖြင့် ပြီးခဲ့သည့် လကုန်မှ စ၍ ပေါ်ပေါက် ခဲ့သော ပြဿနာသည် ပြီးဆုံးသွားသည်။

“ပြီးသွားပါပြီ။ ကျနော်တို့ကို နေထိုင်ခွင့် ချပေးလိုက်ပါပြီ။ မနေ့ကပဲ ချပေးလိုက်တဲ့စာ ရတယ်။ အဆောက်အဦး ဆောက်တဲ့ ပြတင်းပေါက် ပုံစံလေး နည်းနည်း လွဲနေတာလေး ရှိတာကို ဒဏ်ကြေး ဆောင်ရပါတယ်။ ပြီးတော့ နေထိုင်ခွင့် ချပေးလိုက် ပါတယ်” ဟု စစ်အစိုးရကို ဗြောင်ဝေဖန်ရဲ၍ ပြည်သူများ အကြား ပိုမို ထင်ရှား စေခဲ့သော ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရုံးချုပ်က ထုတ်ပေးသော နေထိုင်ခွင့် ခွင့်ပြုချက်ကို ယမန်နေ့က ရရှိခဲ့သည်ဟု ဆိုသည်။

“ဒီလို အမှန်အတိုင်း အစောကြီး ကတည်းက ဖြစ်သင့်ပါတယ်။ ကျနော့်ရင်ထဲက အလုံးကြီးတလုံး ကျသွားတာပေါ့လေ။ နောက်ထပ် ဘယ်အလုံး ထပ်ပေါ်လာမလဲတော့ မသိဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ တရားသေကြီးတော့ ကျနော်လည်း မပြောတတ်ဘူး။ နောက်ထပ် အဆောက်အဦး ဆောက်လုပ်ဖို့ ဆောက်လုပ်ခွင့် ဘာညာ လျှောက်ရဦးမယ်။ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် မြောက်ဒဂုံစည်ပင်က နာရေးကူညီမှုအသင်းကို ခြံဝင်းရှေ့တွင် အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ အနက် ရေမြောင်းမတူးသဖြင့် ခွင့်ပြုချက်မရဘဲ အဆောက်အဦးကို အသုံးပြုခဲ့သည်ဟုဆိုကာ တရားစွဲဆိုရန် မြောက်ဒဂုံ စည်ပင်က မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သည်။

ဦးကျော်သူသည် အခမဲ့ ဆေးပေးခန်းတခုကိုလည်း ဦးဆောင်လည်ပတ်နေသည်။ တရက်လျှင် ရုပ်အလောင်း ၅၀ ခန့် မြေကျအောင် အခမဲ့ ကူညီပေးနေသည့် နာရေးကူညီမှု အသင်းနှင့် လူ ၂၀၀ ခန့် ဆေးကုသပေးနေသည့် မြောက်ဒဂုံတွင်ပင်ရှိသော သုခဆေးခန်းအနေဖြင့် ရေ၊ မီး ရရှိရေး ပြဿနာမှာ ရှိနေသေးသည်။

“အခက်အခဲက အခုလောလောဆယ်ကတော့ ရေနဲ့ မီးပါပဲ။ ကျနော်တို့ဘေးက ဘုန်းကြီးကျောင်းတွေတော့ ရသွားတယ်။ ရေပြဿနာကတော့ အရေးကြီးတယ်။ ကျနော်တို့အလုပ်က ရေရှိမှလည်း အဆင်ပြေမှာကိုး။ ဒီကားသန့်ရှင်းရေးတွေရယ်၊ ဆေးခန်းအတွက်ကလည်း လိုတယ်။ မီးကတော့ မမှန်တာကတော့ တရပ်ကွက်လုံးပါပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ဗို့အားသည် ၂၂၀ ဖြစ်ရာ မီးလာလျှင်လည်း အားနည်းပြီး ထက်ဝက်ပင် မပြည့်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလ အတွင်း တည်ထောင်ခဲ့ကြပြီး လူမျိုးဘာသာမရွေး အခမဲ့ ပို့ဆောင်သဂြုင်္ိဟ်ပေးခဲ့ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ ဝိဟာရ ဘုန်းကြီးကျောင်းဝင်း အတွင်း ရုံးခန်း ဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၀၇ ခု စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသ သရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်

11 November 2009

အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ဘာလုပ်ရမယ်ဆိုပြီး အမိန့်ပေး ညွှန်ကြားတာမျိုးတွေ လုပ်မှာမဟုတ်သလို စည်းကမ်းသတ်မှတ်ချက်တွေ ပြဋ္ဌာန်းမထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် တိုက်တွန်းဖို့ ဒေသတွင်း နိုင်ငံတွေကို ပြောဆိုသွားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စင်ကာပူမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အေးပက် (APEC) အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာရေး စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ချမထားဘူးလို့ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ နေရာတွေမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ပေါ်ပေါက်လာတဲ့အထိ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုကိုတော့ ပြဋ္ဌာန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ တနိုင်ငံချင်းစီပဲဖြစ်ဖြစ်၊ အာဆီယံက တဆင့်ပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တိုက်တွန်းနားချဖို့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

နိုဝင်ဘာ ၁၁၊ ၂၀၀၉
“မြန်မာနိုင်ငံတွင်း နိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေပေမဲ့လည်း ဒီကိစ္စက မြန်မာပြည် အတွင်းကသာ ဖြေရှင်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။” လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်လာဖို့အတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့လည်း တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

၁၉၆၂ ခုနှစ် ကတည်းက စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြောင်းလဲဖို့ ဒေသတွင်း နိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့ တုံ့ပြန် အရေးယူမှုတွေ လိုအပ်တဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် တွန်းအားပေးနေပေမဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းလမ်း မကျတဲ့ အချက်တွေကို ပြင်ဆင်ဖို့အတွက် အဓိက တောင်းဆိုနေတာပါ။

ဒါပေမဲ့လည်း နိုင်ငံတကာက ရွေးကောက်ပွဲ တရားမျှတရေးကိုသာ အဓိကထား ပြောနေတဲ့အတွက် NLD ရဲ့ တောင်းဆိုချက်ကို ပစ်ပယ်သလို ဖြစ်မနေဘူးလား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကို မေးကြည့်ပါတယ်။

“သူတို့ ဒီမှာ လာတုန်းကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့က စပြောသွားတာ မရှိပါဘူး။ ကျနော်တို့ ယူဆတာကတော့ အခြေခံဥပဒေ ပြင်ဆင်ခွင့် မပါဘဲနဲ့ ရွေးကောက်ပွဲတွေကို ၀င်ဖို့ဆိုတာဟာ အတော်ကြီးကို စဉ်းစားရမဲ့ အနေအထား၊ အနိုင်ရပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲတခုကို သွားဖို့နေရာမှာ ပြီးခဲ့တဲ့၊ အနိုင်ရခဲ့တဲ့ ရလဒ်ကို ချန်ထားပြီး သွားမယ်ဆိုရင် ပြည်သူလူထုကို စော်ကားရာ ရောက်မယ်။

“ရွေးကောက်ပွဲ နိုင်မထားတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ရွေးကောက်ပွဲကို ၀င်သွားလို့ ရပါတယ်။ ကျနော်တို့ ပါတီလို အနိုင်ရထားတဲ့ ပါတီမျိုးဟာ ဒီလိုသာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီးတော့ သွားမယ်ဆိုရင် ပြည်သူ့ဆန္ဒကို မလေးစားရာ ရောက်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုအနေနဲ့ ရှေ့အလားအလာ မကောင်းပါဘူး။

“ဒါကြောင့် ကျနော်တို့က ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ အဆုံးသတ်ပေးဖို့၊ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်။ ထို့နည်းတူစွာပဲ အခြေခံဥပဒေကို ပြင်ပေးဖို့ တောင်းဆိုတာဟာလည်း ဒီမိုကရေစီ ထွက်ပေါက်ကို ထွက်နိုင်အောင်လို့သာ တောင်းဆိုနေတာ ဖြစ်ပါတယ်။

“သို့သော်လည်း အမေရိကန် အစိုးရ အနေနဲ့ ဒီမှာလာပြီးတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင်သာလျှင် သူတို့က အားပေးထောက်ခံတာ ဖြစ်ပြီး အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာမယ်ဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုတွေကို ကိုယ့်ဘာသာ ဆွေးနွေးပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် အားလုံးသော နိုင်ငံရေး ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြဖို့ ဖြစ်တယ်ဆိုတဲ့ သဘောထား ရှိတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။

“ဒါကြောင့် လောလောဆယ်မှာတော့ သူတို့က ၀င်ရောက်ပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ သူတို့က သူတို့ကိုယ်တိုင် တောင်းဆိုခြင်း မရှိတာလို့ပဲ ယူဆရပါလိမ့်မယ်။”

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ တရားမျှတရေးအတွက် စစ်အစိုးရကို တိုက်တွန်းပေးဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောဆိုလိုက်တဲ့ အချိန်ဟာ လာမယ့် တနင်္ဂနွေနေ့ မြန်မာနိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီ တွေ့ဆုံတဲ့ အချိန်မှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ နိုင်ငံတွေက မြန်မာစစ်အစိုးရကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တိုက်တွန်းပြောဆိုဦးမှာ ဖြစ်တဲ့အကြောင်း AP သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ပုဏ္ဍားက ဘီလူးဆိုင်းနဲ့ ကြမ်းနေခြင်း

မမီးမီး ကို မိသားစုနဲ့ ဝေးရာ ကသာ ထောင်ရွှေ့လိုက်ပြီး ၈၈ က သက်ဇော်(ခ)ဇောက်ထိုး ကိုလည်း မော်လမြိုင်က အင်းစိန်ရွှေ့လာပါတယ်။ ဘယ် အဝေးထပ်ရွှေ့ဦးမလည်းမသိသေးပါ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, November 6, 2009

သွပ်ပြား တခါက ရင် ရှောက်သီးဆေးပြားတစ်ထုတ်ဝယ်ရမယ်နှေုာ်

အပြည့်အစုံသတင်းဖတ်ရန်....

သပိတ် အောင်မြေ မို့  တယ်ကြောက်နေပုံရတယ်..

ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင်ကို မ၀င်ရ နယ်မြေ သတ်မှတ်
Friday, 06 November 2009 15:13 အောင်သက်ဝိုင်း .ရွှေတိဂုံစေတီတွင် အင်္ဂလိပ်အစိုးရ၏ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက် ဆန္ဒပြရန် မြန်မာ ကျောင်းသားကြီးများ လျှို့ဝှက်သစ္စာပြုသည့် အထိမ်းအမှတ် စိုက်ထူထားသော သမိုင်းဝင် ကျောက်စာတိုင်ကို အာဏာပိုင်များက အထူးကန့်သတ် နယ်မြေသတ်မှတ်၍ ပိတ်ပင်ထားကြောင်း သိရှိရသည်။


ရွှေတိဂုံစေတီပေါ်မှ သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် (ဓာတ်ပုံ - Danburg Murmur)
အဆိုပါ သမိုင်းဝင် အထိမ်းအမှတ် ကျောက်စာတိုင် နေရာကိုပြည်သူများ ၀င်ရောက် ကြည့်ရှုခွင့် မပြုနိုင်ရန် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ညွှန်ကြားထား ခြင်းကြောင့် ထိုသို့ ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ရွှေတိဂုံဂေါပက အဖွဲ့မှ ၀န်ထမ်းတဦးက ပြောသည်။

“ဒီကျောင်းသား သပိတ်စဖို့ သစ္စာပြုတဲ့ ကျောက်တိုင်နေရာက ဘယ်သူကိုမှ ၀င်ကြည့်ခွင့် မပေးပါဘူး။ ဒီနေရာက အထူး ကန့်သတ် နယ်မြေပါ။ လူကြီးတွေရဲ့ ညွှန်ကြားချက် အရ ပိတ်ထားတာပါ”ဟု ရွှေတိဂုံစေတီ ဂေါပက ၀န်ထမ်းတဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျောင်းသား သပိတ်ဟုဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင် ပေါက်ဖွားရန် ရန်ကုန် ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံးသစ္စာ ပြုခဲ့သည့် ရွှေတိဂုံ ကုန်းတော်၊ စနေထောင့် အနီး၊ နေလ ဘုရားနှစ်ဆူ ဘေးရှိ စိုက်ထူထားသော ယင်းသမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် ပတ်ဝန်းကျင် တခုလုံးကို သံပန်းများဖြင့် ကာရံထားပြီး အနီးတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ လုံခြုံရေး ၀န်ထမ်းများ ချထားသည်ဟု သိရှိရသည်။

ထိုကျောက်စာတိုင်သို့ သွားရောက် ကြည့်ရှုရန် ကြိုးစားသူများကို ဂေါပကအဖွဲ့ လုံခြုံရေး အဖွဲ့ဝင်များက တားမြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ကျောက်စာတိုင် အကြောင်း မေးမြန်းခြင်း ပြုလုပ်သူများကို ကြိမ်းမောင်း နှင်ထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဘုရားဖူးများက ပြောသည်။

စစ်အစိုးရက ယင်း သမိုင်းဝင်ကျောက်စာတိုင်ကို ပိတ်ပင်မှုပြုလုပ်ခြင်းမှာ အဆိုပါအထိမ်းအမှတ်နေရာကို ကြည့်ရှုပြီး မတရားမှုအား တော်လှန်လိုစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ပြီး အင်အားကြီး မားသော အင်္ဂလိပ်အစိုးရကိုပင် ကောလိပ်ကျောင်းသားများက အနုနည်းဖြင့် ပထမဆုံး စတင်အံတုခဲ့ကြသည် ဆိုသော သမိုင်းသင်ခန်းစာများ ဖျောက်ဖျက်ထားလို၍ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နည်းပြ ဆရာတဦးက ဆိုသည်။

စစ်အစိုးရ ပိတ်ပင်လိုက်သော ရွှေတိဂုံကုန်းတော်ပေါ်မှ သမိုင်းဝင်ကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့်ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး၏အမည် များကိုရေးထိုးထားရာ ၄င်းတို့၏ အမည်များမှာ ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့ဖြစ်ပြီး ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒကို သပိတ်မှောက်ရန်ကျောင်းသားများ လျှို့ဝှက် သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင်ရေးထိုးထားသည်။ ထိုသို့ ကျောင်းသားများ စတင် သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။

မြန်မာကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ် ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက် ခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ဘာသာရေးအရ အလွန်အရေးကြီးသော နေရာဖြစ် သကဲ့သို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း အရေးကြီးသောနေရာ တခုဖြစ်သည့်အတွက် စစ်အစိုးရ အနေဖြင့် ရွှေတိဂုံစေတီကိုအခြေပြုသည့် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သုံးသပ်ကြ သည်။

“ရွှေတိဂုံစေတီတော်က နိုင်ငံရေးအတွက် အလွန်အရေးကြီးတဲ့နေရာပဲ။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေသမိုင်းဝင်မိန့်ခွန်းတွေ ပြောခဲ့ကြတယ်။ ၁၉၈၈ ခုနှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒီရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်မှာ သမိုင်း တွင်မယ့် လူထုမိန့်ခွန်းတွေ ပြောခဲ့ကြတယ်”ဟု သမိုင်းသုတေသီစာရေးဆရာ တဦးကလည်း ပြောသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟု ကမ္ဘာတွင် နာမည်ကျော်ကြားသည့်သံဃာနှင့်ပြည်သူများ၏ စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြမှုများသည်လည်း ရွှေတိဂုံစေတီကို အခြေပြုဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

စစ်အစိုးရသည် ရွှေတိဂုံစေတီရှိ သမိုင်းဝင်နေရာများကိုပိတ်ပင်မှုများပြုလုပ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းမရှိရန် လုံခြုံရေးတင်းကျပ်ခြင်းများ ဆောင်ရွက်ရုံမျှမက ရွှေတိဂုံ စေတီဂေါပကအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များကိုစစ်တပ်အငြိမ်းစား အရာရှိများဖြင့် အစားထိုးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ၂၀၀၃ ခုနှစ်က နိုင်ငံရေးသမားများ လာရောက် အလေးပြုစဉ် (ဓာတ်ပုံ - PEACE)
“ခုနောက်ပိုင်း ဘုရားဂေါပက အဖွဲ့နဲ့ လုံခြုံရေး၊ ဘုရားဝေယျာဝစ္စ လုပ်တဲ့ အဖွဲ့တွေမှာ စစ်တပ် အငြိမ်းစား အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုပဲ ထည့်လာတယ်” ဟု ရွှေတိဂုံ စေတီ အလှူခံဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။

အဆိုပါ ၀န်ထမ်း၏ အဆိုအရ လက်ရှိ ဂေါပကအဖွဲ့၊ လုံခြုံရေး အဖွဲ့ဝင်များ အားလုံးသည် စစ်တပ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အငြိမ်းစား ဗိုလ်ကြီးများနှင့် တပ်သားများ ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင်များကို စစ်တပ် အငြိမ်းစား အရာရှိများဖြင့် အစားထိုး ခြင်းသည် မြန်မာ့လူမှု အသိုင်းအ၀ိုင်း အတွက် လက်မခံနိုင်သော လုပ်ဆောင်ချက် ဖြစ်သည်ဟု ရန်ကုန် သံဃာတော် တပါးက မိန့်ကြားသည်။

“ဘုရားလူကြီး ဆိုတာက ရပ်ရွာကလည်း ကြည်ညို လေးစားရမယ်။ ဘုရားလူကြီး လုပ်မယ့် သူကိုယ်တိုင်ကလည်း ဘာသာရေးကို ငယ်စဉ်ကတည်းက ကြည်ညိုပြီး မကောင်းမှု ဟူသမျှ မလုပ်ကိုင်ဘူးတဲ့ ပုဂ္ဂိုလ်၊ သီလ၊ သမာဓိစင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုးမှ ဘုရားလူကြီး၊ ဘုရားဂေါပက ဖြစ်ထိုက်တယ်” ဟု ထိုသံဃာက မိန့်ဆိုသည်။

ရွှေတိဂုံစေတီရှိ သမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် အပြင်စေတီရင်ပြင် အောင်မြေ တွင်လည်း နိုင်ငံရေးဆုတောင်းပွဲများ၊သစ္စာပြုပွဲများ ပြုလုပ်ခြင်း မရှိစေရန် လုံခြုံရေးအဖွဲ့ဝင်များကို ညွှန်ကြားထားသည် ဟုလည်း ၎င်းက ဆိုသည်။

ယခုအခါ ရွှေတိဂုံစေတီတော်တွင် စစ်တပ်နှင့် လုံထိန်းရဲများ အမြဲချထားပြီး အဆိုပါ လုံခြုံရေးယူနေသော စစ်တပ်နှင့်ရဲတပ်ရင်းများသည်ရွှေတိဂုံစေတီပတ်ဝန်းကျင်ရှိဓမ္မာရုံများတွင် အခြေပြုတပ်စွဲထားသည်ဟု သိရှိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ရေးရာမူဝါဒအပြောင်းအလဲကိုအမေရိကန်ကရှင်းလင်းပြောပြ

mpc tw23 11-06-2009

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 4, 2009

- ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့ တွေ့ဆုံ ......



The most senior US official to visit Myanmar for 14 years held talks with pro-democracy icon Aung San Suu Kyi Wednesday after the ruling junta granted the Nobel laureate a rare break from detention. Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell also met Myanmar's prime minister as the administration of President Barack Obama seeks a new era of engagement with the military regime. Duration: 01:39.
news by ...YouTube - AFP

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 2, 2009

ဦးဆိုနီ ကွယ်လွန်သွားခဲ့ကြောင်း

မြန်မာအငြိမ့်လောကတွင် နာမည် ထင်ရှားခဲ့သော ဆိုနီ၊ မိုးကျော် လူရွှင်တော် ဆိုနီ၊ မိုးကျော် လူရွှင်တော်နှစ်ဦးအနက်မှ ဦးဆိုနီ သည် အောက်တိုဘာလ ၃၀ ရက် နေ့ နံနက်(၈)နာရီတွင် ကွယ်လွန်သွားခဲ့ကြောင်းသိရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 30, 2009

ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း။


ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရ ပါတီလွှတ်တော်အမတ်နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ -အတွင်းရေးမှူး MR.SUEMATSU မှ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသော ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးအား ညစာဖြင့်ကျွေးမွေးဧည့်ခံ၍ မြန်မာ့အရေးကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဥက္ကဌဦးသန့်ဇင်ဦးနှင့်အဖွဲ့ချုပ်အဖွဲ့ဝင် များတက်ရောက်ခဲ့ ကြပါသည်။

ဓာတ်ပုံ... သတင်း....ကိုလှမျိုး(NLD(LA)JB)။..။

အပြည့်အစုံသတင်းဖတ်ရန်....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကိုပွား, သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 29, 2009

မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သုံးမည်ဟုဆို

လာမည့်နှစ် ဇန်နဝါရီ လဆန်းတွင် လွှင့်တင်မည့် ရတနာပုံ တယ်လီပို့၏ ဝက်ဘ်ဆိုက်တွင် ကွန်ပျူတာသုံး မြန်မာစာရိုက်စနစ် ယူနီကုဒ် အဖြစ် ဇော်ဂျီယူနီကုဒ်ကို သုံးစွဲဖွယ်ရာ ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအိုင်တီပညာရှင် တစ်ဦးက လျှပ်တစ်ပြက်သို့ ပြောသည်။့

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 4, 2009

ဂျပန်နိုင်ငံ သံဃာ့ပဝါရဏာ ကံဆောင်ပွဲနှင့် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဓာတ်ပုံမှတ်တမ်း။...။



ဂျပန်နိုင်ငံ၌ သံယာပဝါရဏ ကံဆောင်ပွဲကို ဂျပန်လူမျိုးထေရဝါဒ ရဟန်းတော်များနှင့် သီတင်းကျွတ်လပြည့်နေ့ နံနက် ၉နာရီခွဲခန့်က အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ ယနေ့နေ့လည်ပိုင်းက မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို တိုကျိုမြို့ OOYAMA မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။....။

ဓာတ်ပုံ....သတင်း...ကိုမင်းဇော်၊ ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 2, 2009

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁လနှင့်၂၀ရက် ပြည့်တဲ့နေ့ဆန္ဒပြတောင်းဆိုပွဲ.. ။


アウンサンスーチー氏への不当な有罪判決から二ヶ月経った
ဓာတ်ပုံ....ကိုပွား

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 1, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပပြီးစီးခြင်း....


၃၀-၉-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၂၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。 軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。  国民民主連盟の副議長ウーティンウー氏と総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行い参加者は150人以上に居た。

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကိုပွား, သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, September 24, 2009

ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထားသည့် အချက်များ အာဏာပိုင်များကို တင်ပြမည်။..။

SANCTION 23
သတင်း..ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 21, 2009

မေ့ပျောက်မရ..နှစ် နှစ်ပတ်လည်..

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်