အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 01 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြု လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။
“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။
လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သည်းခံနိုင်စွမ်းနည်းသည့် စစ်အစိုးရ လက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။
နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှလုပ်လို့မယ့်အရာ မဟုတ်ဘူးလေ။ ပါဝင်လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။
ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ဆုတောင်းသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့်ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။
သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံးပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။
အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊ ရေနံချောင်းနှင့် ပဲခူးမြို့တွင် တက်ကြွလှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။
ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီးကျောင်းတိုက်များကို ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့တိုင်ကြား ထား ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦးဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ်တရား နာသဖြင့် မြို့နယ်အာဏာပိုင်များက ကျောင်းတိုက်ချိတ်ပိတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။
ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြုအဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။ http://www.mizzimaburmese.com/news/inside-burma/3669-2009-08-26-13-44-09.html
Thursday, August 27, 2009
အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပ...
- ၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ
- Webb: New push to secure Suu Kyi's release
- 17th August 2009 - MoeMaKa Online Newsletter
- ညီညွတ်ကြဖို့  အချိန်တန်ပြီ
- Secretary-General's Response to Aung San Suu Kyi's...
- ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်...
- ရှယ်ဗရွန် Out Out..
- တွေဝေရမဲ့အချိန် မဟုတ်..အလုပ်သက်သေပြသင့်ပြီ
- မိသားစုပါငတ်သွားချင်လားတဲ့
- American Leaves Myanmar After Prison Release
- U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တ...
- ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ...
- ယက်တော ဘန်ကောက်ရောက်ပြီ
- American leaves Myanmar after release from jail
- ရမ်ဘို ကတော့ ရက်တောကို ကယ်သွားပြီ
- ပြီးတော့ လည်း သူဘဲ ခြေဖက်ရတာဘဲ
- ဦးဝင်းတင် ဆေးရုံတင်ထားရပါတယ်တဲ့
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတ...
- သြဂုတ် လ ၁၅ ရက် ၂၀၀၉ သတင်း
- ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက...
- US senator meets Myanmar's democracy leader
- အမြဲမှားတော့ အမှားမြဲ
- Security Council Statement on Myanmarမြန်မာ့ဒီမို...
- သိပ်ကြောက်မနေပါနဲ့ နအဖရယ်..
- အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး...
- MoeMaKa Online e Newspaper - 13th August 2009
-
▼
August
(236)
No comments:
Post a Comment